ondragstart="return false" onselectstart="return false"

Tuesday, October 13, 2015

တိုက်ပွဲများကြောင့် ပြည်သူများ၏ ဘ၀လုံခြုံမှု မရှိသဖြင့် NCA ထိုးပွဲတက်ရန် ခွန်အားမရှိဟု KNU ဒုဥက္ကဌပြော

အောက်တိုဘာ ၁၃ ရက် ။ ။ အောက်တိုဘာ ၁၅ ရက် NCA လက်မှတ်ရေးထိုးပွဲသို့ မတက်ရောက်နိုင်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဒုဥက္ကဌ နော်စီဖိုးရာစိန်က ဦးအောင်မင်းထံလိပ်မူ၍ အောက်တိုဘာ ၁၂ ရက်တွင် စာရေးသားပြန်ကြားလိုက်သည်။

လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ခြင်းသည် မြောက်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွက် အခမ်းအနား ဆင်နွှဲနေသည့် အဓိပ္ပါယ်သက်ရောက်မည်ဟု ယူဆသဖြင့် မတက်ရောက် ရခြင်းဖြစ်ပြီး၊ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး အကောင်အထည်ဖော်နိုင်သည်အထိ ဆက်လက်ကြိုးပမ်းသွားမည်ဟု ၄င်း၏ ရပ်တည်ချက်ကို စာအတွင်းထုတ်ဖော် ရေးသားထားသည်။

NCA လက်မှတ်ရေးထိုးသည့်နေ့သည် တစ်နိုင်ငံလုံး သေနတ်သံတိတ်သည့်နေ့ဖြစ်မည်ဟု ၄င်း၏ ဆန္ဒနှင့်မကိုက်ညီဘဲ လက်မှတ်ထိုးမည့်အချိန်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားကာ ပြည်သူများ၏ ကြောက်ရွံ့မှုများဆက်လက်ရှိနေပြီး ဘ၀လုံခြုံမှု မရရှိသည့်အတွက် NCA လက်မှတ်ထိုးပွဲတက်ရောက်ရန် 'ခွန်အား' မရှိဟု နော်စီဖိုးရာစိန်ကဆိုသည်။

ဦးအောင်မင်း၏ စာအတွင်း ဖော်ပြထားသည့် လက်မှတ်ထိုးသည့်အဖွဲ့နှင့် မထိုးသည့်အဖွဲ့များအတွက် နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေးအာမခံချက်များ ရရှိရန်ကြိုးစားမည်ဟု ဖော်ပြထားသော်လည်း NCA လက်မှတ်ထိုးမည့် အချိန်နီးလာသည်နှင့်အမျှ တိုက်ပွဲများဆက်ဖြစ်နေပြီး အခြေအနေတင်းမာနေသည်ကိုတွေ့ရသဖြင့် များစွာစိုးရိမ်သည်ဟု ရေးထားသည်။

ယုံကြည်မှုတည်ဆောက်သည့်အနေဖြင့် ပြည်ထောင်စုအဆင့် လက်မှတ်ထိုးစဉ်က သဘောတူခဲ့သည့် တိုင်းရင်းသား နယ်မြေများအတွင်း ထိုးစစ်ဆင်မှုရပ်တန့်ရေးကိုလည်း လက်တွေ့အကောင်အထည် ဖော်နိုင်ခြင်းမရှိဟု သိရသည်။

ယင်းသို့ KNU ဒု-ဥက္ကဌက လက်မှတ်ထိုးပွဲသို့ တက်ရောက်ခြင်းမပြုချိန်တွင် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး နှင့် အဖွဲ့သည် လက်မှတ်ရေးထိုးရန် နေပြည်တော်သို့ ရောက်ရှိနေပြီဖြစ်သည်။

၎င်းတို့သည် လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲများ ပေါ်ပေါက်ရေးအတွက် ပစ်ခတ်ရပ်စဲရေးစာချုပ် အကောင်ထည်ဖော်ရေးအစည်းအဝေး ဆက်တက်မည်ဖြစ်ပြီး ပူးတွဲကော်မတီများဖွဲ့စည်းနိုင်ရန် ဆွေးနွေးမည်ဟု KNU ဗဟိုဌာနချုပ်က သတင်းထုတ်ပြန်သည်။

NCA စာချုပ်၌ အသိသက်သေအဖြစ် လက်မှတ်ရေးထိုးရန် လျာထားသူများတွင်ပါဝင်သည့် ဒေါ်အောင်ဆန်းစုကြည်ကမူ NCA တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ရန်လိုအပ်ကြောင်း၊ အားလုံးမပါဝင်ဘဲ လက်မှတ်ရေးထိုးမည် ဆိုလျင် တိုင်းရင်းသားများကြား စိတ်ဝမ်းကွဲစေရန် ဆောင်ရွက်သကဲ့သို့ ဖြစ်မည်ကို စိုးရိမ်သည်ဟု ပြောသည်။

ရန်ကုန်တိုင်း လှည်းကူးမြို့ ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်ဟောပြောရာတွင် ဒေသခံတစ်ဦး၏ မေးမြန်းမှုအား ဖြေဆို ရာတွင် အဖွဲ့ချုပ်အားဖိတ်ကြားပါက ကိုယ်စားလှယ်လွှတ်ပေးမည်ဖြစ်ပြီး ၄င်းအနေဖြင့်မူ အပစ်အခတ် အပြည့်အ၀ ဖြစ်မြောက်သည် အထိစောင့်ပြီးမှ ပါဝင်လက်မှတ်ရေးထိုးလိုသည်ဟု ဖြေကြားသွားသည်။
- See more at: http://mizzimaburmese.com/article/5959#sthash.Y5QR22CE.NoSaWoDN.dpuf

No comments:

Post a Comment