ondragstart="return false" onselectstart="return false"

Saturday, March 19, 2011

နေပြည်တော်အတွင်းရေး - ရခိုင်ပြည်နယ်ရှိတပ်တွေကို ကရင်ပြည်နယ်သို့ ထပ်ပို့ မယ် - SSA နဲ့ ဝ အဆက်သွယ်မရအောင်ဖြတ်တောက်မယ် - 17-18 March 2011

ရခိုင်ပြည်နယ်မှာရှိတဲ့ တပ်ရင်းတချို့ ကို ကရင်ပြည်နယ်အတွင်းသို့ ထပ်ပြီး တိုးမြင့်ချထားမယ်လို့ ဆိုပါတယ်။ ရှမ်းနဲ့ ဝ ကို လည်း တပြိုင်တည်းတိုက်ဖို့ အစီအစဉ်ဆွဲထားတယ်။ လက်ရှိမှာ ရှမ်းနဲ့ ဝ အဆက်အသွယ်မရအောင် လုပ်ဆောင်မှာဖြစ်ပြီး ရှမ်းကိုတိုက်မှာဖြစ်ပါတယ်။ ကချင်တွေ ဘာလုပ်လာမလည်း ဆိုဒါ နအဖ စစ်တပ်က စောင့်ကြည့်ရင်း ကချင်ပြည်နယ်အတွင်း စစ်ရေးများပြင်ဆင်ထားကြောင်း သိရှိရပါသည်။

နအဖ စစ်သားတွေ မဟာဝါဒီ အာဏာရှင်လူတစုအတွက် အသက်တွေ ပေးကြရအုံးမယ်။ ခင်ဗျားတို့  တိုင်းပြည်ကို ကာကွယ်နေဒါ မဟုတ်ဘူး... တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြားအောင်လုပ်နေတာ... တိုင်းရင်းသားတွေကို မျိုးဖြုတ်စစ်ဆင်နေတာ... စစ်မြေပြင်မှာ မင်းတို့ ကို ဘယ်တိုင်းရင်းသားမှ ထိုင်ရှိခိုးပြီး လက်နက်ချမှာမဟုတ်ဘူး..ကိုယ့်အိမ် ကို့ မြေကို လာဆော်ကားတဲ့ကောင်တွေကို ပြန်ပြီး ကျွေးပစ်ဖို့ ပဲရှိတယ်...
တောင်တစ်တောင်ရဖို့ အတွက် မင်းတို့ တွေ အာဏာရှင်လူတစုအတွက် အသေခံကြရမယ်.. ပြီးရင်မင်းတို့ တွေ တဲစုပ်လေးတွေနဲ့ အိမ်ခွံ့ တွေပဲရမယ်. တိုင်းရင်းသားတွေရဲ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ဆင်နွဲနေတဲ့ တိုက်ပွဲဟာ ဆက်လက်ရှိနေမယ်။ သေခြာတာက မင်းတို့ တွေ သေမယ်. မသေရင် ဒုက္ခိတဖြစ်မယ်. မင်းတို့ မိန်းမတွေ မုဆိုးမဖြစ်မယ်. မင်းတို့ ကလေးတွေ ဖတဆိုးသားသမီးတွေဖြစ်မယ်. ကြာလာရင် မင်းတို့  သားမယားတွေ သူတောင်းစားတွေ ဖြစ်နိုင်တယ်. ချမ်းသာသထက် ပိုပြီး ချမ်းသာလာမှာက မင်းတို့ ကို အမိန့်  ပေးနေတဲ့ ဗိုလ်ချူပ်တွေပဲ.

တကယ်တော့ ချုံငုံပြီးသုံးသပ်ရင် ဒီတိုင်းပြည်ကြီးမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဖျက်ဆီးနေတာ ခေတ်အဆက်ဆက် အာဏာကို ချုပ်ကိုင်ချယ်လှယ်နေတဲ့ မဟာဝါဒကို စွဲကိုင် ကျင့်သုံးနေတဲ့ အစိုးရတွေသာဖြစ်နေတယ် ဆိုတာ ထင်ရှားလှပါသည်။ အဲဒီမဟာဝါဒီအစိုးရတွေကို တည်မြဲဖို့  အဓိက ကျားကန်ပေးနေတာက (ဗမာ့တပ်မတော်ခေါ်ခေါ်၊ နအဖ စစ်တပ်ခေါ်ခေါ်၊ ဗမာစစ်တပ်ခေါ်ခေါ် အတူတူပဲ) ဒီ စစ်တပ်ကလူတွေပဲ ဆိုတာ ပြည်တောင်စုဖွားတိုင်းရင်းသားများအားလုံး ရှင်းလင်းစွာသိမြင်နိုင်ပါတယ်။

တိုင်းချစ်ပြည်ချစ် ဗမာ့တပ်မတော်သားများသာဆိုခဲ့ရင် ဒီမိုကရေစီ ဘက်တော်သားများဖက်ရပ်တည်ပြီး တိုင်းပြည်အတွင်း တိုင်းရင်းသားညီနောင်များနဲ့ အတူ စာပွဲဝိုင်းတွင် နိုင်ငံရေးပြသနာများကို အဖြေရှာကြမည်သာဖြစ်သည်။ ဒီလိုမှမဟုတ်ပဲ လက်နက်အားကိုးပြီး တိုင်းပြည်ပေါ်ချယ်လှယ်ချင်တိုင်း ချယ်လှယ်ပြီး လုပ်နေရင်တော့ ခွေးတထိုင်တော့ရကြမယ်.. အခန့် မသင့်ရင်တော့ လဒ(လင်းတ)စာပေါကွာ.. ပြီးရင် သမိုင်းမှာ လွပ်လပ်ရေးရပြီးကာလ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တစစီ ဖျက်ဆီးနေတာ ဗမာ့တပ်မတော်သာဖြစ်ကြောင်း သမိုင်း ထွင်ပြီးကျန်ရစ်ခဲ့မယ်ဆိုတာ အမှတ်ရပါ တပ်မတော်။

မှတ်ချက်။ ။ ဗမာ့တပ်မတော်မှ တိုင်းရင်းသားများကို စစ်ဆင်တိုက်ခိုက်တိုင်း သတင်းစာမျက်နှာ မီဒီယာ တွေမှာ တိုင်းပြည်ကို ကာကွယ်နေပါတယ်လို့ အကျယ်တ၀င့်ပြောတိုင်း ကျနော်တို့ တိုင်းရင်းသားတွေအတွက် ဟာသ ပျက်လုံးတစ်ခုဖြစ်ရုံမက နုလုံးအော့အန် ရွံ့ ရှာမိပါသည်။ ဗမာတွေအတွက် ဟုတ်ချင်ဟုတ်မှာပေါလေ..... ဒါပေမယ့် အမှန်တရား နဲ့ တန်းတူမှုကို လက်ခံတဲ့ ဗမာတွေလည်းရှိပါသည်။ သို့ ပေမယ့် ဒီလူတွေ ခေတ်အဆက်ဆက် အာဏာမဲ့တဲ့ လူတန်းစားတွေမို့  ဘာမှ အရာမ၀င်ခဲ့ပါ။


2011_Mar_17__18____GHQ_instructions_on_attacking_SSA_end_of_month__isolate_SSA_from_UWSA__monitor_KIA_response_n_this_action__m

Type the rest of your post here.

No comments:

Post a Comment