ondragstart="return false" onselectstart="return false"

Thursday, February 19, 2015

ယနေ့လောက်ကိုင်ဒေသ၊ ကုန်းကြမ်းမြို့နယ်အတွင်း တအာင်းတပ်မတော်(TNLA)၊ (MNDAA)၊ (AA)တပ်ပေါင်းစုနှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွား

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်

လောက်ကိုင်ဒေသ၊ ကုန်းကြမ်းမြို့နယ်အတွင် ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက် နံနက် ၀၈း၀၀ နာရီတွင်တစ်ကြိမ်၊ ၀၈း၃၀ နာရီတွင်တစ်ကြိမ် အာင်းတပ်မတော်(TNLA)၊ (MNDAA)၊ (AA)တပ်ပေါင်းစုနှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲတွင် နှစ်ဘက်ထိခိုက်ကျဆုံးမှု မသိရှိရသေးပါ။ တိုက်ပွဲ နောက်ဆက်တွဲ သတင်းအား ဆက်လက်တင်ပြ သွားပါမည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

လောက်ကိုင်မြို့နယ်ရှိ တအာင်း(ပလောင်)လူထုအား မြန်မာ့တပ်မတော်မှ ဖမ်းဆီးရိုက်နက် သတ်ဖြတ်
၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်

လောက်ကိုင်မြို့နယ်၊ ထင်ပါကျိုင်းကျေးရွာအုပ်စု၊ မန့်ဆိုင်(နားဆိုင်) ကျေးရွာသို့ မြန်မာ့တပ်မတော်မှ ဖေဖော်ဝါရီလ ၁၇ ရက်တွင် ၀င်ရောက်ပြီး လူနေအိမ်အတွင်းရှိ ပစ္စည်းများ လုယူသွားခြင်း၊ (၁၈)ရက်နေ့တွင် အဆိုပါကျေးရွာအတွင်း၌ နေထိုင်လျှက်ရှိသော တအာင်း(ပလောင်) ကျေးရွာလူထုအား စတင်ဖမ်းဆီးစစ်ဆေးရိုက်နက် ခြင်း၊ ကျေးရွာအတွင်းတွေ့ရှိသည့် အပြစ်မဲ့လူထုများအား အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်လျှက်ရှိသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA


No comments:

Post a Comment