Sunday, May 31, 2015

Saturday, May 30, 2015

တိုင်းရင်းသား မျိုးနွယ်စု ပိုများလာဟု ၀န်ကြီး ဦးခင်ရီပြော

ဒီကောင်တွေလက်ထက်မှာ ကရင်ဘယ်နှစ်မျိုး ထပ်များလာအုံးမလည်း မသိရသေးဘူး....

သူဇာ -ဧရာဝတီ

၂၀၁၄ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် တနိုင်ငံလုံး အတိုင်းအတာနှင့် သန်းခေါင်စာရင်း ကောက်ယူမှုအရ မြန်မာနိုင်ငံတွင် ယခင်ရှိပြီးသား တိုင်းရင်းသား ၁၃၅ မျိုးထက် မျိုးနွယ်ပေါင်း ငါးဆခန့် ပိုများလျက်ရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက ပြောဆိုလိုက်သည်။

နေပြည်တော်ရှိ Myanmar International Convention Center (2) အဆောက်အအုံတွင် ယနေ့ နေ့လယ်ပိုင်းက ကျင်းပသော လူဦးရေ သန်းခေါင်စာရင်း ကောက်ယူမှု အသေးစိတ် ရလဒ်များနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၀န်ကြီး ဦးခင်ရီက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီး ဦးခင်ရီက“အရင် တိုင်းရင်းသား ၁၃၅ မျိုးထက်ကို လေး၊ ငါးဆလောက် ပိုများလာတယ်။ နောက်ပြီး ကုဒ်နံပါတ်တွေလည်း ပိုလာတော့ အဲဒါတွေကို အသေးစိတ် ထွက်လာဖို့ ဆိုရင် ၂၀၁၆ ခုနှစ်လောက်မှ ထုတ်ပြန် နိုင်မယ်။ ဒီကြားထဲမှာ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ မျိုးနွယ်စု အမည်မှန်တွေကို ရရှိအောင် ဆွေးနွေးဖို့ ရှိတယ်”ဟု ပြောဆိုသည်။

သန်းခေါင်စာရင်းများ ကောက်ခံမှုရလဒ် အသေးစိတ်ကို ယခင်ကြေညာထားသည့်အတိုင်း ယခုနှစ် မေလကုန်တွင် အပြီးသတ် မည်ဟု ကြေညာထားသော်လည်း လူမျိုး၊ ဘာသာ၊ အလုပ်အကိုင်၊ လုပ်ငန်း စသည့် အချက်များကိုမူ လာမည့် ၂၀၁၆ ခုနှစ်အတွင်းမှ ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဦးခင်ရီက ပြောကြားသည်။

အိုးအိမ် ပိုင်ဆိုင်မှုအနေဖြင့် တနိုင်ငံလုံး အတိုင်းအတာနှင့် တွက်ချက်လျှင် ပျမ်းမျှ အိမ်ထောင်စု ၈၆ ရာခိုင်နှုန်းသည် အိုးအိမ် ပိုင် ဆိုင် ရှိကြောင်း၊ အိမ်ငှား နေထိုင်မှုသည် ၇ ရာခိုင်နှုန်းနှင့် အစိုးရ ၀န်ထမ်းအိမ်ရာ နေထိုင်မှုတွင် ၃ ရာခိုင်နှုန်း၊ အခမဲ့ နေထိုင်မှု ၂ ရာခိုင်နှုန်း၊ ပုဂ္ဂလိက ၀န်ထမ်းအိမ်ရာတွင် နေထိုင်မှု ၁ ရာခိုင်နှုန်းနှင့် အခြား ၁ ရာ ခိုင်နှုန်း ရှိကြောင်း ဖော်ပြထားသည်။

သို့သော် တိုင်းပြည်တွင် အိမ်ထောင်စု မည်မျှရှိသည်ကို ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။

ယနေ့ ထုတ်ပြန်သည့် သန်းခေါင်စာရင်း အချက်အလက်များအရ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်း ၄ သိန်း ကျော် (၅၁၄၈၆၂၅၃) ဦးရေ ရှိပြီး အမျိုးသား ဦးရေ ၂၄ သန်း ၈ သိန်းကျော် (၂၄၈၂၄၅၈၆)၊ အမျိုးသမီး ဦးရေ ၂၆ သန်း ၆ သိန်းကျော် (၂၆၆၆၁၆၆၇) ရှိကြောင်း သိရသည်။

ကချင်၊ ကရင်၊ ရခိုင်ပြည်နယ်များတွင် စာရင်းမကောက်ယူနိုင်သည့် ဒေသတချို့ရှိပြီး ယင်း ဒေသများအတွက် ခန့်မှန်း လူဦးရေ ၁.၂ သန်းကျော်(၁၂၀၆၃၅၃) ထည့်သွင်း တွက်ချက်ထားသည်ဟုလည်း ဆိုသည်။

သန်းခေါင်စာရင်း ရလဒ်၌ မြန်မာနိုင်ငံ၏ လူဦးရေနှုန်းသည် အာဆီယံနိုင်ငံများတွင် အဆင့် ၅ နေရာတွင် ရှိနေသည်ဟု ပါရှိသည်။

ထို့အပြင် သန်းခေါင်စာရင်း ကောက်ယူစဉ် အိမ်ထောင်စုများ၏ ဖြေကြားချက်အရ အိမ်ထောင်စုဝင် ၂ သန်းခန့်သည် နိုင်ငံခြားသို့ ရောက်ရှိနေကြောင်း၊ နိုင်ငံခြားသို့ ရောက်ရှိနေသူများထဲမှ ၇၀ ရာခိုင်နှုန်းသည် ထိုင်းနိုင်ငံသို့ သွားရောက်ကြပြီး ၁၅ ရာခိုင်နှုန်းသည် မလေးရှားနိုင်ငံတွင် ရောက်ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံမှ နိုင်ငံခြားသို့ သွားရောက်မှု အများဆုံးသည် မွန်ပြည်နယ်မှ ဖြစ်ပြီး ဒုတိယနေရာနှင့် တတိယ နေရာတွင် ကရင်ပြည် နယ်နှင့် ရှမ်းပြည်နယ်တို့မှ ဖြစ်သည်။ ထို့အပြင် အသက် ၁၅ နှစ်နှင့် ၂၉ နှစ်အကြား လူငယ် လူ ရွယ်များအတွင်း အလုပ်လက်မဲ့နှုန်း ၇.၇ ရာခိုင်နှုန်း ရှိကြောင်း ပြည်လုံးကျွတ် သန်းခေါင်စာရင်းက ဆိုသည်။

အိမ်ထောင်စုအားလုံး၏ ၄၉.၅ ရာခိုင်နှုန်းသည် ရုပ်မြင်သံကြားစက်များ ရှိပြီး ရုပ်မြင်သံကြားစက်ရှိသည့် အိမ်ထောင်စုအချိုးသည် မြို့ပြတွင် ၇၆ ရာခိုင်နှုန်းနှင့် ကျေးလက်၌ ၄၀ ရာခိုင်နှုန်း ရှိသည်။

တနိုင်ငံလုံးရှိ အိမ်ထောင်စု အားလုံး၏ ၃၃ ရာခိုင်နှုန်းသည် လက်ကိုင်ဖုန်း သုံးစွဲကြပြီး လက်ကိုင်ဖုန်းရှိသည့် အိမ်ထောင်စု အချိုးသည် မြို့ပြတွင် ၆၃.၅ ရာခိုင်နှုန်း ဖြစ်ပြီး ကျေးလက်တွင် ၂၁ ရာခိုင်နှုန်း ဖြစ်သည်ဟု သန်းခေါင်စာရင်းက ဆိုသည်။

ပို့ဆောင်ရေးယာဉ်များ သုံးစွဲမှု အခြေအနေများတွင် မြန်မာနိုင်ငံ၏ ၃.၁ ရာခိုင်နှုန်းတွင် ပစ်ကပ် ကား၊ ထရပ် ကား၊ ဗင်န်ကားများ ရှိကြောင်း၊ အိမ်ထောင်စု ၃၈.၇ ရာခိုင်နှုန်းသည် မော်တော်ဆိုင်ကယ် (သို့မဟုတ်) လျှပ်စစ်စက်ဘီးများ ရှိကြောင်း၊ ၃၆ ရာခိုင်နှုန်းခန့်သည် စက်ဘီး ရှိကြောင်း သိရသည်။

မြန်မာတနိုင်ငံလုံး၏ လူဦးရေ သန်းခေါင်စာရင်းကို ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၂ ရက်အထိ ကောက်ယူ ခဲ့ခြင်း ဖြစ်သည်။
http://burma.irrawaddy.org/news/2015/05/30/75674.html

သန်းခေါင် စာရင်း ပင်မ အစီရင်ခံစာ ထုတ်ပြန်

မြန်မာနိုင်ငံမှာ လူဦးရေသန်း ၆၀ ရှိတယ်လို့ခန့်မှန်း ထားခဲ့ပေမယ့် နှစ်ပေါင်း ၃၀ကျော် အကြာမှ ပြန်လည်ကောက်ခံ တဲ့ပြည်လုံးကျွတ်သန်းခေါင်စာရင်းအရ လက်ရှိ လူဦးရေ ၅၁.၈သန်းရှိပါကြောင်း

သိင်္ဂီလင်း

ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ နိုင်ငံတော်တည်ဆောက်ရာမှာ တိုင်းရင်းသားဒေသတွေ ဖွံ့ဖြိုးမှု အတွက် သန်းခေါင်စာရင်းဟာ အရေးပါတယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောဆိုလိုက်ပါတယ်။ ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပင်မအစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားမှာ ပြောဆိုလိုက်တာပါ။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ အကြံပေး ပုဂ္ဂိုလ် ကလည်း နှစ်ပေါင်း ၃၀ ကျော်ကြာမှ ပထမဆုံး အကြိမ် ပြန်လည် ကောက်ခံ တဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ထုတ်ပြန်နိုင်ခြင်း အပေါ် ချီးကျူးလိုက်ပါတယ်။ အပြည့်အစုံကိုတော့ VOA သတင်းထောက် မသိင်္ဂီလင်းက ပြောပြပေးပါမယ်။

ဆယ်စုနှစ် ၃ စုကျော် အကြာမှ ပြန်လည်ကောက်ခံနိုင် တဲ့ ပြည်လုံးကျွတ် သန်းခေါင် စာရင်းဟာ တိုင်းရင်သား လူမျိုးစုတွေ တိုးတက်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး တို့အတွက် အရေးကြီးတယ်လို့ သမ္မတဦးသိန်းစိန်က အခုလို ပြောဆို လိုက်ပါတယ်။

" တိုင်းရင်းသား မျိုးနွယ်စု များ၏ ရိုးရာ ယဉ်ကျေးမှုဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း လူဦးရေစာရင်းများက အဓိက အထောက် အကူပေးမည်ဖြစ်ပါတယ်။ မကြာမီ ပေါ်ပေါက်လာမည့် နိုင်ငံရေးဆွေးနွေးပွဲများက တဆင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက် ရာတွင် မလွဲမသွေကြုံ တွေ့ရမည့် တိုင်းရင်းသား မျိုးနွယ်စုများ ပြဌာန်းသတ်မှတ်ခြင်းကိစ္စ အတွက် နိုင်ငံရေး သဘော တူညီချက် များကို အခြေခံပြီး ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း အစရှိသည့် လုပ်ငန်းစဉ်များကို လုပ်ဆောင်ရာတွင် လူဦးရေ စာရင်းများကို အခြေခံ ညှိနှိုင်းကြရမည် ဖြစ်ပါတယ်။"

သန်းခေါင်စာရင်းကောက်ယူရာမှာ မြန်မာအစိုးရနဲ့ပူးတွဲဆောက်ရွက်ခဲ့တဲ့ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ကလည်း လူဦးရေစာရင်းဟာ လူမှုရေး၊ စီးပွားရေး စတဲ့ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် အရေးပါတယ်လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် Vijay Nambiar ကတော့ သန်းခေါင် စာရင်းကောက်ယူနိုင်မှု ကို ချီးကျူးပြောဆိုပြီး လိုအပ်ချက်တွေတော့ ရှိနေသေးတယ်လို့ သုံးသပ်ပါတယ်။

"အခုလက်ရှိထွက်လာတဲ့ သန်းခေါင်စာရင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက လူဦးရေစာရင်း မပါဝင်နိုင်သေးတာကတော့ အဓိကပြသနာတစ်ခုဖြစ်နေပါတယ်တဲ့။ ဒါပေမယ့် စာရင်း မကောက်ယူနိုင်ခဲ့သေးပေမယ့် ရခိုင်ပြည်နယ်တွင်း လူဦးရေကောက်ကွက်မြေပုံ ထည့်သွင်းရေးဆွဲနိုင်ခဲ့တာကြောင့် အနာဂတ်မှာတော့ ထပ်မံ ဖြည့်သွင်းနိုင်မယ်လို့ ယုံကြည်ပါတယ်တဲ့။ ဒီ ရခိုင်ပြည်နယ်မြောက်ပိုင်းက လူဦးရေစာရင်း မပါလာတာဟာ အခုထွက်လာတဲ့ သန်းခေါင်စာရင်းရဲ့ အားနည်းချက် တစ်ခုဖြစ်နေပေမယ့် သန်းခေါင်စာရင်းရဲ့ ၉ ၈ ရာခိုင်နှုန်းလောက် ကတော့ နိုင်ငံတကာစံနှုန်းနဲ့ ကိုက်ညီပြီး အောင်မြင်မှု တစ်ရပ်ဖြစ်တယ်လို့ပြောသွားတာပါ။"

ဒီနေ့ထုတ်ပြန်လိုက်တဲ့ ပင်မအစီရင်ခံစာမှာတော့ မြန်မာတစ်နိုင်ငံလုံးရဲ့ လူဦးရေ၊ လူဦးရေတိုးနှုန်း၊ မြို့ပြ နဲ့ကျေးလက်နေ လူဦးရေ၊ ကျား မ ဦးရေ၊ လူဦးရေအချိုးပိရမစ်၊ ကလေးမွေးဖွားနှုန်းနဲ့သေဆုံးသူဦးရေ စတဲ့အချက်အလက်တွေကို အသေးစိတ်ဖော်ပြထားပါတယ်။

လာမယ့် ၂၀၁၆ ခုနှစ်ထဲမှာထပ်မံထုတ်ပြန်မယ့် ဘာသာရေးကိုးကွယ်မှုဆိုင်ရာ အချက်အလက်တွေနဲ့ တိုင်းရင်းသားမျိုးနွယ်စုဆိုင်ရာ အချက်အလက်တွေကိုလည်း စောင့်ကြည့်ဖို့ လိုအပ်ကြောင်း နိုင်ငံခြားရေး ဒုဝန်ကြီး ဦးသန့်ကျော်က အခုလို ပြောပါတယ်။


"ဒီနေ့ ဝန်ကြီးဦးခင်ရီ ရှင်းသွားတဲ့ အထဲမှာ ethnicity ပေါ့နော်။ အဲ့တာနဲ့ ပတ်သက်ပြီးတော့ လာမယ့် ၂၀၁၆ မှာ အသေးစိတ် ထုတ်ပြန်မယ် လို့ ပြောသွားတာရှိပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ အသေးစိတ် စာရင်းကို လာမယ့်နှစ် ၂၀၁၆ ထုတ်တဲ့အထိ စာရင်းဇယားတွေ အားလုံး ပြည့်စုံတဲ့ အထိကို စောင့်ကြည့်ပြီးတော့မှ ထုတ် တာက ပိုကောင်းမယ်လို့ ကျနော်ထင်ပါတယ်။ "

တချိန်တည်းမှာပဲ ဒီမေလ ၃၁ ရက်နေ့နောက်ဆုံး ပြန်လည် အပ်နှံရမယ့် နိုင်ငံခြားသားတွေ ကိုင်ဆောင်တဲ့ ယာယီ သက်သေခံလက်မှတ် White Card တွေရဲ့ နောက်ဆုံး အခြေအနေအကြောင်း VOA ရဲ့ မေးမြန်းချက်ကိုတော့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည့်သူ့အင်အား ဝန်ကြီးဦးခင်ရီက အခုလိုဖြေကြားပါတယ်။

"အခု မေလ ၃၁ရက်နေ့မှာ White Card ကဒ် သက်တမ်း ကုန်တယ်လို့ သတ်မှတ်ပါတယ်။ အပ်နှံကာလကို နှစ်လ ထားပါတယ်။ မေ ၃၁မှာ အပ်နှံလို့ရှိရင် ပြီးပါပြီ။ အခုကျနော်တို့ဆီမှာ လေးသိန်းတစ်သောင်း ငါးထောင်ကျော် မနေ့က ကျနော်တို့ လက်ခံရရှိပြီးဖြစ်ပါတယ်။ တချို့နေရာတွေမှာ ကျန်နေပါသေးတယ်။ တချို့ကလည်း သေသွားတဲ့သူရှိတယ်။ တချို့ကလည်း ကဒ်ပိုရှိတယ်ပေါ့ လာပြီး သတင်းပို့တာတွေရှိပါတယ်။ ဒါတွေက လက်မှတ်ကိုင်ထားလို့ရှိရင် ဆက်ပြီးတော့ နိုင်ငံသားစိစစ်ရေး ခံရမှာပဲ။ နိုင်ငံသား စိစစ်ရေး ခံမယ်ဆို ၈၂ ဥပဒေအတိုင်း ဘယ်သူကဖြင့် နိုင်ငံသားဖြစ်မယ်။ ဘယ်သူကဖြင့် နိုင်ငံသားမဖြစ်ဘူး ဒီလိုဖြစ်မယ်။"

အစိုးရဟောင်းတွေလက်ထက် အဆက်ဆက်မှာတော့ နိုင်ငံခြားသားတွေအတွက် ယာယီသက်သေခံလက်မှတ်ပေါင်း ၇ သိန်းခန့် ထုတ်ပေးထားခဲ့ တာလည်းဖြစ်ပါတယ်။ အရင်က မြန်မာနိုင်ငံမှာ လူဦးရေသန်း ၆၀ ရှိတယ်လို့ခန့်မှန်း ထားခဲ့ပေမယ့် နှစ်ပေါင်း ၃၀ကျော် အကြာမှ ပြန်လည်ကောက်ခံ တဲ့ပြည်လုံးကျွတ်သန်းခေါင်စာရင်းအရ လက်ရှိ လူဦးရေ ၅၁.၈သန်းရှိနေပြီး နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု ပိုမိုထိရောက်စေဖို့အတွက် လူမှုစီးပွားရေးအချက်အလက် အတိအကျကို ဒီကနေ့ ထုတ်ပြန်လိုက် တာဖြစ်ပါတယ်။
http://burmese.voanews.com/content/census-2015-report-release-on-peach/2797417.html

Friday, May 29, 2015

စစ်အစိုးရအဖွဲ့ဝင်ဟောင်းတွေကို ၁၉၉၀ အမတ်ဟောင်းတွေ တရားစွဲဆိုမည်

လုပ်သင့်တာကြာပြီ.. တတိုင်းပြည်လုံး ခင်ဗျားတို့ နောက်မှာရှိတယ်...

လွန်ခဲ့တဲ့ ၂၅နှစ်၊ ၁၉၉၀ခုနှစ်က ရွေးကောက်ပွဲအပြီး ရွေးချယ်တင်မြောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေကို အာဏာအပ်နှင်းဖို့ ပျက်ကွက်ခဲ့မှုနဲ့ ယခင်စစ်အစိုးရအဖွဲ့ဝင်တွေကို တရားစွဲဆိုသွားမယ်လို့ ၁၉၉၀ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့က မနေ့က ကြေညာချက်ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

၁၉၈၉ ခုနှစ်ကစလို့ နိုင်ငံတော်အာဏာကို ရယူထားတဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ)နဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အဖွဲ့တွေကို တရားစွဲဆိုမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကြေညာချက်ကို ရန်ကုန်မြို့မှာ မနေ့က ကျင်းပတဲ့ ၁၉၉၀ပြည့်နှစ်ရွေးကောက်ပွဲ ၂၅နှစ်ပြည့် ငွေရတုအခမ်းအနားမှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒီကြေညာချက်နဲ့ ပတ်သက်ပြီး ၁၉၉၀ပြည့်နှစ် ရွေးချယ်တင်မြောက်ခံအမတ်များအဖွဲ့ အတွင်းရေးမှူး ဦးဒေဗစ်လှမြင့်က အခုလို ပြောပြပါတယ်။

"နိုင်ငံတော် အချုပ်အခြာအာဏာကို ပြည်သူလူထုက ဥပဒေနဲ့အတူ ရွေးချယ်တင်မြောက်ပေးလိုက်သော ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များထံ လွှဲအပ်ရမည့်တာဝန်ကို စစ်အစိုးရတို့က ဖောက်ဖျက်ကျူးလွန်ခြင်းဖြစ်ပါတယ်၊ အဲ့ကိစ္စကြောင့် ကျနော်တို့စွဲတာပါ၊ ကျနော်တို့ ဒီမှာစာရင်းပြုစုထားတာကတော့ လက်ရှိအနေအထားမှာ ကျနော်ရယ်၊ ကြည့်မြင်တိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းပေါ့၊ နောက်သာပေါင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်း၊ ဟင်္သာတမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်၊ ပုဇွန်တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်းနိုင်း တို့နဲ့တော့ အားလုံးကသဘောတူညီမှု လုပ်ထားပါတယ်"

တရားစွဲဆိုတာကို လာမယ့်ဇွန်လအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ဖို့ တရားရုံးချုပ်ရှေ့နေတွေနဲ့ တိုင်ပင်နေတယ်လို့ ဆိုပါတယ်။ န၀တနဲ့ နအဖအဖွဲ့ဝင်တွေထဲက သက်ရှိထင်ရှားကျန်နေသေးသူတွေကို တရားစွဲဆိုမှာဖြစ်ပြီး၊ တရားဥပဒေမဲ့ လုပ်ဆောင်ချက်အတွက် အနည်းဆုံးမှတ်တမ်းအဖြစ်ကျန်ရှိဖို့ ရည်ရွယ်ဆောင်ရွက်တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဦးဒေဗစ်လှမြင့်ကို RFA ၀ိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဗုဒ္ဓဘာသာဝင်များ ထိမ်းမြားခြင်းဥပဒေ အမျိုးသားလွှတ်တော် အတည်ပြု

မေခ

ဝေဖန်မှုတွေရှိတဲ့ မျိုးစောင့်ဥပဒေ ၄ခုထဲက မြန်မာဗုဒ္ဓဘာသာဝင်များ အထူး ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေကြမ်းမှာ ဘာသာခြား တဦး အနေနဲ့ မြန်မာ ဗုဒ္ဓဘာသာဝင်တဦးကို လက်ထပ်ခြင်း၊ ကွာရှင်းခြင်း၊ သားသမီး ထိန်းသိမ်းခြင်းနှင့် အိမ်ထောင်ရေး ဆိုင်ရာ အငြင်းပွားသည့် ကိစ္စရပ်တို့ကို ဆုံးဖြတ်ချက်ချမယ်ဆိုပါက မည်သည့် ဥပဒေ၊ ဓလေ့ထုံးတမ်း တို့နှင့်မှ ဆုံးဖြတ်ပိုင်ခွင့်ပေးမှာ မ ဟုတ်ဘဲ မြန်မာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူး လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနဲ့ပဲ ဆုံးဖြတ်ရမယ်လို့ ပါဝင်ထားပြီး ဒီဥပဒေကို မေလ ၂၇ရက်နေ့ကကျင်းပခဲ့တဲ့ အမျိုးသား လွှတ်တော်မှာ ဒီဥပဒေကို အတည်ပြုခဲ့ပါတယ်။ ဒီဥပဒေအပေါ် လွှတ်တော် အမတ်တချို့ရဲ့သဘောထားနဲ့ လူ့အခွင့်အရေးအဖွဲ့ တချို့ရဲ့ တုန့်ပြန်ချက်တွေ ကို စုစည်းပြီး ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

ဒီဥပဒေကို မေလ ၁၈ရက်နေ့က အမျိုးသားလွှတ်တော်မှာဆွေးနွေးခဲ့ပြီး မနေ့က အတည်ပြုလိုက်တာပါ။ ဒီဥပဒေကြမ်းဟာ ဗုဒ္ဓဘာသာဝင် မိန်းမတစ်ဦးကို ဘာသာခြား အမျိုးသားယောက်ျးတစ်ဦးက ထိမ်းမြားလက်ထပ်တဲ့ အခါ ကျင့်သုံးရမယ့် ဥပဒေကြမ်းတခုဖြစ်ပါတယ်။ ဒီဥပဒေကို ဝေဖန်မှုတွေရှိနေဆဲဖြစ်ပေမယ့် အမျိုးသားလွှတ်တော်က ဒါကို အတည်ပြုခဲ့တာဖြစ်ပါတယ်။ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးတဦး အနေနဲ့ ဘာသာခြားတဦးနဲ့ လက်ထပ်မယ်ဆိုရင် သက်ဆိုင်ရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးထံမှာ မှတ်ပုံတင်ရမှာဖြစ်ပြီး ကန့်ကွက်သူမရှိမှ အုပ်ချုပ်ရေးမှူး က ထိမ်းမြားလက်ထပ်ပေးခွင့်ရှိတယ်လို့လည်း ပါရှိပါတယ်။

ဒီဥပဒေမှာ ဗုဒ္ဓဘာသာမဟုတ်တဲ့ ယောက်ျားကမိန်းမဖြစ်သူ ( ဗုဒ္ဓဘာသာဝင် အမျိုးသမီး) ကို ကိုယ်ထိလက်ရောက် ညှဉ်းပန်း နှိပ်စက်ခြင်း၊ အပြုအမူအားဖြင့် စိတ်ဆင်းရဲအောင် ပြုလုပ်ခြင်းနဲ့အကြမ်းဖက်ခြင်းတို့ ပြုလုပ်ပါက အမျိုးသမီးမှ သက်ဆိုင်ရာသို့ တိုင်ကြားနိုင် ပြီး ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ ယောက်ျား မှာ ထောင်ဒဏ် ၂ နှစ် (သို့) ငွေဒဏ် သိန်း ၂၀ ကို တရားရုံးသို့ ပေးဆောင်ရမယ်လို့ ပါဝင်ပါတယ်။း၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီးရဲ့ယုံကြည် ကိုးကွယ်ရာ ဗုဒ္ဓရုပ်ပွားပုံတော်များ၊ ဆင်းတုတော် များ၊ စေတီပုထိုး ပုံတော်များ ၊ ဗုဒ္ဓဘာသာ ရဟန်းပုံတော်များ ထားရှိကိုးကွယ်ခြင်းနှင့် ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းတို့၏ အသုံး အဆောင်များကို နေအိမ်တွင် ထားရှိခွင့်ပြုရမည် ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်ဆိုင်ရာ ကိစ္စရပ် အားလုံးကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပေးရမည်လို့ဥပဒေမှာပါဝင်ပါတယ်။

ဒီဥပဒေဟာ ကာလဒေသအရပေါ်ထွန်းလာတဲ့ ဥပဒေတခုဖြစ်ကြောင်း မြန်မာ ဗုဒ္ဓဘာသာဝင်အချို့မှာ ဘာသာခြားနဲ့ လက်ဆက် ပြီး ပါက ယုံကြည်ကိုးကွယ်ရာ ဗုဒ္ဓရုပ်ပွားပုံတော်များ၊ ဆင်းတုတော်များ၊ စေတီပုထိုးပုံတော်များ ၊ ဗုဒ္ဓဘာသာ ရဟန်းပုံတော်များ ထားရှိကိုးကွယ်မှုကို ကန့်ကွက်ခံရမှုတွေရှိခဲ့ကြောင်းဒီလို သာဓကတွေကြောင့် အခုလို ဥပဒေပေါ်ပေါက်လာရတာဖြစ်တယ်လို့ အမျိုးသား လွှတ်တော် အမတ် ဦးလှဆွေက ခုလိုပြောပါတယ်။

"အခြားဘာသာတွေရဲ့ အခြားနိုင်ငံတွေမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့စာရင် ဒါက တော်တော်ပျော့နေပါသေးတယ်။"

ဒီအပြင် ဗုဒ္ဓဘာသာဝင် အမျိုးသမီးတဦးကို အခြားဘာသာသို့ အတင်းအကျပ်ပြောင်း ကိုးကွယ်စေသူ အား ချမှတ်တဲ့ ထောင်ဒဏ် ချမှတ်နိုင်ကြောင်း ဥပဒေမှာဖော်ပြ ထားပါတယ်။ မူလက ဘာသာပြောင်း ကိုးကွယ်စေသူအား ချမှတ်တဲ့ ထောင်ဒဏ်ကို ယခင်က ၅နှစ်သတ်မှတ်ထားပေမယ့် အခု အခါ ၂နှစ်သို့ပြင်ဆင်လိုက်ကြောင်း လွှတ်တော်အမတ်တွေကပြောပါတယ်။

ဒီဥပဒေပေါ်ပေါက်လာတာဟာ မူစလင်ဘာသာနဲ့ ပတ်သတ်ပြီး ဖြစ်တည်ပေါ်ပေါက် လာတာဖြစ်ပေမယ့် အခြားဘာသာ ဝင်တွေအပေါ်မှာပါ ရိုက်ခတ်မှုတွေ ရှိနေခဲ့တယ်လို့ ချင်းတိုးတက်ရေးပါတီ အမျိုးသားလွှတ်တော်အမတ် ဦးစတီဖင်ဆာဆိတ် ကပြောပါ တယ်။

"ကျနော်တို့ မဆိုင်တဲ့ တိုင်းရင်းသား အဖွဲ့အစည်း ၊ မဆိုင်တဲ့ ဘာသာရေးဘက် ကလည်း နည်းနည်းလေးတော့ အကုန်လုံး ကသိကအောက် ထိခိုက်တဲ့ သဘောပေါ့။ ပြဿနာ မပေါ်တဲ့ဟာလည်း ပေါ်အောင် လုပ်တယ်ဆိုတဲ့ သဘော။ ကာကွယ်သင့်တဲ့အရာ တခုလို့ပဲ ကျနော့်အနေနဲ့မြင်တယ်။ ဒါပေမဲ့ တခုတော့ ရှိတာပေါ့။ ကျနော်တို့ ကျန်တဲ့ အမျိုးသမီး ကျန်တဲ့ဘာသာ ကျန်တဲ့လူမျိုး နဲ့ပတ်သက်လို့ကတော့ ဒါက မလိုအပ်ပဲနဲ့ လာပြီးတော့ ပြဿနာက လာပြီးတော့ ရိုက်တာပေါ့။ အကုန်လုံးပေါ့နော့်။"

အမျိုးသမီးရေးလှုပ်ရှားသူအချို့ကလည်း ဒီဥပဒေအပေါ်ကိုလက်မခံတာ တွေရှိပြီး Rainbow အဖွဲ့က အမျိုးသမီးအရေး ပါဝင်လှုပ်ရှားသူတဦးက ဒီဥပဒေမှာ ကန့်သတ်မှုတွေရှိတယ်လို့ခုလိုပြောပါတယ်။

"ကျမတို့ တချိန်လုံး ကျမတို့ရှေ့က အစဉ်အဆက်ပေါ့နော် ကျမတို့ မိဘတို့က အစ အစဉ်အဆက်ပေါ့နော်။ ကန့်သတ်ချက်တွေ နဲ့ ဘောင်ခတ်ခံ ထားရတယ်။ အမျိုးသမီးတွေရဲ့ လွတ်လပ်ခွင့် ဆုံးရှုံးတယ်ပေါ့နော်။ ဥပဒေအရ ကန့်သတ်ထားတဲ့ အခါကျတော့ အမျိုးသမီးတွေ တွေအတွက်ကို ဒါက အရမ်းကြီးကို ခွဲခြားထား သလိုများဖြစ်နေမလားလို့ ကျမကတော့ အဲ့လိုမြင်ပါတယ်ရှင့်

ဥပဒေမှာ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ အမျိုးသားတစ်ဦးဟာ ဥပဒေကြမ်းပါ ပြဌာန်းချက် တစ်ခုခုကို ဖောက်ဖျက်ခဲ့ရင် အနည်းဆုံး ထောင်ဒဏ် ၆ လကနေ ၃ နှစ်အထိ ချမှတ်နိုင်သလို အများဆုံး ငွေဒဏ် ၅သိန်း ဒါမှမဟုတ် ဒဏ်နှစ်ရပ် လုံးဖြစ်စေ ကျခံရမှာဖြစ်ပါတယ်။ လက်ရှိမှာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်ကလည်း အတည်ပြုပြီးဖြစ်တဲ့အတွက် ပြည်ထောင်စု လွှတ်တော်ထံ ပေးပို့ မှာဖြစ်ပြီး နိုင်ငံတော် သမ္မတက လက်မှတ်ထိုးပါက ဒီဥပဒေဟာ အတည်ဖြစ် လာမှာပါ။ ဒီဥပဒေ အတည်ဖြစ်ပါက မူလ တည်ဆဲဥပ ဒေဖြစ်တဲ့ ၁၉၅၄ အထူး ထိမ်းမြားခြင်း ဥပဒေဟာပယ်ဖျက်မှာဖြစ်ပြီး ဒီဥပဒေအတိုင်းသာ လိုက်နာရမှာဖြစ်ပါတယ်။

Thursday, May 28, 2015

KNU ၏ လုပ်ဆောင်မှုများ ဥပဒေမဲ့လျှင် အစိုးရက ထိန်းသိမ်းကြပ်မတ်ရန် ရှိမရှိ လွှတ်တော် ကိုယ်စားလှယ်မေးမြန်း

Written by မောင်သင်တုန်း

နေပြည်တော်၊ မေ၂၆ ။ ။ ကရင်းအမျိုးသားအစည်းအရုံး KNU အဖွဲ့၏ ၎င်းတို့နယ်မြေအတွင်း လုပ်ဆောင်ချက်များကို ဥပဒေနှင့်အညီ ဆောင်ရွက်မှု မရှိပါက အစိုးရအနေဖြင့် ကြပ်မတ်ရန် ရှိမရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က မေးမြန်းခဲ့ပြီး နိုင်ငံတော်အစိုးမှ မူဝါဒချမှတ်ပြီး ညွှန်ကြားလာပါက လုပ်ဆောင်ပေးသွား မည်ဟု နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၄) မှ ဒုတိယ၀န်ကြီး ဦးအောင်သိမ်းက ပြောသည်။

“နိုင်ငံတော်အစိုးရနှင့် ငြိမ်ချမ်းရေးဖော်ဆောင်နေသော KNU အဖွဲ့အား ယင်းတို့လုပ်ဆောင်နေမှုများကို ဥပဒေနှင့်အညီ ဆောင်ရွက်ရန် နိုင်ငံတော်အစိုးရမှ မူဝါဒများချမှတ်၍ ညွှန်ကြားလာပါက ညွှန်ကြားချက်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားလိုပါတယ်”ဟု ဒုတိယ ၀န်ကြီး ဦးအောင်သိမ်းကပြောသည်။

ပထမအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော်အစိုးရနှင့် ငြိမ်ချမ်းရေးဖော်ဆောင်နေသော ကေအန်ယူ အဖွဲ့အား ယင်းတို့၏ နယ်မြေအတွင်း လုပ်ဆောင်နေမှုများကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် အာဏာပိုင်အဖွဲ့များက ကူညီပူးပေါင်း ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ပေးရန် အစီစဉ်ရှိမရှိ လွှတ်တော် ကိုယ်စားလှယ် ဦးစိုးသက်၏ မေးမြန်းမှုအပေါ် ဒုဝန်ကြီးက ပြန်လည် ဖြေကြားခြင်းဖြစ်သည်။

“ကေအင်န်ယူအဖွဲ့ဟာ ထိုင်းနိုင်ငံနဲ့ ကျွန်တော်တို့ ထားဝယ်နဲ့ ဆက်သွယ်ထားတဲ့ လမ်းမပေါ်က ရေနက်ဆိပ်ကမ်းလမ်းမကြီးပေါ်မှာ အကောက်ဂိတ်ဖွင့်ပြီးတော့ လုပ်နေပါတယ်။ အကောက်လုပ်တာမပြောပါဘူး။ မကောက်နဲ့ပြောလည်း သူတို့ကောက်ကြမှာပါ။ သို့သော်လည်းပဲ ဥပမာအားဖြင့် ထီးခီးနယ်စပ်ဂိတ်မှာဆိုရင် တစ်ဖက်နိုင်ငံကို ခြောက်ညအိပ် ခုနှစ်ရက်ခရီးသွားမယ်ဆိုရင် border pass လုပ်ရပါတယ်။ Pass လုပ်တဲ့ အခါ မှာ ဓာတ်ပုံရိုက်တယ်။ ကတ်ပြားလေးထုတ်ပေး တယ်။ အားလုံးက မြန်မာငွေတစ်ထောင်ပဲကျပါတယ်။

ဒီအဖွဲ့ အစည်းတွေ ကောက်တာက ဘတ်တစ်ရာလောက် ကောက်တဲ့အခါကျတော့ တော်တော်လေးများနေတဲ့ သဘောရှိပါတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသက်က မေးမြန်စဉ် ထည့်သွင်းပြောဆိုခဲ့သည်။

ထိုင်း-မြန်မာနယ်စပ် လမ်းပိုင်းတွင် ကေအန်ယူက ငွေကြေးကောက်ခံမှု ရှိသည်မှာ အမှန်တကယ်ဖြစ်ပြီး ကုန်ပစ္စည်းအလုံးအရင်ပါသည့် ကားတစ်စီးကို ပစ္စည်းတန် ဖိုး၏ငါးရာခိုင်နှုန်း ကောက်ခံပြီး သတ္တုနှင့် ဆိုင်သည့် ပစ္စည်းဆိုပါက ရှစ်ရာခိုင်နှုန်း ကောက်ခံလေ့ရှိသည်ဟု ကေအန်ယူ ဗဟိုကော်မတီအဖွဲ့ဝင် ဖဒိုစောသမိန်ထွန်း က မဇ္ဈိမကို ပြောသည်။

"အခွန်အကောက် ဖြတ်ဖို့က နိုင်ငံရေးဆွေးနွေးပွဲပြီးတော့မှ အစိုးရက ကျွန်တော်တို့အတွက် ရပ်တည်ဖို့ကို ဘာလုပ်ပေးနိုင်မလဲဆိုတဲ့အပေါ် မူတည်ပြီး ကြည်ရ မှာ ပဲ။ အခုအပစ်ရပ်ရေး လုပ်နေပေမယ့် အစိုးရက ကျွန်တော်တို့ကို ထောက်ပံ့တာ ဘာမှရှိတာမဟုတ်ဘူး။ ကျွန်တော်တို့က စားဖို့သောက်ဖို့အတွက် အခွန်ကောက် ရမှာပါပဲ။ ဒါကို ကျွန်တော်တို့ တမင်သက်သက် မိုက်ကြေးခွဲတာ မဟုတ်ပါဘူး"ဟု ၎င်းက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် နယ်မြေအေးချမ်းမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် KNU အဖွဲ့အစည်းများအပါအ၀င် အပစ်အခတ်ရပ်စဲရေး ဆွေးထားသည့် အဖွဲ့အစည်းများနှင့် ဆွေးနွေးနေသည့်အတွက် ငြိမ်ချမ်းရေးဆွေးနွေးမှုများအပေါ် အဟန့်အတား အနှောက်အယှက် မဖြစ်စေရန် အချို့သော ကိစ္စများကို ဖြေလျော့ပေးထားခြင်းဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး၏ ရုံးသို့ ကန့်ကွက်အကြောင်းကြားစာများ ပေးပို့လုပ်ဆောင်လျက်ရှိသည်ဟု ဒုတိယ ၀န်ကြီးက ဖြေကြားသည်။

မွန်ပြည်နယ်အစိုးရကလည်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူပြီး သထုံခရိုင် ဆက်ဆံရေးရုံးတွင် ဆက်ဆံရေးတာဝန်ခံ အရာရှိကြီးများအား မကြာခဏ တွေ့ဆုံပြီး ဥပဒေကိုလေးစားလိုက်နားရေး၊ စည်းကမ်းတကျနေထိုင်ရေးတို့အတွက် ပြေဆိုမှာကြားပေးလျက်ရှိသည်ဟု ဆိုသည်။ ဥပဒေမဲ့ဆောင်ရွက် မှုများ ရှိလာလျှင် ကန့်ကွက်စာပေးပို့ပြီး ထိန်းသိမ်းကြပ်မတ်လျက်ရှိသည်ဟု ဒုတိယ၀န်ကြီးက ပြောသည်။

Monday, May 25, 2015

ကရင့်အရေးလုပ်ရှားသူတို့ ၏ အမြင်သဘောထားများ

အမြင်သဘောထားကဏ္ဍ - ကေအိုင်စီသတင်း

ကရင်အမျိုးသားစီမံကိန်းနှင့် ပတ်သက်၍ မေလ ၆ရက်မှ ၉ရက်နေ့အထိ ကျင်းပခဲ့သော ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲ တက် ရောက်ခဲ့သူအချို့က မိမိတို့ တင်ပြဆွေးနွေးခဲ့မှုများ၊ စီမံကိန်း အရေးပါမှုများ၊ ပါဝင်သင့်သည့်ကဏ္ဍများအပြင် မည်သည့်အချိန် အခါ၊ နေရာတွင် မည်သူက မည်သို့သောပုံစံဖြင့် ထည့်သွင်းရေးဆွဲသွားသင့်သည်ဟူသော ကိုယ်ပိုင် အမြင်သဘောထားများကို ကရင်သတင်းဋ္ဌာနက တွေ့ဆုံမေးမြန်းထားခြင်းဖြစ်သည်။

ဗိုလ်မှူးချုပ်စောနယ်ဒါးဘိုမြ (စစ်ဦးစီးချုပ်၊ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်-KNDO)

အမျိုးသားနှီးနှောဖလှယ်ပွဲမှာ ကျနော့်အနေနဲ့ ကရင်အမျိုးသား စည်းလုံးညီညွတ်မှု အကြောင်းအရာတွေကို ပါဝင်ဆွေးနွေးဖြစ်ပါ တယ်။ နောက်ပြီး အပစ်ခတ်ရပ်စဲရေးကိစ္စရပ်တွေ အမျိုးသားစီမံကိန်းဆိုင်ရာကိစ္စရပ်တွေ နောက် ကရင်တစ်မျိုးသားလုံးရဲ့ အနာ ဂတ်အတွက် အကြောင်းတွေကိုလည်း ဆွေးနွေးဖြစ်ပါသေးတယ်။ ကျနော်တို့ကရင်လူမျိုးတွေ ညီညွတ်ရင် ကျနော်တို့တောင်း ဆိုတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေ ရမှာပေါ့။ အခု ကျနော်မြင်တာကတော့ ကျနော်တို့အတွက် အခြေအနေကောင်းတဲ့ အချိန်အခါပါပဲ။

အမျိုးသားစီမံကိန်းဆိုတာ အရေးကြီးတဲ့ကိစ္စရပ်တစ်ခုပါ။ အမျိုးသားစီမံကိန်း မရှိဘူးဆိုရင် လူမျိုးတစ်မျိုးဟာ ဖွံ့ဖြိုးတိုးတက်နိုင် မှာ မဟုတ်ဘူး။ အရင်တုန်းက အဖွဲ့အစည်းရဲ့ ဌာနအသီးသီး လုပ်ငန်းစဉ်တွေ ရှိပါတယ်။ ဒါပေမဲ့ အခုလက်ရှိမှာ ကရင့်အမျိုးသား စီမံကိန်းက အရေးကြီးလာတယ်။ အမျိုးသား ကျန်းမာရေး၊ အမျိုးသားလုံခြုံရေး၊ စားဝတ်နေရေး၊ လူမျိုးစုတစ်ခု ဖွံ့ဖြိုးတိုးတက်မှု၊ အမျိုးသားရေး ခံယူချက်၊ အမျိုးသားရေး စိတ်ဓာတ်ရှိရမယ်။ အဓိကအားဖြင့် ကျနော်မြင်တာက ဒီအမျိုးသားလုံခြုံရေးက အဓိက ကျပါတယ်။ အဲ့ဒါတွေက အမျိုးသားစီမံကိန်းအပေါ်မှာ မှီခိုတယ်။ အခု ကျနော်တို့တိုက်ယူတာက အမျိုးသားဂုဏ်သိက္ခာအရ။ ဥပ မာ အမျိုးသားအသိအမှတ်ပြုမှု မှတ်ပုံတင်မရှိဘူးဆိုရင် အုပ်ချုပ်မှုပြုနိုင်မှာ မဟုတ်ဘူး။

ဒီအမျိုးသားစီမံကိန်းကို ရေးဆွဲတဲ့နေရာမှာ ပြည်တွင်းပြည်ပ ကရင်အဖွဲ့စည်များနဲ့ ကေအဲန်ယူကနေ တာဝန်ယူ လုပ်ဆောင်ရ မယ်။ ကေအဲန်ယူကနေ အမျိုးသားစီမံကိန်းဆိုင်ရာဌာန(Karen National Plan Ministry)ကို ဖွဲ့စည်းပြီးတော့ အမျိုးသားမှတ်ပုံ တင်ကို ရှိအောင်လုပ်ရမယ်။ ဒီလိုအမျိုးသားစီမံကိန်းမျိုးက ကျနော်တို့ ကရင်လူမျိုးတွေမှာ တိတိကျကျ မရှိသေးဘူးဆိုတော့ ဒါ ကို အမြန်ဆုံး အကောင်အထည်ဖော် လုပ်ဆောင်သင့်တယ်။ ဒီအမျိုးသား စီမံကိန်းရေးဆွဲတဲ့နေရာမှာ ပညာရေး၊ ကျန်းမာရေး စီးပွားရေး စသည်အားဖြင့် ကဏ္ဍအသီးသီး ပါဝင်သင့်တာပေါ့။ အဲ့ဒါတွေကလည်း ကေအဲန်ယူရဲ့ ဌာနအသီးသီးမှာ ရှိနှင့်ပြီးဖြစ်ပေ မဲ့ ကနဦး ကျနော်ပြောခဲ့သလို နောက်ထပ် အသစ်ဖွဲ့စည်းသင့်တဲ့ (Karen National Plan Ministry) ရဲ့ လုပ်ဆောင်မှုအောက်မှာ အတည်တကျ ရှိသင့်တယ်။ ဒီဌာနရှိပြီးဆိုရင် လုပ်ဆောင်လို့ရပြီး။ အဓိက ကတော့ အမျိုးသားမှတ်ပုံတင် ရှိဖို့ပါပဲ။ ဒါမှ ဘယ်နေ ရာသွားသွား၊ ဘာတွေပဲလုပ်လုပ် ကိုယ့်ကို ကရင်ဆိုတာ သိကြမယ်။ အခုလက်ရှိမှာ ကေအဲန်ယူလက်အောက်ခံဋ္ဌာနတွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေး စတာတွေကို တိတိကျကျ ကောင်းမွန်စွာ၊ ကြီးမားကျယ်ပြန့်စွာ လုပ်ဆောင်ဖို့ (Ministry) တစ်ခုရှိုရင် ကောင်းပါလိမ့်မယ်။ နောက်ဆုံးပြောချင်တာက ကရင်လူမျိုးတွေမှာ ကရင်ပြည်လို့ခေါ်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ အုပ်ချုပ်နယ်မြေဒေသ၊ ပြည်နယ်ဖွဲ့စည်းပုံ ရှိရမယ်။ ဒါမှမရှိရင် လူမျိုးတစ်မျိုးလို့ သတ်မှတ်နိုင်မှာ မဟုတ်ဘူး။

————————————————————
ဆရာမနော်ထူးခူဆာ့စေး (ကရင့်ရေးရာဌာနမှူး- UK)

ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲမှာ အချက်ပေါင်း ၈ချက်၉ချက်လောက်ကို ကျမတို့ ဆွေးနွေးဖြစ်သွားတယ်။ ပညာရေး၊ အမျိုး သားလုံခြုံရေး၊ နိုင်ငံရေးအကြောင်းအရာတွေ၊ ကရင်နယ်မြေဒေသရေးရာကိစ္စရပ်တွေ၊ ကရင်အမျိုးသားကျန်းမာရေး၊ အမျိုးသား စီးပွားရေး၊ ကရင့်ရေးရာ၊ သတင်းမီဒီယာကဏ္ဍနဲ့ ကျန်တဲ့ကဏ္ဍတွေလည်း ဆွေးနွေးဖြစ်သွားတယ်။ ကျမတို့ ကရင်အမျိုးသား တစ်ရပ်အနေနဲ့ တစ်မျိုးသားလုံးရဲ့ အကြောင်းအရာ၊ တိုးတက်ဖွံ့ဖြိုးမှု၊ အကျိုးရှိမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေက တကယ့်ကို အရေး ကြီးတဲ့ အကြောင်းအချက်တွေပါ။ ကျေကျေလည်လည်ကို ဆွေးနွေးသင့်တဲ့ တကယ့်အစည်းအဝေးတစ်ရပ်အနေနဲ့ မရှိမဖြစ် ရှိကိုရှိရမဲ့ အရမ်းကိုအရေးကြီးတဲ့ အစီအစဉ်လို့ မြင်မိတယ်။

ဒီအမျိုးသားစီမံကိန်းရေးဆွဲတဲ့နေရာမှာ ကရင်တစ်မျိုးသားလုံးအနေနဲ့ ပါဝင်သင့်တယ်။ ဘာဖြစ်လဲဆိုတော့ တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တာကြောင့် ဖြစ်နိုင်ရင် တစ်မျိုးသားလုံးပါဝင်ပြီး ၀င်ရောက်ဆွေးနွေး အကြံပြုစေချင်တယ်။ တစ်မျိုးသားလုံး ရောက်ရာ နေရာကပြန်လာပြီး စုဝေးဆွေးနွေး စီစဉ်ဆောင်ရွက်မှုပြုဖို့ဆိုတာ တကယ့်ကိုခက်ခဲတဲ့ကိစ္စ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ကရင် ပညာရေးအဖွဲ့အစည်းတွေ၊ ကရင်ကျန်းမာရေးအဖွဲ့အစည်းတွေ ဒီထက်မက အတွေအကြုံရင့် ခေါင်းဆောင်တွေ၊ ကရင့်ကာကွယ် ရေးအဖွဲ့အစည်းတွေ စတဲ့ အဖွဲ့အစည်းအားလုံးရဲ့ ကိုယ်စားလှယ်အကုန်လုံး ပြည်တွင်းပြည်ပ ကရင်ပညာရှင်တွေ အတွေ့အကြုံ များတဲ့သူတွေအားလုံး ပူးပေါင်းပါဝင်သင့်တယ်လို့ ကျမမြင်မိပါတယ်။

ဒီလိုရေးဆွဲတဲ့နေရာမှာ အဖွဲ့အစည်းတစ်ခုကနေပြီး လွှမ်းမိုးထားတာမျိုးကို လုံးဝ မဖြစ်သင့်ပါဘူး။ ကိုယ့်တမျိုးသားလုံးရဲ့ ရှေ့ရေး ကို ဖော်ဆောင်တာဖြစ်တာကြောင့် ဘယ်လိုနည်းလမ်းတွေနဲ့သွားရမယ်ဆိုတာ ရွေးကောက်တင်မြှောက်ရမယ့် အဖွဲ့အစည်းကို ဖြစ်စေချင်တာက ကိုယ့်ကရင်လူမျိုးတွေကို ပြန်လည်စီမံအုပ်ချုပ်နိုင်မဲ့၊ ရှေ့ဆောင်လမ်းညွန်တဲ့ စည်းမျဉ်းဥပဒေနဲ့မှ ကိုယ့်ကရင် လူမျိုးတွေအတွက် အထောက်အပံ့တစ်ခု ဖြစ်လာလိမ့်မယ်။

ပါဝင်သင့်တဲ့၊ ထည့်သွင်းရမဲ့ အကြောင်းအရာတွေကို ကရင်တစ်မျိုးသားလုံးကို ကိုယ်စားပြုမဲ့ အဖွဲ့အစည်းကနေပြီး ရေးဆွဲပြီး တော့ တခြားကရင်အဖွဲ့အစည်းတွေကို ပြန်ဖြန့်ဝေပေးတာ ဘယ်အကြောင်းအရာ၊ ဘယ်ကဏ္ဍတွေကို ထပ်မံ ထည့်သွင်းသင့်သ လဲ၊ ပယ်ဖျက်သင့်သလဲဆိုတာ ဆန်းစစ်ပြီး နောက်တစ်ဆင့်မှာ ကိုယ်စားပြုအဖွဲ့အစည်းတွေက ပြန်လည်ဝေဖန်ဆန်းစစ်၊ လက်ခံ ကြမလဲဆိုတာ ကရင့်တစ်မျိုးသားလုံးရဲ့ ကံကြမ္မာဖြစ်တာကြောင့် တိတိကျကျကို လုပ်ဆောင်သင့်တယ်။ ကိုယ့်ကရင်လူမျိုးတွေရဲ့ ကံကြမ္မာဖြစ်တာကြောင့် ကိုယ့်ကရင်ခေါင်းဆောင်တွေ ကိုယ့်လူမျိုးကို အုပ်ချုပ်တာပဲ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ တကယ်လို့ ညီလာခံကို မြန်မာပြည်တွင်းထဲ ပြန်လုပ်မယ်ဆို လူတစ်စုတစ်ဖွဲ့ရဲ့ လမ်းညွန်မှုအောက်မှာပဲ လုပ်ရတာကို ကျမတို့ မလိုလားဘူး။ ကျမတို့လိုလားတာ လွတ်လပ်တဲ့ အခြေအနေမှာပဲရှိစေဖို့ပဲ။ ကရင်ပြည်နယ်မှာ ဥပမာ ကျမတို့ ဒီလိုအမျိုးသားနှီးနှောဖလှယ်ပွဲ နေရာမှာ လာရောက်ကျင်းပရင်တော့ အဆင်ပြေပါလိမ့်မယ်လို့ ကျမယုံကြည်ပါတယ်။ ကျမတောင်မှ အရမ်းဝေးကွာတဲ့ တိုင်းတ ပါးကိုရောက်နေပြီး ကျန်းမာရေးမကောင်းတဲ့ကြားက ရောက်အောင်ပြန်လာနိုင်ရင် ပြည်တွင်းပြည်ပမှာရှိတဲ့ ကရင်လူမျိုးတွေအ နေနဲ့ ကိုယ့်လူမျိုးကို အမှန်တကယ် ချစ်တဲ့သူတွေဆိုရင် လာနိုင်သင့်တယ်။

နော်စူစန်နာလှလှစိုး (ကရင်စည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးကော်မတီ-KUPC)

ကျမ မိခင်အဖွဲ့အစည်းကတော့ ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဖြစ်ပါတယ်။ ဒီကရင်အမျိုးသားနှီးနှောဖလှယ်ပွဲကို KUPC ကိုယ်စား လာတက်ရောက်ခြင်းဖြစ်တာကြောင့် ပြီးခဲ့တဲ့ မေလ ၁ရက်နေ့တုန်းက ပဲခူးမှာလုပ်တဲ့ အစည်းအဝေးမှာ တင်သွင်းဖို့ စာတမ်းဆွဲခဲ့တယ်ပေါ့။ အဲဒီမှာ လူမှုရေးကဏ္ဍနဲ့ စီးပွားရေးကဏ္ဍ စာတမ်းတွေကို လာရောက်တင်သွင်းခဲ့ခြင်းဖြစ်ပါတယ်။ ကရင် အမျိုးသားစီမံကိန်းဆိုတာ အရမ်းအရေးပါတဲ့အတွက်ကြောင့် အသက်သွေးကြောလို့တောင် ကျမ တင်စားပြောချင်ပါတယ်။ ကျမတို့မှာ စီမံကိန်းမရှိဘူးဆိုရင် ညီညွတ်မှုလည်း ရှိနိုင်မှာ မဟုတ်ပါဘူး။ အရေးပေါ်အစည်းအဝေးလေးတွေပဲ လုပ်နေမယ်။ တခါတလေ ပွဲတော်လေးတွေမှာပဲ တွေ့ဆုံကြမယ်ဆိုရင် ဒီတွေ့ဆုံမှုလေးတွေဟာ အားမဖြစ်လာဘူးပေါ့နော်။ တွေ့ဆုံရ၊ ရင်းနှီးရ တယ်ဆိုတာကတော့ ကောင်းတယ်။ သို့ပေမယ့် နောက် ငါးနှစ်မှာ ဘာဖြစ်မယ်၊ နောက်ထပ် ဆယ်နှစ်မှာ ဘာဖြစ်ရမယ်လို့ ချမှတ်နိုင်တာမျိုး မရှိဘူးဆိုရင် ကျမတို့တစ်မျိုးသားလုံးအနေနဲ့ တိုးတက်ဖွံ့ဖြိုးမှုဆိုတာ အင်မတန်မှ ခက်ခဲပါမယ်။ တစ်ဦးတစ် ယောက်တည်းအနေနဲ့ ပညာရေးရော၊ စီးပွားရေးရော ကိုယ်တိုင်ကြိုးစားလို့ တက်ရင်တက်သွားမယ်။ ဒါပေမယ့် ကရင်တစ်မျိုး သားလုံးအနေနဲ့ စဉ်းစားမယ်ဆိုရင်တော့ ဒီအမျိုးသားစီမံကိန်းဆိုတာ ရှိကိုရှိသင့်ပါတယ်။

ဒီလိုစီမံကိန်းမျိုးကိုရေးဆွဲကြမယ်ဆိုရင် လူထုတွေဆီကနေ ဘာတွေလိုအပ်တယ်ဆိုတဲ့ စီမံကိန်းနဲ့ ပတ်သက်တဲ့ ဖရိန်(Frame) လေးတွေ ကျလာမယ်လို့ထင်ပါတယ်။ စီမံကိန်းနဲ့ပတ်သက်ပြီးတော့ ပညာရှင်တွေလိုအပ်မှုက အရေးကြီးပါတယ်။ ဖြစ်နိုင်မယ်ဆို ရင်တော့ ပြည်တွင်းပြည်ပပညာရှင်တွေ ပေါင်းစပ်လုပ်ဆောင်မှသာလျှင် အရမ်းအောင်မြင်တဲ့ရလဒ်တွေ ထွက်ပေါ်လာမှာ ဖြစ်ပါ တယ်။ တင်ပြဆွေးနွေးပြီး လက်ငင်း အကောင်အထည်ဖော်ဆောင်နိုင်မှု မရှိရင်တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ တစ်ဖက် မှာ ပြည်သူလူထုကလည်း နားလည်ရမယ်။ ဒီစီမံကိန်းဟာ တစ်မျိုးသားလုံးအတွက် ဘာကြောင့်အရေးကြီးလဲဆိုတာ ကိုယ်တိုင် လည်း သိထားရမှာဖြစ်ပါတယ်။ ပညာရှင်တွေ ရေးဆွဲပေးလို့ လိုက်လုပ်ရတယ်ဆိုတာမျိုး မဖြစ်ရပါဘူး။ ဒီစီမံကိန်းဖရိန်တွေကို ပြည်သူတွေက ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်တွေက တင်ပြထားတာကို ပညာရှင်တွေက ပြန်လည်ရေးဆွဲပေးပြီးတာကို ကျမ တို့ အကောင်အထည်ဖော်တယ်ဆိုတာမျိုး ဖြစ်ရပါမယ်။ ပညာရှင်တွေက ချမှတ်ပေးတာကို ကျမတို့လိုက်လုပ်ရမှာ မဟုတ်ပါဘူး။

ဒါကို မြန်မြန် အကောင်အထည်ဖော်သင့်တယ် ထင်ပါတယ်။ ကေအဲန်ယူ(၁၅)ကြိမ်မြောက် ကွန်ဂရက်မှာ ချမှတ်ထားတယ်။ အမျိုးသားစီမံကိန်းဆိုပြီး အတည်ပြုထားတယ်။ အခုဆို လေးနှစ်ရှိပြီ။ လေးနှစ်အတွင်းမှာ နှောင့်နှေးနေတယ်။ မဖြစ်သေးဘူး။ စစ်ပွဲတွေဖြစ်နေလို့၊ အခွင့်အရေးမပေးလို့ဆိုတဲ့ တခြားအကြောင်းပြချက်တွေလည်း ကျမတို့ လက်မခံနိုင်ပါဘူး၊။ ဘယ်လိုပဲ ပြေး ရလွှားရ၊ ဘယ်လိုအခက်အခဲပဲရှိရှိ၊ ဒါကို လုံးဝ ချက်ချင်း အကောင်အထည်ဖော်ပြီး ရေးဆွဲသင့်နေပြီလို့ ကျမထင်ပါတယ်။ ဒီစီမံ ကိန်းထဲမှာဆိုရင် နိုင်ငံရေးမူဘောင်ဆိုတဲ့ဟာက အရမ်းအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ လက်တွေ့ ကျမတို့အမျိုးသားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲ၊ ကျမတို့နိုင်ငံ ကြုံတွေ့နေရတဲ့ အခက်အခဲသည် နိုင်ငံရေးအကြပ်အတည်းဖြစ်တယ်။ အဲဒါကြောင့် နိုင်ငံရေးမူဘောင်ကို ရှင်းရှင်းလင်းလင်း၊ ပြတ်ပြတ်သားသား ချမှတ်ပြီးတော့ ကျမတို့ ရှင်းရှင်းလင်းလင်း သိနားလည်ရမယ်။ ပြီး တဲ့အခါ စီးပွားရေးပေါ့။ လူမျိုးတစ်မျိုးသည် စီးပွားရေးမကောင်းဘဲနဲ့ ဘယ်လိုမှမရပ်တည်နိုင်ဘူး။ စီးပွားရေးစီမံကိန်းတွေကို ရှင်း ရှင်းလင်းလင်း ချမှတ်ပြီးတော့ အဲဒီအတိုင်း ကျမတို့လုပ်ဆောင်ရပါမယ်။ နောက်ပြီး ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု စတာ တွေလည်း အရေးကြီးပါတယ်။ ဒါပေမယ့် အခုနကပြောတဲ့ နိုင်ငံရေးနဲ့ စီးပွားရေးကတော့ အရင်ဆုံး မဖြစ်မနေ လုပ်ဆောင်သင့် တယ်လို့ထင်ပါတယ်။ ဒီနှစ်ခုစလုံးဟာလည်း တောက်လျှောက်လုပ်သွားရမယ့် အရာတွေဖြစ်ပါတယ်။

အဲဒီအပြင် တခြားအရာတွေကိုလည်း တစ်ပြိုင်နက်တည်း လုပ်ဆောင်သွားရပါမယ်လို့ ယူဆပါတယ်။ အဲဒီလို ကဏ္ဍတိုင်းတွေမှာ ကျမတို့ အမျိုးသမီး၊ လူငယ်ကဏ္ဍတွေ၊ ကလေးသူငယ် စတဲ့ကဏ္ဍတွေဟာ ပါဝင်သင့်ပါတယ်။ ဥပမာ ကျန်းမာရေးအကြောင်း ပြောမယ်ဆိုရင် အမျိုးသမီးအကြောင်းတွေပေါ့။ လူငယ်ဆိုရင် မူးယစ်ဆေးဝါးအကြောင်းပေါ့။ ကလေးသူငယ်ဆိုရင်လည်း နှီး နှောဖလှယ်ပွဲမှာ ကရင့်ကျန်းမာရေးဌာနက တင်ပြခဲ့တာဆိုရင် အရမ်းစိုးရိမ်စရာကောင်းပါတယ်။ ကလေးတွေရဲ့ ကာကွယ်ဆေး ထိုးနှုန်းဟာ ၁၇ရာခိုင်နှုန်းပဲရှိပါတယ်။ ဒီကလေးတွေကို ရာနှုန်းပြည့် ကျန်းမာရေးကာကွယ်ဆေးတွေ မထိုးနိုင်လို့ရှိရင် ကျန်းမာ သန်စွမ်းတဲ့ ကရင်အနာဂတ်ကို ကျမတို့ ဘယ်လိုတည်ဆောက်မလဲ။ အဲဒီတော့ အမျိုးသမီးရေးရာ၊ လူငယ်နဲ့ ကလေးသူငယ် ကိစ္စတွေကို Cross Cutting အနေနဲ့ ထည့်သွင်းသင့်ပါတယ်။

Sunday, May 24, 2015

စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုအတွက် အစိုးရကို ၀ိုင်းဖိအားပေးဖို့ လိုတယ် – ရှေ့နေဦးအောင်ထူး

By အေးနိုင် (DVB)

ကချင်ပြည်နယ် မိုင်ဂျာယန်ခရိုင် မိုင်ဂျာယန်မြို့မှာ တည်ထောင်ဖွင့်လှစ်ထားတဲ့ ဖက်ဒရယ်ဥပဒေ အကယ်ဒမီက တိုင်းရင်းသားလူငယ်တွေကို သင်တန်းသားသစ်တွေ ခေါ်ယူ နေပါတယ်။ တိုင်းရင်းသားလူငယ်တွေဟာ အနာဂတ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အခြားဥပဒေများ ရေးဆွဲတဲ့ဖြစ်စဉ်ထဲမှာ လူထုရဲ့ကိုယ်စား၊ တိုင်းရင်းသားတွေ ကိုယ်စားအနေနဲ့ တိုက်ရိုက် ပါဝင်ပတ်သက်နိုင်တဲ့အရည်အချင်းရှိအောင် ပြုစုပျိုးထောင်နေတာ ဖြစ်တယ်လို့ ဖက်ဒရယ်ဥပဒေ အကယ်ဒမီရဲ့ ကျောင်းအုပ်ကြီး လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးက ပြောပါတယ်။

လက်ရှိ အစိုးရ သွားနေတဲ့ လမ်းကြောင်းဟာ ဖက်ဒရယ်လို့ ဝေါဟာရ အရ လက်ခံလာပေမယ့် အနှစ်သာရအရတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေ ပြီးတော့ အင်မတန်မှ တင်းကျပ်တဲ့ဗဟိုချုပ်ကိုင်မှုကို တောက်လျောက်ကျင့်သုံးသွားမယ့် တပြည်ထောင်စနစ်ကိုသာ သွားမယ့်လမ်းကြောင်း ဖြစ်နေတယ်လို့ သူက ဝေဖန်ပါတယ်။

ဖက်ဒရယ်ဥပဒေအကယ်ဒမီရဲ့ ကျောင်းအုပ်ကြီးဖြစ်တဲ့ ရှေ့နေကြီး ဦးအောင်ထူးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

ဖက်ဒရယ်ဥပဒေအကယ်ဒမီ ပေါ်ပေါက်လာပုံကို ပြောပြပါ။ ဘယ်သူတွေက ထူထောင်တာလဲ ရှင်းပြပေးပါ။

“အဓိကအားဖြင့်တော့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းတဲ့အခါကျတော့ အဓိကပြသနာက တိုင်းရင်းသားတွေရဲ့ ဖက်ဒရယ်နဲ့ ပတ်သက်တဲ့အခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ပတ်သက်တဲ့အခွင့်အရေး၊ တန်းတူရေးအခွင့်အရေး ဆုံးရှုံးတာက အခြေခံပြသနာလို ဖြစ်တယ်။ တချိန်တည်းမှာ ၁၉၄၈ ခုနှစ် ပြည်တွင်းစစ် စဖြစ်ကတည်းက စပြီးတော့ ဥပဒေရေးရာနဲ့ ပတ်သက်လာရင် မြန်မာအမျိုးသားတွေကပဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲတဲ့ကိစ္စက စပြီးတော့ တောက်လျောက် လက်ဝါးကြီးအုပ်လွှမ်းမိုးလာတယ်လို့ ယူဆချက်တွေ ရှိတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ မကျေနပ်ချက်တွေ ရှိတယ်။

“ဒါကြောင့် ဥပဒေကြောင်းအရနဲ့ ကြည့်တော့ တိုင်းရင်သားတွေရဲ့ ရသင့်ရထိုက်တဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အခြေခံကို ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်တဲ့ အထိ တိုင်းရင်းသားတွေကိုယ်တိုင်က ဦးဆောင်ပြီးတော့ ငြိမ်းချမ်းတဲ့ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်သွားနိုင်ရေးဟာ လက်ရှိ မြန်မာနိုင်ငံရဲ့ လိုအပ်ချက်လို ဖြစ်လာတယ်။ တချိန်တည်းမှာ ပြန်ကြည့်တော့ ဥပဒေပညာရပ်တွေကို အဓိက သင်ကြားခွင့်ရတာက မြေပြန့်ဒေသမှာ ဖြစ်ပြီးတော့ မြန်မာလူမျိုးအများစုက ဖြစ်နေတယ်။ ဒါတပိုင်းဖြစ်တယ်။ နောက်တခါ ဒီဘက် ၁၉၆၂ ခုနှစ်က စပြီးတော့ ၈၈ ဒီဘက်ပိုင်းမှာ ပိုဆိုးလာတာက ဘာလဲဆိုတော့ ဥပဒေပညာသင်ကြားရေးကို ရည်ရွယ်ချက်ရှိရှိ အစီအစဉ်ရှိရှိနဲ့ နှိမ့်ချပစ်တယ်။

“ဒီကနေ့ဆိုရင် ဥပဒေပညာသင်ကြားရေးဟာ တော်တော့်ကို အခြေအနေ ဆိုးဝါးသွားပြီ။ အဲဒီတော့ ဒါကို ပြောင်းပြန်လှန်ပြီးတော့မှ လူ့အခွင့်အရေးအခြေခံနဲ့ ဥပဒေစိုးမိုးရေး အခြေခံကနေ ငြိမ်းချမ်းလွတ်လပ်တဲ့ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် နိုင်ဖို့ရန်အတွက် ရည်ရွယ်ချက်နဲ့ တိုင်းရင်းသားလူငယ်တွေကို ဒီဥပဒေပညာ သင်ကြားခွင့် ရစေဖို့ ဖန်တီးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဖက်ဒရယ်ဥပဒေအကယ်ဒမီကို တည်ထောင်လိုက်တာ ဖြစ်ပါတယ်။”

စတင်ထူထောင်သူတွေက ဦးအောင်ထူးအပါအ၀င် ဘယ်သူတွေလဲ။

“အဓိကကတော့ ကျနော်က ဦးဆောင်ပြီးတော့ Academic Board ဖွဲ့စည်းထားတယ်။ Academic Board မှာပါတဲ့ ပညာရှင်တွေကတော့ Dr. David Fisher၊ Stockholm University, ဆွီဒင်က နိုင်ငံတကာဥပဒေ ပါမောက္ခ ဖြစ်တယ်။ နောက်တယောက်ကတော့ Dr. Venkat Iyer ၊ အင်္ဂလန်က Law Commissioner and Barrister ဖြစ်တယ်။ နောက်တယောက်က ပရော်ဖက်ဆာ Dr. Suzannah Linton နိုင်ငံတကာ ဥပဒေပညာရှင် ဖြစ်တယ်။ Bangor University၊ ယူကေက ဖြစ်တယ်။ နောက်တယောက်ကတော့ the University of Hong Kong မှာ ဥပဒေဌာနပါမောက္ခအဖြစ် တာဝန်ယူခဲ့တဲ့ ပါမောက္ခ Simon Young ဖြစ်တယ်။ သူတို့နဲ့ ကျနော်နဲ့ ပေါင်းပြီးတော့မှ Academic Board ဖွဲ့စည်းထားတယ်။”

ကျောင်းတည်ရှိရာနေရာ မိုင်ဂျားယန်က ဘယ်နေရာမှာ တည်ရှိလဲ။ အစိုးရဘက်က ထိန်းချုပ်လား၊ ကေအိုင်အိုဧရိယာလား။

“ကေအိုင်အိုက လွှမ်းမိုးအုပ်ချုပ်ထားတဲ့နေရာ ဖြစ်ပါတယ်။”

အကယ်ဒမီမှာ ဘာသင်ရိုးတွေကို အဓိက ဦးစားပေးပြဋ္ဌာန်း သင်ကြားပို့ ချပါသလဲ။

“အဓိကကတော့ နိုင်ငံတကာဥပဒေနဲ့ ပတ်သက်လာလို့ရှိရင်တော့ နိုင်ငံတကာ ဥပဒေ အခြေခံပါတယ်။ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေ ပါတယ်။ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားတဲ့ဥပဒေ ပါတယ်။ ဥပဒေစိုးမိုးရေးပါတယ်။ ဥပဒေသိပ္ပံပညာပါတယ်။ ဒါတွေက နိုင်ငံတကာနဲ့ ပတ်သက်တဲ့အပိုင်းတွေ ဖြစ်တယ်။ တချိန်တည်းမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဥပဒေပိုင်းတွေမှာ လူ့အဖွဲ့အစည်းတခုလုံးရဲ့အပြောင်းအလဲကို ဦးတည်တဲ့ ဥပမာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဖက်ဒရယ်စနစ်နဲ့ ဖက်ဒရယ်ဥပဒေတွေ၊ Civil Society လို့ခေါ်တဲ့ လူထုအဓိက လူ့အဖွဲ့အစည်း တည်ဆောက်နိုင်ရေးကို ပံ့ပိုးတဲ့ဥပဒေတွေ၊ နောက်တခါ State Law လို့ခေါ်တဲ့ ဖက်ဒရယ်နိုင်ငံ တည်ဆောက်မယ်ဆိုရင် သက်ဆိုင်ရာပြည်နယ်တွေမှာ ပြည်နယ်လွှတ်တော်တွေရှိတဲ့အပြင် ပြည်နယ်ဥပဒေတွေလည်း ရှိရမယ်။ အဲဒီ ပြည်နယ်ဥပဒေကို သီးခြားလေ့လာတဲ့ ဥပဒေ ရှိတယ်။ နောက်တခါ မြေယာဥပဒေ၊ မြန်မာနိုင်ငံမှာ အဓိက လူထုတရပ်လုံးကို ထိခိုက်ခံစားနေရတော့ မြေယာမူဝါဒနဲ့ မြေယာဥပဒေတွေ ဖြစ်တယ်။ ဒီဥပဒေတွေကို သုံးသပ်တဲ့၊ လေ့လာတဲ့သင်ခန်းစာပါတယ်။ နောက်တခုက လူထုရဲ့ အခြေခံအခွင့်အရေးတွေ။ ဥပမာ free expression၊ freedom of association နဲ့ assembly ပေါ့လေ။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်စုဝေးခွင့်ကို ပံ့ပိုးတဲ့၊ တနည်းအားဖြင့် ဟန့်တားတဲ့ ဥပဒေတွေ ဒါတွေကို တောက်လျောက် ပို့ချနေတာ ဖြစ်ပါတယ်။

အကယ်ဒမီမှာ ပို့ချကြတဲ့ဆရာတွေက ပြည်တွင်းကလား၊ ပြည်ပကလား ပညာရှင်တွေက။

“ပြည်ပက ပုဂ္ဂိုလ်တွေကတော့ ရံဖန်ရံခါ ဖိတ်ကြားပြီးတော့ Guest Speaker အဖြစ်နဲ့ လာတာ ရှိပါတယ်။ အဓိကကတော့ ပြည်တွင်းက ပုဂ္ဂိုလ်တွေ ပို့ချနေတာ ဖြစ်ပါတယ်။”

သင်တန်းသားတွေက ဘယ်ကလဲ ပြည်တွင်းကလာကြလား။ နယ်စပ်ကလား။

“လောလောဆယ် မနှစ်က စတင်လက်ခံတဲ့ အချိန်မှာတော့ဖြင့် ကချင်တိုင်းရင်းသားတွေက အများစု ဖြစ်တယ်။ တအာင်းပလောင်တိုင်းရင်းသားတွေက ၃ ယောက် ပါတယ်။ လာမယ့်နှစ်မှာတော့ လာမယ့် ဇွန် ၂၆ ရက်နေ့မှာ ထပ်ဖွင့်မယ့် အသုတ်မှာတော့ဖြင့် တခြားတိုင်းရင်းသားတွေပါ ပါလာကြပါလိမ့်မယ်။”

ပြည်တွင်းက လာတက်လို့ကော ရလား။

“ပြည်တွင်းက လာတက်လည်း ရပါတယ်။ ကျနော်တို့ ဖေ့စ်ဘုတ်မှာရော ကြေငြာ နေပါတယ်။ အဓိကကတော့ ပြည်တွင်းက လာတက်မယ့်လူငယ်တွေမှာ စိုးရိမ်ချက် ရှိတာပေါ့လေ။ သွားရေးလာရေး။ ကျနော်တို့ ဆက်သွယ်ဖို့ လိပ်စာပေးထားတယ်၊ အဓိကအားဖြင့် myintaye15@yahoo.com ကို ဆက်သွယ်ပြီးတော့ အသေးစိတ် မေးလို့ ရပါတယ်။”

ကျောင်းသားလျောက်လိုသူတွေလည်း သိချင်မယ်။ အဲဒီမှာ နေထိုင်သွားလာ စားသောက်တာတွေကရော ကိုယ့်အစီအစဉ်နဲ့ကိုယ်လား။

“ကျနော်တို့ အဲဒီမှာ ကျောင်းသားတွေအတွက် ၁ နှစ်ကို တရုတ်ယွမ်ငွေ ၂၀၀၀ ယူတယ်။ အဲဒါက သူတို့ရဲ့ စားသောက်ရေးပါ။ အဲဒီ စားသောက်ရေးတောင်မှ မလောက်ပါဘူး။ ကျောင်းကော်မတီက ရန်ပုံငွေရှာပြီးတော့ ဖြည့်ဆည်းရတာ ရှိပါတယ်။ ကျန်တဲ့နေထိုင်ရေးကတော့ အဆောင် အခမဲ့ပေးထားတယ်၊ ရေမီးအစုံအလင် ပေးထားတယ်။ လိုအပ်တဲ့ စာသင်ပစ္စည်းကိရိယာအကုန်လုံးလည်း ကျနော်တို့ကပဲ ထုတ်ပေးတာ ဖြစ်ပါတယ်။”

မနှစ်ကစဖွင့်လှစ်ခဲ့တဲ့ ဖက်ဒရယ်ဥပဒေအကယ်ဒမီကို ဘယ်လောက်ထိအောင် မျှော်လင့်လဲ။ ဒီအကယ်ဒမီက ဘယ်လောက်ထိအောင် အကျိုးရှိမယ်လို့ တွက်ဆထားလဲ။

“ဒါ အင်မတန်ကောင်းတဲ့ မေးခွန်းပါ။ ပထမ တချက်ကတော့ ကျနော်တို့ တိုင်းရင်းသား လူငယ်တွေဟာ လာမယ့် မဝေးတော့တဲ့အနာဂတ်မှာ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနိုင်တဲ့အနေအထား ရောက်လာပြီဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အခြားဥပဒေများ ရေးဆွဲတဲ့ဖြစ်စဉ်ထဲမှာ လူထုရဲ့ကိုယ်စား၊ တိုင်းရင်းသားတွေ ကိုယ်စားအနေနဲ့ တိုက်ရိုက် ပါဝင်ပတ်သက်နိုင်တဲ့အရည်အချင်း ရှိအောင် ကျနော်တို့က အခြေခံအားဖြင့် ပြုစုပျိုးထောင်နေတာ ဖြစ်တယ်။ ဒါက တခုဖြစ်တယ်။ နောက်တခုက လောလောဆယ်မှာ အဲဒီ အခွင့်အရေးမရသေးတောင်မှ ကျောင်းက ဆင်းသွားတဲ့လူငယ်တွေဟာ သက်ဆိုင်ရာ civil society organization လို့ ခေါ်တဲ့ လူထုအသင်းအဖွဲ့တွေမှာ အခြေခံအားဖြင့် တစုံတရာ အရည်အချင်းရှိစွာနဲ့ ၀င်ရောက်လုပ်ကိုင်ခွင့်ရအောင် ကျနော်တို့ ပံ့ပိုစီစဉ်ပေးနေတာ ဖြစ်တယ်။ နောက်ဆုံးတချက်ကတော့ တကယ်လို့များ တကယ်ပဲ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ပြီဆိုရင် တိုင်းရင်းသားပြည်နယ်အသီးသီးမှာ အဲဒီ တိုင်းရင်းသားလူငယ်တွေကိုယ်တိုင် ကိုယ့်ပြည်နယ်ကို ကိုယ် တကယ့် ကိုယ်ပိုင်ပြဌာန်းခွင့် အခြေခံကနေ ဥပဒေကြောင်းအရ အုပ်ချုပ်လည်ပတ်နိုင်စွမ်းရှိတဲ့ လူငယ်တွေ ဖြစ်လာလိမ့်မယ်လို့ ကျနော်တို့က လုံးဝ ယုံကြည်ပါတယ်။”

အုပ်ချုပ်သူအစိုးရအဆက်ဆက်က ဖက်ဒရယ်ဟာ ခွဲထွက်ရေးအဖြစ် သုံးနှုန်းရာက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနှစ်ပြည်ထောင်စုနေ့မှာ ‘ဖက်ဒရယ်စနစ်အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး တိုင်းရင်းသား အားလုံးစုပေါင်းကြိုးပမ်းကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ဦးအောင်ထူးကိုယ်တိုင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တွေနဲ့ ဆယ်စုနှစ်နဲ့ ချီပြီး ကျင်လည်ဖြတ်သန်းဖူးတော့ တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်နဲ့ အစိုးရပြောတဲ့ ဖက်ဒရယ် အတူတူပဲလား။ ကွာလား။ အကယ်ဒမီ ကျောင်းအုပ်ကြီးအနေနဲ့ သုံးသပ်ပြပါ။

“သိပ်ကောင်းတဲ့မေးခွန်းပဲ။ လက်ရှိ ဦးသိန်းစိန်အစိုးရက ဘက်တဘက်။ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးခေါင်းဆောင်တွေက ဘက်တဘက် ဆွေးနွေးကြတဲ့ ဆွေးနွေးပွဲမှာကို ပြီးခဲ့တဲ့ မတ် ၃၁ ရက်နေ့က အတည်ပြုမူကြမ်း (တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောညီချက်-မူကြမ်း) ထွက်ထားတာရှိတယ်။ အဲဒီမှာ ဖက်ဒရယ်နဲ့ ပတ်သက်ပြီးတော့ လက်ရှိအစိုးရကနေပြီးတော့ မလွဲသာ မရှောင်သာ ဝေါဟာရကိုပါ ထည့်ရေးပြီးတော့မှ ဒီအတိုင်း တည်ဆောက်သွားပါ့မယ်ဆိုပြီးတော့ သုံးထားတဲ့ အသုံးအနှုန်း ရှိပါတယ်။ အဲဒီအသုံးအနှုန်းအရကိုက ရာနှုန်းပြည့် လွဲနေတယ်လို့ ကျနော်က ပြောရဦးမယ်။ ဘာကြောင့်လည်းဆိုတော့ ဖက်ဒရယ်ကို တကယ်သွားချင်ရင် ၁၉၆၁ ခုနှစ် တောင်ကြီးညီလာခံမှာကတည်းက ရှမ်းအမျိုးသား နိုင်ငံရေးခေါင်းဆောင်တွေက ဦးဆောင်ပြီး တောင်းဆိုခဲ့ကြတဲ့၊ တခြားတိုင်းရင်းသားတွေလည်း ပါတဲ့ မူက ဘာလဲဆိုတော့ ဖက်ဒရယ်ပြည်ထောင်စုကို အမျိုးသားပြည်နယ်များဖြင့်သာ ဖွဲ့စည်းခြင်း ဖြစ်တယ်။ မြန်မာပြည်နယ် (တနည်းအားဖြင့် ) ဗမာပြည်နယ်ပေါ့ဗျာ အဲဒီပြည်နယ်အပါအ၀င် ကျန်တဲ့ ကချင်၊ ကရင်၊ မွန်၊ ရှမ်း၊ ချင်း၊ ရခိုင် စတဲ့ တိုင်းရင်းသားတွေ ပါဝင်တဲ့ အမျိုးသားပြည်နယ်များနဲ့သာ ပြည်ထောင်စုကို ဖွဲ့စည်းသွားရေး ဖြစ်တယ်။ အဲဒီတော့ အဲဒီအမျိုးသားပြည်နယ်များနဲ့သာဖွဲ့စည်းသွားရမယ်ဆိုတဲ့ အခြေခံအချက်ကို လုံးဝမပါဘဲနဲ့ အခု အတည်ပြုမူကြမ်းမှာ ဖက်ဒရယ်ဆိုတဲ့စကားလုံးကို အပေါ်ယံမျှပဲ ထည့်ပေးလိုက်တာ ဖြစ်တယ်။ ဒါကြောင့် အနှစ်သာရအရ ရာနှုန်းပြည့်လွဲနေတယ်။ ဆိုတော့ အဲလို အနှစ်သာရအရ လွဲနေတဲ့အချက်ကို လက်မခံဘဲနဲ့ အခု ဒီအတိုင်း ဆက်ပြီးတော့ အတည်ပြုမူကြမ်းအတိုင်း သွားမယ်ဆိုရင် ကျနော်တို့မြင်တာကတော့ ၂၀၀၈ ဖွဲ့စည်းပုံဟာလည်းပဲ အဲဒီစာချုပ်ထဲမှာ ပါသလို ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်ပေးတဲ့ ဖွဲ့စည်းပုံဖြစ်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လက်ရှိတက်နေတဲ့အစိုးရက ဆွဲယူသွားမှာ သေချာတာ ဖြစ်တာကြောင့်မို့လို့ ဘယ်တော့မှ ဖက်ဒရယ်နိုင်ငံပေါ်လာစရာ အကြောင်းမရှိပါဘူး။”

ဖက်ဒရယ်နဲ့ပတ်သက်လို့ စိတ်ဝင်စားကြသူတွေကို ဒီကနေတဆင့် ဘာပြောစရာရှိမလဲ။

“အဓိက ၂ ပိုင်းပေါ့ဗျာ။ တပိုင်းက ဘာလဲဆိုတော့ ဖက်ဒရယ်နဲ့ ပတ်သက်ပြီးတော့ ဘာကြောင့် တောင်းဆိုရတယ်။ ဖက်ဒရယ်ဟာ ဂလိုဘယ်လိုက်ဇေးရှင်းလို့ခေါ်တဲ့ ကမ္ဘာတခွင် ဆက်သွယ်ဆောင်ရွက်တဲ့ခေတ်ကြီးမှာ တဖက်က အင်မတန်မှ သေးငယ်တဲ့ အမျိုးသားရေးဝါဒကို မကျင့်သုံးဘဲနဲ့ အဲဒီခေတ်ကြီးနဲ့ လိုက်လျောညီထွေစွာ သွားနိုင်တဲ့၊ ကိုယ့်ဟာကို စုစည်းပြီး အားကောင်းတဲ့နိုင်ငံရေးစနစ်တခုဟာ ဖက်ဒရယ်ဖြစ်တယ်။ ဒါကြောင့် ဒါကို စနစ်တကျအဖြေရှာပြီးလေ့လာဖို့လိုတယ် ဒါ တပိုင်းပါ။ ဒုတိယတပိုင်း ပိုအရေးကြီးတာက ဘာလဲဆိုတော့ အခု လက်ရှိငြိမ်းချမ်းရေးလှုပ်ရှားတဲ့ဖြစ်စဉ်နဲ့ ဆက်စပ်ဖို့ပါပဲ။ အဲဒီတော့ လက်ရှိ ဦးသိန်းစိန်အစိုးရဦးဆောင်ပြီးတော့မှ သွားနေတဲ့ လမ်းကြောင်းဟာ ဖက်ဒရယ်လို့ ဝေါဟာရ အရလက်ခံလာသော်ငြားလည်းပဲ အနှစ်သာရအရတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်ကနေပြီးတော့ တပြည်ထောင်စနစ်၊ အင်မတန်မှ တင်းကျပ်တဲ့ ဗဟိုချုပ်ကိုင်မှုပေါ့ဗျာ။ တောက်လျောက်ကျင့်သုံးသွားမယ့် တပြည်ထောင်စနစ်ကိုသာ သွားမယ့်လမ်းကြောင်း ဖြစ်နေပါတယ်။ ဒါကြောင့် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ကြီးမှာလည်း လူငယ်တွေ၊ လူထုအသင်းအဖွဲ့တွေ။ တိုင်းရင်းသားပေါင်းစုံ လူထုတရပ်လုံးအနေနဲ့ကတော့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက်ကို လက်ရှိ တက်နေတဲ့အစိုးရ အပေါ်မှာ ၀ိုင်းဝန်းဖိအားပေးကြဖို့ လိုလိမ့်မယ်လို့ ကျနော်က မေတ္တာရပ်ခံ တင်ပြပါတယ်။”

Eurovision 2015 သီချင်းပြိုင်ပွဲ ပထမဆုရ သီချင်း

Heroes (Sweden) - LIVE at Eurovision 2015 Grand Final




Type the rest of your post here.

Saturday, May 23, 2015

တော်လှန်ရေးကာလ ဒုက္ခိတဖြစ်ခဲ့ရတဲ့ စစ်သည်တွေကို ဂုဏ်ပြုတာပါ- ဒုဗိုလ်မှူးကြီးကွဏ်းဇင့်

မေလ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ ၅၇ နှစ်မြောက် ရှမ်းတော်လှန်ရေးနေ့ အခမ်းအနားကို ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း ဌာနချုပ် လွိုင်တိုင်းလျန်းတောင်ပေါ်မှာ ကျင်းပခဲ့ပါတယ်။

ဒီနှစ် တော်လှန်ရေးအခမ်းအနားကျင်းပတာနဲ့ ပတ်သက်ပြီး အခမ်းအနားတက်ရောက်သူ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ ကျိုင်းတုံနယ်မြေစစ်ဒေသမှူး ဒုဗိုလ်မှူးကြီးကွဏ်းဇင့်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီနှစ်ရဲ့ ရှမ်းတော်လှန်ရေးနေ့အခမ်းအနားမှာ ဘာထူးခြားချက်တွေ ရှိပါသလဲ။

“ဟုတ်ကဲ့ ဒီနှစ်ရဲ့ ထူးခြားချက်ကတော့ တော်လှန်ရေးခေတ်အဆက်ဆက်မှာ တိုက်ပွဲဝင်ရင်း ခြေကျိုးလက်ပြတ် ဒုက္ခိတ ရောက်ခဲ့ရပြီး သက်ရှိ ထင်ရှားရှိနေတဲ့ ကျနော်တို့ စစ်သည်တွေကို လက်လှမ်းမီသလောက် ပြန်လည်ဖိတ်ခေါ်ပြီး သူရဲကောင်းတံဆိပ်တွေ ချီးမြှင့်ကာ ထောက်ပံ့ကြေးတွေ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ နောက်တခု ထူးခြားတာကတော့ ရှမ်းပြည်အမျိုးသားတပ်မတော်(Shan State National Army) က ဗိုလ်မှူးချုပ် စိုင်းယီ သူ့ရဲ့ အင်အား ၁၀၀၀ ကျော်နဲ့အတူ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့နဲ့ လာရောက်ပူးပေါင်းခဲ့တဲ့ ၁၀ နှစ် ပြည့်အခမ်းအနားကိုလည်း ပူးတွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။”

ဒုက္ခိတဖြစ်နေတဲ့ စစ်သည်တွေကို အခုမှ ဂုဏ်ပြုတာလား။

“မဟုတ်ပါဘူး ၊ အရင်ကလည်း နှစ်တိုင်း ဂုဏ်ပြုပါတယ်။ ဒါပေမယ့် ဒီနှစ်က ဟိုးအရင် ခွန်ဆာရဲ့ အမ်တီအေအဖွဲ့ထဲမှာ ပါဝင်ခဲ့တဲ့သူတွေရော၊ တခြားရှမ်းလက်နက်ကိုင်အဖွဲ့ထဲက လူဟောင်းတွေပါ လက်လှမ်းမီသလောက် ပြန်ခေါ်ပြီး ဂုဏ်ပြုပေးတာ ဖြစ်ပါတယ်။ သူတို့ဟာ တော်လှန်ရေးအတွက် အထက်အမိန့် နာခံရင်း ကိုယ်ကျိုးစွန့်တိုက်ပွဲဝင်ကြတယ်။ သူတို့မှာ ဘာမှ အပြစ် မရှိဘူး၊ သူတို့အဖွဲ့အစည်း ပြိုပျက်သွားတဲ့ခါကျတော့ နေရာအနှံ့ ရောက်သွားကြတာလည်း ရှိတယ်။ အဲဒါကို ပြန်ခေါ်ပြီး ဂုဏ်ပြုပေးတာ ဖြစ်ပါတယ်။ စုစုပေါင်း ၁၆၀ ကျော် ရှိပါတယ်။ တချိဲ့လည်း လက်ရှိ ကျနော်တို့တပ်ထဲမှာပဲ။ ကျနော်တို့ရဲ့ ဒုစစ်ဦးစီးချုပ် စ၀်ခေးငင်းဟာလည်း ဂုဏ်ပြုခံရတဲ့ထဲ ပြန်ပါပါတယ်။ သူက တိုက်ပွဲမှာ လက်တဘက်ပေး လှူခဲ့တယ်။ သက်ရှိထင်ရှားရှိသူတွေကို ဂုဏ်ပြုသလို အသက်စွန့် ပေးလှူသွားသူတွေအတွက် လည်း ပန်းခွေချပြီး လှူဒါန်းဝေမျှပေးခဲ့ပါတယ်။”

အက်စ်အက်စ်အန်အေနဲ့ အက်စ်အက်စ်အေတောင်ပိုင်း ပူးပေါင်းတဲ့ ၁၀ နှစ်ပြည့်ကကော ဘတွေဆောင်ရွက်ပါသလဲ။

“၁၀ နှစ်ပြည့် အထိမ်းအမှတ်စာအုပ်ထုတ်ဝေပါတယ်။ ပြီးတော့ အာရ်စီအက်စ်အက်စ် ဒုဥက္ကဋ္ဌ ဗိုလ်မှူးချုပ်စိုင်းယီက သူတို့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းနဲ့ လာရောက် ပူးပေါင်းခဲ့ရတာတွေ ၊ ရှေ့ဆက် ဆောင်ရွက်စရာတွေ ပြောသွားပါတယ်။ သူတို့အဖွဲ့ဟာ ၁၉၉၀ တုန်းက အမ်တီအေကနေ ခွဲထွက်ပြီး အစိုးရနဲ့ ငြိမ်းချမ်းရေးလုပ်တယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးအစစ်အမှန်ကို မရခဲ့ဘူး။ ၁၀ နှစ်ကြာတော့ အစိုးရက သူတို့ကို နိုင်ငံရေး မလုပ်ရဘူးလို့ ပြောတယ်။ လက်နက်ချခိုင်းတယ်။ ဒါဟာ သူတို့ လိုလားတဲ့ ပန်းတိုင် မဟုတ်တဲ့အတွက် အာစီအက်စ်အက်စ်နဲ့ ပူးပေါင်းခဲ့တဲ့အကြောင်း ၊ ရှေ့ဆက် ရှမ်းလူမျိုးတွေ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရေး လှုပ်ရှားဆောင်ရွက်သွားမယ်လို့ ပြောခဲ့ပါတယ်။”

အာစီအက်စ်အက်စ်ဥက္ကဋ္ဌနဲ့ စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ယွက်စစ်ကကော ဘာတွေများ ပြောကြားခဲ့ပါသလဲ။

“ဥက္ကဋ္ဌကြီးကတော့ ရှမ်းပြည်တပ်မတော်ဟာ စစ်ဆာလွန်းလို့ တိုက်ချင်ခိုက်ချင်လွန်းလို့ လက်နက်ကိုင်တာ မဟုတ်ပါဘူး။ ရှမ်းပြည်သူတွေဟာ စစ်အစိုးရရဲ့ ဖိနှိပ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုကို ခံခဲ့ရတယ်။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် မရခဲ့ဘူး၊ ဒါတွေကို တော်လှန်ဖို့ ရွေးစရာ လမ်းမရှိလို့ လက်နက်ကိုင်တိုက်ပွဲ ၀င်ခဲ့ရတယ်။ ရှမ်းပြည်တပ်မတော်ဟာ ပြည်သူတွေရဲ့သခင် မဟုတ်ပါဘူး။ ကိုယ့်ပြည်သူတွေရဲ့ လွတ်မြောက်ရေးအတွက် ပြည်သူတွေထဲက စတင်ပေါ်လာတဲ့ လွတ်လပ်ရေး ဖြစ်တယ်။ အခု စစ်သည်တွေကလည်း ပြည်သူတို့ရဲ့ သားသမီးတွေပဲ ဖြစ်တယ်လို့ ပြောခဲ့တယ်။”

ဒီနေ့ အခမ်းအနားကို ဘယ်အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ပါသလဲ၊ လူတော်တော်များသလား။

“ဟုတ်ကဲ့ ။ တပ်ဖွဲ့ဝင်တွေနဲ့အတူ လူထုကိုယ်စားလှယ် ၊ ရဟန်းသံဃာတွေ ၊ ရှမ်းပါတီ ၂ ခုဖြစ်တဲ့ ကျားဖြူပါတီ နဲ့ ကျားခေါင်းပါတီက ကိုယ်စားလှယ်တွေ ၊ အက်စ်အက်စ်ပီပီ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့နဲ့ ဖိတ်ကြားထားတဲ့ တခြား လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့က ကိုယ်စားလှယ်တွေပါ စုစုပေါင်း ၃၀၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။”

ပြီးခဲ့တဲ့ မေလဆန်းပိုင်းက ယူဒဗလျူအက်စ်အေက အိမ်ရှင်အဖြစ်ကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအဝေးမှာ ဗိုလ်မှူးကြီးကိုပါ အက်စ်အက်စ်အေရဲ့ ကိုယ်စားလှယ်တယောက်အနေနဲ့ ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီမှာ ၀ တပ်ဖွဲ့က ပြည်နယ်အဆင့် တိုးမြှင့်သတ်မှတ်ပေးဖို့ တောင်းဆိုတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အများစုက သဘောတူတယ်လို့လည်း ထုတ်ပြန်ပါတယ်။ အဲဒီထဲမှာ ရှမ်းပြည်တပ်မတော်ကကော သဘောတူပါသလား။

“ဒါကတော့ သူတို့အခွင့်အရေးအတွက် သူတို့မှာ တောင်းဆိုခွင့်ရှိပါတယ်။ လက်နက်ကိုင်အဖွဲ့ အများစုက ထောက်ခံကြတယ် ။ ဒါပေမယ့် ကျနော်တို့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းရော မြောက်ပိုင်းအဖွဲ့ကပါ ကန့်ကွက်တာလည်း လုပ်လို့ မရသလို ထောက်ခံတာလည်း လုပ်လို့ မရပါဘူး။ ကျနော်တို့က အစိုးရလည်း မဟုတ်ဘူး။ ဘာအာဏာမှလည်း မရှိဘူး ၊ ကျနော်တို့ အာဏာဟာ ရှမ်းပြည်သူတွေပေါ် မူတည်ပါတယ်။ ပြည်သူတွေရဲ့ သဘောဆန္ဒဖြစ်ပါတယ်။ ကျနော်တို့ဟာ ကိုယ့်ပြည်သူအတွက် လက်နက်ကိုင်တာ ဖြစ်တယ်။”

ရှမ်းတော်လှန်ရေးနေ့ဟာ ၁၉၅၈ ခုနှစ် မေလ ၂၁ ရက်နေ့က စ၀်နွဲ့ ခေါ် စ၀်ဆောယန္တ ဦးဆောင်တဲ့ ရှမ်းမျိုးချစ်လူငယ် ၃၁ ဦးတို့ ပူးပေါင်းပြီး မြန်မာစစ်အစိုးရကို တော်လှန်တိုက်ပွဲဝင်ဖို့ မိုင်းတုံမြို့နယ် တောတွင်းတနေရာမှာ သစ္စာရေ သောက်ပြီး အဓိဋ္ဌာန်ခဲ့တဲ့နေ့ကို အစွဲပြုပြီး သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
http://burmese.dvb.no/archives/94147

Friday, May 22, 2015

ကိုးကန့်စစ်ပွဲ ဘာကြောင့် အဓွန့်ရှည်သလဲ

ဦးကျော်ဇံသာ

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာအစီအစဉ်မှာ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေ ဆာလောင်ငတ်ပြတ်နေချိန်မှာ မြန်မာအာဏာပိုင်တွေဟာ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံပြီး ကိုးကန့် MNDAA အမှူးပြုတဲ့ တိုင်းရင်းအင်အားစုတချို့ နဲ့ ရေရှည်စစ်ပွဲ ဆင်နွှဲနေပါတယ်။ တဘက်က ငြိမ်းချမ်းရေးစေ့စပ်ဖို့ တောင်းဆိုနေပါလျက်နဲ့ အစိုးရဘက်က ဘာကြောင့် လက်မခံတာလဲ ဆိုတာကို စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ်၊ မြန်မာ့အရေးစောင့်ကြည့်သူ ဒေါက်တာဒေါ်လှကျော်ဇောတို့ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုးကန့် ဖုန်းကြာရှင်တို့ရဲ့  MNDAA နဲ့ ဖြစ်နေတဲ့ တိုက်ပွဲဟာ လနဲ့ချီပြီးတော့ ကြာမြင့်လာခဲ့ပြီ ဖြစ်ပါတယ်။ တိုင်းပြည်အတွက်လည်း အတော်နစ်နာတယ်။ တခါ တိုင်းပြည်အတွက် အရေးကြီးတဲ့ နိုင်ငံရေးဖြစ်ရပ် အထွေထွေရွေးကောက်ပွဲကြီး ကျင်းပဖို့ ပိုနီးကပ်လာတဲ့အချိန်လည်း ဖြစ်ပါတယ်။ ဆိုတော့ ဒီတိုက်ပွဲ မြန်မြန်ပြီးဆုံးသွားရင်တော့ အကောင်းဆုံးပဲလို့ ထင်ပါတယ်။ ဘာဖြစ်လို့ အဓွန့်ရှည်နေရလဲ ဆိုတာကို စဉ်းစားကြည့်စေချင်ပါတယ်။ ဦးအောင်လင်းထွဋ် ဘယ်လို သဘောရပါလဲ။

ဦးအောင်လင်းထွဋ် ။ ။ ကျနော့်အမြင်ကို ပြောရရင်တော့ လက်ရှိ ဗမာ့တပ်မတော်ရဲ့  အခြေအနေဟာ အကျဆုံးများတယ်။ အသေအဆုံးများတယ်။ အဆုံးအရှုံးတွေများတယ်။ အားလုံးက ဆုံးရှုံးမှုတွေ ဖြစ်နေတဲ့အခါမှာ လက်ရှိ အခြေအနေမှာ ဗမာတပ်မတော်ဟာ သူကိုသူ အဖတ်ဆယ်နိုင်ဖို့အတွက်ကို တော်တော်လေး ရုန်းကန်နေရတဲ့သဘော ရှိပါတယ်။ နောက်တခုက ငြိမ်းချမ်းရေး ယူပြီးတဲ့ကာလ နှစ် (၂၀) ကျော်အတွင်းမှာ ဗမာ့တပ်မတော်ရဲ့  တိုက်ရည်ခိုက်ရည်ဟာ အင်မတန်မှ ကျဆင်းသွားတယ်လို့ ပြောရပါမယ်။ ဒီအပြင် ခေါင်းဆောင်ပိုင်း။ အခုလက်ရှိ လုပ်နေတဲ့ ဦးစီးချုပ်ပိုင်း၊ …မှုးပိုင်း ပုဂ္ဂိုလ်များသည် တချိန်က စစ်တပ်ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ပါဘူး။ လူကြီးနားမှာ ကပ်ပြီးတော့ နေခဲ့တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ လက်ရှိ အခြေအနေကတော့ သိပ်တော့ မလွယ်သေးတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီစစ်ပွဲမှာ လူထုထောက်ခံမှုကလည်း သိပ်အရေးကြီးတယ်လို့ ကျနော် ကြားဖူးပါတယ်။ ကျနော်က စစ်သားမဟုတ်၊ စစ်အတွေ့အကြုံ မရှိတော့။ ဒါပေမဲ့ မြန်မာနိုင်ငံမှာလည်း ဒီတိုက်ပွဲဖြစ်တော့ အစိုးရဘက်က မြန်မာ့တပ်မတော်ဘက်က လူထုထောက်ခံမှုရအောင် အမိမြေကို တလက်မမှ အဆုံးအရှုံးမခံဘူး ဘာညာဆိုတော့ လူထုထောက်ခံမှုကတော့ အတော်ရခဲ့တယ်ဆို ဟုတ်ပါတယ်နော် ဦးအောင်လင်းထွဋ် ဘယ်လို သုံးသပ်ပါလဲ။

ဦးအောင်လင်းထွဋ် ။ ။ ကျနော့်အမြင် ပြောရရင်တော့ ကိုးကန့်နယ်မြေဒေသမှာ ဝါဒဖြန့်မှုတခုပါပဲ။ လူထုထောက်ခံမှု လုံးဝရတဲ့ အနေအထားမျိုး မရှိပါဘူး။ ကျနော်တို့ ပြည်တွင်းက လူထုဆိုတာကလဲ စိတ်ပါတဲ့လူက နည်းပါတယ်။ အခွင့်အရေး လိုချင်လို့။ အခြားအကြောင်းအမျိုးမျိုးကြောင့် လိုက်ပြီးတော့ အနုပညာရှင်တွေအပါအဝင် သွားပြီးတော့ ထောက်ခံပေးတဲ့ အနေအထားပဲ ရှိပါတယ်။ ဒါကို လူထုထောက်ခံတယ်လို့ ပြောလို့မရပါဘူး။ လူထု လိုချင်တာက တကယ့် ငြိမ်းချမ်းရေးပါ။ ပြည်တွင်းက လူတွေ၊ ကိုးကန့်ဒေသက လူတွေအားလုံးက တိုက်ခိုက်ပြီးတော့ ဖြေရှင်းတာကို ဘယ်သူမှ မလိုချင်ဘူး။ အေးအေးချမ်းချမ်းနဲ့ စကားပြောစေချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ငြိမ်းချမ်းစွာ ဖြေရှင်းမယ့်အပိုင်းကို ကျနော်တို့ နောက်ပိုင်းမှာ ဆက်လက်ဆွေးနွေးကြပါမယ်။ အခုဆက်လက်ပြီး စစ်ရေးအမြင်နဲ့ သုံးသပ်စေချင်ပါတယ်။ ဒေါ်လှကျော်ဇော ဘယ်လို သဘောရပါလဲ။ စစ်ရေးအမြင်အားဖြင့် ဘာကြောင့် မနိုင်ရဘူးလို့ ထင်ပါလဲ။ တဘက်ကတော့ နောက်မှာ တရုတ်က အစိုးရမဟုတ်တောင်မှ ဒေသတွင်းကလူတွေ စီးပွားရေးလုပ်ငန်းရှင်တွေ ပုဂ္ဂိုလ်အနေနဲ့ ထောက်ခံမှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ကြားရပါတယ်။

ဒေါ်လှကျော်ဇော ။ ။ ကျမအမြင်ကတော့ ပြည်တွင်းစစ်တရပ်ဟာ ဘယ်သူနဲ့ပဲဖြစ်ဖြစ် ရေရှည်စစ်ရေးနဲ့ မတိုက်နိုင်ဘူးလို့ မြင်ပါတယ်။ ကိုးကန့်ကိစ္စမှာလဲ ဒီလိုပါပဲ။ ငြိမ်းချမ်းရေး ယူထားတယ်ဆိုပေမယ့် အပစ်အခတ်ရပ်စဲရေးသာ လုပ်ထားပြီးတော့ တကယ့်တကယ် နိုင်ငံရေးအရ အကျေအလည် ဆွေးနွေးတာတွေ မရှိခဲ့ဘူး။ မရှိခဲ့တဲ့အပြင် နဝတ၊ နအဖခေတ်က သဘောထား မမှန်ကန်စွာနဲ့ ကိုးကန့်တွေကို သူနဲ့ ငြိမ်းချမ်းရေး ယူထားတဲ့အဖွဲ့တွေကို ကွဲအောင်ပြဲအောင် လုပ်ပြီးမှ သူက ဒီနေရာတွေကို ပြန်ယူတဲ့အတွက် သူတို့ရဲ့  သဘောထား အခြေခံတွေ မမှန်ကန်မှုကြောင့် ဒီပြည်တွင်းစစ်က ပိုရှည်နေရတယ်လို့ မြင်ပါတယ်။ ဒီကြားထဲ စစ်ခေါင်းဆောင်တွေ ဘာတွေကလဲ စစ်ဗိုလ်တွေကလဲ မတိုက်တာ ကြာလာတဲ့အခါကြတော့ ဘယ်သူမှ ထက်ထက်မြတ်မြတ် လုပ်ရည်ကိုင်ရည်လည်း မရှိတော့ပါဘူး။ ကိုးကန့်ကြတော့ သူ့နယ်မြေသူ့ဒေသ သူ့အရပ်မှာ လုပ်ရတာ ဖြစ်တဲ့အတွက် သူ့ပြည်သူကို အခြေခံပြီး လုပ်ရတာ ဖြစ်တဲ့အတွက်ကြောင့် သူ့ဘက်က အသာစီးရနေသလို တူပါတယ်။ တရုတ်က ထောက်ခံသည်ဖြစ်စေ၊ မထောက်ခံသည်ဖြစ်စေ ဒီစစ်ပွဲက ဒီအတိုင်း စစ်ရေးသက်သက်နဲ့ ဖြေရှင်းလို့ ရနိုင်မယ် မထင်ပါဘူးလို့ ကျမထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုန ဒေါ်လှကျော်ဇော ပြောတဲ့အထဲမှာလည်းပါတယ်။ ဒီ ကိုးကန့်နဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့ကတည်းက မူမမှန်ဘူးဆိုတာနဲ့ ပတ်သက်ပြီးတော့ ဦးအောင်လင်းထွဋ် က ကိုယ်တိုင်အတွေ့အကြုံ ရှိခဲ့တဲ့ ပုဂ္ဂိုလ်ဆိုတော့ ကျနော် နည်းနည်းမေးချင်ပါတယ်။ အဲဒီ အပစ်အခတ်ရပ်စဲရေးက နေပြီးတော့ ငြိမ်းချမ်းရေးအဆင့်ကို ဘာကြောင့် မတတ်လှမ်းနိုင်ခဲ့လဲ။

ဦးအောင်လင်းထွဋ် ။ ။ ကျနော့်အမြင် ပြောရရင်တော့ မူမမှန်ဘူးလို့တော့ မဟုတ်ပါဘူး။ အဲဒီအချိန်မှာ ကျနော်တို့ရဲ့  အဓိကရန်သူက ဗမာပြည်ကွန်မြူနစ်ပါတီပါ။ ဗမာပြည်ကွန်မြူနစ်ပါတီကို ချေမှုန်းဖို့အတွက် နည်းလမ်းတခုအနေနဲ့ သုံးခဲ့တယ်။ ကိုးကန့်၊ ဝ တောက်လျှောက် ကျနော့်တို့ရဲ့  မဟာမိတ်တွေ ဖြစ်သွားတဲ့အခါမှာ ဗမာပြည်ကွန်မြူနစ်ပါတီကလည်း အလိုလိုနေရင် ငုပ်သွားတဲ့အနေအထား၊ ပျောက်သွားတဲ့အခြေအနေ ရှိခဲ့ပါတယ်။ ဆိုတော့ ကျနော်တို့ လုပ်စဉ်တုန်းက တပ်မတော်က နိုင်ငံတော်ကို ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ တကယ့် နောင်ပေါ်လာတဲ့ အစိုးရမှ ဆွေးနွေးပါဆိုတဲ့ လမ်းစဉ်နဲ့ သွားခဲ့ကြပါတယ်။ ဒါပေမဲ့ ကျနော်တို့အထဲ အထူးသဖြင့် ခေါင်းဆောင်ပိုင်းမှာ ဗိုလ်ချုပ်မှူးကြီးစောမောင် လက်ထက်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်မှာ အများကြီး ကွာသွားပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်ကြတော့ သူက ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေးကို နိုင်ငံရေးလက်နက်တခုအနေနဲ့ သုံးခဲ့တယ်။ ကျနော်တို့အားလုံး ကြားပါလိမ့်မယ်။ အပစ်အခတ်ရပ်စဲရေး (၁၇) ဖွဲ့ဆိုပြီး ပြောပြောပြီးမှ ကျနော်တို့ ခေါ်သွားတယ်။ နောက်ဆုံး ဘယ်မှသွားပြီးမှ ကျနော်တို့ကိုယ်တိုင် ခံစားရလဲဆိုတော့ ကေအန်ယူနဲ့ ငြိမ်းချမ်းရေးလုပ်တယ်။ ၉၆ မှာ။ ကျနော်တို့ ငြိမ်းချမ်းရေးရဖို့ကို နည်းနည်းလေးပဲ လိုတော့တယ်။ စကားလုံးလောက်ပဲ လိုတယ်။ အဲဒီအချိန်မှာ ကျနော်တို့ကို ပြန်ပြီးတော့ အမိန့်ပေးတာက ကေအန်ယူနဲ့ ပတ်သက်ပြီး ကေအန်ယူ ဟာ သက်တမ်းအရှည်ဆုံး သူပုန်အဖွဲ့ဖြစ်တယ်။ နိုင်ငံရေးလမ်းစဉ် ရှိတယ်။ ဘာသာရေးအရ ခရစ်ယာန်ဖြစ်တယ်။ နိုင်ငံတကာ ဆက်ဆံရေး ရှိတယ်ဆိုတဲ့ ဒီအချက်တွေကြောင့် ကေအန်ယူကိုတော့ ကျန်တဲ့အဖွဲ့တွေလို မပေးနိုင်ဘူး။ ကေအန်ယူကိုတော့ ငြိမ်းချမ်းရေးနဲ့ လက်နက်လှဲခိုင်း၊ ချခိုင်းမယ်ဆိုတဲ့ မူကိုချပြီးတဲ့အခါမှာ ကရင်နဲ့ ဆွေးနွေးပွဲ ပျက်သွားတယ်။ မူလရည်မှန်းထားတဲ့ အမျိုးသားညီလာခံမှာလဲ တိုင်းရင်းသားနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးခွင့် မပေးတော့ဘူး။ နောက်တခါ ကိုးကန့်ကိုလည်း ၂၀၀၉ မှာ နယ်ခြားစောင့်တပ် လုပ်ရမယ်ဆိုပြီးတော့ မောင်းထုတ်ခဲ့တယ်။ အခု ဒီပြဿနာတွေက ပြန်ပေါ်လာတဲ့ အနေအထား ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခု ကျနော် မေးချင်တာက စစ်ရေးနဲ့ မပြေလည်နိုင်ဘူး၊ စစ်ရေးနဲ့ ဒီကိစ္စကို မဖြေရှင်းနိုင်ဘူးဆိုတာကို နှစ်ဘက်စလုံးက သဘောပေါက်ကြမယ်လို့ ထင်ပါသလား။ တကယ်လို့များ သဘောပေါက်ခဲ့ရင် ဘာဖြစ်လို့ မြန်မာ့တပ်မတော်ဘက်က စစ်ရေးမဟုတ်ဘဲနဲ့ ငြိမ်းချမ်းစွာဖြေရှင်းနည်းကို မရွေးခဲ့လဲ။

ဦးအောင်လင်းထွဋ် ။ ။ ကျနော် အခုန ပြောခဲ့သလို လက်ရှိ စစ်ဗိုလ်ချုပ်တွေ လုပ်နေတဲ့လူက စစ်မတိုက်ဖူးဘူး။ နိုင်ငံရေး အတွေးအခေါ် မရှိလို့ဘဲ။ သူတို့ ထင်တာက သူတို့မှာ ရုရှားကဝယ်တဲ့ လက်နက်တွေရှိတယ်။ စလားဗီးယားက ဝယ်မယ့် လက်နက်တွေရှိတယ်။ ပါကစ္စတန်ကဝယ်တဲ့ လက်နက်တွေရှိတယ်။ တိုက်ရင်တော့ရတယ်။ ဒါပေမဲ့ အားလုံးသိတဲ့အတိုင်း ဗိယက်နမ်လို့ နိုင်ငံမျိုးကိုတောင် အမေရိကန်က တိုက်လို့မရခဲ့ဘူး။ အမြှောက်က ပြောက်ကျားကို လိုက်တိုက်လို့ မရဘူး။ ကိုးကန့်အဖွဲ့ဆိုတာက ပြောက်ကြားနည်းနဲ့ တိုက်မှာ။ အမြှောက်တွေနဲ့ ဘယ်လောက်ပစ်ပစ် ကျည်ဆံပဲ ကုန်မယ်။ အမြှောက်တလုံးက ဒေါ်လာမနည်းပေးရပါတယ်။ ကျနော် သိသလောက် အခုစစ်ပွဲမှာ ဒေါ်လာ ဘီလီယံနဲ့ချီ သုံးနေတယ်။ အဲဒါ ပြည်သူစစ်ပွဲတွေပါ။

ဦးကျော်ဇံသာ ။ ။ အခု သူတို့ စေ့စပ်ဖို့ မဆွေးနွေးတာ နိုင်ငံရေးအမြင် မရှိလို့လို့ ယူဆလား။

ဦးအောင်လင်းထွဋ် ။ ။ ကျနော်အမြင်ကတော့ အဲဒီအတိုင်းပဲ။ တခုတော့ရှိတယ်။ သူတို့ လှည့်ကွက်တော့ လုပ်တတ်တယ်။ စစ်ဗိုလ်ချုပ်တွေက ကိုးကန့်အရေးအခင်းနဲ့ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ချိတ်ကောင်းချိတ်ထားနိုင်တယ်။ ဒါက သံသယရှိဖွယ်အချက်။

ဦးကျော်ဇံသာ ။ ။ ဒေါ်လှကျော်ဇော အမြင်လဲ သိချင်ပါတယ်။ ဒီနေရာမှာ စေ့စပ်တဲ့ကိစ္စမှာ တရုတ်ဘက်ကလည်း ငြိမ်းချမ်းစေချင်တယ်။ စေ့စပ်စေချင်တယ်။ မကြာခဏ ပြောနေတာ တွေ့ရတယ်။ သူတို့က ဘယ်လောက် ဝင်ရောက်ဆောင်ရွက်ပေးနိုင်မယ် ထင်သလဲ။ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုရင်။

ဒေါ်လှကျော်ဇော ။ ။ ကျမ ကြားသိသလောက် တရုတ်ဘက်က စဉ်းစားတာကတော့ အခု အပစ်အခတ်ရပ် လက်မှတ်ထိုးစေချင်တယ်။ ထိုးစေပြီးတဲ့နောက်မှာ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို စောင့်ကြည့်တဲ့အဖွဲ့ကို ကုလသမဂ္ဂတို့၊ တရုတ်တို့ကို ထားစေချင်တယ်လို့ ရေးထားတာကို တွေ့ရတယ်။ အဲဒီတော့ ကုလသမဂ္ဂ နံမည်နဲ့ ငြိမ်းချမ်းရေး စောင့်တပ်သားအဖြစ်နဲ့ အဲဒီဒေသတွေ ဝင်ပြီးတော့ ဒေသဖွံ့ဖြိုးရေးတွေ တိုးတက်ရေးတွေကို လုပ်လိုက်လို့ရှိရင် စစ်ပွဲတွေလည်း တစုံတရာ ငြိမ်းချမ်းသွားလိမ့်မယ်လို့ တွက်ပူကြပါတယ်။

ဦးကျော်ဇံသာ ။ ။ ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ငံရေးအရ အသာစီးရနိုင်တယ်။ ဒီတိုက်ပွဲကို တိုက်ပြနေချင်းအားဖြင့်လို့ အဲဒီလို တွက်တယ်ဆိုရင်ကော ဒေါ်လှကျော်ဇော ဘယ်လိုမြင်လဲ။ မှန်ကန်တဲ့ အမြင်လား။ တကယ်ပဲ သူတို့ လူထုရဲ့  အမြင် ဒီထက်ကောင်းလာနိုင်စရာ ရှိလား။

ဒေါ်လှကျော်ဇော ။ ။ ကျမ ကြည့်တာကတော့ ၂၀၁၅ ရွေးကောက်ပွဲ မလုပ်ချင်လို့ ဒီလိုပဲ တိုက်နေတယ်လို့ ထင်ပါတယ်။ ဒီတိုက်ပွဲကို အကြောင်းပြပြီး ရွေးကောက်ပွဲကို ရွှေ့ ချင်လို့ လုပ်နေသလားလို့ ထင်ပါတယ်။ သူတို့ မနိုင်နိုင်ဘူးဆိုတာ ဗမာတပ်မတော်က သိနိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ရွေးကောက်ပွဲနဲ့ ဆက်စပ်တဲ့ ဦးအောင်လင်းထွဋ်ရဲ့  သဘောပြောပါ။

ဦးအောင်လင်းထွဋ် ။ ။ ပထမဦးဆုံး ဖွဲ့စည်းပုံပြင်ဖို့ မပြင်ဖို့ကိစ္စက စစ်တပ်ပါဖို့ မပါဖို့ကိစ္စတွေက ကျနော်တို့ ဒီအချိန်အခါမှာ စစ်တပ်ရဲ့  အရေးပါမှု ရှိတယ်ဆိုတာကို သူတို့ကို ပြချင်တယ်။ ဒါကြောင့်မို့ သူတို့ ရခိုင်၊ ပလောင်း၊ ကချင် ဒီအဖွဲ့တွေနဲ့ ဆက်ပြီးတော့ စစ်တိုက်ပြနေတယ်ဆိုတာက စဉ်းစားစရာ ဖြစ်ပါတယ်။ နောက်တခုက ကျနော်တို့ စစ်တပ်ထဲနေစဉ်တုန်းက စစ်တပ်ဆိုတာက သူပုန်မရှိရင် အလကားပဲဆိုတဲ့ ပုံစံမျိုး ခေါင်းထဲမှာ ရိုက်သွင်းထားတဲ့ အတွေးအခေါ်မျိုးတွေ ရှိပါတယ်။ သူပုန် ရှိအောင်များ တမင်တကာ ဖန်တီးပြီးတော့ တိုင်းပြည်ကို စစ်တပ်က ဆက်ပြီးတော့ စိုးမိုးလို့ရအောင် လုပ်နေသလားလို့ သံသယ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးကတော့ စစ်ရေးနည်းဖြစ်ဖြစ်၊ နိုင်ငံရေး ငြိမ်းချမ်းရေးနည်းဖြစ်ဖြစ် ပြေလည်အဆုံးသတ်သွားမယ့် အချိန် ဘယ်လောက် လိုသေးသလဲလို့ အကြမ်းမျဉ်း ခပ်တိုတို တွက်ကြည့်ပါလား။

ဦးအောင်လင်းထွဋ် ။ ။ စစ်ရေးအရ ဖြေရှင်းဖို့ကတော့ လုံးဝမဖြစ်နိုင်ဘူး။ အခုန ဒေါ်လှကျော်ဇော ပြောသလိုပဲ တရုတ်လို နိုင်ငံမျိုးက ကြားဝင်ပြီးတော့ ဗမာအစိုးရကို ဖြောင်းဖြောင်းဖျဖျနဲ့ ပြောတာကတမျိုး။ တဘက်ကလဲ ဒုတ်ကိုပြမှ ဗမာအစိုးရအနေနဲ့ စစ်ကိုရပ်အောင် လုပ်လိမ့်မယ်လို့ ကျနော် ထင်တယ်။

ဦးကျော်ဇံသာ ။ ။ တရုတ်အစိုးရက ဒုတ်ပြပြီးတော့ ခိုင်းလို့ ဖြစ်နိုင်ပါ့မလား။

ဒေါ်လှကျော်ဇော ။ ။ တရုတ်ကတော့ သံခင်းတမန်ခင်း ကိစ္စတွေကို အရင်တုန်းကလို သိုသိုသိပ်သိပ် low profile နေစရာ မလိုတော့ဘူး။ နေလို့ မဖြစ်တော့ဘူးလို့တွက်တယ်။ ဒါကြောင့်မို့ သူတို့က Hot spot တွေ အပူဒေသတွေကို တတ်နိုင်သမျှ လက်ဦးမှုရှိရှိ ဝင်ရောက်ရှင်းပေးသင့်တယ်လို့ ပြောနေတဲ့အတွက် ဗမာပြည်အရေးမှာလည်း တစုံတရာ ပါဝင်ပတ်သက်လာမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကျမ စဉ်းစားတာကတော့ ဗမာတပ်မတော်အနေနဲ့ တသက်လုံး ရရှိထားတဲ့ နိုင်ငံရေးသြဇာ၊ စီးပွားရေးသြဇာတွေကို တခြားလူတွေနဲ့ မျှဝေရမယ်၊ မျှဝေပေးရမယ်ဆိုတာကို သဘောပေါက်လာမှ ဒီကိစ္စတွေက ပြေလည်နိုင်မယ်လို့ ထင်ပါတယ်။

Thursday, May 21, 2015

လက်နက်ကိုင်လမ်းစဉ်စွန့်လွှတ်ရေး တရုတ်ကူညီရန် တပ်ချုပ်ပြောကြား

လက်နက်ကိုင်လမ်းစဉ်စွန့်လွှတ်ရေး တဲ့ ဟားဟား သမိုင်းတလျောက်မှာ ဒီလိုအခွင့်ထူးတခါမှမရဖူးဘူးဆိုတဲ့ ကိုယ့်လူတွေဘာပြောချင်သေးလည်း..မင်းတို့ ကြိုးကွင်းနဲ့ မင်းတို့ ပဲ...


By ငြိမ်းငြိမ်းပြည့်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လက်နက်ကိုင်လမ်း စဉ်စွန့်လွှတ်ရန် တရုတ်နိုင်ငံက အကူအညီ ပေးစေလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က မေလ ၁၉ ရက်တွင် တရုတ်နိုင်ငံခြားရေး ဒုတိယ ၀န်ကြီးကို တောင်းဆိုလိုက်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်နှင့် တရုတ်နိုင်ငံ၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြားဆက်ဆံရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ချမ်းဖုန်ကျန်းတို့ မေလ ၁၉ ရက်က နေပြည်တော် တွင် တွေ့ဆုံစဉ် တရုတ်ဒုဝန်ကြီးက မြန်မာပြည်မြောက်ပိုင်းကိစ္စ နှင့်ပတ်သက်၍ တရုတ်အနေဖြင့် စိတ်ပူပန်ကြောင်း ပြောကြားပြီး နောက် တပ်ချုပ်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘ဥပဒေနှင့်အညီအစိုးရအဖွဲ့ ဖွဲ့စည်းထားသည့်အချုပ်အခြာ အာဏာပိုင်နိုင်ငံဖြစ်၍ အစိုးရကို လက်နက်စွဲကိုင်ပြီး ဆန့်ကျင်ခြင်း ကို လက်ခံ၍မရပါကြောင်း၊အဓိ ကအားဖြင့် လက်နက်ကိုင်လမ်း စဉ်ကို စွန့်လွှတ်ရန်လိုကြောင်း၊

မဟာဗျူဟာမိတ်ဖက်နိုင်ငံအနေ ဖြင့်လည်း နှစ်နိုင်ငံဆက်ဆံရေးကို ရှေးရှု၍ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းများ လက်နက် ကိုင်လမ်းစဉ် စွန့်လွှတ်ရေးအ တွက် တစ်ဖက်တစ်လမ်းမှ ကူညီ စေလိုပါကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ သည်ဟု တပ်မတော် ကာကွယ် ရေးဦးစီးချုပ်ရုံးထုတ်ပြန်ချက်၌ပါရှိသည်။

ဗိုလ်ချုပ်နေ၀င်း၏ တော် လှန်ရေးကောင်စီလက်ထက်နှင့် နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော် ဆောင်ခဲ့သည့်အခါတွင် လက် နက်ဖြုတ်သိမ်းရေးဆိုသည့်အ ချက်ပါဝင်ခဲ့သလို နိုင်ငံရေးဆွေး နွေးပွဲကျင်းပခြင်းဆိုသည့် ရည် ရွယ်ချက်၊ လုပ်ဆောင်ချက်မရှိခဲ့ သည့်အတွက် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များပျက်ပြားခဲ့ရကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များဘက်ကပြောကြားမှုများရှိခဲ့ သည်။ သမ္မတဦးသိန်းစိန် လက်ထက် ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် လက်နက်ဖြုတ်သိမ်းရေးကိစ္စကို လုံးဝမပြောကြားသေးရန် သမ္မတကိုယ်တိုင် ၎င်း၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်များအား ရန်ကုန်ရှိ မြန်မာ့ငြိမ်းချမ်းရေး စင်တာ(MPC)တွင်ပြောကြားခဲ့ဖူးသည်။

မြန်မာပြည်မြောက်ပိုင်းကိစ္စ အတွက် စိတ်ပူပန်မှုရှိပြီး တရုတ် အနေဖြင့် မြန်မာ၏ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးကို ထောက်ခံကြောင်း၊ ငြိမ်းချမ်း သောနည်းလမ်းဖြင့် အပစ်အခတ် ရပ်စဲရေးကို မျှော်လင့်ကြောင်းတရုတ်ဒုဝန်ကြီးက ပြောကြားခဲ့သည်။

ယူနန်ပြည်နယ် အစိုးရအနေဖြင့် မြန်မာဒုက္ခသည်များကို နေရာချထားပေးရကြောင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် ထာဝရငြိမ်းချမ်းရေးရရှိရန် အမျှော်လင့်ဆုံးဖြစ်သည်ဟု ဒုဝန်ကြီးကဆိုသည်။

ယခုခရီးစဉ်အတွင်း ပါတီအ ချင်းချင်း ယုံကြည်မှုတိုးမြှင့်တည် ဆောက်ရန်၊ မြန်မာရွေးကောက် ပွဲအကြိုကာလတွင် တပ်မတော် နှင့် အစိုးရအပါအ၀င်အဖွဲ့အသီး သီး၏ အခြေအနေများကို လေ့ လာရန် တရုတ်နိုင်ငံခြား ဆက်ဆံရေးဒုဝန်ကြီးကပြောသည်။

ရွေးကောက်ပွဲအကြိုကာလ အခြေအနေများနှင့်ပတ်သက်၍ လက်ရှိအာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့်တပ်မတော်ကြားပတ် သက်ဆက်နွှယ်မှုကို ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ‘‘ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး

ပါတီသည် လူမှုရေးအသင်းအဖွဲ့မှ နိုင်ငံရေးပါတီအဖြစ် ကူးပြောင်းခဲ့ခြင်းဖြစ်ကြောင်း၊ လူမှုရေးအသင်းအဖွဲ့အဖြစ် စတင်ဖွဲ့စည်းစဉ်က တပ်မတော်ကပင် အမာခံဆောင်ရွက်ပေးခဲ့ရခြင်းဖြစ်၍ ယင်းအသင်းအဖွဲ့၏ အခြေခံသဘောထားမှာ တပ်မတော်နှင့် တူညီကြောင်းပြောသည်။

ဆက်လက်၍ ‘‘ယနေ့အချိန် အခါတွင်တပ်မတော်သည် အမျိုး သားနိုင်ငံရေးကို ဆောင်ရွက်နေ ခြင်းဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် အ မျိုးသားနိုင်ငံရေးကိုအခြေခံသည့် ပါတီနိုင်ငံရေးကို ဆောင်ရွက်နေ ပါကြောင်း၊ အမျိုးသားနိုင်ငံရေး ကို ဦးတည်လုပ်ဆောင်သည့်အခြေခံချင်းလည်း တူညီသော ကြောင့် ဆက်ဆံရေးကောင်းမွန် သည်ဟု ဆိုနိုင်ပါကြောင်း ပြောကြားခဲ့ သည်။

သမ္မတဦးသိန်းစိန်ဦးဆောင်သောအစိုးရသည် ရွေးချယ်ပြုပြင်ပြောင်းလဲပေးခဲ့သည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ဦးဆောင်လျှောက်လှမ်းနေခြင်းဖြစ်ပြီး တပ်မတော်အနေဖြင့် အစိုးရဆောင်ရွက်နေသည့် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကိစ္စရပ်များတွင် ထောက်ခံအား ပေးကာ ပါဝင်ကူညီဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။ ထို့အပြင် အစိုးရအပေါ် အယူအဆမတူညီ၍ ဆန့်ကျင်ဘက်အမြင်ဖြင့် လုပ်ဆောင်နေသော နိုင်ငံရေးပါတီအချို့ရှိကြောင်းပြောကြားပြီး ဥပဒေကို ကျော်လွန်လုပ်ဆောင်ပါက ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။
http://7daydaily.com/story/37671

Tuesday, May 19, 2015

"ဝ"နယ်ပန်ဆန်းမြို့ဘာကြောင့်မြန­်မာနိုင်ငံရဲ့အခြားဒေသတွေနဲ့မတူပဲ တိုးတက်ေ­ပြာင်းလဲလည်း ?

ဆယ်စုနှစ် ၂ ခုအတွင်းရန်ကုန်မြို့ ထဲ့သာသွားပြီတဲ့.... အဲတာ ဗမာအုပ်ချူပ်ရေးလက်အောက်မှာမနေလို့ဖြစ်တယ်ဆိုတာ "0"ဒေသက သက်သက်ပြလိုက်တာပဲ




Type the rest of your post here.

တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံ၌ မဟာမိတ် ၃ ဖွဲ့အရေး ဆွေးနွေးမည်

ကျော်ခ - ဧရာဝတီ

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ လောခီးလာတွင် ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး ခေါင်းဆောင်များ ထိပ်သီးညီလာခံ၌် အစိုးရတပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် မဟာမိတ် ၃ ဖွဲ့အရေး ထည့်သွင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိပ်သီးညီလာခံကို လော်ခီးလာတွင် ဇွန်လ ၂ ရက်နေ့မှ ၆ ရက်နေ့ထိ ကျင်းပမည်ဖြစ်ပြီး ယင်းအစည်းအဝေး၌ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသည့် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)၊ တအောင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အရေးကို ဆွေးနွေးမည်ဟု ဆိုသည်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) ၏ ခေါင်းဆောင်တဦးဖြစ်သည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ဒီ ၃ ဖွဲ့ အရေး ဘယ်လို ဖြေရှင်းကြမလဲဆိုတာကို အဲဒီမှာ ဆွေးနွေးမှာပေါ့။ သို့သော်လည်းပဲ အစိုးရဘက်က သဘောထားက ပိုအရေးကြီးလာတယ်။ အစိုးရဘက်က အားလုံးပါဝင်ရေးကို လက်ခံတယ် ဆိုလို့ရှိရင်တော့ ကျနော်တို့ အလုပ်လုပ်လို့ ရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အစိုးရဘက်က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ၎င်းတို့နှင့် ယခင်ဆွေးနွေးထားသည့် ၁၆ ဖွဲ့နှင့်သာ ကနဦး သဘောတူ စာချုပ်ချုပ်လိုပြီး MNDAA နှင့် AA ကဲ့သို့သော အဖွဲ့များကို နိုင်ငံရေးဆွေးနွေးပွဲ အဆင့်၌ ပါဝင်လာနိုင်ရေး စဉ်းစားထားကြောင်း သတင်းမီဒီယာများကို ထုတ်ဖော်ပြောဆိုထားသည်။

တိုင်းရင်းသား ခေါင်းဆောင်များက လာမည့် လော်ခီးလာညီလာခံ၌ ၎င်းတို့နှင့် အစိုးရအကြား တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ရာတွင် အားလုံးပါဝင်နိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ပြီး အစိုးရ တပ်မတော်နှင့် တိုက်ပွဲဖြစ်နေသည့် မဟာမိတ်အဖွဲ့များကို ပထမအဆင့်၌ ပါဝင်နိုင်ခြင်း မရှိပါက ဒုတိယ အသုတ်အနေဖြင့် သတ်မှတ်ကာလ တခုအတွင်း၌ အပစ်ရပ် ဆွေးနွေး နိုင်ရေး အာမခံချက်တခု ရရှိရန် ရည်ရွယ်လျက်ရှိသည်။

“တပြိုင်နက်တည်း မပါသေးရင်တောင်မှ အသုတ်နဲ့ အသုတ်နဲ့ပါဖို့ အာမခံချက် ပေးဖို့လိုတယ်။ အဲသလို အာမခံချက်တွေ ပေါ်လာရင်တော့ အဲဒီ အာမခံချက်အပေါ်မှာ နည်းနာ ရှာသွားတာပေါ့ဗျာ။ ချန်တော့မချန်ဘူး။ သို့သော်လည်း တပြိုင်နက် တည်းဖြစ်ချင်မှ ဖြစ်မယ်၊ အဲဒီ ချွင်းချက်လေးတော့ ရှိရင် ရှိမှာပေါ့” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

လော်ခီးလာညီလာခံ၌ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ပေးအပ်လိုက်သည့် တာဝန်များကို တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) အနေဖြင့် ပြန်လည် တင်ပြသွားမည်ဖြစ်ပြီး အပစ်အခတ် ရပ်စဲရေးအတွက် အဓိကကျသည့် အချက်များကိုလည်း ဦးတည် ဆွေးနွေးသွားမည်ဖြစ်ကြောင်း NCCT ဒုဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းက ပြောသည်။

ပဒို ကွယ်ထူးဝင်းက “အဓိက ကတော့ ၂ ချက်ပေါ့လေ။ ၁ အချက်က NCA Final Draft ကိစ္စကို ပြန်တင်ပြမယ်။ သူတို့ သုံးသပ်ပြီး ဆုံးဖြတ် အတည်ပြုချက်တော့ ယူရမှာပေါ့။ ဒုတိယအချက်ကတော့ The Framework of Political Dialogue (နိုင်ငံရေးတွေ့ဆုံ ဆွေးနွေး ရေးဆိုင်ရာ မူဘောင်) ဆိုတဲ့ မူကြမ်းကို တင်ပြီးရင်တော့ သူတို့ရဲ့ အတည်ပြုချက်ကို ရယူဖို့ ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

တိုင်းရင်းသား ထိပ်သီးညီလာခံကို လော်ခီးလာ၌ ကျင်းပလျင် လုံခြုံရေးအရ တက်ရောက်ရန် အခက်အခဲ ရှိကြောင်း MNDAA က ပြောဆိုထားသော်လည်း ညီလာခံကို ဦးဆောင်ကျင်းပမည့် KNU ကတော့ MNDAA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အားလုံးကို ဖိတ်ကြားထားပြီး ဖြစ်ကြောင်း ပဒို ကွယ်ထူးဝင်းက ပြောသည်။

ထို့ပြင် လောခီးလာတွင် ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ ထိပ်သီးညီလာခံကို လွတ်လပ်စွာ သတင်းဖော်ပြနိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများကို ဖိတ်ကြားသွားရန် ပြင်ဆင်ထားသည်ဟုလည်း ဆိုသည်။

လော်ခီးလာ၌ ယခုကျင်းပမည့် တိုင်းရင်းသား ထိပ်သီးညီလာခံသည် ၅ ကြိမ်မြောက် ညီလာခံဖြစ်လာမည်ဖြစ်ပြီး ယခင်က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေတွင် ၂ ကြိမ်၊ ဝပြည်သွေးစည်ညီညွှတ်ရေးပါတီ (UWSP) ထိန်းချုပ်နယ်မြေတွင် ၁ ကြိမ်နှင့် လော်ခီးလာတွင် ၁ ကြိမ် ကျင်းပခဲ့ဖူးသည်။

Saturday, May 16, 2015

Tuesday, May 12, 2015

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ပြန်လည်သုံးသပ်ရန် ကရင်လူမှုအဖွဲ့များ KNU ထံ မေတ္တာရပ်ခံ

မေ ၁၁ရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း

ကရင်ပြည်နယ် ဖားအံခရိုင် လေးဝါးစခန်းတွင် ကျင်းပပြီးစီးခဲ့သည့် ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲ တက်ရောက်လာသည့် ပြည်တွင်းပြည်ပနှင့် နယ်စပ် ကရင်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ကရင်အမျိုးသားအစည်းအရုံး KNU ထံသို့ မေလ ၈ရက်နေ့က မေတ္တာရပ်ခံသည့် အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့ကြောင်း သိရသည်။

ယင်းစာကို နှီးနှောဖလှယ်ပွဲ တက်ရောက်လာသည့် လူမှုအဖွဲ့အစည်း ၂၀ကျော်မှ ကိုယ်စားလှယ် ၈၉ဦးက လက်မှတ်ရေးထိုးကာ လက်ရှိ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ဖော်ဆောင်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်သည့် နည်းဗျူဟာ များအပေါ် ပြန်လည်သုံးသပ်ပေးရန် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

Karen Affair Committee (KAC) အတွင်းရေးမှူး စောကျော်စွာက “ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ကေအဲန်ယူ ရဲ့ မဟာဗျူဟာက ကောင်းတယ်လို့ ကျနော်တို့ယူဆတယ်။ ဒါပေမယ့် နည်းဗျူဟာက အားနည်းတယ်။ ဘာလို့လဲဆိုတော့ ပွင့်လင်းမြင်သာမှု မရှိသ လို ထိရောက်မှုလည်း နည်းတယ်လို့ ယူဆတဲ့အတွက် ပြန်လည်သုံးသပ်ပြီး ပြင်သင့်ရင် ပြင်ပေးပါလို့ တောင်းဆိုခြင်းဖြစ်ပါတယ် “ဟု ကေအိုင်စီသို့ ပြောသည်။

ကအဲန်ယူသည် မြန်မာအစိုးရနှင့် ၂၀၁၂ခုနှစ်ကတည်းက အပစ်အခတ်ရပ်စဲခဲ့ပြီးနောက်ပိုင်း အစိုးရတပ်မှ ကေအဲန်ယူ ထိန်း ချုပ်နယ်မြေအတွင်း တပ်အင်အားတိုးချဲ့မှုများ၊ စခန်းအခိုင်အမာ တည်ဆောက်ခြင်းနှင့် လက်နက်ကြီးများတပ်ဆင်ထားခြင်း၊ အစိုးရအုပ်ချုပ်ရေးများ ချဲ့ထွင်လာခြင်း၊ code of conduct နှင့် တပ်နေရာချထားရေး မပါဝင်ဘဲ NCA လက်မှတ်ရေးထိုးရန် ပြင် ဆင်ခြင်း စသည့်အချက်များကို တက်ရောက်လာသည့် ကရင်လူမှုအဖွဲ့အစည်းများက ထောက်ပြကာ တောင်းဆိုကြခြင်း ဖြစ် သည်။

ယင်းသို့ မေတ္တာရပ်ခံ တောင်းဆိုမှုများအပေါ် ကေအဲန်ယူ တွဲဖက်အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲက “အခုလို တင်ပြလာ တဲ့အခါ မူကြောင့်လား၊ လူကြောင့်လား။ လက်ရှိသွားနေတဲ့ မူဘောင်အပေါ်မှာ ဘယ်လောက်ကွဲလွဲမှုတွေ ရှိနေလဲဆိုတာကို တစ်ဦးတစ်ယောက်တည်းမဟုတ်ဘဲ ခေါင်းဆောင်တွေအနေနဲ့ အလေးအနက်ထားပြီး အပြန်အလှန် သုံးသပ်ဆွေးနွေးသွားရမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

၎င်းအပြင် ပွင့်လင်းမြင်သာမှုမရှိသော စီးပွားရေးလုပ်ငန်းများ ၀င်ရောက်လာခြင်းနှင့် ဒေသခံများ၏ မြေယာဆုံးရှုံးမှုဖြစ်ပေါ်ခြင်း၊ လူထု၏ မြေယာပြဿနာများအပေါ် တာဝန်ယူနိုင်မှု ကင်းမဲ့နေသေးခြင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်များအပေါ် အမျိုးသမီးများ၏ ပါဝင်မှု ကို ဖော်ဆောင်မှုမပြုနိုင်သေးခြင်း စသည့်အချက်များကိုလည်း ပြန်လည်သုံးသပ်ပေးရန် အဆိုပါ အိတ်ဖွင့်ပေးစာထဲတွင် လူမှုအ ဖွဲ့အစည်းများက တောင်းဆိုခဲ့ကြကြောင်း သိရသည်။

တအောင်းပလောင်တပ်နှင့် ဗမာ့တပ်မတော် တိုက်ပွဲသတင်း Update

တိုက်ပွဲ Update သတင်း
၂၀၁၅ ခုနှစ် မေလ ၁၂ ရက်

တအာင်းတပ်မတော် အမှတ် (၆) အခြေချ ဗျူဟာနယ်မြေ သိန်းနီမြို့နယ်၊ နားတီးရွာနှင့် မြောက်ဇီကျေးရွာကြားတွင် မေလ ၁၀ ရက်နေ့ ည ၂၁း၁၀ မှ ၂၂း၂၀ နာရီအထိ မြန်မာ့တပ်မတော်နှင့် တအာင်းတပ်မတော် တပ်ရင်း (၆၆၁) တို့ တိုက်ပွဲတွင် မြန်မာ့တပ်မတော်ဖက်မှ (၂၀)ဦးကျဆုံးပြီး (၁၇)ဦးထက်မနည်း ဒဏ်ရာရရှိသည်။

သတင်းနှင့်ပြန်ကြားရေးဌာန


Type the rest of your post here.

Saturday, May 9, 2015

တိုက်ပွဲဖြစ်ဆဲ ၃ ဖွဲ့ အပစ်ရပ်ချုပ်ဆိုပွဲမှာ ပါဝင်မှာမဟုတ်ကြောင်း ဝန်ကြီး ဦအောင်မင်းပြော

ပန်ခမ်းမှာကျင်းပတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ထိပ်သီးညီလာခံဆုံးဖြတ်ချက်ကို ဦးအောင်မင်းက အဖြေပေးလိုက်ပြီ။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုး ပွဲမှာ လက်ရှိအစိုးရနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ MNDAA ကိုးကန့်အဖွဲ့၊ PSLF/TNLA တအာင်းပလောင်အဖွဲ့နဲ့ AA ရက္ခိုင့် တပ်မတော်တို့ပါဝင်မှာ မဟုတ်ကြောင်း ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဒုတိယ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောလိုက် ပါတယ်။

ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ ဒီနေ့ကျင်းပတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ဆွေးနွေးပွဲမှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးမှာ ပါဝင်မယ့်အဖွဲ့တွေနဲ့ပတ်သက်လို့ သတင်းထောက်တွေ ရဲ့ မေးမြန်းချက်ကို ဝန်ကြီး ဦးအောင်မင်းက အခုလို ဖြေ ကြားခဲ့တာပါ။

"အခုနကပြောတဲ့ ကိုးကန့်အဖွဲ့၊ ပလောင်အဖွဲ့၊ AA အဖွဲ့ဟာ ဘိုင်လထရယ် မဆွေးနွေးရသေးပါဘူး၊ ဘိုင်လထရယ် ဆွေးနွေးတဲ့အခါမှာလည်း အချက်အလက်တွေ အများကြီးထွက်လာပါလိမ့်မယ်၊ အဲ့ဒီတော့ သူတို့ကို စောင့်ပြီးခေါ်မယ်ဆိုရင် ကျနော်တို့ ငြိမ်းချမ်းရေးကြာနေလိမ့်မယ်၊ အခုပြောထားတဲ့ ၁၆ ဖွဲ့ ဆွေးနွေးနေတဲ့အဖွဲ့နဲ့ပဲ ကျနော်တို့ ဆက်ပြီးတော့ ရှေ့ကနေပြီးတော့ ပထမအဆင့်အနေနဲ့ သွားပါမယ်၊ ကျန်တဲ့အဖွဲ့တွေကတော့ ဘိုင်လထရယ်ဆိုတဲ့ အဆင့်ခံနေတဲ့အတွက် သူကဒုတိယအဆင့်နေနဲ့ ကျနော်တို့ ဆောင်ရွက်ဖို့ရှိပါတယ်"

အဲ့ဒီအဖွဲ့တွေဟာ အခုကျင်းပဖို့ရှိတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပွဲမှာ ပါဝင်မှာမဟုတ် ပဲ နောက်တစ်ကြိမ် ဒုတိယအဆင့်အနေနဲ့ကျင်းပမယ့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲတွေမှာ ပါဝင်လာနိုင်တယ် လို့ ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကလည်း ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေးနဲ့ နိုင်ငံရေးမူဘောင်တွေ အမြန်ဆုံးချမှတ်နိုင်ရေး အဖြေရှာ ကြဖို့ ပြောကြားခဲ့ပါတယ်။

"နိုင်ငံရေးဆွေးနွေးမှုမူဘောင်နဲ့အညီ ပဏာမနိုင်ငံရေးဆွေးနွေးမှုများကို ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲများမတိုင်မီ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ဆိုတဲ့အချက်မှာပါတဲ့ မူဘောင်ရရှိရေးအတွက် အချိန်နဲ့ပတ်သက်တဲ့ အခက်အခဲကို ကျော်လွှားနိုင်အောင် အကောင်အထည်ဖော်နိုင်ရေးလမ်းစရှာတဲ့ ဆွေးနွေးပွဲလည်းဖြစ်ပါတယ်"

ဒီနေ့ တွေ့ဆုံဆွေးနွေးပွဲဟာ ပြီးခဲ့တဲ့ ပြည်ထောင်စုနေ့က အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တချို့ လက်မှတ်ရေးထိုးခဲ့ကြတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကတိကဝတ်ပြုခြင်း (Deed of Commitment) မှာပါဝင် တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံးပေါ်ပေါက်လာရေးအတွက် ကြိုးပမ်းမှုတစ်ရပ်ဖြစ်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောပါတယ်။

ဒီနေ့ ဆွေးနွေးပွဲကို ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အဖွဲ့တို့က ဦးဆောင်ကျင်းပတာဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကတိပြုချက်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ အဖွဲ့တွေပါဝင်သလို လက်မှတ်မထိုးတဲ့ အဖွဲ့တွေလည်းပါဝင်ပါတယ်။

ဆွေးနွေးပွဲအပြီးမှာ ၂ဝ၁၅ ရွေးကောက်ပွဲမစမီ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေးနဲ့ ဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေးအတွက် ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့ဖွဲ့စည်းသွားဖို့ သဘောတူညီခဲ့ပါတယ်။

ဒီပွဲကို ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးအောင်မင်း၊ ဦးစိုးသိန်း၊ ဦးဝင်းထွန်းနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇) ဖွဲ့က ခေါင်းဆောင်တွေ၊ တိုင်းရင်းသားရေးရာဝန်ကြီးတွေနဲ့ နိုင်ငံရေးပါတီ ၆၄ ပါတီက ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးကြပါတယ်။

ဒီနေ့ ဆွေးနွေးပွဲနဲ့ပတ်သက်လို့ RFA သတင်းထောက် မစန်းမော်အောင်ရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

ဒီနေ့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအေးသာအောင်ကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။
http://www.rfa.org/burmese/news/ethnic-groups-meet-political-partys-05092015101208.html

အာဖရိကတွင် အမျိုးသား ၁ ဦးကို အမျိုးသမီး ၃ ဦး မုဒိန်းကျင့်

ခေတ်ကြီးက ပြောင်းပြန်ဖြစ်နေပြီနော်.. :D

DVB

တောင်အာဖရိကနိုင်ငံမှာ အသက် ၃၃ နှစ် အမျိုးသားတဦးရဲ့ သုတ်ပိုးကို လိုချင်တဲ့ အတွက် ဖမ်းဆီးပြီး အမျိုးသမီး ၃ ဦးက မုဒိန်းကျင့်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ ပေါ့အဲလိဇဘက်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ကားမောင်းလာတဲ့ အမျိုးသမီးက အမျိုးသားကို လမ်းမေးခဲ့တယ်လို့ အိုင်ဗွီအမ် လိုက်ဖ် သတင်းမှာ ရေးပါတယ်။

လမ်းကြောင်းပြောပြပြီးတဲ့ နောက်မှာ အမျိုးသားကို သေနတ်ပြပြီး တခြား အမျိုးသမီး ၂ ဦးနဲ့ အတူ ကားနောက်ခန်းမှာ ထိုင်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒီနောက် အမျိုးသမီးတွေက ဆေးရည်တမျိုးတိုက်ကြွေးပြီး စိတ်ကြွအောင် လုပ်ဆောင်ပြီး အမျိုးသမီး ၃ ဦး မုဒိန်းကျင့် တယ်လို့ သတင်းမှာဖော်ပြပါတယ်။ ဒီနောက် သုတ်ပိုးကို ရယူခဲ့တယ်လို့ အမျိုးသားက ပြောတယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ကတော့ ဒါဟာ အူကြောင်ကြောင် ဖြစ်ရပ်တခု ဖြစ်ပေမယ့် အမျိုးသားတွေ အမျိုးသမီးတွေရဲ့ မုဒိန်းကျင့် တာကိုခံရတယ်ဆိုတဲ့ စွပ်စွဲ ပြောဆိုမှုတွေ ရှိနေတယ်လို့ ပြောပါတယ်။

Endless Love

တေးချစ်သူများအတွက်တေးလက်ဆောင်




Type the rest of your post here.

Friday, May 8, 2015

စစ်ဗိုလ်စိတ်ဓါတ် ပြုပြင်ရေး

နွားကို ပလာတာ သွားကျွေး လည်း ဘာမှထူးမလာပါ။

ဦးအောင်ခင်, ကျော်ကျော်သိန်း

မြန်မာအစိုးရရဲ့  ပြုပြင်ပြောင်းလဲရေးအစီအစဉ် အောင်မြင်ဖို့အတွက် စစ်ဗိုလ်တွေရဲ့  ထောက်ခံအားပေးမှု လိုတယ်လို့ ယူဆကြပါတယ်။ ဒီမိုကရေစီ ပြုပြင်ရေးနဲ့ အလှမ်းဝေးနေတဲ့ စစ်ဗိုလ်ဟာ လူ့အခွင့်အရေး၊ တရားဥပဒေ နဲ့ ဒီမိုကရေစီကို သဘောပေါက်လာရင် အသွင်ကူးပြောင်းရေးကို အထောက်အကူ ပြုနိုင်တယ်လို့ အင်္ဂလိပ်နဲ့ အမေရိကန်အစိုးရတွေက ယူဆပါတယ်။ ဒါကြောင့် ဗမာတပ်မတော်နဲ့ တိုက်ရိုက်ဆက်သွယ်ပြီး ပညာပေးသင်တန်းနဲ့ အလုပ်ရုံ ဆွေးနွေးပွဲတွေ လုပ်ပါတယ်။ ၂၀၁၃ မှာ ကျင်းပတဲ့ ထိုင်း-အမေရိကန် မြွေဟောက် စစ်ရေးလေ့ကျင့်ရေးကစပြီး မြန်မာစစ်ဗိုလ်တွေကို လေ့လာခွင့်ပြုပါတယ်။

အမေရိကန်အစိုးရရဲ့  အပြည်ပြည်ဆိုင်ရာ စစ်ပညာပေးအစီအစဉ်အရ (၁၉၈၈) ခုနှစ် မတိုင်မီ အမေရိကန်မှာ သင်တန်းတက်ခဲ့တဲ့ ဗမာစစ်ဗိုလ် (၂၀၀) နီးပါး ရှိပါတယ်။ ဒါပေမဲ့ အခုလုပ်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲနဲ့ သင်တန်းတွေကတော့ လူ့အခွင့်အရေး နဲ့ စစ်ပွဲတွေမှာ လိုက်နာရမယ့် စည်းမျဉ်းဥပဒေတွေကို သင်ပေးတာ ဖြစ်ပါတယ်။ ဒါတွေကို နားလည်သဘောပေါက်လာရင် ဗမာစစ်ဗိုလ်တွေ စစ်မှုထမ်း ပီသလာလိမ့်မယ်လို့ အမေရိကန် နဲ့ အင်္ဂလိပ်က မျှော်လင့်ပါတယ်။ စစ်မှုထမ်း ပီသမှုဆိုတာ နိုင်ငံရေး ကင်းရှင်းမှု ဖြစ်တယ်လို့ အမေရိကန် နဲ့ အင်္ဂလိပ်က ယူဆပြီး ဗမာစစ်ဗိုလ်တွေကို သင်တန်းပေးနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ နှစ်ပေါင်းအစိတ်လောက် ဗမာစစ်ဗိုလ်တွေ ဆိုရှယ်လစ် သဘောတရား သင်တန်းတက်ခဲ့တာကို အမေရိကန် နဲ့ အင်္ဂလိပ် မေ့နေပုံ ရပါတယ်။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေဟာ ဗိုလ်ကြီးဘဝမှာ ၁၉၆၃ ခုနှစ်ကနေ ၁၉၆၇ အထိ ဗဟိုနိုင်ငံရေးသိပ္ပံကျောင်းမှာ နည်းပြဆရာလုပ်ခဲ့ပြီး ဆိုရှယ်လစ်သဘောတရားကို ပို့ချခဲ့သူ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့  တသွေးတသံတမိန့် စနစ်အတိုင်း ဆိုရှယ်လစ်လမ်းစဉ်ကို စစ်ဗိုလ်စစ်သားတွေ ယုံကြည်ခဲ့ကြပါတယ်။ ဗမာဘုရင်ဓလေ့နဲ့ စစ်တပ်စနစ် ပေါင်းစပ်လိုက်တဲ့အခါမှာ ဗမာစစ်သားတွေဟာ ခိုင်းသမျှ အကုန်လုပ်ပါတော့တယ်။ ဒါကြောင့် အလုပ်သမား၊ လယ်သမား အကျိုးသယ်ပိုးမယ်ဆိုတဲ့ ဆိုရှယ်လစ်စစ်ဗိုလ်တွေဟာ ၁၉၈၈ ခုနှစ်ကစပြီး အရင်းရှင်ကို ထောက်ခံအားပေးတဲ့ သူဌေးစစ်ဗိုလ်တွေ ဖြစ်လာပါတယ်။ စစ်ခေါင်းဆောင်ရဲ့  အလိုကျ စစ်တပ်က လိုက်လုပ်တာ ဖြစ်ပါတယ်။

တသွေးတသံတမိန့်ကိုသာ အဓိကထားတဲ့ စစ်အာဏာရှင်စနစ်ကို ဗိုလ်ချုပ်ကြီးနေဝင်းက (၂၅) နှစ်၊ ဗိုလ်ချုပ်မှုးကြီးသန်းရွှေက (၁၉) နှစ် စုစုပေါင်း (၄၄) နှစ် ကျင့်သုံးခဲ့ပြီးမှ နေပြည်တော်မှာ အရပ်သားတပိုင်း အစိုးရစနစ် ပေါ်ထွက်လာတာကို သတိပြုသင့်ပါတယ်။ ကွာခြားတာကတော့ စစ်တပ်နဲ့ အစိုးရဟာ ဗိုလ်နေဝင်းခေတ်မှာ ဆင်းရဲနေပြီး ဗိုလ်သန်းရွှေခေတ်မှာ ချမ်းသာလာတာပါ။ ဓါတ်ငွေ့နဲ့ အခြားသယံဇာတ ရောင်းစားလို့ ချမ်းသာလာတဲ့အခါ အာဏာရှင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေဟာ ဗမာမင်းတို့ အစဉ်အလာအတိုင်း နေပြည်တော်ကို တည်ဆောက်ပါတယ်။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့  အမိန့်အရ ဗိုလ်ခင်ညွှန့် နဲ့ ဗိုလ်မောင်အေး ဦးစီးပြီး နေပြည်တော်ကို လျှို့ ဝှက်စွာ တည်ဆောက်ရတယ်လို့ မှော်ဝန်းသား ဦးခင်ညွှန့်ရဲ့  “ကြုံတွေ့ရတဲ့ ကျွန်တော်ဘဝ အထွေထွေ” ဆိုတဲ့ ကိုယ်ရေးအထ္တုပ္ပတ္တိစာအုပ်မှာ ဖော်ပြထားပါတယ်။

တိုင်းပြည်ဆင်းရဲနွမ်းပါးချိန်မှာ အာဏာရှင်အမိန့်နဲ့ တည်ဆောက်ခဲ့တဲ့ နေပြည်တော်ဟာ ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်လာပါတယ်။ မြို့ တော်သစ်ဟာ အုပ်ချုပ်သူ လူတန်းစားရဲ့  လုံခြုံရေးအတွက်သာ ဖြစ်ပါတယ်။ ဘုရင်နန်းစိုက်ရာ မြို့ တော်ကို ဗဟိုပြုတဲ့ မြန်မာမင်း အုပ်ချုပ်ရေးပုံစံကို ဦးသန်းရွှေက ပြန်လည်ကျင့်သုံးနေတာ ဖြစ်ပါတယ်။ ရှေးမြန်မာတပ်ဟာ လခစားတဲ့ အဖွဲ့အစည်း မဟုတ်တဲ့အတွက် ကုန်ဘောင်ခေတ်တပ်မှုးတွေဟာ ပုဂ္ဂိလိက လုပ်ငန်းရှင်တွေလို ကိုယ့်နည်းကိုယ့်ဟန်နဲ့ တပ်သားစုဆောင်းပြီး ရပ်တည်ခဲ့ကြတာဟာ အခုခေတ် တပ်မှုးတွေနဲ့ ဆင်ပါတယ်။ ဗမာစစ်ဗိုလ်လောကမှာ ဆရာ-တပည့် ဆက်ဆံရေးနဲ့ အမိန့်နာခံရေးဟာ အဓိက ဖြစ်နေတာမို့ စစ်မှုထမ်း ပီသရေး၊ သဘောတရားရေးနဲ့ ယုံကြည်ချက်အတွက် နေရာမရှိပါဘူး။ ဒါကြောင့် မဆလခေတ်မှာ ပေးတဲ့သင်တန်းတွေအားလုံးဟာ နောက်ဆုံးမှာ အဟောသိကံ ဖြစ်ကုန်ပါတယ်။

မြန်မာပြည်မှာ စစ်တပ်က ဦးဆောင်ပြီး အသွင်ကူးပြောင်းနေတာမို့ ပြုပြင်ရေးစိတ်ဓါတ်ရှိတဲ့ စစ်ခေါင်းဆောင်တွေကို အမေရိကန်က ကူညီမယ်လို့ ဝါရှင်တန်အခြေစိုက် ပညာရှင် Stanley Weiss က ဆိုပါတယ်။ ဒါကြောင့် အရင်ကရှိခဲ့ဖူးတဲ့ စစ်သင်တန်းတွေ ပြန်ဖွင့်ပြီး ဗမာစစ်ဗိုလ်တွေကို သင်တန်းပေးရင် စိတ်ဓါတ်ပြောင်းလဲလာဖွယ် ရှိပါတယ်။ တချိန်က ဂျပန်တပ်ကို ထောက်ခံပြီးမှ ဆန့်ကျင်ခဲ့တဲ့ အစဉ်အလာရှိတာမို့ လက်ရှိ စစ်ဗိုလ်တွေဟာ မိမိဆန့်ကျင်ခဲ့တဲ့ ဒီမိုကရေစီကို ထောက်ခံလာနိုင်တယ်လို့ stanley Weiss က ဆိုပါတယ်။ သင်တန်းပေးရင် ဖြစ်တယ်ဆိုပြီး အလွယ်တကူ ပြောနေတာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာလည်း စစ်မှုထမ်း ပီသရေး၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နားလည်ရေး နဲ့ စစ်ဘက်အရပ်ဘက် ဆက်ဆံမှုကောင်းမွန်ရေးအတွက် စစ်ဗိုလ်တွေကို အမေရိကန်က သင်တန်းပေးပါတယ်။ အမေရိကန် စစ်တက္ကသိုလ်တွေမှာ ပညာသင်ကြားခဲ့ကြတဲ့ အင်ဒိုနီးရှား စစ်ဗိုလ် (၃) ထောင်ကျော် ရှိပါတယ်။ ဒါပေမဲ့ ၁၉၇၅ မှာ အင်ဒိုနီးရှားစစ်တပ်က အရှေ့ တီမော်ကို သိမ်းပိုက်တဲ့အခါ (၅) နှစ်အတွင်း အရပ်သား (၂) သိန်းကျော် သေဆုံးခဲ့ရပါတယ်။ လူဦးရေ သုံးပုံတပုံကို အစိုးရတပ်က သတ်ဖြတ်လိုက်တဲ့ သဘောပါ။ သင်တန်းပေးတာနဲ့ လက်တွေ့လုပ်ပုံ တခြားစီ ဖြစ်တာကို သက်သေပြတာ ဖြစ်ပါတယ်။

ကချင်ဒေသတိုက်ပွဲ အစိုးရ စစ်လေယာဉ်နှစ်စင်း ပါဝင်တိုက်ခိုက်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း အစိုးရတပ်တွေနဲ့ KIA ကချင်တပ်တွေ မေလ ၆ ရက်နေ့ကစလို့ သုံးရက်ဆက်တိုက်တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိပြီး အစိုးရတပ်တွေက စစ်လေယာဉ်နှစ်စီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ KIA က ဒီနေ့ ပြောပါတယ်။

တိုက်ပွဲတွေဟာ မေလ ၆ ရက်နေ့က မွန်းလွဲပိုင်းက KIA တပ်မဟာ ၃၊ တပ်ရင်း ၂၇ နယ်မြေအတွင်း နမ်လင်းပါကျေးရွာအနီးမှာ စတင်ဖြစ်ပွားခဲ့တာလို့ KIA ကချင်လွတ်မြောက်ရေးတပ်မတော် စစ်မဟာဗျူဟာဌာနအကြီးအကဲ ဗိုလ်မှူးကြီးဇော်တောင်က ပြောပါတယ်။

"တစ်နေ့က နေ့လည်ပိုင်းလောက်မှာ စဖြစ်တယ်၊ သူတို့ အဲ့ဒီ နမ်လင်းပါ ဆိုတဲ့ရွာကို စစ်ကြောင်းဝင်လာတဲ့အတွက်ကြောင့်မို့ ကျနော်တို့ရှိနေတဲ့ ရွာနားမှာတိုက်ပွဲဖြစ်တယ်ပေါ့ စဖြစ်တယ်၊ သူတို့က အဲ့ဒီလမ်းကြောင်းတွေကိုဝင်ရှင်းတာက သစ်မှောင်ခိုလုပ်ငန်းတွေကို ဝင်ရှင်းတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ သူတို့ကဝင်လာတာဖြစ်တယ်၊ ၇ ရက်နေ့မှာတော့ မိနစ် ၂ဝ လောက်ပဲဖြစ်တယ် ပြီးတော့မှ ၈ ရက်နေ့မှာတော့ နေ့လည်ကနေပြီးတော့ စဖြစ်တဲ့အချိမှာ လေယာဉ် ၂ စီနဲ့ ၁ဝ မိနစ်၊ ၁၅ မိနစ်လောက် လာပစ်တဲ့အထိဖြစ်လာပါတယ်၊ ဒီနေ့မနက်လည်း မနက် ၄ နာရီကျော်ကျော်ကနေပြီးမှ စတင်ပစ်တာ မနက်ပိုင်း ၁ဝ နာရီလောက်အထိ ဖြစ်တယ်လို့ပြောတယ် ဒါပေမဲ့ အထိအခိုက်အရှအနာတော့ ကျနော်တို့ မသိရသေးဘူး"

တိုက်ပွဲတွေဟာ မေလ ၈ ရက် ဒီနေ့မနက်ပိုင်း၊ ၁ဝ နာရီအထိ ဖြစ်ပွားလျက်ရှိတယ်လို့သိရပေမယ့် မွန်းလွဲပိုင်းနဲ့ ညနေပိုင်း အခြေအနေတွေကိုတော့ အတိအကျမသိရသေးဘူးလို့ ဗိုလ်မှူးကြီးဇော်တောင်က ပြောပါတယ်။ ခုလိုတိုက်ပွဲတွေဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး KIO ပဋိပက္ခညှိနှိုင်းရေးအဖွဲ့က မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ရန်ကုန်အခြေစိုက် မြန်မာငြိမ်းချမ်းရေးစင်တာတို့ကို အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။

ဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ အစိုးရတပ်က သစ်မှောင်ခိုသမားတွေကို ဝင်ရောက်ရှင်းလင်းချိန်မှာ KIA ဘက်က မိုင်ထောင်တိုက်ခိုက်ခိုက်တာကြောင့်လို့ အစိုးရဘက်က အကြောင်းပြန်ထားကြောင်း ဗိုလ်မှူးကြီးဇော်တောင်က ပြောပါတယ်။ အခုတိုက်ပွဲဖြစ်ပွားတဲ့နေရာမှာ ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေကလည်း တိုက်ပွဲတွေဖြစ်ပွားခဲ့ပါသေးတယ်။

ဗိုလ်မှူးကြီး ဇော်တောင်ကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

KNPP တပ်ဖွဲ့ဝင်အင်အား ၂ဝဝ လောက် ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ခံထားရ

RFA

ကယားပြည်နယ် ရှားတောမြို့နယ်ထဲကို ရောက်ရှိနေတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တပ်ဖွဲ့ဝင်အင်အား၂ဝဝ လောက်ကို ပြည်နယ်အစိုးရက နယ်မြေဖြတ်သန်းသွားလာခွင့် ပိတ်လိုက်တဲ့အတွက် KNPP ခေါင်းဆောင်တွေနဲ့ ပြည်နယ်အစိုးရအဖွဲ့တို့ မနက်ဖြန် လွိုင်ကော်မြို့မှာ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။

KNPP တပ်ဖွဲ့ဝင်တွေ သွားလာလှုပ်ရှားခွင့်ရှိတဲ့ နယ်မြေ အတိအကျ သတ်မှတ်ပေးဖို့အကြောင်းကို အဓိက ဆွေးနွေး မှာဖြစ်တယ်လို့ KNPP ဆက်ဆံရေးရုံးတာဝန်ခံ ခူးညေးရယ် က ပြောပါတယ်။

"အဖွဲ့တော့ ကျနော်တို့တွေ့မှာကတော့ ဒီစစ်ကြောင်းနဲ့ ပတ်သက်ပြီး အဖွဲ့ရပ်တန့်ခံရတယ်လေ၊ ကျနော်တို့ အစီအစဉ်မစနိုင်သေးတာကြောင့် စစ်ကြောင်းပေါ့၊ ဒီနယ်လှည့်စစ်ကြောင်းနဲ့ ပတ်သက်ပြီးတော့ တစ်ခုကတော့ ပြည်နယ်ညီလာခံတစ်ခုလုပ်ဖို့ကလည်း ညှိနှိုင်းဖို့ရှိပါတယ်၊ နယ်မြေသတ်သတ်မှတ်မှတ် မသတ်မှတ် တဲ့အချိန်မှာ ကျနော်တို့ကလည်း ကျနော်တို့ လှုပ်ရှားနေတဲ့နေရာမှာ လှုပ်ရှားခွင့်ပြုသင့်တယ် ဆိုတာတစ်ခုတော့ ကျနော်တို့ပြောမှာပဲ၊ နောက်မှ လူထုတွေနဲ့ တွေ့ဆုံခွင့်ပေးဖို့သင့်တယ်ဆိုတာ ကျနော်တို့ တောင်းဆိုမှာပဲ"

KNPP တပ်ဖွဲ့ဝင် ၂ဝဝ လောက်ဟာ လက်နက်၊ ဝတ်စုံအပြည့်နဲ့ ရှားတောမြို့နယ်နဲ့ အနီးတဝိုက်ကျေးရွာတွေမှာ စည်းရုံးရေးဆင်းဖို့အတွက် မေလ ၅ ရက်နေ့မှာ ရောက်ရှိနေတာလို့ ဆိုပါတယ်။

အဲ့ဒီလှုပ်ရှားမှုတွေကို ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရတို့က ခွင့်မပြုကြောင်း KNPP အဖွဲ့ဝင်နှစ်ဦးကို ခေါ်ယူသတိပေး ခဲ့ကြောင်း မေလ ၆ ရက်နေ့ထုတ် မြဝတီသတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

KNPP အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ်က အစိုးရနဲ့ ပဏာမအဆင့် ငြိမ်းချမ်းရေးသဘောတူညီမှု လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

KNPP ဆက်ဆံရေးရုံးတာဝန်ခံ ခူးညေးရယ်ကို RFA သတင်းထောက် မစန်းမော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

Thursday, May 7, 2015

ဗမာ့တပ်မတော်နှင့်ကိုးကန့် တိုက်ပွဲ (ရုပ်သံမှတ်တမ်း)

အွန်လိုင်းမှာတွေ့ လို့ ကောက်တင်လိုက်တယ်။ သွေးနုသားနုတွေ အသက် ၁၆ နှစ်အောက်တွေ မကြည့်ရင်ကောင်းမယ်။




Type the rest of your post here.

Wednesday, May 6, 2015

“ဝ”တို့၏ လာရာလမ်း

စိုင်းခမ်းမိုင်း

“၀”တို့၏ ဒဏ္ဍာရီအရ ၎င်းတို့၏ မူလပေါက်ဖွားရာနေရာမှာ “နောင်ချို”ရေကန်ဖြစ်သည်။ သစ်တောကြီးများ ၏ အလယ်တွင် မိုးတိမ်များဖြင့် အုံ့ဆိုင်းနေသော မည်သည့် သက်ရှိသတ္တ၀ါမှ မနေရဲသာ ဤရေကန်ကြီး သည် နက်ရှိုင်း၍ အလွန်အေးမြသောကြောင့် ငါးများပင် အသက်ရှင်၍ မနေနိုင်၊ ရေကန်၏ လေးဘက် ထောင့်စွန်း ထောင့်တခုစီမှ ကျောက်ဆောင်ကြီး ၄ ခုသည် ကျောက်တောင်များ အဖြစ် တိုးထွက်လာပြီး၊ ယင်း “နောင်ချို” ကန်၏ ရေမှ ကမ္ဘာ့မြစ်ကြီးများကို ဖြစ်ပေါ်စေသည် ဟု ဆိုသည်။

“၀” လူမျိုးတို့သည် နောင်ချို ကန်၏ ရေမှ ပေါက်ဖွားလာကြခြင်း ဖြစ်ပြီး မနုဿလူသားများ ဖြစ်လာသော အခါ အလွန်ကြီးမား၍ မဲမှောင်သော “ပတ်ကတေ့” လှိုင်ဂူကြီး အတွင်း၌ နေထိုင်ကြသည်။ ထိုမှ မုဆိုးပညာ၊ လူခေါင်းဖြတ်သည့် လျှို့ဝှက်ချက်များကို သိလာပြီး လူဦးရေမှာလည်း များစွာတိုးပွားလာသည်ဟု ဆိုပါသည်။

“၀” လူမျိုးတို့ကို ၀ (Wa)၊ ၀ု (Vu) ဟုလည်းခေါ်ပြီး ရှမ်းတို့က ၀၊ လ၊ ကွန်းလွယ်၊ လွယ်လ၊ တိုင်းလွယ်ဟူ၍ အမျိုးမျိုး ခေါ်သည်။ မြန်မာတို့က “လ၀” ဟုခေါ်သည်။ မြန်မာနိုင်ငံ၌ အစောဆုံးတွေ့ရသော “၀” တို့၏ အထောက် အထားမှာ ပုဂံခေတ် ကျောက်စာ ဖြစ်ပြီး သက္ကရာဇ် ၁၁၉၀ ခုထိုး ကျောက်စာ၌ “လ၀” ကျွန်ဟု တွေ့ရပြီး တဖန် သက္ကရာဇ် ၁၁၉၈ ထိုး ကျောက်စာ၌ ကျောက်ဆည်နယ် “လ၀” ရွာဟု ရေးထိုးထားပါသည်။

“၀” တို့၏ မူရင်းဒေသနှင့် ပတ်သက်၍ ခိုင်မာသော အထောက်အထား မတွေ့နိုင်သေး သော်လည်း ခရစ်နှစ် ၆၆၁ တွင် မွန်တို့ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ဟာရိပုဉ္ဖ (Haripunjaya) ပြည်ထောင်ကို ထူထောင် လိုက်သော အခါ ထိုဒေသ၌ ၎င်းတို့၏ အနွယ်ဝင်ဖြစ်သော “၀” တို့ နေထိုင်လျက် ရှိသည်ကို တွေ့ရသည် ဟု ဆို၏။ “၀” လူမျိုးတို့သည် မွန်ခမာအုပ်စု အနွယ်ဝင်များ ဖြစ်သည်။

အင်္ဂလိပ်နှင့် မြန်မာ့သမိုင်း အထောက်အထားများ၌ ခရစ်နှစ် ၁၇၄၇-၆၀ တွင်း မြန်မာမင်းကို ပုန်ကန်ခဲ့သော “မူးဆိုး” နှင့် “၀” တို့၏ ရွာသည် မန္တလေးခရိုင် အတွင်း၌ ရှိသည် ဟု ဆို၏။

“၀” ကို “လ” ဟူ၍လည်း ခေါ်၍ မြန်မာတို့က “လ၀” ဟုခေါ်ပြီး တရုတ်တို့က “ခ၀” ဟုခေါ်သည်။ “ကွေ့” အမည်နှင့် ပတ်သက်လျှင် တရုတ်တို့က ၁၈ ရာစု၌ “ခွန်လီရန်” ၏ ခေါင်းဆောင်မှုအောက်၌ မြန်မာမင်းကို တော်လှန်သော အခါ “ကွေ့” အုပ်စုသည် ယူနန်၊ မိုင်းလင်းနယ်သို့ တိမ်းရှောင် လာခဲ့ကြသည်။ “မူးဆိုး” တို့ကို “ကွီ” ဟု ခေါ်ပြီး “ခွန်လီ” ဆိုသည်မှာ “မူးဆိုး” တို့ကို အုပ်ချုပ်သော သူ၏ဘွဲ့ ဖြစ်သည်။

မိုင်းလင်းနယ်သည် “မူးဆိုး” လူမျိုးတို့ နေထိုင်ရာ တောင်တန်းဒေသ အတွင်း၌ ရှိပြီး ထိုအရပ်၌ ရှိကြကုန်သော “မူးဆိုး” တို့က ၎င်းတို့သည် မြန်မာမင်းများ လက်အောက်၌ နှစ်ပေါင်း ၁၀၀၀ ခန့် နေထိုင်ခဲ့ရသည် ဟု ဆိုသည်။

အင်္ဂလိပ် မှတ်တမ်းများ အရ မြန်မာနိုင်ငံ အင်္ဂလိပ်အစိုးရခေတ် တိုင်အောင် `၀´ နှင့် `မူးဆိုး´ တို့သည် တခါတရံ ပူးပေါင်းဆောင်ရွက်ကြသည်ကို တွေ့ရ၏၊ ၎င်း လူမျိုးတို့သည် အသွင်အပြင်အားဖြင့်လည်း တူညီကြသည် ဟု ဆာစကော့က ဆိုပါသည်။

မြန်မာမင်းများ လက်ထက် အထူးသဖြင့် ကုန်းဘောင်ခေတ် (၁၇၅၂-၁၈၈၅) ၌ မြန်မာမင်းတို့၏ သြဇာသည် ယူနန်နယ်ရှိ ရှမ်းနယ်များ အပေါ်၌ လွှမ်းမိုးနိုင်ခဲ့သော်လည်း ယူနန်နှင့် မြန်မာနိုင်ငံနယ်စပ်၊ မြန်မာနိုင်ငံ အတွင်း နေထိုင်ကြသော “၀” တို့မှာ သီးသန့် နေထိုင် ကြသော လူမျိုးများ ဖြစ်သည်။

ဂန္ထ၀င်အမည်၊ ကောသမ္ဘီ ဟု ခေါ်သော ရှေးသိန္နီနယ်သည် မြန်မာနိုင်ငံအတွင်းရှိ ရှမ်းနယ်များ၌ အကြီးဆုံး နှင့် အင်အား အရှိဆုံးနယ် ဖြစ်ခဲ့ပြီး မြန်မာ့သမိုင်း၌ “သိန္နီ ၄၉ လုံးမိုင်း” ဟု ဖော်ပြလေ့ရှိသည်။ သိန္နီနယ်ကြီး ၏ နယ်နမိတ်သည် “၀” နယ်၊ စုံမူး (ပန်ခွန် ဟုလည်း ခေါ်သည်) နယ်နှင့် စပ်ဆက်လျက် ရှိပြီး ယူနန်နှင့် နယ်နမိတ် မရှိ။ အဘယ်ကြောင့် ဆိုသော် “၀” နယ်သည် ကြားခံနယ်မြေ ဖြစ်၍ မြန်မာမင်းများ လက်ထက် မြန်မာ နယ်နမိတ်သည် မဲခေါင်မြစ် ဖြစ်သည်။

“၀”နယ် တနယ်လုံး၌ သိန္နီစော်ဘွား လက်အောက်ခံ “၀” နယ်၏ ဧရိယာမှာ ၂၅ မိုင်ခန့်သာ ရှိပြီး ၁၈၉၇ တွင် တရုတ်နှင့် အင်္ဂလိပ်တို့၏ စာချုပ်အရ တရုတ်က လွှဲပြောင်း ပေးရသော နယ်သာ ဖြစ်သည်။

အင်္ဂလိပ် စစ်အရာရှိ၊ ဗိုလ်မက်လော့ဒ်နှင့် ရစ်ချတ်ဆန်တို့ ယူနန်နယ် မိုးမိန်းမှ ကျိုင်းဟုံသို့ နယ်မြေ စူးစမ်းရေး ခရီးကို ၁၈၃၇ တွင် စတင်ခဲ့ရာ မိုင်းလင်းနယ်၏ အနောက်မြောက်ဘက် တောင်တန်းများတွင် လူဦးရေ ၈၀၀၀၀ ခန့်ရှိ “၀” လူမျိုးတို့သည် ရွာတရွာလျှင် အိမ်ခြေ ၄၀၀ မှ ၅၀၀ အထိ ရှိသော ရွာကြီးများ၌ နေထိုင်လျက်ရှိသည် ဟု သိခဲ့ရသည်။

၎င်းတို့သည် မိမိရွာအတွင်းသို့ အပြင်လူစိမ်းများကို ၀င်ခွင့်မပြု၊ လူခေါင်းဖြတ်သည့် ဓလေ့ရှိပြီး အထူးသဖြင့် နှစ်စဉ် ဖေဖော်ဝါရီလ၌ သီးနှံစိုက်ပျိုးချိန် သီးနှံအထွက်တိုးဖို့ လူခေါင်းဖြတ်၍ ယဇ်နတ် ပူဇော်လေ့ရှိသည်၊ “၀” နယ် အတွင်းပိုင်း ဒေသများသို့ ခရီးသွားရန် အလွန် စိုးရိမ်ရသော အချိန် ဖြစ်သည်။ ၎င်းတို့၏ နယ်မြေအတွင်းသို့ ၀င်ရောက်လာကြသော သူများအား ချုံခိုတိုက်ခိုက်ပြီး ခေါင်းဖြတ်ယူသည်။

လူခေါင်းများကို လူမျိုးအလိုက် တန်ဖိုးကွာခြားသည်ဟုဆို၏။ အဝေးဆုံးအရပ်မှ လာသောသူ၊ ဥပမာ နိုင်ငံခြားသားများ၏ ခေါင်းသည် တန်ဖိုးအကြီးဆုံး ဖြစ်သည်။ ဦးခေါင်းကို ရွာ၏ နတ်စင်တိုင်၌ ယဇ်နတ် ပူဇော်၍ စိုက်ထားပြီး ရွာ၏ ကာကွယ်ရေး၊ လုံခြုံရေး ကိစ္စရပ်များကို တာဝန်ယူစေသည်။ ရပ်ဝေးမှ လာသော သူ၏ ဦးခေါင်းသည် မိမိအရပ်သို့ မပြန်နိုင်သောကြောင့် ရွာကို စောင့်ရှောက်ရန် ပို၍ စိတ်ချရသည် ဟုလည်း ဆို၏။

သို့သော် ယူနန်နယ်၊ မိုင်းမ နယ်စပ်တွင် နေထိုင်ကြသော ပိုမိုတိုးတက်သည့် “၀” တို့သည် ပွင့်လင်းရာသီ၌ ကုန်ဖလှယ်သည့် စံနစ်ကို ကျင့်သုံးပြီး ရွှေဖြင့် ကွမ်းသီး၊ ဆား၊ ငွေနှင့် ကျွဲနွားများကို လဲလှယ်ကြသည်။

“၀” နယ်၌ စိုက်ပျိုးသီးနှံထွက်ကုန်မှာ ၀ါဂွမ်း၊ စပါး၊ ပြောင်း စသည်တို့ ဖြစ်သော်လည်း အဓိက စိုက်ပျိုးသည့် သီးနှံမှာ ဘိန်းဖြစ်ပြီး၊ ပန်ဆန်းနယ်၏ အနောက်မြောက်အရပ်တွင် ဘိန်းသည် တခုတည်းသော ထုတ်ကုန်နှင့် ဘိန်း အမြောက်အမြား ထုတ်လုပ်ရာ ဒေသလည်း ဖြစ်သည်။

တရုတ်-မြန်မာ နယ်စပ်ဒေသတွင် သာမက “၀” တို့သည် အရှေ့မြောက်ပိုင်း၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ အရှေ့ပိုင်း ရှမ်းပြည် ကျိုင်းတုံနယ်သည်လည်း “၀” တို့၏ ဒေသဖြစ်ခဲ့သည်။ အရှေ့မြောက်ပိုင်း ထိုင်းနိုင်ငံ၊ လန်းပွန်း၊ လန်းပန်း နယ်များကို “၀”တို့ထံမှ မွန်တို့က သိမ်းပိုက်လိုက်သည်။

မွန်တို့ထံမှ တဖန် ယွန်းရှမ်းတို့က သိမ်းယူလိုက်ပြီး အရှေ့မြောက်ပိုင်း ထိုင်းနိုင်ငံကို “ယောနက”သို့မဟုတ် “လန်းန” တိုင်းဟု သမုတ်၍ အုပ်စိုးခဲ့သည်။

ယွန်းရှမ်းတို့သည် လော၊ မြန်မာ၊ ထိုင်းနိုင်ငံတို့ ဆုံရာ နယ်စပ်၌ နေထိုင်သူများဖြစ်၍ ၎င်းတို့၏ သမိုင်းဝင် ပထမဆုံး အုပ်ချုပ်သူမှာ ဖရားမန်းဂရိုင်း ဖြစ်ပြီး၊ ၎င်းသည် ယူနန်နယ်တွင်းရှိ ကျိုင်းရုံးကြီးနယ် အုပ်ချုပ်သူများ၏ အနွယ်တော် ဖြစ်သည်။ ဖရားမန်းဂရိုင်းသည် ခရစ်နှစ် ၁၂၆၃ ၌၊ ကျိုင်းရဲမြို့ကို ထူထောင်ခဲ့၍ ကျိုင်းရဲသည် ဖရားမန်းဂရိုင်း၏ မြို့ ဟု အမည်တွင်ခဲ့သည်။

ခရစ်နှစ် ၁၂၈၁ သို့မဟုတ် ၁၂၉၂ တွင် မွန်တို့၏ လက်ထဲမှ လန်းပွန်းမြို့ကို သိမ်းပိုက်လိုက်ပြီး ခရစ်နှစ် ၁၂၉၆ တွင် ဇင်းမယ်မြို့ကို ထူထောင်ခဲ့သည်။

ခရစ်နှစ် ၁၃၂၇ တွင် ၎င်း၏ အနွယ်တော်တဦးက ကျိုင်းဆင်မြို့ကို ထူထောင်ပြီး ခရစ်နှစ် ၁၃၅၀ ခန့်တွင် ထိုင်းနိုင်ငံအရှေ့ မြောက်ပိုင်း ဒေသတခုလုံးသည် ယွန်းရှမ်းတို့၏ အုပ်ချုပ်မှုအောက်သို့ ရောက်ရှိခဲ့သည်။

နှစ်များ မကြာမီ “နန်း” နှင့် “ဖရဲ” နယ်များသည်လည်း “လန်းန” နိုင်ငံတော်၏ အစိတ်အပိုင်းဖြစ်လာခဲ့သည်။ ယွန်းရှမ်းတို့သည် မွန်တို့၏ လန်းပွန်း၊ လန်းပန် ဒေသများကို သိမ်းပြီးနောက် နှစ်အနည်းငယ်အတွင်း မွန်တို့၏ အုပ်ချုပ်ရေးသြဇာပြန့်နှံ့သော ဧရိယာထက်များစွာ ကျယ်ဝန်းသော ယွန်းရှမ်းတို့၏ “လန်းန” နိုင်ငံတော်ကြီးကို ထူထောင်နိုင်ခဲ့ကြသည်။

ဖရားမန်းဂရိုင်းသည် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းသာမက၊ မြန်မာနိုင်ငံအရှေ့ပိုင်း ကျိုင်းတုံနယ်ကိုလည်း “၀” တို့ လက်ထဲမှ ခရစ်နှစ် ၁၂၆၂ တွင် သိမ်းပိုက်လိုက်ပြီး “၀” ညီနောင် နှစ်ဦး ဖြစ်သော “မန်ခွန်” နှင့် “မန်ခိန်” တို့ကို အုပ်ချုပ်သူ အဖြစ် ခန့်ထားခဲ့သည်။ တရုတ်မြန်မာနယ်ခြားဒေသရှိ “၀”နယ်ကို တရုတ်တို့က “ဟုလူ (Hulu)” ဟုသာ သိ၍ စိတ်မ၀င်စား။ ၁၈၈၅ ခုအထိ “၀” နယ်ထဲသို့ ၀င်ရောက်ရန် မကြိုးစားခဲ့ပေ။

တရုတ်မြန်မာ နယ်ခြားဒေသ သတ်မှတ်ခြင်း မရှိသေး၍ “၀” နယ်သည် အုပ်ချုပ်ရေး မရှိသော ဒေသ၊ မည်သူမှ ပိုင်ဆိုင်ခြင်း မရှိသည့်ဒေသ ဖြစ်ခဲ့ ရသည်။ ၁၈၈၅ တွင် အင်္ဂလိပ်တို့ အထက် မြန်မာနိုင်ငံနှင့် ရှမ်းနယ်များကို သိမ်းပြီးနောက် “၀”နယ်ကို ချွင်းချန် ထားခဲ့ခြင်းမှာ စီးပွားရေးအရ အကျိုးမရှိခြင်း၊ အုပ်ချုပ်ရေး အတွက် စားရိတ် အကုန်အကျ များမည်ဖြစ်ခြင်းနှင့် တရုတ်တို့နှင့်နယ်နိမိတ်ခြင်း ဆက်စပ်လာမည်ကို ရှောင်ရှားလိုခြင်းကြောင့်ဖြစ်သည်။

၁၈၉၀ မှသာ အင်္ဂလိပ်တို့ “၀” နယ်လေ့လာရေး ခရီးကို စတင် ဆောင်ရွက်ခဲ့သည်။ ရည်ရွယ်ချက်မှာ ၀နယ်ကို လေ့လာလို၍ မဟုတ်ဘဲ မြောက်ပိုင်းရှမ်းနယ်များရှိ မည်သည့်နယ်သည် တရုတ်တို့နှင့် မဟာမိတ်ပြုလုပ်ထားသည်ကို စူးစမ်းရန်ဖြစ်သည်။ ယင်းသို့ လေ့လာစိစစ်ပြီး မြန်မာနှင့် တရုတ်နိုင်ငံတို့ကြား ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများကို ချင့်ချိန်ပြီးနောက် ၁၈၉၂ တွင် အင်္ဂလိပ်အရာရှိတို့က တရုတ်တို့နှင့် နယ်နမိတ် သတ်မှတ်ပြီး “၀” နယ်တခုလုံးကို သိမ်းပိုက်ရန် အစိုးရကို အကြံပြု တိုက်တွန်းခဲ့သည်။ အင်္ဂလိပ်အစိုးရက ၁၈၉၃ တွင် “၀” နယ် အတွင်းပိုင်း အထိ “စကော့” ကို စေလွှတ်ခဲ့သော်လည်း ရည်ရွယ်ချက်မှာ တောင်ပိုင်းနယ်ရှိ မိုင်းလွန်းနယ်တွင် အုပ်ချုပ်ရေး စတင်ရန်သာ ဖြစ်သည်။

တရုတ်နှင့် အင်္ဂလိပ် အစိုးရတို့၏ ၁၈၉၄ စာချုပ်အရ – အင်္ဂလိပ်တို့က မြန်မာမင်းများ ပိုင်ဆိုင်ခဲ့သော ယူနန်နယ် အတွင်းရှိ ရှမ်းနယ်များ ဖြစ်သည့် ကိုင်းမ၊ မိုင်းတုံ၊ မိုင်းကိုးနှင့် မိုင်းလင်းနယ်များကို တရုတ်တို့အား လွှဲပြောင်း ပေးအပ်ပြီး တောင်ပိုင်း “၀” နယ်ရှိ မိုင်းလွန်းနယ်ကို အင်္ဂလိပ်တို့ ရရှိသည်။

သို့သော် “၀” နယ်တခုလုံးနှင့် ပတ်သက်၍ အင်္ဂလိပ်နှင့် တရုတ်အစိုးရတို့ နယ်နမိတ် သတ်မှတ်ခြင်း မပြုလုပ်ခဲ့ပေ။ ၁၈၉၇ တွင် ချုပ်ဆိုသော စာချုပ်တွင်လည်း၊ ၀ နယ်အရေးကို ချန်ထားခဲ့သည်။ ထို့ပြင် ၁၈၉၉၊ ၁၉၀၀ ၊ ၁၉၃၅-၃၆ နှစ်များ ဖွဲ့စည်းခဲ့သော တရုတ်မြန်မာ နယ်ခြား ကော်မရှင်များကလည်း ၀နယ်အရေးကို မဖြေရှင်း၊ မဆုံးဖြတ်နိုင်ကြပေ။

ဆာစကော့၏ တရုတ်မြန်မာ နယ်နမိတ်သတ်မှတ်ရေး ၁၈၉၉-၁၉၀၀ အစီရင်ခံစာအရ – တရုတ်မြန်မာနယ်ခြားဒေသ “၀” နယ် အတွင်း မိုင် ၂၀၀ ခန့်ရှိသော နယ်ခြားဒေသ အရေးကို မကြာခဏ စဉ်းစားခဲ့ သော်လည်း “၀”နယ်ကို အုပ်ချုပ်ရေး မရှိသည့် ဒေသ အဖြစ်သတ်မှတ်ခဲ့သည်။ အင်္ဂလိပ်လက်အောက် မြန်မာနိုင်ငံ အစိုးရကလည်း နယ်နမိတ် သတ်မှတ်ခြင်း မရှိသေးသည့် “၀” နယ် အတွင်းသို့ ၁၉၃၃-၃၄ အထိ အုပ်ချုပ်ရေး စတင်ရန် မပြုလုပ်ခဲ့ခြင်း၊ တရုတ် အင်္ဂလိပ် နယ်ခြားကော်မရှင်များ၏ အငြင်းပွားမှုကြောင့် ၁၉၃၅-၃၆ အထိ နယ်နမိတ်သတ်မှတ်ရေး မပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဤ အငြင်းပွားသည့် ဒေသမှာ မြောက်ပိုင်း “၀” နယ်အတွင်း၌ ရှိပြီး နယ်နမိတ်သတ်မှတ်ခြင်း မပြုလုပ်နိုင် သေးသောကြောင့် မည်သည့်နိုင်ငံ၏ ပိုင်နက်ဖြစ်ကြောင်း မပြောနိုင်ပါဟု ဆိုပါသည်။

မြန်မာနိုင်ငံအင်္ဂလိပ်အစိုးရ အုပ်ချုပ်သည့် ခေတ်နှင့် ၁၉၄၈ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိလာသည့် ခေတ်တိုင်အောင် “၀” နယ်အတွင်း မိုင် ၂၀၀ ခန့်ရှိသော နယ်စပ်ဒေသကို တိတိကျကျ သတ်မှတ်နိုင်ခြင်း မရှိသဖြင့် ယင်းအရေး ကိစ္စ သည် လွတ်လပ်ရေး ရပြီး ဖွဲ့စည်းခဲ့သည့် ရှမ်းပြည်အစိုးရ၏ ဖြေရှင်းရမည့် ပြဿနာဖြစ်လာခဲ့သည်။

“၀” နယ်အရေးသည် တရုတ်နိုင်ငံနှင့် နယ်နမိတ်ခြင်း ဆက်စပ်နေမှုကြောင့်နှင့် စီးပွားရေးအရ အကျိုး မဖြစ်နိုင်မှန်း သိသဖြင့် အင်္ဂလိပ်တို့က မဖြေရှင်းခဲ့ခြင်းဖြစ်သည် အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် နှစ်အတန်ကြာမှ “၀” နယ် အတွင်းရှိ သတ္တုမိုင်းများအပေါ် အင်္ဂလိပ်တို့ စိတ်ဝင်စားလာခဲ့သည်။

၁၉၀၀ တွင် အင်္ဂလိပ်တို့က မန္တလေးမှ ၀နယ်ဝင်ပေါက် ကွန်လုံအထိ မီးရထားလမ်းဖောက်ရန် စဉ်းစားခဲ့ကြသည်။ တရုတ်တို့ကလည်း “၀” နယ်၊ ပန်လုံနှင့် ပန်ဟုန်းနယ်၌ သတ္တုမိုင်းများကို များစွာ စိတ်ဝင်စားလာသဖြင့် အင်္ဂလိပ်တို့၏ အုပ်ချုပ်ရေး မရှိသေးသော “၀” နယ်အတွင်းပိုင်းသို့ တရုတ်တို့ တိုးဖောက်ဝင်ရောက်လာကြသည်။

“၀” နယ်အရေး ကိစ္စကို အင်္ဂလိပ်တို့က မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့သည့် ၁၉၄၈ အထိ မဖြေရှင်းခဲ့သဖြင့် လွတ်လပ်ပြီးစ မြန်မာနိုင်ငံအစိုးရ ရင်ဆိုင်ဖြေရှင်းရသော အဓိကပြဿနာများမှာ (၁) “၀”နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ (၂) တရုတ်တို့ ကျူးကျော်ဝင်ရောက်မှု၊ (၃) ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး နှင့် (၄) စနစ်ကျသော အုပ်ချုပ်မှုစနစ် ထူထောင်နိုင်ရေးတို့ ဖြစ်သည်။

(ရန်ကုန် အခြေစိုက် သမိုင်း ဆရာ စိုင်းခမ်းမိုင်းသည် ၁၉၇၁ ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ သမိုင်းအထူးပြုဖြင့် မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့ပြီးနောက် ၁၉၈၈ ခုနှစ်အထိ မန္တလေး တက္ကသိုလ်၊ ရန်ကုန် တက္ကသိုလ်၊မိတ္ထီလာ ကောလိပ်တို့တွင် နည်းပြ အဖြစ်လည်းကောင်း၊ လက်ထောက် ကထိက အဖြစ်လည်းကောင်း တာဝန် အဆင့်ဆင့် ထမ်းဆောင်ခဲ့ ပြီး ၁၉၈၉ ခုနှစ်တွင် ဆန္ဒအရ အလုပ်မှ နုတ်ထွက်ခဲ့သည်။ နိုင်ငံခြား တက္ကသိုလ် တချို့တွင် သုတေသီ ပညာရှင် အဖြစ်လုပ်ကိုင်ခဲ့သည်။)

ဧရာဝတီသတင်းဌာန

ကရင်အမျိုးသားညီလာခံအတွက် တက်သိပညာရှင်အဖွဲ့တစ်ဖွဲ့ကို KUPC ဖွဲ့စည်း

မေ ၅ ရက်၊ ၂၀၁၅ ခုနှစ်။ နန်းချောင်ဖော့

ကရင်အမျိုးသားညီလာခံတွင် ဆွေးနွေးမည့် အကြောင်းအရာများနှင့် ပတ်သက်၍ စိစစ်ရန် ပြည်တွင်းပြည်ပမှ ကရင်တက်သိ ပညာရှင်များပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကို ကရင်အမျိုးသားစည်းလုံးရေးနှင့်ငြိမ်းချမ်းရေးကော်မတီ (KUPC) က ဖွဲ့စည်း ထားပြီးဖြစ်သည်ဟု ယင်းကော်မတီဝင်များက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မေ ၁ မှ ၂ ရက်နေ့ ထိ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ရွှေပြည် ရီဆော့ ဟိုတယ် အစည်းအဝေးခမ်းမ၌ ပြုလုပ်သည့် KUPC ကော်မတီဝင်များ အစည်းအဝေးတွင် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု KUPC ကော်မတီဝင် နော်စူဆန်နာလှလှစိုးက ကေအိုင်စီသို့  အခုလိုပြောသည်။

“ ကရင်အမျိုးသားညီလာခံအတွက် တိုင်းနဲ့ ပြည်နယ် အသီးသီးက စာတမ်းတွေပြုစုတင်ပြထားတာရှိတယ်၊ စာတမ်း တွေပြန်စုစည်းပြီးတော့ ပညာရှင် တွေနဲ့ ပူးပေါင်းပြီး ဆွေးနွေးမဲ့အကြောင်းအရာတွေ ရေးဆွဲသွားမယ်။ ရေးဆွဲပြီး တော့ ကရင်အမျိုးသားညီလာခံမှာ တင်ပြမယ်။ အဲဒီပညာရှင်ထဲမှာ ပြည်တွင်း ပြည်ပက ပညာရှင်တွေနဲ့ ထည့်ပြီး တော့ ဖွဲ့စည်းသွားမယ်” ဟု နော်စူဆန်နာလှလှစိုးက ပြောဆိုသည်။

KUPC ကဖွဲ့စည်းလိုက်သည့် တက်သိပညာရှင်များ အဖွဲ့တွင် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)မှ ကိုယ်စားလှယ် ၂ ဦး၊ စောကပီ၊ စောမိုးမြင့်(သတ္တုတွင်းပညာရှင်) ၊ စောမင်းအောင်လင်း (ပြည်နယ်လွှတ်တော် အမတ်)၊ ကရင် ရေးရာဝန်ကြီးများဖြစ်သည့် မန်းသိန်းရွှေ၊ စောဂျူပလီစံလှ၊ ပြည်ပပညာရှင် နော်မေဦး စသဖြင့် ပြည်တွင်းပြည်ပ တက်သိပညာရှင် ၁၂ ဦး ဖြင့်ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု KUPC ကော်မတီဝင်တစ်ဦးဖြစ်လာသူ ကရင်အမျိုသားပါတီ အတွင်းရေးမှူး မန်းမင်းရဲထွေးက ပြောသည်။

ကရင်အမျိုးသားညီလာခံသို့ စာတမ်းပြုစုရန်အတွက် ပညာရှင်အဖွဲ့ခေါင်းဆောင်အဖြစ် လျာထားခြင်းခံရသည့် စောကပီက “ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်ကို တရားဝင်တော့ အကြောင်းမကြားသေးဘူး။ သူများပြောတော့ ကြားနေရတယ်။ ကျနော့်အနေနဲ့ ဘာမှ မသိသေးရသေးဘူး” ဟု ကေအိုင်စီသို့ မေ ၄ ရက်နေ့ က ပြောသည်။

အဆိုပါ KUPC အစည်းအဝေးတွင် မေ ၆ မှ ၈ရက် အထိ ကျင်းပပြုလုပ်မည့် ကရင်အမျိုးသား စည်းလုံးညီညွတ်ရေး နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ရန်အတွက် KUPC ကိုယ်စားလှယ်ရွေးချယ်ခြင်း၊ ကရင်အမျိုး သားပါတီ (KNP) မှကိုယ်စားလှယ် ၂ ဦးကို ကို KUPC ကော်မတီဝင်အဖြစ် လက်ခံခြင်းနှင့် ကရင်အမျိုးသား ညီလာခံအတွက် ပြည်နယ်၊ တိုင်းအလိုက် ပြုစုထားသည့် စာတမ်းများကို ဆွေးနွေးခဲ့ကြသည်။

နှစ်ရက်ကြာပြုလုပ်ခဲ့သည့် ယင်းအစည်းအဝေးသို့  KUPC ကော်မတီဝင်များနှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဥာဏ်ဝင်းတို့ တက်ရောက်အမှာစကားပြောကြားခဲ့ကာ စုစုပေါင်း ၅၀ ဦးခန့်  အစည်းအဝေးတက် ရောက်ခဲ့ပြီး လာမည့် ဇွန် ၁၈ မှ ၂၀ ရက်နေ့ ထိ ရန်ကုန်မြို့တွင် ကော်မတီ အစည်းအဝေး ထပ်မံပြုလုပ်သွားရန်ရှိကြောင်း အစည်းအဝေးမှတ်တမ်းများအရ သိရသည်။

KUPC ကို ၂၀၁၃ ခုနှစ်၊ မတ်လ ၃၀ရက်နေ့က ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ကျင်းပခဲ့သည့် ကရင်ရေးရာအစည်း အဝေးတွင် စတင်ဖွဲ့စည်းပေးခဲ့ပြီး လက်ရှိ ကရင်တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များ၊ တိုင်းရင်းသားရေးရာ ၀န်ကြီးများ၊ ဘာသာရေးခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများ၊ ကရင်နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် ၅၇ ဦး ဖြင့်ဖွဲ့စည်းထားသည်။

Tuesday, May 5, 2015

အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ ဖိလစ်ပိုင်ကို မြန်မာနိုင်

မေ ၄ ရက်က ဗီယက်နမ်နိုင်ငံမှာ ယှဉ်ပြိုင်သွားတဲ့ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပွဲစဉ် အုပ်စု (ခ) ဒုတိယပွဲစဉ်မှာ မြန်မာက ဖိလစ်ပိုင်ကို ၄ ဂိုး ၁ဂိုးနဲ့ အနိုင်ရသွားပါတယ်။

ဒီပွဲမှာ ဖိလစ်ပိုင်အသင်းက ပင်နယ်တီကနေ ဦးဆောင်ဂိုး စတင် သွင်းယူနိုင်ခဲ့တာပါ။ မြန်မာအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို နော်အားလိုဝါးဖောနဲ့ ခင်မိုးဝေက သွင်းယူပါတယ်။

ဒီပွဲမှာ နော်အားလိုဝါးဖော် ၃ ဂိုးသွင်းယူပြီး ဟက်ထရစ် ရယူနိုင်ခဲ့ပါတယ်။

ဒီပွဲနိုင်လို့ မြန်မာအမျိုးသမီးအသင်းဟာ အုပ်စု (ခ)မှာ ၃ မှတ်ရပြီး အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။ ဗီယက်နမ် ၆ မှတ်နဲ့ ဦးဆောင်နေပါတယ်။

အုပ်စု (ခ) နောက်ဆုံးပွဲစဉ်အဖြစ် မေ ၆ ရက်မှာ မြန်မာအမျိုးသမီးအသင်းဟာ မလေးရှားအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ ဒီပွဲမှာ အနိုင်ရရင် ဆီးမီးဖိုင်နယ်ကို တက်ရောက်ဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။

တဖက် အုပ်စု (က)မှာတော့ လောလောဆယ် ကစားပြီးတဲ့ ၂ ပွဲမှာ သြစတြေးလျယူ ၂၀ အသင်းက ၆ မှတ်နဲ့ ဦးဆောင်နေပြီး ထိုင်းက ၃ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

ဓာတ်ပုံ (မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဖေ့ဘွတ်ခ်)


Type the rest of your post here.

Sunday, May 3, 2015

ငြိမ်းချမ်းရေး စစ်တမ်း (၁၅) စာချုပ်အတည်ပြုမူကြမ်းအပေါ် သုံးသပ်ချက် (၁)

ငြိမ်းချမ်းရေးသည် စစ်အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများသာမက တိုင်းရင်းသား
ပေါင်းစုံလူထုကြီးတရပ်လုံးနှင့် ဆိုင်သော ပြသနာဖြစ်သည်။ စစ်ကြောင့် အခြေခံလယ်သမား၊ အလုပ်သမား၊ တိုင်းရင်း
သားပြည်သူများ၏ သားသမီးများသေကြေနေကြရသည်။ လူထု၏ကျမ္မာရေး၊ ပညာရေး၊ သယ်ယူပို့ ဆောင်ရေး၊ လမ်း
ပမ်း နှင့် အီလက်ထရောနစ်ဆက်သွယ်ရေး၊ နေအိမ်ရာ စီမံကိန်း၊ အလုပ်အကိုင်အခွင့် အလမ်း စသည်များအတွက် အသုံးပြု ရမည့် ငွေကြေးများ အလဟသ ဖြစ်လျှက်ရှိသည်။

စစ်အစိုးရအဆက်ဆက်၏ စီမံခန့် ခွဲရေးညံ့ဖျင်းခြင်း၊ တိုင်းပြည်ဓနချမ်းသာများကို စစ်အာဏာရှင်စနစ်တည်မြဲ
ရေးနှင့် ကိုယ်ကျိုး အတွက်အသုံးချခြင်း၊ လာဘ်ပေးလာဘ်ယူကြီးမားစွာဖြစ်ပွားလျှက်ရှိခြင်းတို့ အပြင် ပြည်တွင်းစစ်
သည် လူထုကြီးတရပ်လုံး ဆင်းရဲတွင်းမှ မထွက်နိုင်စေ ရန် အနာဆိုးကြီးသဖွယ် အမြစ်တွယ်လျှက်ရှိသည်။ ဤသည်ကို အမြန်ဆုံး အဖြေရှာကုစားရန် ပြည်တွင်း စစ်ပြသနာအပေါ် တိုင်းရင်းသားပေါင်းစုံလူထုကြီးတရပ်လုံး ယခင်က
ထက်ပို၍ ထဲထဲဝင်ဝင် လေ့လာ၊ လှုပ်ရှား၊ ပါဝင် ဆောင်ရွက်သင့်ပြီဖြစ်သည်။

စစ်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ ၂၀၁၅ ခုနှစ် မတ်လ (၃၁) ရက်နေ့ တွင်သဘော
တူခဲ့ကြသည့် အတည်ပြုစာချုပ် (မူကြမ်း) ဟူသည့်အပေါ်တွင် လက်မှတ်ရေးထိုးချုပ်ဆိုဖြစ်ကြလျှင် ပြည်တွင်းငြိမ်းချမ်း
ရေးကို တကယ်တန်းအထောက်အပံ့ဖြစ်မဖြစ် အပေါ် လူထု၏သဘောထားအမြင်များ ထုတ်ဖေါ်လာကြမည်ဆိုပါက တိုင်းပြည် အတွက် အကျိုးရှိနိုင်ပါမည်။ ဤသည်ကို အထောက်အပံ့ဖြစ်စေရန် စာရေးသူအနေဖြင့် လူ့ အခွင့်အရေး၊
တိုင်းရင်းသားအခွင့်အရေး နှင့် ဥပဒေစိုးမိုးရေးအခြေခံများမှနေ၍ ဆန္ဒစွဲမထား၊ ချစ်ခြင်းမုန်းခြင်းကင်းစွာ နှင့် ပကတိ ကို အရှိအတိုင်း ဆက်လက်သုံးသပ်တင်ပြသွားပါမည်။

ယခုလတ်တလောဆွေးနွေးပွဲများတွင်အရပ်သားအသွင်ယူဦးသိန်းစိန် စစ်အစိုးရဖန်တည်းထားသည့်စာချုပ် နှစ်ခု (၁)the Deed of Commitment (DoC)ပိုင်းဖြတ်ချက် စာချုပ် (၂) တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခြင်း သဘောတူ စာချုပ် (မူကြမ်း) ကို အတည်ပြုစာချုပ် တို့ ၏ ဥပဒေသဘောနှင့် နိုင်ငံရေး အနှစ်သာရသည် မည်သို့ ရှိသနည်း။

ပိုင်းဖြတ်ချက် စာချုပ်ဟူသည်ကို ၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ တွင် ကရင် အဖွဲ့ အစည်းသုံးဖွဲ့ နှင့် ရှမ်းတဖွဲ့ စတင်လက်မှတ်ထိုးခဲ့သည်။ လက်မှတ်မထိုးရသေးသည့် အခြားတိုင်းရင်းသားအဖွဲ့ များကိုလည်း ဆက်လက် ကြစေရန် စည်းရုံးလျှက်ရှိကြောင်းသိရသည်။ ယင်းစာချုပ်တွင်အနှစ်သာရအရ မည်သည့်အရာမျှ မယ်မယ်ရရမပါရှိပါ။ အစိုးရအနေဖြင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်ကို လက်မှတ် ထိုးမည်၊ နိုင်ငံရေးမူဘောင်ကို ဆွေးနွေး
မည်၊ အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပမည်၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်သွားမည် ဟူသည်တို့ 
မှာ ယေဘုယျအားဖြင့်ကောင်းမွန်သည့်အရာများဖြစ်သော်လည်း ရှေ့ နောက်ပြောင်းပြန်ဖြစ်၊ တိကျမှုမရှိ၊ ဦးတည်ချက် မရေရာဘဲနှစ်ပေါင်းများစွာ ရှည်ကြာမည့် လုပ်ငန်းစဉ်များနှင့် မျှောထားကြောင်းတွေ့ ရသည်။

တိုင်းပြည်ငြိမ်းချမ်းရေးကို ထိပါးသည့် အရင်းခံကျသော ပြသနာရပ်ကြီးအချို့ အပေါ်ဆွေးနွေးသဘောတူမှု ကို အရင်ရှာဖွေဘို့ လိုပါမည်။ အသေးစိပ်ကို နိုင်ငံရေးဆွေးနွေးပွဲတွင် ဆွေးနွေးနိုင်သည်။ ယခုမူ ယင်းသို့ မဟုတ်ဘဲ အကြောင်းရပ် အားလုံးကို မည်သည့် အာမခံချက်မျှမရှိသော နိုင်ငံရေးဆွေးနွေးပွဲသို့ ရွှေ့ လိုက်သည်။ တနိုင်ငံလုံးပစ်
ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် (NCA)[i]ကို အရင်ဦးစွာလက်မှတ်ရေးထိုးစေသည်။ ယင်းမှာ ရှေ့ နောက်ပြောင်းပြန်
ဖြစ်နေသည်ဟု ဆိုလိုရင်းပင်။ ဤသည်မှာ စစ်အစိုးရလိုလား အဆိုပြုသည့် လုပ်ငန်းစဉ် ဖြစ်သည်။

၂၀၁၅ ခုနှစ်မတ်လ (၃၁) ရက်နေ့ ကထွက်ပေါ်လာသည့်အတည်ပြုမူကြမ်းအပေါ်တွင်သာ (NCA)ကို လက် မှတ်ထိုးကြပါက စစ်အစိုးရအတွက်သာ နိုင်ငံရေး၊ စီးပွားရေး အမြတ်အကြီးအကျယ် ရဘွယ်ရှိသည်။တိုင်းရင်းသား
ပေါင်းစုံလူထုကြီးတရပ်လုံး နှင့် တိုင်းပြည်အတွက် အကျိုးမရှိနိုင်ပါ။ အဘယ်ကြောင့်နည်း။

အတည်ပြုစာချုပ်မူကြမ်းအရ (NCA)ကို လက်မှတ်ထိုးလိုက်ကြရုံမျှနှင့် တိုက်ပွဲပြန်လည်မဖြစ်ပွားအောင် တားဆီးနိုင်မည့် အခြေအနေမရှိ၊ ပြန်တိုက်ခြင်း မတိုက်ခြင်းမှာ စစ်အစိုးရလက်ဝယ်တွင်သာ ဆက်လက်တည်လျှက်ရှိ နေ၍ဖြစ်သည်။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို အဖွဲ့ အစည်းအများစုကြီးက ပြည်ထောင်စု အဆင့်အထိလက်မှတ်ထိုး
ပြီး ကြသည့်အပြင် အဓိကကျသည့် ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့  (ကေအိုင်အို) နှင့် လည်း စစ်ရှိန်လျှော့ရန် သဘောတူညီပြီးဖြစ်ပါလျှက် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့ တွင် (ကိုးကန့် အရေးမှလွဲ၍) မြန်မာစစ်တပ်ကပင် အဓိကအားဖြင့် စစ်ဆင်တိုက်ခိုက်မှုများ ပြုနေကြောင်းတွေ့ နိုင်သည်။ ငြိမ်းချမ်းမှု အခြေခံကို တကယ်တန်း အုတ်မြစ်ချ
ပေးနိုင်ခြေမရှိသည့် NCA ကို လက်မှတ်ထိုးပြီးနောက်တွင် စစ်အစိုးရက ငြိမ်းချမ်းရေးရသွားပြီ ဟု ကမ္ဘာကို ကြေငြာ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နှင့် ဖွံ့ ဖြိုးမှု အကူအညီများကို ဖိတ်ခေါ်၊ တိုင်းရင်းသားပြည်နယ် များရှိ သဘာဝသယံဇာတများ
အား ပို၍တိုးချဲ့ ကာ ထင်သလိုထုတ်ဖေါ်သုံးစွဲ ရောင်းချပါတော့မည်။

(NCA)ကို အလွယ်တကူလက်မှတ်ထိုးပေးလိုက်ခြင်းမှာ မိမိလက်ဝယ်တွင် အဖိုးမဖြတ်နိုင်အောင် တန်ဘိုးရှိ
သည့် ရတနာတုံးကြီးအား အသပြာတရွေးမျှဖြင့် ရောင်းလိုက်သည့် သဘောဆောင်သည်။မည်သည်တို့ ကို ထည့်
သွင်း ချုပ်ဆိုနိုင်မှသာ စစ်မှန်သည့်ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း လေ့လာသုံးသပ်ရန် လိုအပ်လာပါပြီ။

ပထမဆုံးအချက်မှာ ပစ်ခတ်တိုက်ခိုက်မှု တကယ်တန်းရပ်စဲရေး၊ ထိုသို့ ရပ်စဲထားမှုကို တဘက်ဘက် က မိမိသဘောဆန္ဒတခုတည်းနှင့် ဖျက်သိမ်းမှု၊ ချိုးဖေါက်မှု မပြုရေး၊ ပြုခဲ့သော် ထိမ်းသိမ်း၊ ဟန့် တား ကာကွယ်ရန်နှင့် ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရန် ခိုင်မာအားကောင်းသည့် ယန္တယား (သို့ မဟုတ်) ကြီးကြပ်မှု အဖွဲ့ 
ဖွဲ့ စည်းရေး၊ ဖြစ်သည်။ အတည်ပြုစာချုပ် မူကြမ်း အခန်း(၄) အပုဒ် ၁၂ အရ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ
စောင့်ကြည့် ရေး ကော်မတီကို အောက်ပါအတိုင်းဖွဲ့ စည်းပေးရမည်ဖြစ်ကြောင်းပါရှိသည်။

(က) ဤသဘောတူစာချုပ်အားလိုက်နာရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးရန် “ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ” ကို ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှကိုယ်စားလှယ်များနှင့် အများယုံကြည်လေးစားသောပုဂ္ဂိုလ်များ
ဖြင့် ဖွဲ့စည်းတာဝန်ပေးရန် သဘောတူသည်။
အထက်ပါ သဘောတူညီချက်အရ ပူးတွဲစောင့်ကြည့်ရေးကော်မတီဖွဲ့ စည်းရာတွင် အားနည်းချက်မှာ ပဋိပက္ခ
၏ ဘက်နှစ်ဘက်၊ အတိအကျအားဖြင့် စစ်အစိုးရကတဘက်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ က အခြား
တဘက်ဖြင့်သာ အဓိက ဖွဲ့ စည်းခြင်းဖြစ်သည်။ အများယုံကြည်လေးစားသောပုဂ္ဂိုလ်များဟူသည်မှာလည်းတိကျရေ
ရာမှု မရှိ။ မည်သူတွေမှန်းမသိ။ ၄င်းတို့ အပါအ၀င် ပူးတွဲစောင့်ကြည့်ရေးကော်မတီ တခုလုံးတွင်ပါ မည်သည့်အခွင့်
အာဏာ ရှိပြီး မည်သို့ စီမံကွပ်ကဲသွားမည်၊ ဆုံးဖြတ်ချက်များကို မည်သို့ ချမှတ်သွားမည်၊ မည်သို့ လိုက်နာရန် တာဝန် ရှိသည် ဟူသည်တို့ မပါရှိ။ တဘက်ဘက်က (အဖြစ်နိုင်ဆုံးမှာ) စစ်အစိုးရဘက်က တဘက်သတ် ချိုးဖေါက်ပြီး တိုက်ပွဲများပြန်စ၊ထိုးစစ်များပြန်ဆင်လာလျှင် ယင်းကော်မတီသည် တားဆီးနိုင်ခြေမရှိ။

မြန်မာနိုင်ငံပြည်တွင်းစစ်သမိုင်းတွင် ဆွေးနွေးပွဲ ဖြစ်စဉ်သည်ယခုမှစတင်သည့် အသစ်မဟုတ်။ ဗိုလ်ချုပ်နေ
ဝင်းခေါင်းဆောင်ပြီး အာဏာသိမ်းခဲ့သည့် တော်လှန်ရေးကောင်စီ က ၁၉၆၃ ခုနှစ် ဇွန်လ (၁၁) ရက်နေ့ တွင် ကြေငြာ
ချက်ထုတ် ဖိတ်ခေါ်ပြီးနောက် အောက်တိုဘာလ (၈) ရက်နေ့ ၌ မဒညတနှင့် စတင်ဆွေး နွေးခဲ့ကြသည်။ ထိုစဉ်က မဒညတ ကိုယ်စားလှယ်အဖွဲ့ တွင် ကေအင်ယူ၊ မွန်ပြည်သစ်ပါတီ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ၊ ချင်းဦးစီး
အဖွဲ့ နှင့် ဗမာပြည်ကွန်မြူနစ်ပါတီ တို့ ပါဝင်ခဲ့ကြသည်။[ii]စစ်အစိုးရက ကချင်လွတ်လပ်ရေးကောင်စီ၊ ရခိုင်ပြည်ကွန်မြူ နစ်ပါတီ တို့ နှင့် သီးခြားဆွေးနွေးခဲ့သည်။[iii]

ထို့ နောက် စစ်အစိုးရက မဒညတနှင့် ဗမာပြည်ကွန်မြူနစ်ပါတီတို့ အပေါ်“မရိုးမသား၊ နိုင်ငံရေးအမြတ်ထုတ်
ကာ၊ လူထုနည်းနဲ့ အကြပ်ကိုင်ဘို့ ကြိုးစားခဲ့ကြတယ်။” ဟု စွပ်စွဲပြီး နိုဝင်္ဘာလ ၁၄ ရက်နေ့ တွင် ဆွေးနွေးပွဲကိုတဘက်
သတ်ဖျက်သိမ်းခဲ့သည်။[iv] တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။ ယခု စာချုပ်အတည်ပြုမူကြမ်း တွင် ယင်းသမိုင်းဖြစ်ရပ်
တွင်ကဲ့သို့  လက်ရှိစစ်အစိုးရအနေဖြင့် ဆွေးနွေးပွဲကို တဘက်သတ်မဖျက်သိမ်းအောင် တားဆီးနိုင်သည့် သဘောတူ
ညီချက် မရှိ။ ငြိမ်းချမ်းရေး လှုပ်ရှားမှုဖြစ်စဉ်တွင် တိုင်းရင်းသားပေါင်းစုံလူထုများသည် လွတ်လပ်သည့် လူထုအသင်း
အဖွဲ့ များမှ တဆင့်သော် လည်းကောင်း၊ မိမိတို့ ကိုယ်တိုင်တိုက်ရိုက် သော်လည်းကောင်း၊ နိုင်ငံတကာအဖွဲ့ အစည်း
များနှင့် ဆက်စပ်၍သော် လည်းကောင်း ပါဝင်နိုင်ကြမှသာ ငြိမ်းချမ်းရေးလှုပ်ရှားမှုအောင်မြင်နိုင်ခြေရှိသည်။ မျက်မှောက်တွင်အာဖရိကတိုက် ကင်ညာနိုင်ငံ ၏ သာဓက ကိုလေ့လာနိုင်သည်။

ဤကဲ့သို့ လူထုများက ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တက်ကြွလှုပ်ရှားကာ အားကောင်းကောင်းနှင့် ပါဝင်လာပါက စစ်အစိုး ရက ဆွေးနွေးပွဲကို တဘက်သတ်ဖျက်သိမ်းမပစ်နိုင်အောင် နှင့် အဆိုပါလူထုများအား တည်ဆဲဥပဒေများကို ကိုင်စွဲ၍ အရေးယူခြင်းမပြုနိုင်အောင် ကာကွယ်ပြဌာန်းချက်ထည့်သွင်းရန် လိုပါမည်။

လွန်ခဲ့သည့် နှစ်ပေါင်း (၂၁) နှစ်ကျော်ကာလ ၁၉၉၄ ခုနှစ် ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့ တွင် န၀တ စစ်အစိုးရ နှင့် ကေအိုင်အိုအကြားချုပ်ဆိုခဲ့ပြီး ထိုစဉ်က လျှို့ ဝှက်အဖြစ်ထားရှိခဲ့သည့် သဘောတူညီချက် အပုဒ် (၄) ပုဒ်ခွဲ (ည) တွင် အောက်ပါအတိုင်း ဖေါ်ပြထားခဲ့သည်။

(ည) ကေအိုင်အိုတပ်ဖွဲ့များ အခြေပြုတပ်စွဲသည့် နေရာဒေသများနှင့် စပ်လျဉ်း၍ သော်လည်းကောင်း၊ အခြား
ရှင်းလင်းရန် လိုအပ်သည့် ကိစ္စရပ် တစ်ခုခု ပေါ်ပေါက်လာလျှင် သော်လည်းကောင်း နှစ်ဦး နှစ်ဖက်
အတူတကွ ပူးတွဲ ကွင်းဆင်း လေ့လာပြီး ဆွေးနွေးညှိနှိုင်း ဖြေရှင်းသွားရန်။
၁၉၉၄ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ တွင် နှစ်ဘက် သဘောတူဖေါ်ဆောင်ခဲ့သည့် “ပူးတွဲ” နှင့် ၂၀၁၅ ခုနှစ် မတ်လ (၃၁) ရက်နေ့ တွင် ပေါ်ထွက်လာသည့် အတည်ပြုမူကြမ်း အရ “ပူးတွဲ” တို့ မှာ အနှစ်သာရ အရ မည်သို့ မျှ
ခြားနားမှုမရှိပါ။ ယခင် “ပူးတွဲ” တွင် န၀တ စစ်အစိုးရနှင့် ကေအိုင်အို တို့ ဖြစ်ခဲ့ကြသည်။ ယခု “ပူးတွဲ” တွင် ဦးသိန်းစိန် စစ်အစိုးရနှင့် (ကေအိုင်အိုအပါအ၀င်) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းအများစု ဖြစ်လာခဲ့သည်။ အနည်း
အများသာ ကွာခြားမှုရှိသည်။ တည်ဆောက်မှုမှာအတူတူဖြစ်သည်။ အခွင့် အာဏာ ကင်းမဲ့ပုံ၊ စီမံကွပ်ကဲမှုစနစ် နှင့် လိုက်နာရန် တာဝန် ဖေါ်ပြမထားပုံ တို့ မှာလည်း အတူတူပင် ဖြစ်သည်။ ဆွေးနွေး ညှိနိုင်းသည့် နည်းဖြင့် ဖြေရှင်းကြရ
မည့်အနေအထားမှာလည်း ထူးမခြားနား။ နှစ်ဘက် ဆွေးနွေး ညှိနှိုင်း၍ မရလျှင် တိုက်ပွဲများ ပြန်မဖြစ်အောင်မည်သည့် အဆုံးအဖြတ်ကို မည်သို့ နာခံသွားမည် ဟူ၍ ဖေါ်ပြမထားသည်မှာလည်း တူလွန်းလှသည်။

ယခု “ပူးတွဲ” တွင် နိုင်ငံခြားအစိုးရများနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းများ၏ ကိုယ်စားလှယ်များ က လေ့လာသူ၊ အကြံပေး နှင့် နည်းပညာအထောက်အကူပြုများအဖြစ် သင့်လျော်သလို ပါဝင်နိုင်ခြေရှိကြောင်း ကို ဖေါ်ပြ
ထားသည်။ သို့ ရာတွင် မည်သည့်အခွင့်အာဏာမျှ အပ်နှင်းမထား။ ထူး၍ မဆန်းလှ။ အနှစ်သာရကင်းမဲ့သည့် “ပူးတွဲ” အား အပေါ်ယံဟန်ပြ သနပ်ခါးလိမ်းထားသည့် အဆင့်သာရှိသည်။

ယခင် “ပူးတွဲ” သည် အလုပ်မဖြစ်ခဲ့ကြောင်း သမိုင်းက သက်သေပြခဲ့ပြီ။ ကချင်အမျိုးသားလွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို) နှင့် စစ်အစိုးရတို့ ၏ အပစ်အခတ်ရပ်စဲရေး သက်တမ်း (၁၇) နှစ်အတွင်းတွင် ကချင်အရပ်သား
အချို့ အပါအ၀င် ကေအိုင်အို စစ်သားများ အစုလိုက် အသတ်ခံခဲ့ကြ ရသည်။ ၂၀၀၁ ခုနှစ်တွင် ၁၁ ဦး၊ ၂၀၀၂ ခုနှစ်
တွင် ၄ ဦး နှင့် ၂၀၀၇ ခုနှစ်တွင် ၆ ဦးတို့ ဖြစ် သည်။ ယင်းသတ်ဖြတ်မှုများကို မြန်မာ့တပ်မတော်က ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။ ၁၉၉၄ ခုနှစ် စာချုပ်အရ ဖွဲ့ စည်းသည့် “ပူးတွဲ” သည် ယင်းသတ်ဖြတ်မှုများအပေါ် မည်သို့ မျှ အရေးယူ ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိ။
သို့ ရာတွင် ကေအိုင်အို စစ်သားတဦးဖြစ်သူ ဒုတပ်ကြပ် ချမ်းယိမ်းအား မြန်မာ့တပ်မတော်က ထပ်မံ နှိပ်စက်၊ သတ်ဖြတ်ခြင်းပြုပြီးနောက်တွင်မူ ကေအိုင်အိုသည် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့ မှစ၍ ခုခံစစ်ကိုဆင်နွှဲရင်းတိုက်ပွဲ
များ ပြန်လည်ဖြစ်ပွားလာခဲ့သည်။
၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် ကေအိုင်အို တို့ ချုပ်ဆိုခဲ့သည့် အပစ်အခတ်ရပ်စဲရေး စာချုပ်၌ အကယ်၍ ဘက်တဘက်ဘက်၏ အရပ်သားအမှုထမ်းကဖြစ်စေ၊ စစ်သည်တဦးဦးက ဖြစ်စေ၊ တပ်ဖွဲ့ တခုခုက ဖြစ်စေ၊ ပြင်းထန်
သော လူ့ အခွင့်အရေးချိုးဖေါက်မှု သို့ မဟုတ် ပြစ်မှုတခုခုကို ကျူးလွန်ခဲ့သည်ရှိသော် ဥပဒေကြောင်းအရ အရေး ယူ
ဆောင်ရွက်နိုင်ရေး အတွက် နှစ်ဘက်လက်ခံသည့် တရားစီရင်ရေးယန္တယား တခုတည်ဆောက်ထားခြင်း၊ တိုင်တန်း နိုင်သည့် လုပ်ထုံးလုပ်နည်းကို ဖေါ်ပြသဘောတူထားခြင်း မရှိပါ။ စာချုပ်ပါသဘောတူညီချက်ကို ဖေါ်ဆောင်ရန် နှင့် တဘက်ဘက်က မလိုက်နာလျှင် အတင်းအကြပ်ပြုနိုင်သည့် အခွင့်အာဏာရှိသော အဖွဲ့ အစည်းလည်း မပါရှိ။ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးကို ချိုးဖေါက်လာလျှင် အရေးယူဆောင်ရွက်ရနှ်နှင့် တိုက်ပွဲများပြန်လည်ဖြစ်ပွားခြင်းမရှိစေရေး ထိရောက်စွာ ကြီးကြပ်ကွပ်ကဲရန်တို့ အတွက် (အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် ပြည်တွင်းစစ်ကို ဖြေရှင်းခဲ့စဉ်က ကဲ့သို့ ) အကြပ်အတည်းစီမံခန့် ခွဲရေးဘုတ်အဖွဲ့ [v]မျိုးကို လည်း စာချုပ် အရ တရားဝင်ဖွဲ့ စည်းတည်ထောင် ထားခြင်း လည်း မရှိပါ။

မြန်မာနိုင်ငံတွင် ၁၉၈၉ ခုနှစ်ကထဲက စတင်ခဲ့သော အပစ်အခတ်ရပ်စဲရေး ဖြစ်စဉ်များအတွင်း ယင်းသို့ သော ဖွဲ့ စည်းတည်ဆောက်မှုများ ကင်းမဲ့ခဲ့သဖြင့် တိုက်ပွဲ များ အလွယ်တကူပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နှစ်ပေါင်း (၂၆) နှစ်ကျော်ကြာလာသည့် ယခုအချိန်တွင် ပေါ်ထွက်လာသည့်စာချုပ် အတည်ပြု (မူကြမ်း) တွင်လည်း ဆက်လက် ကင်းမဲ့လျှက် ရှိနေဆဲဖြစ်ကြောင်းတွေ့ ရသည်။

၂၀၁၁ ခုနှစ် ဇွန်လ (၉) ရက်နေ့ တွင် ကေအိုင်အိုနှင့် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာခဲ့ပြီးနောက် ဒေသခံ
ကချင် နှင့် အခြားတိုင်းရင်းသားများသည် လူသတ်မှု၊ မုဒိန်းမှု၊ နှိပ်စက်ညှင်းပန်းမှု၊ ရွာများ ဘုရားရှိခိုးကျောင်းများ မီရှို့ ဖျက်ဆီးခံရမှု စသည့် လူ့ အခွင့်အရေးချိုးဖေါက်ပေါင်းများစွာ ကျူးလွန်ခံရသည့်အပြင် ပြည်တွင်းနေရပ် စွန့် ခွာ
တိမ်းရှောင်သူများ (IDP) အရေအတွက် တသိန်းကျော် ရှိ ခဲ့သည်။ ယခုလက်မှတ်ရေးထိုးချုပ်ဆိုမည့် အတည်ပြုမူ
ကြမ်းတွင်ပစ်ခတ်တိုက်ခိုက်မှုပြန်လည် ဖြစ်ပွား ခြင်းမရှိစေရန် ကာကွယ်နိုင်သည့် အခွင့်အာဏာရှိသော ယန္တယား
တစုံတရာမရှိဘဲ လွယ်လင့်တကူ လက်မှတ်ထိုး စာချုပ်ချုပ်ကြ မည် ဆိုလျှင် ၄င်းတို့ သည်မည်သို့ လျှင်နေရင်းရပ်ရွာ
သို့ ပြန်နိုင်ကြမည်နည်း။ စာချုပ်ကို ယုံကြည်၍ ပြန်ကြသူများ ရှိစေဦး လွယ်လင့်တကူလက်မှတ်ထိုး စာချုပ်ချုပ် လိုက်ကြ၊လွယ်လင့်တကူ ပြန်တိုက်လိုက်ကြ ဆိုပါလျှင် လူထုအများ ထိခိုက်နစ်နာဆုံးရှုံးမှုကြီးမားမည် သာမက ဥပဒေစိုးမိုးရေးမှာလည်း လှောင်ပြောင်ရယ်မောဘွယ်သာ ရှိနေပါမည်။

၂၀၁၁ ခုနှစ် ဇန်န၀ါရီလ (၁၂) ရက်နေ့ တွင် စစ်အစိုးရ နှင့် ကရင်အမျိုးသားအစည်းအရုံးတို့  ပြည်ထောင်စု အဆင့်မှာပင် လက်မှတ်ရေးထိုးခဲ့ကြပြီးနောက် သုံးနှစ်ကျော်လာခဲ့ပြီ ဖြစ်သော်လည်း နှစ်ဘက် သဘောတူညီချက် များအနက် မည်သည့်အရာတခုကိုမျှစစ်အစိုးရက မယ်မယ်ရရဖေါ်ဆောင်ပေးခြင်း မရှိသေးပါ။ ဖေါ်ဆောင်ရန် အတင်း အကြပ်ပြုနိုင်သည့် အခွင့်အာဏာရှိသော မည်သည့်အဖွဲ့ အစည်းမျှလည်း ရှိမနေပါ။

စစ်အစိုးရကဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့်ဥပဒေစိုးမိုးရေးနှင့်တိုင်းပြည်တည်ငြိမ်ရေးကော်မတီဟူသည်အားမည်သည့်အခွင့်အာဏာနှင့်လုပ်ပိုင်ခွင့်မျှအပ်နှင်းခြင်းမပြုဘဲဖွဲ့စည်းပေးလိုက်သဖြင့်မည်သည့်အရာတခုမျှထိထိရောက်ရောက်မလုပ်နိုင်သည်ကိုသာဓကယူသင့်ပါသည်။ယခု “ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ” ဟူသည်မှာလည်းအလားတူပင်။ဥပဒေစိုးမိုးရေးကော်မတီကထိထိရောက်ရောက်မလုပ်နိုင်သည်မှာမထောင်းတာ။ပူးတွဲစောင့်ကြည့်ရေးကော်မတီတွင်ညှိနိုင်းရုံအဆင့်မှလွဲ၍မည်သည့်အခွင့်အာဏာမျှမရှိ၊ထိထိရောက်ရောက်လုပ်နိုင်မည် မဟုတ်သဖြင့်စစ်ပွဲကြီးများပြန်လည်ဖြစ်ပွားမည်မုချဖြစ်သည်။

နောက်ထပ် ပစ်ခတ်တိုက်ခိုက်မှုများ မဖြစ်ပွားစေရေးတားဆီးနိုင်ရန် ကုလသမဂ္ဂ၊နိုင်ငံတကာနှင့်ပြည်တွင်း
လူထုအဖွဲ့အစည်းများပါဝင်စေလျှက်လွတ်လပ်သည့်ကြီးကြပ်ကွပ်ကဲရေးကော်မတီတခုဖွဲ့စည်းစေပြီးယင်း၏ဖွဲ့စည်းပုံနှင့်လုပ်ပိုင်ခွင့်အာဏာများကိုပါထည့်သွင်းချုပ်ဆိုနိုင်ရန်လိုအပ်သည်။ သို့ မှသာ(NCA) သည်အဓိပ္ပါယ်ရှိပြီးအသက်ဝင်ကာတိုင်းပြည်နှင့်လူထုအတွက်အကျိုးရှိပါမည်။ဤသည်မှာပထမအချက်ဖြစ်သည်။

ဒုတိယအချက်မှာ နိုင်ငံရေးမူဘောင် ချမှတ်ခြင်း၊ နိုင်ငံရေးဆွေးနွေးပွဲကျင်းပခြင်း တို့ နှင့် ဆိုင်သည်။ (NCA)ကို လက်မှတ်ထိုးပြီးမှ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ချမည်ဆိုသည်မှာ နွားရှေ့ ထွန်ကျူးဖြစ်နေသည်။ ယင်းအဆင့်၌မူဘောင်ကို သဘောမတူညီလျှင် မည်သို့ ဆက်လက်ဆောင်ရွက်ကြမည်ဟူသည်ကို အတည်ပြုမူ
ကြမ်း၌ မည်သို့ မျှ မတွေ့ ရ။ အဖြစ်နိုင်ဆုံးမှာ မူဘောင်မှန်သမျှအား ၂၀၀၈ ဖွဲ့ စည်းပုံနှင့် အကြုံးဝင်အောင် ဆွဲထား
သည်ကို အငြင်းမပွားဘဲလက်ခံကာ ဟန်ပြနိုင်ငံရေးဆွေးနွေးပွဲကြီးသို့ ဆက်လက်ချီတက်ကြရုံသာရှိမည်။ အတည်ပြု မူကြမ်း အပုဒ် ၂၁ (ခ) အရ ရက်ပေါင်း (၆၀) အတွင်းဆွေးနွေးသော်လည်း အငြင်းပွားမှုများပေါ်ပေါက်လာမည်ဆိုလျှင် မူဘောင်ကို သဘောမတူနိုင်ပါက စာချုပ်ပျက်ပြယ်ကြောင်း (Sunset Clause) လည်းမပါရှိ။ ၂၀၀၈ ဖွဲ့ စည်းပုံကျောရိုး အပေါ်တွင် အခြေပြုထားသည့် မူဘောင်ကို လက်မခံဘဲ ကျောခိုင်းသွားမည်ဆိုပြန်လျှင်လည်းစာချုပ်ကို စတင်ချိုး
ဖေါက်သည့် ငမိုက်သားအနေဖြင့်လည်းကောင်း၊ ငြိမ်းချမ်းရေးကို မလိုလားသည့် အကြမ်းဘက် အဖွဲ့ အနေဖြင့်လည်း
ကောင်း စွပ်စွဲခံရကာ နိုင်ငံရေးအရအထီးကျန်ပြု၊ စီးပွားရေးအရ ပိတ်ဆို့ ၊ စစ်ရေးအရ အပြတ်အတိုက် ခံ၇မည့်
အန္တရယ် တို့ ကို ရင်ဆိုင်ရဘွယ် ရှိသည်။

လက်ရှိအတည်ပြုမူကြမ်းအရသာ (NCA)ကိုလက်မှတ်ထိုးလိုက်မည်ဆိုပါက ဆီပူအိုးထဲ အထည့်ခံလိုက်ရ
သော ငါးအရှင်တကောင်ကဲ့သို့ ပင်။ ဆီပူလှချည်ရဲ့  ဟူ၍ မီးပုံထဲ ခုန်ဆင်းလျှင်လည်း မီးတွင်းထဲမှာပင် အသက်ဆုံးရှုံး
ပါမည်။

ဤသည်ကို ကျော်လွှားရန်မှာ နွားကို ထွန်ရှေ့ သို့ ပြန်ပို့ လိုက်ရုံပင်။ ဆိုလိုသည်မှာ ကျောရိုးကျသည့် နိုင်ငံရေး အခြေခံသဘောတူညီချက်အချို့ တို့ အား နိုင်ငံရေးဆွေးနွေးမှု မူဘောင်အနေဖြင့် အလျင်ဦးစွာဆွေးနွေး သဘောတူညီချက်ယူပြီးမှသာ (NCA)ကိုလက်မှတ်ထိုးရန်ဖြစ်သည်။ ယင်းမှာ တန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်
အတွက် နှစ်ပေါင်းများစွာ အဆက်မပြတ်တိုက်ပွဲဝင်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့ အစည်း
များ တောင်းဆိုရယူသင့်သည့် နိုင်ငံရေးအခွင့်အရေးပင်။ ယင်းသို့ ရရှိလာသည့် ကျောရိုးကျသည့် နိုင်ငံရေး အခြေခံ
သဘောတူညီချက်အချို့ တို့ ကို မထိပါးစေဘဲ အားလုံးပါဝင်ခွင့်ရသည့် နိုင်ငံရေးဆွေးနွေးပွဲတွင် တိုးချဲ့ ပြီး ကျယ်ကျယ် ပြန့် ပြန့် ဆွေးနွေးသဘောတူညီမှုရယူကြမှသာ တိုင်းပြည်နှင့် လူထုအတွက်အကျိုးရှိနိုင်ပါမည်။

တတိယမှာ ဖက်ဒရယ်ပြည်ထောင်စု နှင့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်အား အဓိပ္ပါယ်ဖွင့်ဆိုခြင်းနှင့် ဆိုင်သည်။ အတည်ပြုမူကြမ်း အခန်း(၁) အပိုဒ် (၁) (က)တွင် “---ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်
ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက် အပြည့်အ၀ရှိသော ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်တို့ ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များ နှင့် အညီ တည်ဆောက်သွားရန် --” ဟူသည်မှာ ၂၀၁၄ ခှုနှစ် စက်တင်္ဘာက ရရှိခဲ့သည့် စတုတ္ထမူကြမ်းအတိုင်း ဖြစ်နေသည်။ ထူးခြားတိုးတက်မှု စိုးစဉ်းမျှမရှိ။ အဘယ်ကြောင့် NCCT ခေါင်းဆောင်များက လက်ခံလိုက်သည်ကို စဉ်းစား၍မရ။ ၂၀၀၈ ဖွဲ့ စည်းပုံသည် ယင်းပြည်ထောင်စုမျိုး ဖြစ်ပြီး နေပြီဖြစ်ကြောင်း ဦးရွှေမန်းက လွှတ်တော်အတွင်းကပြောနေသလို ဦးအောင်မင်းကလည်း လွှတ်တော်အပြင်တွင် အလျှဉ်းသင့်သည့်အခါတိုင်း ပြောကြားလျှက်ရှိသည်။

ယူအန်အက်ဖ်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက သမ္မတဦးသိန်းစိန်ထံ ၂၀၁၅ ခုနှစ်ဇန်န၀ါရီလ ၁၈ ရက်နေ့ကပေးပို့ သည့် ကမ်းလှမ်း စာတွင်“ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကို ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူ
ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက် အပြည့်အ၀ရှိသည့် အမျိုးသားပြည်နယ်များကိုအခြေခံ၍ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် သဘောတူကြသည်။” ဟု ထည့်သွင်းချုပ်ဆိုလိုကြောင်း ပါရှိခဲ့သည်။[vi]ခြားနားချက်မှာ အမျိုးသားပြည်နယ်များကို အခြေခံ၍ ဟူသော ဝေါဟာရဖြစ်သည်။ ဗမာ (မြန်မာ) ပြည်နယ်အပါအ၀င် အမျိုးသားပြည်နယ် များကိုအခြေခံပြီး ဖက်ဒရယ်ပြည်ထောင်စု ကို ဖွဲ့ စည်းသင့်ကြောင်းမှာ တိုင်းရင်းသားအဖွဲ့ အစည်းများက ယခုမှ အသစ်တင်ခြင်းမဟုတ်။ ၁၉၆၁ ခုနှစ်တောင်ကြီးညီလာခံကထဲက အဆိုပြု
ခဲ့သည့် ဖက်ဒ၇ယ်မူ ဖြစ်သည်။ အမျိုးသားပြည်နယ်အားလုံးအကြား တန်းတူရေးကို ဖေါ်ဆောင်ရန် ဦးတည်တောင်း
ဆိုခဲ့ကြခြင်းပင်။

ခုရှုတ်မှ နောင်ရှင်းဆိုသော စကားရှိသည်။ ယင်းအပေါ်တွင် သဘောတူညီချက် တိတိကျကျရမထားပါဘဲ
လျှက် ဖက်ဒရယ်ဟူသော အသံကလေးမြည်ပေးရုံဖြင့် (NCA)ကိုလက်မှတ်ထိုးကာ နိုင်ငံရေးဆွေးနွေးပွဲဟူသည်သို့ 
ချီတက်ကြမည်ဆိုလျှင် ဒုတိယအကြိမ်အမျိုးသားညီလာခံထက် ပိုနိုင်ဘွယ်မရှိပါ။ ပထမ အကြိမ်က ၁၅ နှစ်မျှကြာခဲ့
သဖြင့် ဒုတိယအကြိမ်တွင်မူ အနည်းဆုံးနှစ်ပေါင်း ၃၀ အချိန်ဆွဲသွားပါမည်။ ယခုအခါ၌စစ်အစိုးရသည် ငြိမ်းချမ်းရေး
ကို အကြောင်းပြလျှက် ဥရောပသမဂ္ဂ နှင့် နော်ဝေမှသာမက ဂျပန်နိုင်ငံမှပါ ငွေကြေးအလုံးအရင်း အကူအညီများရ
နေပြီ ဖြစ်သောကြောင့် လူတထောင်ခန့် တက်မည့် ဆွေးနွေးပွဲကြီးအား စားနပ် ရိက္ခာ ကွမ်း ဆေး လက်ဖက်များ ထောက်ပံ့ကာ နှစ်ရှည်ဆွဲပြီး ကျင်းပသွားရန် မခဲယဉ်းတော့ပါ။ ငြိမ်းချမ်းရေးသည် စီးပွားရေးလုပ်ငန်းကြီးတခု သဘွယ် ဖြစ်လာလျှက်ရှိခြေပြီ။

အမျိုးသားပြည်နယ်များကို အခြေခံ၍ ဟူသော ဝေါဟာရပါရှိသည့် စစ်မှန်သော ဖက်ဒရယ်မူ၏ ဖွင့်ဆိုချက် ကို စစ်အစိုးရက မသိကျိုးကျင်ပြုထားလိုက်သောအခါယူအင်န် အက်ဖ်စီ ဒုဥက္ကဌ ဖြစ်ပြီး NCCT ၏ ဥက္ကဌလည်းဖြစ်သူ နိုင်ဟံသာက “ဖက်ဒရယ်ကိုအပေါ်ယံလောက်ဘဲ အစိုးရက လက်ခံတယ် ဆိုတာ ပေါ်သွားပြီ။” ဟု ထောက်ပြခဲ့သည်။ အပေါ်ယံလောက်ဘဲ လက်ခံထားသည့် စတုတ္ထမူကြမ်းပါ စာသားအတိုင်းကိုပင် အတည်ပြုမူကြမ်းအဖြစ် NCCT က လက်ခံလိုက်ပြန်ပြီ ဆိုသောအခါ တိုင်းရင်းသားခေါင်းဆောင်များ၏နိုင်ငံရေးရပ်တည်ချက်ကို စဉ်းစားရခက်လာသည်။

ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် ဆိုသည်မှာ လာခြင်းကောင်းသော လူကလေးဖြစ်သော်လည်းတိမ်ကြား
မင်းခေါင်အဖြစ် ငှက်ပျောတောထဲ ပြန်ဝင်သွားမှာ စိုးရိမ်ရသည်။အတည်ပြုမူကြမ်း အပုဒ် (၁) (ဂ)တွင် “တိုင်းရင်းသား လူမျိုးပေါင်းစုံ ပူးပေါင်းပါဝင်သော ပြည်ထောင်စု တပ်မတော်ဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံရေး တွေ့ ဆုံဆွေးနွေးပွဲများ တွင် ထည့်သွင်းဆွေးနွေးသွားရန်” ဟူ၍ဖေါ်ပြထားချက်အရ ဖက်ဒရယ်ဝေါဟာရပျောက်သွားသည့်အပြင်တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်ရုံမျှဖြင့် ပြည်ထောင်စုတပ်မတော် ဟု သတ်မှတ်ရတော့မည့် သဘောဆောင်သည်။ “မြန်မာ့တပ်
မတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သည့် တပ်မတော်ဖြစ်သည်။” ဟူ၍ ကာချုပ်မင်းအောင်လှိုင် ထပ်ခါ
တလဲလဲ ပြောကြားနေသော စကားစုကို အတည်ပြုမူကြမ်းက ထင်ဟပ်လိုက်ခြင်းမှလွဲ၍ ဖက်ဒရယ်ပြည်ထောင်စုတပ်
မတော် အတွက် မည်သည့်အခြေခံတခုမျှမရ။

ဂေါတမမြတ်စွာဘုရားရှင်သည် ပြည်သူလူထုကို ထင်ဟပ်သည်။ မြန်မာ့တပ်မတော်သည် နန္တောပနန္တနဂါး နှင့် အလားသဏ္ဍာန်တူသည်။ ဘုရားရှင်ကိုပင်ရန်ပြုသော နန္တောပနန္တနဂါးအား မေတ္တာသုတ်ရွတ်ရုံဖြင့် ဆုံးမ၍မရ။ တန်ခိုး
တော်တွင် ဧတဒဂ်ရသောရှင်မောဂ္ဂလန်က နန္တောပနန္တထက်ပိုကြီးသော နဂါးမင်းကြီးအသွင်ဖန်ဆင်းကာ အထက်မှ စီးမိုးပြီး၎င်းထက်သာလွန်သည့် တံခိုးစွမ်းအားပြလိုက်သောအခါမှ နန္တောပနန္တ မာန်စွယ်ကျကာ ငြိမ်ဆင်း သွားရသည်။

ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်အား နန္တောပနန္တထက်ပို၍ တံခိုးစွမ်းအားမြင့်မားသော နဂါးမင်းကြီး အဖြစ်တည်ဆောက်ရန်လိုပါမည်။ တိုင်းရင်းသားပြည်သူလူထုများ ဘ၀ရပ်တည်မှုပျက်ပြားအောင် လူထု၏မြေအမျိုး
မျိုးကို သိမ်းယူ၊ မြန်မာ့ဦးပိုင်စီးပွားရေးကုမ္ပဏီထောင်ပြီး တိုင်းရင်းသားလူထုပိုင်သဘာဝသယံဇာတများအား နိုင်ငံခြား
ကုမ္ပဏီကြီး များ၊ ပြည်တွင်းမှ ခရိုနီများနှင့် ခွဲဝေခံစား၊ တိုင်းရင်းသားလူထုများအပေါ် စစ်ရာဇ၀တ်မှု နှင့် လူသားဆန့် 
ကျင်ပြစ်မှုများ ဆက်လက်ကျူးလွန်၊ လယ်သမားများနှင့် ကျောင်းသားများအားအကြမ်းဘက်ဖိနှိပ် ထောင်တွင်း ပို့ 
ခြင်းများပြု၍ ကြမ်းခြင်တိုင်း ကြမ်းလျှက်ရှိသော စစ်ခေါင်းဆောင်ဟောင်း သစ်များ မာန်စွယ်ကျိုးသွားအောင် လူထုစွမ်း
အားဖြင့် ဖြိုချရန်ကြိုးပမ်းသည့် အချိန်တွင် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်သည် ထိရောက်စွာထောက်ကူပံ့ပိုးပေး
ဘို့ လို ပါမည်။

သို့ ရာတွင် ယခုအတည်ပြုမူကြမ်းကို ထပ်မံပြုပြင်ခြင်းမရှိဘဲ လက်မှတ်ထိုးလိုက်မည် ဆိုပါက ဖက်ဒရယ်
ပြည်ထောင်စု တပ်မတော်သည် နန္တောပနန္တနထက် တန်ခိုးစွမ်းအားပိုမိုမြင့်မားသော နဂါးမင်းကြီးဖြစ်မလာဘဲ တီကောင်ဘ၀သို့ သာ ကျရောက်သွားမည်ကို စိုးရိမ်ရဘွယ်ရှိသည်။ အဘယ်ကြောင့်ဆိုသော် NCA ကို လက်မှတ်ထိုး
ပြီးနောက် နှစ်ပေါင်းများ စွာ ကြာအောင်အချိန်ယူတော့မည့် နိုင်ငံရေးဆွေးနွေးပွဲကြီးအတွင်းစစ်မှန်သည့်တိုင်းရင်းသား
တော်လှန်ရေးတပ်များ ရပ်တည်၊ ရှင်သန်၊ ကြီးထွားခွင့်ရစေမည့် မည်သည့်အခြေခံကောင်းတခုမျှ အတည်ပြုမူကြမ်း
တွင် မပါဝင်သောကြောင့်ဖြစ်သည်။ ယခုအတည်ပြုမူကြမ်းသက်သက်အရဆိုလျှင် စစ်မှန်သည့် တိုင်းရင်းသား တော်
လှန်ရေးတပ်များ လုံးပါးပါးသွားစေပြီး ဖေါက်ပြန်သည့် တိုင်းရင်းသားခေါင်းဆောင်များသာ စစ်အစိုးရနှင့် ပေါင်းကာ စီးပွားဖြစ်သွားစေနိုင်သည့် အလားအလာများကို တွေ့ မြင်နေရသည်။

အတည်ပြုမူကြမ်းတွင် လက်မခံသင့်ဆုံး သဘောတူညီချက်နှစ်ပိုဒ်ရှိသည်။ အပုဒ် ၂၀ (စ) အရ နိုင်ငံရေး လမ်းပြမြေပုံကို လည်းကောင်း အပုဒ် ၂၆ အရ ဤစာချုပ်တခုလုံးအားလည်းကောင်း ပြည်ထောင်စု လွှတ်တော်သို့ 
တင်သွင်း၍ အတည်ပြုချက်ယူရမည်ဟု ဆိုသည်။ ၄င်းသဘောတူညီချက်များမှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ 
အစည်းများအား ၂၀၀၈ ဖွဲ့ စည်းပုံ၏ ဘောင်အတွင်းသို့ ဆွဲသွင်းလိုက်ခြင်းဖြစ်သည်။ ယင်းတို့ ကိုလက်ခံလိုက်လျှင် ဒီမိုကရေစီ အတုအယောင်သာရပြီး မည်သည့်အခါတွင်မျှ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု မတည် ဆောက်နိုင်
သည့် ၂၀၀၈ ဖွဲ့ စည်းပုံအား အားဖြည့်ပေးလိုက်ရာရောက်သည်။ ပို၍ ဆိုးသည်မှာ မြန်မာစစ်တပ်စစ်ခေါင်းဆောင်များ ပါဝင်ဆွေးနွေးရရှိထားသည့် သဘောတူညီချက်အား မြန်မာစစ်တပ်စစ်ခေါင်းဆောင်များပင် လေးပုံတပုံပါဝင် နေသည့် လွှတ်တော်သို့ ပင် တင်သွင်းပြီး အတည်ပြုချက်တောင်းခံရဦးမည်ဟူသည်မှာ “နှစ်ထပ်ကွမ်း တင်စီးလွန်း” ရာရောက် သည်။
အဆိုးဆုံးမှာ စာချုပ်၏ ခိုင်မာမှုဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်က အတည်မပြုပါက နိုင်ငံရေးလမ်းပြ
မြေပုံရော စာချုပ်တခုလုံးပါ ပျက်ပြယ်တော့မလို ဖြစ်နေသည်။ မြန်မာစစ်ခေါင်းဆောင်များ လက်ခုပ်ထဲက ရေလို ဖြစ်နေသည်။ ဤကဲ့သို့ တိကျသေချာမှု စိုးစဉ်းမျှမရှိသော အတည်ပြုမူကြမ်း ဟူသည်ကို လက်မှတ်ရေးထိုး ချုပ်ဆိုမည် ဆိုပါက စာချုပ်မှာအလွယ်တကူပြန်လည် ပျက်စီး၊ လက်မှတ်ထိုးသော အဖွဲ့ များမှာလည်း သိက္ခာကျ၊ ဥပဒေစိုးမိုးရေး ကိုလည်းထိခိုက်ပါမည်။

သို့ ရာတွင် နိုင်ငံရေးအရ ရိုးသားသောတိုင်းရင်းသားခေါင်းဆောင်များ၏ ကြိုးပမ်းမှုသည် အလဟသ မဖြစ်ပါ။ ၂၀၁၅ ခုနှစ် မတ်လ (၃၁) ရက်နေ့ က ပေါ်ထွက်လာသည့် အတည်ပြုမူကြမ်းတွင် အားနည်းချက်ပေါင်းများစွာတွေ့ ရ
သော်လည်း ၂၀၁၃ ခုနှစ် နိုဝင်္ဘာလ ၄ ရက်နေ့ က စစ်အစိုးရတင်သွင်းလိုက်သော စာချုပ်မူကြမ်းနှင့်နိုင်းယှဉ်လျှင် များစွာ တိုးတက်ကောင်းမွန်လာကြောင်း တွေ့ နိုင်သည်။ဤအတည်ပြုမူကြမ်းကို လက်မှတ်မထိုးသေးဘဲ နောက် တဆင့် တက်ကာဘက်နှစ်ဘက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပခွင့်ရစေရန် ကြိုးပမ်းကြလိမ့်မည်ဟု မြှော်လင့်သည်။
ယင်းတွင် ငြိမ်းချမ်းရေး ဆိုင်ရာ အခြေခံကျောရိုးကျသည့် သဘောတူညီချက်များ အရင်ဦးစွာရအောင် ဖေါ်ဆောင်ပြီး မှ ခိုင်မာသည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်ကိုလက်မှတ်ထိုးချုပ်ဆိုခြင်းဖြင့် နွားက လှည်းကို ဆွဲသည့် လုပ်ငန်းစဉ် မှန် ပေါ်လာကောင်း ပေါ်လာနိုင်ပါသည်။ စောင့်ကြည့်ရပါမည်။

အတည်ပြုမူကြမ်းသည်ပင်လျှင် အားနည်းချက်ပေါင်းများစွာ တွေ့ နေရသည်။ the Deed of Commitment (DoC)ပိုင်းဖြတ်ချက် စာချုပ်ဟူသည်မှာ ဥပဒေအရရော နိုင်ငံရေးအရပါ မည်သည့် အနှစ်သာရမျှ မရှိပါ။ ဥပဒေအရ ဆိုလျှင် ဘက်တဘက်ဘက်မှ မလိုက်နာပါ အတင်းအကြပ်အတည်ပြုနိုင်မည့် စွမ်းအား[vii] လုံးဝကင်းမဲ့ နေ၍ ဖြစ်သည်။ စစ်အစိုးရက သဘောကောင်း၍ ပေးလျှင်ရမည်။ မပေးလျှင် ယင်းစာချုပ်ကို ကိုင်၍ အရေးဆိုနိုင်ဘွယ်မရှိ။ စာချုပ် သည် ဥပဒေအရ စက္ကူစုတ် မျှသာ ဖြစ်ပါမည်။ နိုင်ငံရေးအရ ပင်လုံစာချုပ်ထက် ပိုမိုကောင်းမွန်သည့် ပိုင်းဖြတ်ချက် စာချုပ် မြန်မာနိုင်ငံတွင် နောက်ထပ်ပေါ်နိုင်ဘွယ်မရှိ။ သို့ ဖြစ်၍ ဦးသိန်းစိန်စစ်အစိုးရ ကမကထ ပြုပြီး တဖွဲ့ ပြီးတဖွဲ့ 
လက်မှတ်ထိုး ရန် သွေးဆောင်ကြိုးပမ်းလျှက်ရှိသော ပိုင်းဖြတ်ချက် စာချုပ် ဟူသည်မှာလည်း ပင်လုံစာချုပ်၏ ခြေဖျားမျှပင်မှီနိုင်ဘွယ်မရှိ။ နိုင်ငံရေးတန်ဘိုးအရလည်းသုည သာ ဖြစ်သည်။

ဦးအောင်ထူး (လူ့ အခွင့်အရေးရှေ့ နေ)
ဥပဒေအထောက်အကူပြုကွန်ရက် တည်ထောင်သူ မေလ (၂) ရက် ၂၀၁၅ ခုနှစ်