ondragstart="return false" onselectstart="return false"

Friday, September 6, 2013

ငါးပိအမြန်ရအောင် ကင်ဆာဖြစ်စေတဲ့ ဓာတ်မြေသြဇာထည့်သုံး

ဗမာပြည်မှာ ငါးပိမစားတဲ့လူ ခပ်ရှားရှားပဲ.. ငါးပိကြိုက်သူများ ဒီသတင်းကို နားဆင်သင့်ပါတယ်။


ကမ္ဘောဒီးယားနိုင်ငံထုတ် ငံပြာရည်တွေမှာလည်း သံဓာတ်တွေပါရှိတယ်လို့ သိရ (Credit: ABC Licensed)

မြန်မာနိုင်ငံမှာ ​လူတန်းစားမရွေး ​စားသုံးနေကြတဲ့ ​ရေကျိုငါးပိမှာ ​ယူရီးယား ​ဓာတ်မြေသြဇာပါဝင်တယ် ​ဆိုတဲ့အကြောင်းကို ​စားသုံးသူ ​ကာကွယ်ရေး ​အသင်း ​ဥက္ကဋ္ဌ ​ဦးဗအုပ်ခိုင်က ​မြန်မာ ​ရုပ်မြင် ​သံကြားမှာ ​ပြောခဲ့ ​ပါတယ်။

ရေကျိုငါးပိတွေကို ​စမ်းသပ်စစ်ဆေးမှု ​လုပ်ရာမှာ ​၉၀% ​ကျော်က ​ဓာတ်မြေသြဇာတွေ ​အသုံးပြုထားတာ ​တွေ့ရတယ်လို့ ​ဆိုပါတယ်။

ငါးပိကို ​သဘာဝအတိုင်း ​ပြုလုပ်မယ်ဆိုရင် ​၆ ​လ ​ကနေ ​တစ်နှစ်ကြာမြှင့်လေ့ရှိပြီး ​ဈေးကွက်မှာ ​အမြန်ရောင်းလို့ရအောင် ​ငါးရိုးတွေကို ​ဆွေးမြေ့စေတဲ့ ​ယူရီးယားဓာတ်မြေသြဇာကို ​အသုံးပြုကြတာဖြစ်တယ်လို့ ​ဆိုပါတယ်။

ဒီအကြောင်းနဲ့ ​ပတ်သက်ပြီး ​စားသုံးသူ ​ကာကွယ်ရေးအသင်း ​ဥက္ကဌ ​ဦးဗအုပ်ခိုင်ရဲ့ ​ပြောပြချက်တွေနဲ့ ​စိမ်းစားငါးပိ ​ထုတ်လုပ်သူတစ်ဦးရဲ့ ​ပြောပြချက်တွေကို ​နားဆင်နိုင်ပါပြီ။

ဒီသတင်း လင့်ကိုသွားပြီး အပြည့်အစုံးနားဆင်ပါ။

http://www.radioaustralia.net.au/burmese/radio/onairhighlights/1181737


Type the rest of your post here.

No comments:

Post a Comment