ondragstart="return false" onselectstart="return false"

Thursday, August 7, 2014

လိုင်ဇာအပြန်-မြစ်ကြီးနား အကြို ညှိနှိုင်းပွဲ

Written by Mizzima News

၂ဝ၁၄ ခုနှစ်၊ သြဂုတ်လ ၃ ရက်က မြစ်ကြီးနားမြို့မှာ လိုင်ဇာညီလာခံကအပြန် ဦးနိုင်ဟံသာ၊ ဦးကွယ်ထူး ဝင်းဦးဆောင်တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရဲစဲဆေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ကိုယ်စားလှယ် ၁၂ ဦးနှင့် အလုပ်အဖွဲ့ TAT ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ UPWC ဒု-ဥက္ကဋ္ဌဝန်ကြီး ဦးအောင်မင်း၊ ဒု-ဥက္ကဋ္ဌ ဦးသိန်းဇော်၊ ဒုတိယ ဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ကချင်ပြည်နယ်လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန MPC အလုပ်အဖွဲ့ဝင်များကတွေ့ဆုံပြီး အလွတ်သဘော ဆွေးနွေးခဲ့ပါတယ်။ ပြည်ထောင်စုဘက်မှ အပြုသဘော ဆောင်ပြီး ယုံကြည်မှု ပိုမိုတည်ဆောက်ရေးအတွက်လည်း ပါဝင်ပါတယ်။

မွန်လွဲ ၁း၃ဝ မှ ညနေ ၅းဝဝ အထိ ဆွေးနွေးခဲ့ကြပြီး၊ ၂ဝ၁၄ ခုနှစ် သြဂုတ်လ ၁၅ ရက် မှ ၁၇ ရက်အထိ ရန်ကုန်မြို့ Myanmar Peace Center မှာကျင်းပမယ့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် Single Text အချောသတ်နိုင်ရေးကို NCCT-UPWC တို့ ဆက်လက်ဆွေးနွေး ကြရန် သဘောတူခဲ့ကြပါတယ်။ (May 2nd Draft အပြီးမှာတော့ ဆက်လက် ညှိနှိုင်းရန် ၃၁ ချက်ကျန်ရှိ နေပါတယ်။)

အလွတ်သဘောဆွေးနွေးပွဲမှ လိုအပ်ပါက လာမည့်ဆွေးနွေးပွဲအတွက် အလုပ်အဖွဲ့အချင်းချင်း တွေ့ဆုံ ညှိနှိုင်းနိုင်ရန်နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ဆွေးနွေးနေသည်နှင့် တစ် ပြိုင်တည်း မူဘောင်ဆိုင်ရာ ဆွေးနွေးပွဲ (Framework for Political Dialogue) အတွက် ပြင်ဆင်သည့် ပြင်ဆင်ရေးဆွေးနွေးပွဲများကိုဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါတယ်။ (ဆုံးဖြတ်ချက်ချရန် မဟုတ်ဘဲ စတင် ပြင်ဆင်ရန်သာ ဖြစ်ပါတယ်။)

UPWC ဒု-ဥက္ကဋ္ဌဝန်ကြီး ဦးအောင်မင်းအနေဖြင့် မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီများကို ဖိတ်ကြားရှင်း ပြရန်နှင့် အပြန်အလှန်ဆွေးနွေးနိုင်ရန် သြဂုတ်လ ဒုတိယအပတ်အတွင်း Myanmar Peace Center မှာ ဆောင်ရွက်နိုင်ဖို့ ဖိတ်ကြားရေးအတွက် ပြင်ဆင်လျက်ရှိပါတယ်။

NCCT-UPWC ဆွေးနွေးပွဲအပြီးတွင်လည်း NCCT-UPWC နှင့် နိုင်ငံရေးပါတီကိုယ်စားလှယ်တချို့ အလွတ် သဘောတွေ့ဆုံပြီး Framework for Political Dialogue ကို စတင်ဆွေးနွေးနိုင်ဖို့ကိုလည်း မျှော်လင့်ရပါ တယ်။ (ဒီဆွေးနွေးပွဲသည်လည်း ပြင်ဆင်ရေးအတွက်သာ ဖြစ်ဖွယ်ရှိပြီး၊ ဆုံးဖြတ်ချက်များချရန်အတွက် မဟုတ်ဘူးကို နားလည်မိပါတယ်။)

အခုအထိ UPWC-NCCT နှစ်ဖက်အရေးအကြီးဆုံး သဘောတူညီချက်ကတော့ (က) NCA လက်မှတ်ရေးထိုးပြီး ရက် ပေါင်း (၆ဝ) အတွင်း Framework Meeting ဆောင်ရွက်ရန်နှင့် (ခ) NCA လက်မှတ်ရေးထိုးပြီး ရက်ပေါင်း ၉ဝ အတွင်း ပါဝင်သင့် ပါဝင်ထိုက်တဲ့လူများပါဝင်တဲ့ နိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲပြီး (Political Dialogue) ကို ဆောင်ရွက်ရန် ဖြစ်ပါတယ်။

ဒါဟာ တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ ပူပန်မှုကို ပြည်ထောင်စုဘက်မှ နားလည်သဘောတူပေး တာဖြစ်ပြီး နိုင်ငံရေးဆွေးနွေးပွဲများအတွက် အာမခံချက်ပေးတာလည်း ဖြစ်ပါတယ်။ အခု ဆွေးနွေးရင်းနဲ့ နှစ်ဖက်အတွေ့အကြုံ ပိုရှိလာပါပြီ၊ Framework Meeting အချိန်မီ ပြီးစီးနိုင်မှ နိုင်ငံရေးဆွေးနွေးပွဲတွေကို သဘောတူညီချက်အတိုင်း စနိုင်မှာဖြစ်ပါတယ်။ ဒီအတွက် ပြင်ဆင်ရေး၊ ညှိနှိုင်းရေးဆွေးနွေးပွဲတွေလုပ်ရ မယ်ဆိုတာ နှစ်ဖက်လုံးက သဘောတူညီဖြစ်ပါတယ်။ ဒီလို စတင်လာနိုင်မှာကိုလည်း နိုင်ငံသားတစ်ဦး အနေဖြင့် ကျွန်တော်ကြိုဆိုပါတယ်။ ခေါင်းဆောင်များအားလုံးကို ကျေးဇူးတင်ပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲများမှ အများစု ဆွေးနွေးဆုံးဖြတ်နိုင်ကြမယ့် နိုင်ငံရေး သဘောတူညီမှုများ ထွက်လာမှာ ပါ။ ဒါဟာ ရေရှည်ငြိမ်းချမ်းရေး တည်တံ့ခိုင်ခန့်ဖို့အပြင် အားလုံးလိုချင်တဲ့ တန်းတူညီမျှမှု၊ အတူယှဉ်တွဲနေ ထိုင်နိုင်ကြမယ့် ဒီမိုကရေစီ နိုင်ငံအတွက် နိုင်ငံရေးပဋိဉဉ် (Political Pact) တွေဖြစ်လာမယ်လို့ ယုံကြည် ပါတယ်။ ဒီပဋိဉဉ်ကို အောင်မြင်အောင်ဆက်လက် အကောင်အထည်ဖော်နိုင်မှ ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဖြစ်မှာပါ။

ခရီးကတော့ ခရီးရှည်ပါ။ ကျွန်တော်တို့ ခင်ဗျားတို့ နိုင်ငံသားအားလုံး ဝိုင်းဝန်းဆောင်ရွက်ကြမှ လိုချင်တဲ့ ပန်းတိုင်ကို ရောက်နိုင်မှာပါ။ မြစ်ကြီးနားကအပြန်မှာ ဆန္ဒပြုလိုတာက အားလုံးအပြုသဘောနဲ့ ပါဝင်နိုင် ကြဖို့ပါ။

(ဦးလှမောင်ရွှေသည် မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန Myanmar Peace Center ၏ အထူးအကြံပေးပုဂ်္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ ဤဆောင်းပါးပါ အချက်အလက်နှင့် ယူဆချက်များသည် ဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်ပါသည်။)
http://www.mizzimaburmese.com/2013-10-20-17-18-22/2013-10-20-16-34-57/item/25310-2014-08-07-04-59-22

1 comment:

Unknown said...

https://www.facebook.com/photo.php?fbid=1462042027381162&set=p.1462042027381162&type=1

Post a Comment