ondragstart="return false" onselectstart="return false"

Tuesday, November 19, 2013

NLD အပါဝင် နိုင်ငံရေး ပါတီ (၁၂) ဖွဲ့နှင့် UNFC ပထမဆုံး အကြိမ် တွေ့မည်

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ၊ အမျိုးသား ဒီမို ကရေစီ အင်အားစု ပါတီ ကဲ့သို့သော ပြည်တွင်း အဓိက နိုင်ငံရေး ပါတီ များနှင့် တိုင်းရင်းသား ပါတီ များအား တွေ့ဆုံ ဆွေးနွေး နိုင်ရန် လာမည့် နိုဝင်ဘာလ (၂၀) ရက်နေ့တွင် အရေးပေါ် အစည်း အဝေး တစ်ရပ် ခေါ်ယူ ထားကြောင်း တွဲဖက် အတွင်းရေးမှူး (၂) ဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုပါ သည်။

“အားလုံး (၁၂) ပါတီ ပါခင်ဗျ၊ တစ်ရက်တည်း ပါပဲ မနက် (၉) နာရီကနေ (၁၂) နာရီ အထိ တွေ့ကြမယ်၊ တွေ့ချိန်က (၃) နာရီ လောက်ပဲ အချိန် ရမယ်ဆိုတော့ အဓိက ကျတဲ့ အကြောင်း အရာအဖြစ် ဘာတွေ ဆွေးနွေး ကြမှာလဲ ဆိုတာ ညှိနှိုင်း နိုင်ဖို့ အတွက် အစည်အဝေး ခေါ်ထား တာပါ” ဟု ဆိုပါသည်။

UNFC သည် ယင်း ပါတီ များနှင့် နိုဝင်ဘာလ (၂၂) ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင် မြို့၌ ဆွေးနွေးရန် ရှိပြီး တိုင်းရင်းသား နိုင်ငံရေး ပါတီ များမှ ကိုယ်စားလှယ်များ အပါ အဝင် မြန်မာ့ ငြိမ်းချမ်းရေး စင်တာ (MPC) မှ ကိုယ်စားလှယ် များ စုစုပေါင်း (၁၅) ဦးခန့် တက်ရောက်ဖွယ် ရှိနေကြောင်း ဆိုပါသည်။

ဤအစီ အစဉ်သည် အစိုးရ (MPC) ၏ အစီအစဉ် ဖြစ်သဖြင့် မည်သည့် အကြောင်း အရာများ ဆွေးနွေး လာမည်ကို မသိရသေး သော်လည်း ဆွေးနွေးချက် များသည် အမြင် ဖလှယ် ခြင်းကို အခြေခံ ဆွေးနွေး ကြမည် ဖြစ်ပါသည်။

“သူတို့ ဘယ်အချက်ကို ကိုင်ပြီး လာရောက် ဆွေးနွေး မှာလဲ ဆိုတာတော့ ကျနော်တို့ မသိဘူး၊ ဒီပွဲ ကလည်း ပြည်တွင်း ကနေ သူတို့ လုံ့ဆော် ဆောင်ရွက်မှု (Initiative) ပါ၊ ကျနော်တို့ (Initiative) မဟုတ် ပါဘူး။ ကျနော်တို့ ဘက် ကတော့ (UNFC) ရပ်တည်ချက် အနေနဲ့ပဲ ဆွေးနွေး နိုင်မှာပါ” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုပါသည်။

ထို့ပြင် (UNFC) ဖွဲ့စည်းပုံ၊ ရပ်တည်ချက်၊ ပြီးခဲ့သည့် လိုင်ဇာ ညီ လာခံ၌ ချမှတ် ထားသည့် တိုင်းရင်းသား များ၏ ဘုံရပ် တည်ချက် သဘောထား များကို ဆွေးနွေးဖွယ် ရှိနေ ကြောင်း လည်း ဆိုပါသည်။

ယခု ကဲ့သို့ တွေ့ဆုံ နိုင်ခြင်း အားဖြင့် ပြည်တွင်း နိုင်ငံရေး ပါတီများနှင့် လက်နက်ကိုင် တိုင်းရင်းသား ပါတီ များအကြား ပွင့်ပွင့် လင်းလင်း အမြင် ဖလှယ် ဆွေးနွေး နိုင်ကြမည် ဖြစ်ပြီး “၂၀၀၈ ဖွဲ့စည်းပုံ” ပြင်ဆင်ရေး ကိစ္စရပ် များကိုလည်း ဆွေးနွေး နိုင်ကြမည် ဖြစ်ကြောင်း (UNFC) ၏ အထွေထွေ အတွင်း ရေးမှူး ဖြစ်သူ နိုင်ဟံသာက ဆိုပါသည်။

“ကျနော်တို့ အနေနဲ့ ကတော့ ဒီ ၂၀၀၈ ဖွဲ့စည်း ပုံမှာ စစ်တပ်က နေရာယူ ထားတဲ့ အပိုင်း၊ လုပ်ပိုင်ခွင့် ပိုယူ ထားတဲ့ အပိုင်းတွေမှာ ပြင်ဆင် ရေးဆွဲဖို့တော့ မလွယ် ဘူးလို့ သုံးသပ် ပါတယ်၊ ဒါအစား အသစ် ရေးဆွဲမယ် ဆိုရင် ပိုကောင်း မှာပါ၊ ဒါပေမယ့် ပြည်တွင်း နိုင်ငံရေး ပါတီတွေ အနေနဲ့က ပြင်ဆင် ရေးဆွဲမယ် ဆိုတော့ သူတို့ ဘက်က သဘောထား တွေကိုလည်း နားထောင် ရတာပေါ့” ဟု နိုင်ဟံသာက ဆိုပါသည်။

၎င်းဆွေးနွေးပွဲ ကို တိုင်းရင်းသား နိုင်ငံရေး ပါတီများမှ ကိုယ်စား လှယ်များ တက်ရောက် နိုင်ရေးအတွက် (MPC) မှ ကမ ကထ ပြု၍ စီစဉ် ပေးခဲ့ခြင်း ဖြစ်သည်။

ဤသည် (UNFC) နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီနှင့် ပြည်တွင်း အခြေစိုက် တိုင်းရင်းသား နိုင်ငံရေး ပါတီ တို့အကြား တရားဝင် ပထမဆုံး တွေ့ဆုံ နိုင်ရန် စီစဉ် နေခြင်းလည်း ဖြစ်သည်။
http://phophtawnews.org/burmese/index.php/news/international-news/item/877-nld-unfc.html

No comments:

Post a Comment