ondragstart="return false" onselectstart="return false"

Saturday, December 13, 2014

တိုက်ပွဲ Update သတင်း ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်

၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်

တအာင်းဒေသ၊ ဒီဇင်ဘာလ ၁၁ရက်နေ့၌ ဖြစ်ပွားသော တာမိုးညဲမြို့နယ်ခွဲ
ဆိုက်ခေါင်ကျေးရွာနှင့် ဟိုပုံကျေးရွာအကြား တိုက်ပွဲ မြန်မာတပ်မတော်ဖက်မှ
တပ်ခွဲမှူးအဆင့် (၁) ဦးအပါအ၀င် ၁၂ ဦးကျဆုံး၍ ဒုစစ်ကြောင်းမှူး (၁)ဦး
အပါအ၀င် ၂၀ ဦးဒဏ်ရာရရှိသည်။ မန်တုံမြို့နယ် နမ့်ပါကျိုင်း ကျေးရွာအနီ
တိုက်ပွဲတွင် မြန်မာ့တပ်မတော်ဖက်မှ (၉) ဦးကျဆုံး၍ (၃) ဦး ဒဏ်ရာရရှိသည်။

တအာင်းဒေသ၊ မြို့နယ်၊ နမ့ဆလပ်ကျေးရွာနှင့် နားတီးကျေးရွာအကြားတွင်
ယနေ့ဒီဇင်ဘာလ ၁၃ ရက်နေ့ နေ့လည် ၁၁း၁၅ နာရီမှ ၁၂း၃၀ နာရီအထိ
တပ်ပေါင်းစုအဖွဲ့များဖြစ်ကြသည့် တအာင်းတပ်မတော်(TNLA)၊ KIA၊
MNDAA(ကိုးကန့်တပ်မတော်) တို့အဖွဲ့နှင့် မြန်မာ့တပ်မတော်တို့ နှစ်ဘက်
ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးခဲ့သည်။ တိုက်ပွဲတွင် တပ်ပေါင်းစုဖက်မှ ထိခိုက်ကျဆုံးမှု မရှိပါ။
မြန်မာ့တပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှု မသိရှိရသေးပါ။ တိုက်ပွဲနောက်ဆက်တွဲသတင်းအား ဆက်လက်တင်ပြသွားပါမည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

Type the rest of your post here.

No comments:

Post a Comment