ondragstart="return false" onselectstart="return false"

Friday, February 27, 2015

တအောင်းဒေ တိုက်ပွဲဆက်လက်ဖြစ်ပွား

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်

တအာင်းဒေသ၊ နမ့်ခမ်းမြို့နယ်၊ ပန်ဆေးဒေသတွင် ယနေ့ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၀၈း၁၅ နာရီမှ ၀၉း၀၀ နာရီအချိန်ထိဖြစ်ပွားခဲ့ပြီးနောက် ၁၁း၀၀နာရီအချိန်မှ ယခုအချိန်ထိ တအာင်းတပ်မတော် တပ်မဟာ(၁) လက်အောက်ခံ တပ်ရင်း (၄၃၄/၆၈၃)နှင့် မြန်မာ့တပ်မတော် တပ်မ(၈၈/၆၆)၊ ပန်ဆေးပြည်သူ့စစ် အဖွဲ့တို့နှင့် ထပ်မံ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထိုဒေသတွင် ယနေ့ ဒုတိယအကြိမ်မြောက် တတိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်
တအာင်းဒေသ၊ နမ့်ခမ်းမြို့နယ်၊ ပန်ဆေးဒေသ၊ ပန်မောဝ်ကျေးရွာအနီးတွင် ယနေ့ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၀၈း၁၅ နာရီမှ ယခုအချိန်ထိ တအာင်းတပ်မတော် တပ်မဟာ(၁) လက်အောက်ခံ တပ်ရင်း (၁၀၁)နှင့် မြန်မာ့တပ်မတော် တပ်မ(၈၈/၆၆)၊ ပန်ဆေးပြည်သူ့စစ် အဖွဲ့တို့နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲတွင်နှစ်ဘက်ထိခိုက်ကျဆုံးမှုမသိရှိရသေးပါ။ တိုက်ပွဲနောက်ဆက်တွဲသတင်းအား ဆက်လက်တင်ပြသွားပါမည်။
ထိုဒေသတွင် တအာင်းတပ်မတော် ဘိန်ခင်းများဖျက်ဆီးနေစဉ် မြန်မာ့တပ်မတော်နှင့် ပန်းဆေးပြည်သူ့စစ် အဖွဲ့မှ တအာင်းတပ်မတော်အား စတင်ပစ်ခတ်ရာမှ နှစ်ဘက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွား ရခြင်းဖြစ်သည်။
ထိုဒေသတွင် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် တစ်ကြိမ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ၂ ကြိမ် ထိတွေ့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ထပ်မံ ထိတွေ့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်သည်။
ပန်းဆေးဒေသ၊ ဘိန်းခင်းများ ဖျက်ဆီးနေသည့် တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော် နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွား
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်

တအာင်းဒေသ၊ နမ့်ခမ်းမြို့နယ်၊ ပန်ဆေးဒေသ၊ ပန်ဆေးရွာအနီးတွင် ယနေ့ဖေဖော်ဝါရီလ ၂၆ ရက် ညနေ ၁၅း၃၀ နာရီမှ ၁၆း၄၅ အချိန်ထိ တအာင်းတပ်မတော် တပ်မဟာ(၁) လက်အောက်ခံ တပ်ရင်း (၄၇၈)နှင့် မြန်မာ့တပ်မတော် တပ်မ(၈၈/၆၆)၊ ပန်ဆေးပြည်သူ့စစ် အဖွဲ့တို့နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထို့နောက် တာကွန့်ကျေးရွာနှင့် ပန်းဆေးရွာ အကြားတွင်လည်း ညနေ ၁၆း၀၀ နာရီမှ ၁၆း၄၅ အချိန်ထိ တအာင်းတပ်မတော် တပ်မဟာ(၁) လက်အောက်ခံ တပ်ရင်း (၆၃၈)နှင့် မြန်မာ့တပ်မတော် တပ်မ(၈၈/၆၆)၊ ပန်ဆေးပြည်သူ့စစ် အဖွဲ့တို့နှင့် ထပ်မံပြီး ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲတွင်နှစ်ဘက်ထိခိုက်ကျဆုံးမှုမသိရှိရသေးပါ။ တိုက်ပွဲနောက်ဆက်တွဲသတင်းအား ဆက်လက်တင်ပြသွားပါမည်။
တအာင်းဒေသအတွင်း၊ တအာင်းတပ်မတော်သည် ဘိန်းစိုက်ရာသီတွင် ဘိန်ခင်းများ နှစ်စဉ် ဖျက်ဆီးလျှက်ရှိရာ ယခု ၂၀၁၅ ခုနှစ်တွင်လည်း ဇန်န၀ါရီလ ဒုတိယပတ်မှစတင်ဖျက်ဆီးခဲ့ရာ ဇန်န၀ါရီလတတိယပတ်တွင် မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဇန်န၀ါရီလ ၂၆ ရက်နေ့တွင် ဘိန်းခင်းဖျက်ဆီးခြင်း ရပ်နားခဲ့ရသည်။ ယခုလ ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် ယာယီရပ်နားထားသော ဘိန်းခင်းဖျက်ဆီးခြင်းလုပ်ငန်းများအား ဆက်လက်ဖျက်ဆီးခဲ့ရာ နမ့်ခမ်းမြို့နယ်၊ ပန်းဆေးဒေသ အရောက်တွင် တအာင်းတပ်မတော် ဘိန်းခင်းဖျက်ဆီးနေစဉ် မြန်မာ့တပ်မတော်နှင့် ပန်းဆေးပြည်သူ့စစ် အဖွဲ့မှ တအာင်းတပ်မတော်အား စတင်ပစ်ခတ်ရာမှ နှစ်ဘက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွား ရခြင်းဖြစ်သည်။
ထိုဒေသတွင် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် တစ်ကြိမ်ထိတွေ့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ၂ ကြိမ်ထပ်မံ ထိတွေ့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်သည်။
သတင်နှင့်ပြန်ကြားရေးဌာန
PSLF/TNLA



No comments:

Post a Comment