ondragstart="return false" onselectstart="return false"

Tuesday, June 30, 2009

ကရင်နီအမျိုးသမီး စစ်မြေပြင်တွင် အသုံးချခံရ

နှောင်းလှိုင်/ဇွန်လ ၂၉၊ ၂၀၀၉

ကရင်နီပြည် အမှတ် ၂ ခရိုင် ဂီလိုရွာတွင် မြန်မာစစ်တပ် ခလရ ၇၂ နှင့် ကရင်နီတပ်မတော်များ ခြုံခိုတိုက်ပွဲတခု ဖြစ်ခဲ့ပြီးနောက် ရွာထဲမှ အမျိုးသမီးနှစ်ဦးအား စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ကရင်နီတပ်မတော်က ဆိုသည်။

အသက် ၆၀ နှစ်အရွယ်ရှိ နော်သားခုနှင့် အသက် ၄၆ နှစ်အရွယ်ရှိ နော်ဘဲလေတို့ကို ဗိုလ်မှူးကျော်မျိုးဦး ဦးဆောင်သော ခလရ ၇၂ မှ ယခုလို အတင်းဖမ်းဆီးခေါ်ဆောင်သွားခြင်းမှာ ကရင်နီတပ်မတော်မှ မြန်မာစစ်တပ်အား ပစ်ခတ်မှုများ မပြုလုပ်နိုင်ရန် ထိုအမျိုးသမီးနှစ်ဦးဖြင့် ဓါးစာခံ အကာအကွယ်ယူရန် ရည်ရွယ်၍ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု ကရင်နီတပ်မတော် တပ်ရင်း ၁ မှ ထောက်လှန်းရေးအရာရှိ စောခဲရိုက ပြောပါသည်။

၎င်းက “ကောင်မလေးကို ခေါ်သွားတာ ဒီလမ်းပြအနေနဲ့ပေါ့၊ လမ်းပြလည်း ဖြစ်တယ်၊ နောက်ပြီး သူတို့အတွက် အကာအကွယ်ပေါ့နော်၊ ဥပမာ ကျနော်တို့ ကေအဲန်ပီပီက သူ့တို့ကို လမ်းမှာ စောင့်တိုက်မယ်ဆိုလို့ရှိရင် မိန်းမသားလည်း ဖြစ်တယ်၊ ပြည်သူလူထုလည်း ဖြစ်တယ်ဆိုတော့ ကျနော်တို့ ကေအဲန်ပီပီက မတိုက်ရဲတော့ဘူးလေ၊” ဟု ပြောပါသည်။

ယခုလ ၂၆ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ဖြစ်ပွားခဲ့ကြသော တိုက်ပွဲတွင် ကရင်နီတပ်မတော်ဘက်မှ ထိခိုက်ကျဆုံးမှု မရှိသော်လည်း မြန်မာစစ်တပ်ဘက်မှ တပ်သားအချို့သေဆုံးပြီး အချို့ဒါဏ်ရာရရှိသွားသည်ဟု ကရင်နီတပ်မတော်က ဆိုပါသည်။

No comments:

Post a Comment