ondragstart="return false" onselectstart="return false"

Monday, July 18, 2011

ဗိုလ်ကြီး​တဦး​ အပါအဝင် စစ်သုံ့​ပန်း​ ၅ ဦး​ ​ကေအိုင်​အေ ဖမ်း​မိ

by ဒီဗွီဘီ

ကချင်ပြည်လွတ်လပ်​ရေး​တပ်မ​တော် (​ကေအိုင်​အေ)နဲ့​ မြန်မာစစ်တပ်အကြား​ ဖြစ်ပွား​နေတဲ့​ တိုက်ပွဲ​တွေအတွင်း​ မြန်မာစစ်တပ်မှ ဗိုလ်ကြီး​တဦး​ အပါအဝင် စစ်သည် ၅ ဦး​ကို ​ကေအိုင်​အေက ဇူလိုင် ၁၇ ရက်​နေ့​က ဖမ်း​ဆီး​ရမိထား​တယ်လို့​ ​ကေအိုင်​အေတပ်ဖွဲ့​နဲ့​ နီး​စပ်သူ ​ဒေသခံတဦး​က ​ပြောပါတယ်။

ဇူလိုင် ၁၆ ရက်၊​ စ​နေ​နေ့​ ​နေ့​လယ်ပိုင်း​က ဗန်း​မော်-မြစ်ကြီး​နား​ကား​လမ်း​ပေါ်ရှိ မိုး​မောက်မြို့​နယ်၊​ နန့်​ဆန်ယန်​ကျေး​ရွာအနီး​ ခလရ ၂၁ နဲ့​ ​ကေအိုင်​အေ တပ်ဖွဲ့​အကြား​ တိုက်ပွဲဖြစ်ခဲ့​ပြီး​ ခလရ ၂၁ ကို ​ကေအိုင်​အေက ဝိုင်း​ဝန်း​ပိတ်ဆို့​ တိုက်ခိုက်​နေခဲ့​တာ မ​နေ့က အထိ ဖြစ်ပါတယ်။

တိုက်ပွဲစဖြစ်တဲ့​နေ့​မှာ စစ်ကူလာတဲ့​ လဂျား​ယန်က မြန်မာစစ်တပ်ကို ​ကေအိုင်​အေက ကြား​က ဖြတ်တိုက်လိုက်တာမို့​ ​နောက်ပြန်ဆုတ်သွား​တယ်လို့​ ဆိုပါတယ်။

စစ်သုံ့​ပန်း​ ၅ ဦး​ကို ဖမ်း​ဆီး​ရမိခဲ့​တာနဲ့​ ပတ်သက်လို့​ ​ဒေသခံက အခုလို ​ပြောပါတယ်။

“ဖမ်း​မိတာ မ​နေ့​က။ စ​နေ​နေ့​ တိုက်ပွဲက​နေ ဟို​ပြေး​လို့​မရ၊​ ဒီလိုလို့​မရလို့​ ပိုက်လုံး​ထဲမှာ ပုန်း​နေတာလို့​ ​ပြောတယ်။ အဲဒါ တပ်ကြပ်ကြီး​ တ​ယောက်ပါတယ်၊​ ဗိုလ်ကြီး​ တ​ယောက်ပါတယ်။ တပ်သား​ ၃ ​ယောက်၊​ အား​လုံး​ ၅ ​ယောက်။ ခလရ ၂၁ လို့​ ​ပြောတယ်။ ​ရေသွယ်တဲ့​ ​ရေနုတ်​မြောင်း​ ပိုက်လုံး​ထဲမှာ ပုန်း​နေတာ။ အ​ရှေ့​လည်း​ ပိတ်ပြီ၊​ ​နောက်မှာလည်း​ တိုက်ပွဲဖြစ်​နေ​တော့​ ​ကေအိုင်​အေ ပိတ်ထား​ပြီဆို​တော့​ မ​ပြေး​တတ်​တော့​လို့​ ပိုက်လုံး​ထဲ ဝင်ပုန်း​နေ​တော့​ ​ကေအိုင်​အေက ဝင်စီး​မိတဲ့​အခါ ပိုက်လုံး​ထဲမှာ ဆွဲထုတ်ခဲ့​တယ် ​ပြောတယ်။”

အဲဒီစစ်သုံ့​ပန်း​ ၅ ဦး​စလုံး​ကို ​ကေအိုင်​အေ ဌာနချုပ် လိုင်ဇာကို ​ခေါ်ယူလာပြီး​ ​ကေအိုင်​အေတပ်ဖွဲ့​က ​ကောင်း​ကောင်း​မွန်မွန် ဆက်ဆံထား​ရှိ​ကြောင်း​ အဆိုပါ လိုင်ဇာ ​ဒေသခံက ​ပြောပါတယ်။

ယခင်အ​စောပိုင်း​ကလည်း​ စစ်သုံ့​ပန်း​တွေကို ​ကေအိုင်​အေက အလား​တူ ဖမ်း​ဆီး​ရမိခဲ့​ပြီး​ ​ကောင်း​ကောင်း​မွန်မွန် ဆက်ဆံကာ ပြန်လည် လွှတ်​ပေး​ခဲ့​ပါတယ်။ အခု ဖမ်း​ဆီး​ရမိတဲ့​ စစ်သုံ့​ပန်း​တွေရဲ့​ ကိုယ်​ရေး​ အချက်အလက်​တွေကို​တော့​ ​ကေအိုင်​အေဘက်က ထုတ်ပြန် ​ပြောဆိုတာ မရှိ​သေး​ပါဘူး​။

ဇူလိုင် ၁၆ ရက်​နေ့​ကစလို့​ ဗန်း​မော်-မြစ်ကြီး​နား​ ကား​လမ်း​တ​လျှောက်မှာ တိုက်ပွဲ​တွေ ၂ ရက် ဆက်တိုက်ဖြစ်​နေခဲ့​ရာ ဒီက​နေ့​ မနက်ပိုင်း​မှာလည်း​ ဝိုင်း​မော်မြို့​နယ်အတွင်း​ တိုက်ပွဲ​တွေ ဖြစ်​နေတယ်လို့​ သိရပြီး​ အ​သေး​စိတ် အ​ခြေအ​နေကို​တော့​ မသိရ​သေး​ပါဘူး​။
http://burmese.dvb.no/archives/12802

5 comments:

Anonymous said...

လမုန်းပွဲ တပွဲလောက်ကျင်းပပြီး ခွေးငါးကောင်ကို မီးနဲ့ ကောင်းကောင်းကင်ပြီး အရက်နဲ့ မီးလိုက်ပါ။

Anonymous said...

ဒီကောင်တွေ အစားအသောက် ၀၀ မစားရလို့ အရိုးတွေချည်းဘဲ ဟကောင်ရေ့... ကင်စားရင်အလုပ်မဖြစ်ဘူး... စွတ်ပြုတ်လုပ်ရင်တောင် အချိုမှုန့် နိုင်နိုင်ဖြူးရမယ့်ကိန်းဘဲ...

kawkasa said...

Than shwe dog's kill them all, do you think they will keep you alive if they arrest you. Brainless burmese military dog.

Anonymous said...

စားပေါ.ဘာဖြစ်လဲ ၅ယောက်တည်းဟာ ဂွေးစိပါစား မချန်နဲ.ကြားလား ။စုပ်ချင်စုပ်လိုက်အုံးမစားခင် ။

Anonymous said...

ဟီးဟီး မစားချင်ဘူး.. ဒီကောင်တွေမှာ အေအိုင်ဒီအက်စ်ပိုးပါတယ်.. သားသားတို့ ကို ကူးနေအုံးမယ်...

Post a Comment