ondragstart="return false" onselectstart="return false"

Friday, March 25, 2011

“ရာဇ၀င်များရဲ့ သတိုးသမီး ဧရာဝတီ” - ဒီတခါ "ကုလား" ကို ဆရာတင် အတုယူကြပါ

ကိုထူးအိမ်သင် ရဲ့ နာမည်ကြီး သီချင်းလေး တစ်ပုဒ်ဖြစ်တဲ့ “ရာဇ၀င်များရဲ့သတိုးသမီး ဧရာဝတီ” ဆိုတဲ့ သီချင်းလေး ဧရာဝတီ ဘလောမှ တင်ထားတာတွေ့ လို့ သွားဆွဲယူလာတာပါ။ ကိုယ်ပိုင်သံစဉ်လေးမို့  IRON CROSS အဖွဲ့ ဟာ နိုင်ငံတကာပွဲတိုးတဲ့အချိန် မှာ ဒီသီချင်းလေးကို ပွဲထုတ်လေ့ရှိပါတယ်။
ယခု Live Show မှတ်တမ်းလေးက IC ရဲ့ ဂျပန် နိုင်ငံမှ အမှတ်တရကြီးပေါ့….

မြန်မာပြည် ဂီတဘုရင် စောဘွဲ့ မူးရဲ့ အရိုက်အရာကို ဆက်ခံတဲ့ ဂီတသူရဲကောင်း ချစ်စမ်းမောင် က lead ဂီတာကို လက်စွမ်းပြ တီးခတ်သွားပါတယ်။ ကရင်အမျိုသား ချစ်စမ်းမောင် နိုင်ငံတကာပွဲတွေမှာ ကရင်အမျိုးသား အကျီ င်္ဝတ်ပြီး တီးခတ်သွားတာ မြင်တွေ့ လိုက်ရတာ ပထမ ဆုံးအကြိမ်ပါ။ ချင်းအမျိုးသား ဆလိုင်းခင်မောင်သန့် လည်း Base ဂီတာကို အပြတ်ဆွဲရင်း ကိုလေးဖြူက "ရာဇ၀်များရဲ့ သတိုးသမီး ဧရာဝတီ" ဆိုတဲ့ သီချင်းကို အပြတ် ဟစ်နေတဲ့ မြင်ကွင်းလေးပေါ့….

IC အဖွဲ့ သားအားလုံးကို ဒီနေရာမှာ လေးစားပါတယ်…..

ဒီနေရာမှာ တစ်ခုပဲပြောချင်တယ်ဗျာ.............
အားအားနေရင် ကုလားကို ဆဲ ပြီး မကောင်းတဲ့ဖက်မှာ တံဆိပ်ခပ်ပြီး အမြဲတမ်းပြောနေတဲ့ သူတွေကို ပြောချင်ပါတယ်… “နိုင်း”မစ်ရေ ကို သောက်တဲ့ “ကုလား” တွေ အချိန်တို တစ်ခုအတွင်းမှာ အောင်ပွဲ ခံပြီးသွားပါပြီ..
ဒါပေမယ့် "ဧရာဝတီ" မြစ်ရေ ကို သောက်တဲ့ “ဗမာ” တွေ ခုချိန်ထိ လေပဲ ကန်နေတယ်။ နှစ် ၂၀ ကျော်ပြီ အလုပ်မဖြစ်ဘူး… ကုလားတွေလို သတ္တိလည်းမရှိဘူး၊ အသေလည်းမခံရဲဘူး…….
အားအားနေရင် ကုလားဆိုရင် အကောင်းမြင်နည်းတဲ့ သူတွေ ဒီတစ်ခါ ကုလားတွေကို ဆရာတင်ပြီး အတုယူသင့်ပြီလို့  ပြောချင်တယ်။ အီဂျစ် နိုင်ငံက ဒီမိုကရေစီ အရေးတော်ပုံအောင်မြင်မှုဟာ ကုလားတွေ မင်းတို့ ကို ပေးတဲ့ သင်္ခန်းစာပဲ…………

အမြင့်ခုန် ဝေနင်းပွင့်သုန် ကို ဒီမိုအုပ်စုတွေက ဒုတိယ ဒေါ်အောင်ဆန်းစုကြည်လို့ တင်စားပြောနေချိန်မှာ နအဖ ဘက်တော်သားနဲ့  စစ်ဗိုလ်တွေက “ကုလားမ” ဆိုပြီး တပြားမတန် ပက်ပက်စက်စက် ပြောနေတာတွေ အင်တာနက်မှာ မမြင်ချင်အဆုံးပါ။
ဒါပေမယ့် နအဖ မြောက်စားထားတဲ့ ဘုန်းကြီးတပါးက အိုးကြီးအိုမတွေကို ခေတ်ပေါ်သီချင်းနဲ့ ကခိုင်းပြီး အဆိပ်တွေထုတ်မယ်.. ဆိုတဲ့ဘုန်းကြီး အလည့်မှာတော့.. ဗမာစစ်စစ်ဖြစ်တဲ့ ထို ဘုန်းကြီးတပါးကို ဒီမိုအုပ်စုက “ကုလားဘုန်းကြီး” ဆိုပြီး အထင်ကရ ဒီမိုဘလော့ တိုင်းမှာ ခေါင်းစီးတင်ပြီး အပုပ်ချ သတင်းဖေါ်ပြတာတွေ့ ရတယ်.. ဗမာဘုန်းကြီးက ကုလားဘုန်းကြီး ဖြစ်သွားပါလေရော...(တတ်လည်းတတ်နိုင်ကြတယ်နော် - ဒေါက်တာဇာနည်ပြောတဲ့ မင်းတို့ ကိုယ်ပေါ်မှာ ရှိနေတဲ့ မကောင်းဆိုးဝါးဟာ ပေါပေါ့သေးသေးတော့မဟုတ်ဘူး)……
ဒီတခါ အစဉ်အလာကြီးတဲ့ ဧရာဝတီ မြစ်ရေ ကို သောက်တဲ့သူတွေ ရာဇ၀င်မှာ သမိုင်းအရိုင်းခံတော့မှာလား ဆိုတာ ကိုယ့်ဟာကိုယ်ပဲ ဆုံးဖြတ်ကြပါတော့……….


http://www.irrawaddyblog.com/2011/03/blog-post_3334.html

Type the rest of your post here.

1 comment:

ငတေ said...

ကိုလေးဖြူက ပအို့ ဝ်အမျိုးသားမဟုတ်လား

Post a Comment