ondragstart="return false" onselectstart="return false"

Saturday, March 19, 2011

"ချစ်တဲ့ရှမ်းရိုးမ"

ချစ်တဲ့ရှမ်းရိုးမ
၂၀၊ ၀၃၊ ၂၀၁၁

ယခုလ ၁၃ မှ ၁၅ ရက် တုန်းက ဗမာစစ်တပ်မှ ရှမ်းလူမျိုးစု အဖွဲ့ ကို စတင်တိုက်ခိုက်နေပြီလို့  သတင်းတွေမှာ အကျယ်တ၀င့်ပါလာပါပြီ။ ဗမာစစ်တပ်ထိုးစစ်ကြောင့် အရပ်သား ၂၀ ကျော်သေဆုံးတယ်လို့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။ အ၇ပ်သား ဘုန်းကြီး ကိုရင်လေး တွေပါဝင် ၂၀ ဦးထည့်မနည်း နအဖ လက်ချက်နဲ့ သေကြရပါပြီ။ ခုနှစ်သား၊ ၁၀ နှစ်သား အရွယ် ကလေးငယ်တွေလည်း ဒဏ်ရာရကြပါတယ်။

ကုလားဟာ လူတွေမဟုတ်ဘူးလို့ ဗိုလ်သန်းရွှေက ပြောထားသလို ကျနော်တို့ တိုင်းရင်းသားတွေကိုလည်း လူလို အသိအမှတ်ပြုချင်တာ မဟုတ်ဘူး။ လစ်ရင်လစ်သလို လူမသိ သူမသိ မီဒီယာ မျက်ကွယ်မှာ ကျနော်တို့  တိုင်းရင်းသားတွေကို ပြောင်သတ်၊ ခိုးသတ် နေတာ သမိုင်းတလျှောက်ပါ။

ဒီအချိန်မှာ ရှမ်းလူမျိုးတွေကို ဗမာစစ်တပ်က စတင်စစ်ဆင်နေပါပြီ။ ဒီလကုန်ရင် အပြတ် တိုက်ဖို့ ရှိတယ် ဆိုတာ သိရှိထားပါသည်။

ဒီနေရာမှာ တစ်ခုပြောချင်တာက တိုင်းရင်းသားတွေ မဟာမိတ်ဖွဲ့ ထားတာ ဘာလုပ်ဖို့ လည်း? ကိုးကန့် တုန်းက မဟာမိတ်အဖွဲ့ တွေလက်ပိုက်ကြည့်လို့  ကိုးကန့် အခြေအနေ မကောင်းခဲ့ဘူး… နအဖ စစ်တပ်က တပြိုင်တည်း မင်းတို့ ကို ဘယ်သောအခါမှမတိုက်ဘူး.. ခွဲပြီးတိုက်မှာပဲ။ တဖွဲ့ ကိုတိုက်နေတဲ့အချိန်မှာ တဖွဲ့ ကို အချိုသပ်ပြီး မင်းတို့ လိုချင်တာ တချို့ ထိုးကျွေးအုံးမယ်.. သမိုင်းနဲ့ ချီပြီး ခံလာကြရတာ မှတ်လောက်သတ်လောက်ပြီ လို့ ဆိုပါရစေ။ မဟာမိတ်အဖွဲ့ ဝင်တွေ ရှမ်းကို ၀င်မကူပဲ ဒီအတိုင်းကြည့်နေရင် ခွေးတွေ ရီပေးမယ်။ အခုတောင်ရီနေပြီးသားပါ။ “၀” လည်းသူနေရာသူနေပြီး ငါနဲ့ မဆိုင်သေးဘူးလို့ နေ၊ ကချင် လည်း ငါ့ကိုမတိုက်သေးဘူးဆိုပြီး မျှောနေ လို့ ကတော့ ဒီပွဲလည်း သေပြီဆရာပဲ ဖြစ်အုံးမယ်.. မဟာမိတ်မှာ တက်တက်ကြွကြွပါဝင်နေတဲ့ မွန်ပြည်သစ်ပါတီနဲ့ သူ့ လက်နက်ကိုင်တပ်လည်း ကြည့်ရတာ ချိုမိုင်မိုင်ပါပဲ. ရှမ်းကို သွားကူဖို့ ဆိုတာ ဝေးသေး.. KNLA နဲ့  DKBA တွေ မွန်ပြည်နယ် သထုံခရိုင် နဲ့ ဘုရားသုံးဆူဒေသတွေမှာ နေ့ တိုင်းလိုလို တိုက်ပွဲဝင်နေတာ ခုထိ ကျည်တစ်တောင့်မှာတောင် ထွက်သေးတာမဟုတ်ဘူး… ဘာမဟာမိတ်တွေလည်း…

ငြိမ်းအဖွဲ့ တွေ နှစ် ၂၀ ကျော် နအဖ နဲ့ ငြိမ်းချမ်းရေးယူ စီးပွားရှာနေချိန်မှာ KNU တဖွဲ့ တည်း တောင့်ခံပြီး အမျိုးသားတန်းတူအခွင့်အရေးအတွက် တိုက်ပွဲဝင်နေတာ. အဲဒီအချိန်ကာလမှာ ဗမာစစ်တပ်က ကရင်လူမျိုးကို စိတ်ကြိုက် ဖျက်ဆီးခဲ့တာ ယနေ့ အထိပဲ။ ဗမာပြည်တော်လှန်ရေးအတွက် ကရင်လူမျိုးနဲ့  KNU အများကြီးပေးဆပ်ခဲ့ရတယ်။ တာတွေကို သိနေတဲ့ မဟာဝါဒကို စွဲကိုင်တဲ့ အစိုးရအဆက်ဆက် ကရင်လူမျိုးကို နည်းမျိုးစုံနဲ့ ဖျက်ဆီးခဲ့တယ်။ တာပေမယ့် ယနေ့ အထိ ဘာမှဖြစ်မသွားဘူး. အရင်အတိုင်းပဲ။ ကရင်အမျိုးသားတွေရဲ့ မတရားမှုကို တော်လှန်တဲ့ စိတ်ဓါတ်ဟာ ပိုပြီး ကျစ်လစ်ခိုင်မာလာကာ ပိုပြီးမြင့်လာသေးတယ် လို့ ဆိုရပါမယ်။

ခုချိန်မှာ ကျနော်တို့ ရှမ်းညီနောင်များကို မဟာမိတ်အဖွဲ့ ဝင်များ သွားကူညီ တိုက်ပွဲဝင်ကြပါလို့  တိုက်တွန်းပါရစေ။ ကိုးကန့် ကို သုံးရက်နဲ့ နအဖ ဖြုတ်သွားတယ်။ တာပေမယ့် ဗိုလ်မှူးစောလားပွယ်(ခ)နှူတ်ခမ်းမွှေး အဖွဲ့ ကို နအဖ စစ်ဆင်တာ လေးလ ကျော်လာပါပြီ။ ဒီကေဘီအေ ဘာမှ ဖြစ်မသွားဘူး။ KNU မပြောသေးနဲ့  DKBA နှစ်ယောက်တပိုင်းရှိတဲ့အဖွဲ့  တောင် အေးဆေးပဲ။ ဗိုလ်မှူးစောလားပွယ်က ပြောတယ် ပါးစပ်နဲ့ တောင်းယူတာ သူတောင်းစားအလုပ်တဲ့. ကိုယ်ပိုင်ပြဌန်းခွင့်နဲ့ ဒီမိုကရေစီလိုချင်ရင် တိုက်ယူမှပဲရမယ်။

ညီနောင် မဟာမိတ်အဖွဲ့ ဝင်များခင်ဗျား.. ရှမ်းပြည်နယ်မှာ စတင်နေပြီဖြစ်တဲ့ တိုက်ပွဲကို လေးလေးနက်နက်စဉ်းစားပြီး အမြန်ဆုံး ပူးပေါင်းကူညီပြီး အတူတကွ ရန်သူကိုတွန်းလှန်ကြပါလို့  တိုက်တွန်းပါရစေ။

ကျနော်တို့ တိုင်းရင်းသားတွေရဲ့ ဂုဏ်သိက္ခာနဲ့ ရေရှည် မှာ လူသားတရပ်အဖြစ်ရှင်သန်ရပ်တည်နိုင်ရေးအတွက် ယခု နအဖ စစ်အစိုးရကို တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးမှာ တာဝန်ရှိကြောင်း ပြောကြားလိုပါသည်။

မိုင်းရှူးဒေသမှာ နအဖ စစ်ခွေးတွေလက်ချက်နဲ့ သေဆုံးသွားတဲ့ ရှမ်းအမျိုးသားများ ၏ ကျန်ရစ်သူမိသားစုများ နဲ့  အတူ တပ်တူ ကြေကွဲဝမ်းနည်းပါကြောင်း၊ ကျနော်တို့ ကရင်အမျိုးသားများလည်း ဒီဖြစ်စဉ်တွေကို အမြဲ ကြုံတွေ့ နေရတာမို့ ရှမ်းအမျိုးသားများ ရဲ့ ခံစားမှုကို ခံစားနားလည်နိုင်ပါကြောင်း ကျနော်တို့ သောသီခို အဖွဲ့  သားများ ဒီနေရာမှာ ပြောကြားလိုပါသည်။

ညီနောင်တိုင်းရင်းသားအပေါင်းတို့  ရန်သူ မဟာဝါဒီ စစ်အာဏာရှင်တွေကို အတူတကွ လက်တွေ့  ကျကျတိုက်ပွဲ့ ဝင်ကြပါစို.။

သောသီခို အဖွဲ့ သားများ
၂၀၊ ၀၃၊ ၂၀၁၁

မှတ်ချက်။ ။ ဗမာစစ်တပ်လက်ချက်ကြောင်း ၂၀ ဦးကျော် သေဆုံးသွားတဲ့ ညီနောင် ရှမ်းအမျိုးသားများကို ကျနော်တို့ သောသီခို အဖွဲ့ သားများမှ စိုင်းထီးဆိုင်ရဲ့ “ချစ်တဲ့ရှမ်းရိုးမ” သီချင်းလေးဖြင့် ရွေးချယ် ဂုဏ်ပြု တင်ဆက် လိုက်ပါတယ်။ ရှမ်းအမျိုးသားများနဲ့ အတူ ကျနော်တို့ ထပ်တူ ရှိပါကြောင်း.........




Type the rest of your post here.

1 comment:

Anonymous said...

စိုင်းထီးဆိုင်ရဲ့ သီချင်းကို ကြားရတော့ ပိုပြီးသျှမ်းပြည်ကို လွမ်းမိပါတယ် သောသီခိုရေ.. ငါတို့ သျှမ်းတွေကို ဗမာစစ်သားတွေ သတ်တာ ရွာမီးရှို့ တာ မုဒိန်းကျင့်ဒါတွေ ပြောရင် မကုန်နိုင်ဘူး။ အခုလည်းဒီခွေးတွေ ဆက်လုပ်နေတယ်။ မဟာဗမာတွေ ရှိနေသမျှကာလပါတ်လုံး ငါတို့ တိုင်းရင်းသားတွေရဲ တော်လှန်ရေးဟာ ရှိနေအုံးမှာပဲ။

စိုင်းကို

Post a Comment