ondragstart="return false" onselectstart="return false"

Wednesday, February 9, 2011

မြ၀တီ တွင် ဗုံးပေါက်ကွဲ ၊ဆယ်နှစ် အရွယ် ကလေးနှစ်ဦး သေဆုံး

ဒီဗုံးပေါက်တဲ့ လက်သယ်ကတော့ အကြမ်းဖက် သောင်းကျန်းသူ နအဖ ဖြစ်တယ်ဆိုတာ အားလုံး ရှင်းရှင်းကြီး မြင်ကြရမှာပါ။ ဒီကေဘီအေ လို့ စွတ်စွဲရအောင်လဲ ဒီကေဘီအေက မြဝတီမြို့မှာ မရှိတော့ဘူး။ မြဝတီမြို့ကို လုံခြုံရေးလို့ ပြောပြီး နေရာယူထားတာက နအဖ အကြမ်းဖက် စစ်တပ်ဖြစ်တယ်။ ဒါထက်ပိုပြီး တွေးကြည့်မယ်ဆိုရင်တော့ နယ်ခြားစောင့်တပ်တွေက ကရင်အခြင်းခြင်း တိုက်ဖို့ ရှေ့တမ်းလွှတ်မှု့တွေကို ငြင်းဆန်ပြီး နောက်တစ်ရက်မှာ ဒီလို ဗုံးပေါက်တယ်ဆိုတော့ က .... ရှင်းပါတယ် နယ်ခြားစောင့်တပ် တွေကို ပြသနာရှာခြင်နေတယ်ဆိုတာပေါ့ .......

http://2.bp.blogspot.com/_RnH1ACYosko/TVLWutcvrSI/AAAAAAAAtYY/V_HlFDLiLAs/s1600/DSC01813.JPG
ဒေါက်တာလွန်းဆွေဘလာဂ်မှ ဓါတ်ပုံ
Freedom news ဖော်ပြချက် သတင်း -
ထိုင်း-မြန်မာ နယ်စပ် က မြန်မာ နိုင်ငံဘက်ခြမ်း မြ၀တီ မြို့ က ချစ်ကြည်ရေး တံတား အနီးမှာ ယနေ့ 
ညနေ ငါးနားရီ ခန် က ဗုံးပေါက်ကွဲမှု ကြောင့်နှစ်ဦး သေဆုံး ခဲ့သည် ဟု သတင်းရရှိသည်။ဗုံးပေါက်ကွဲမှု ကြောင့် အခြား လူငါးဦး ခန့် လည်း ထိခိုက် ဒဏ်ရာရရှိ သွား သည် ဟု သတင်းရရှိသည်။
မြ၀တီ နယ်စပ် ချစ်ကြည် ရေး တံတား နှင့် ကပ်လျှက် တည်ရှိ သည့် 7 Star ထမင်းဆိုင် တွင် ပေါက်
ကွဲခြင်း ဖြစ်သည်။

ဗုံး ပေါက်ကွဲ ပြီးနောက် နယ်စပ် မြ၀တီ မြို့ တွင် သေနတ် ပစ်ခတ် မှု များ ရှိ ပြီး ယခု သတင်း
ရေး နေချိန် ည ၁၀ နာရီတွင် စစ်ကား များ နှင့် BGF နယ်ခြား စောင့် တပ်များ မှ နေအိမ် အချို့ 
ကို လိုက်လံ စစ်ဆေး ရှာဖွေ လျှက် ရှိ သည် ဟု သတင်းရရှိသည်။

ပြီးခဲ့သည့် နှစ် နိုဝင်ဘာ လ ၈ ရက်နေ့ မှ ၁၀ ရက်နေ့ ထိ မြ၀တီ မြို့ ကို DKBA တပ်မှုး တစ်ဦး ဖြစ်
သူ ဗိုလ်မှုး ကြီးစောလာပွယ် က သိမ်းပိုက် ထားပြီး နောက် တွင် မြန်မာ စစ်တပ် က နယ်စပ် မြ၀တီ
မြို့ တွင် လုံခြုံရေး အင်အား တိုးမြှင့် ချထားသည်။

ဇန်န၀ါရီလ အတွင်းက နယ်ခြား စောင့် တပ်မှ ရဲဘော်တစ်ဦး သည် ထိုင်းနိုင် ငံ မဲဆောက် မြို့ ရှိ
ကုလသမဂ္ဂ ဒုက္ခသည် များ ဆိုင်ရာ မဟာမင်းကြီး ရုံးရှေ့ တွင် လက်ပစ် ဗုံး ကိုင် ကာ ဆန္ဒပြ ခဲ့
ဖူးသည်။

ယခု ပေါက်ကွဲသည့် ဗုံးမှာ ချိန် ကိုက် ဗုံး ဖြစ်ပြီး မပေါက် ကွဲ ခင် တစ်နာ ရီ ခန့် အလို ကတည်းက
အဆိုပါ ချိန် ကိုက် ဗုံး ထည့် ထား သည့် အထုပ်မှာ ဆိုင်တွင် ရောက်ရှိ နေသည် ဟု မြ၀တီ ရဲစခန်း
မှ တာဝန် ရှိ သူ တစ်ဦး က FNG သို့ ပြောသည်။

ဗုံးပေါက်ကွဲ မှု ကြောင့် ဆယ်နှစ် အရွယ် ကလေး နှစ်ဦး သေဆုံး ပြီး လေးဦးဒဏ်ရာ ပြင်းထန်စွာ
ရရှိသည်။

ဆုံဆည်းရာ ဘလောဂ် မှာကတော့ ဒီလိုဖော်ပြထားတာ တွေ့ရပါတယ်။

မဲဆောက် - မြ၀တီ ချစ်ကြည်ရေးတံတားအနီး ယနေ့ မွန်းလွဲပိုင်းတွင် ဗုံးပေါက်ကွဲခဲ့ပါတယ်။ အဆိုပါ ဗုံးသည် မြ၀တီ ချစ်ကြည်ရေးတံတား အဆင်း လက်ဘက်ရည်ဆိုင်တွင် ပေါက်ကွဲတာဖြစ်ပါ။ ဗုံးပေါက်ကွဲမှုကြောင့် အရပ်သား ၇ ဦး သေဆုံးပြီး ရဲ ၄ သေဆုံး ၅ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။ ပထမအလုံးပေါက်ကွဲအပြီး ဒုတိယအကြိမ် ဗုံးကို သွားရောက်ကြည့်ရှုချိန်တွင် ထပ်မံကွဲကြောင်း သိရှိရပါသည်။


Type your summary here.Type the rest of your post here.

2 comments:

mg said...

မွန်မြတ်တဲ့ တပ်မတော်သားတွေက ဒီလိုအကြမ်းဖက်လုပ်ရပ်မှုတွေကို ဘယ်သောခါမှမလုပ်သလို စိတ်တောင်မကူးခဲ့သော အရာတွေပါ။
တပ်မတော်ဆိုတာ တိုင်းပြည်နဲ့ပြည်သူကိုကာကွယ်ဖို့တာဝန်ပါ။ဒီတော့ ဒီလိုအကျိုးမရှိတဲ့လုပ်ရပ် မွတ်ဆလင်တွေလိုအသေခံဗုံးခွဲတဲ့ အကြမ်းဖက်လိုမျိုး လုပ်တတ်တဲ့သူတွေဟာ ဘယ်သူတွေလည်းဆိုတာ အမှန်တရားက တစ်နေ့ပေါ်လာမှာပါ။

ဒီဗုံးကွဲမှုဟာ အရပ်သားကိုပဲပစ်မှတ်ထားတဲ့အတွက် သူတို့အချင်းချင်း ကိုယ်ရေးကိုယ်တာကိစ္စကြောင့် မကျေနပ်မှုတွေကြောင့်လုပ်တာလည်းဖြစ်နိုင်ပါတယ်။ဒါကြောင့် လက်နက်ကိုင်တွေလုပ်တာလို့ပဲစွပ်စွဲလို့မရဘူး။နယ်စပ်လိုဒေသမျိုး အထူးသဖြင့် ထိုင်းလိုမျိုးနိုင်ငံတွေမှာ ကန့်သတ်ပစ္စည်းဖြစ်တဲ့ စစ်လက်နက်ပစ္စည်းတွေဟာ သာမာန်အရပ်သားတွေလည်း ကိုင်ဆောင်ကြတာတွေ့ရမှာပါ။ထိုင်းနိုင်ငံမှာ မကြာခဏဆိုသလို ကြားနေရတဲ့ သေနတ်နဲ့ပစ်သတ်မှု ဗုံးဖောက်ခွဲမှုတွေပါပဲ။ဒါကြောင့် ထိုင်းနိုင်ငံလိုနေရာမျိုးဟာ လက်နက်ကို အရပ်သားတွေပါကိုင်ဆောင်ကြတာဖြစ်တဲ့အတွက် ဒီဗုံးကွဲမှုကိစ္စဟာ ဘယ်သူဘယ်ဝါဆိုတာ ပေါ်လွင်ဖို့ အနည်းငယ်ရှုပ်ထွေးလိမ့်မယ်။

ဒါကြောင့် ဘယ်သူဘယ်ဝါဆိုတာမသိသေးပဲ တစ်ဖက်နဲ့တစ်ဖက် အထောက်ထားမစုံလင်ပဲ မစွပ်စွဲသင့်ဘူး။လူတစ်ဦး အဖွဲ့စည်းတစ်ခုကိုအမုန်းတရားရှိတာနဲ့ပဲ စွဲမြဲပြီး အပြစ်တင်ဖို့ပဲလုပ်နေရင်တော့ သဘာဝကျလိမ့်မည်မဟုတ်ဘူး။ဒါကြောင့် သက်သေအထောက်ထားများနဲ့ရရှိတဲ့ အချိန်မှသာလျှင် ဘယ်သူဘယ်ဝါဆိုတာ စွဲစွဲသင့်ကြောင်း အကြံပြုပါရစေ။

Anonymous said...

The only soldiers that kill civilian is Fucking SPDC soldires. There is no other army killed civilian like spdc in burma.
Honestly and openly 8/8/88.
Monks uprising.
The monks goes out and pray pray for civilian and they have been kill.
There is no ways for other armies to do that kind of stuff.

Post a Comment