ondragstart="return false" onselectstart="return false"

Monday, December 23, 2013

ဒီကေဘီအေ ၏ ရှေ့ ဆက်ခရီး နှင့် KNU နိုင်ငံရေး လမ်းစဉ်

ပြီးခဲ့သည့်၂၀၁၃ခုနှစ် ဒီဇင်ဘာ (၂၁)ရက်နေ့ သည်ဒီမို ကရေစီ အကျိုးပြု ကရင့် အမျိုးသား တပ်မတော် (DKBA)၏ ဖွဲ့စည်းထူထောင် ခဲ့သည့် (၁၉) နှစ်မြောက် နှစ် ပတ်လည် နေ့ ဖြစ်ပါသည်။ နှစ်ပတ်လည် အခမ်း အနားကို ကရင် ပြည်နယ် မြ၀တီ ခရိုင် ဆုံ ဆည်းမြိုင် ကျေးရွာ၌ ကျင်းပ ခဲ့ကြပြီး လူထု အင်အားသောင်းနှင့် ချီပြီးတက်ရောက် အားပေး ခဲ့ပါသည်။

ဒီကေ ဘီအေသည် ၄င်းတို့၏ (၁၉) နှစ်တာ ကာလ အတွင်း ကြုံတွေ့ခဲ့ရသော အခက်အခဲ များကို ရင်ဆိုင် ကျော်လွှား နိုင်ခဲ့ပြီး ရှေ့ဆက် ခရီးတွင် လည်း အောင်မြင် စွာဖြင့် ရပ်တည် သွားနိုင်မည်ဟု စစ်ဦးစီး ချုပ် ဗိုလ်မှူး ချုပ် စောလား ဘွယ်မှ ပေးပို့သော သ၀ဏ် လွှာ၌ဖေါ်ပြ ထား ပါသည်။

“၁၉ နှစ်တာ ဖြတ်သန်း မှုတွေ က ပျော်ရွှင် စရာတွေ၊ နာကျည်း စရာတွေ၊စိတ်ပျက် အားငယ် စရာ တွေ့ ကြုံခဲ့ပေ မယ့် ကနေ့ အချိန် အထိ ကျနော်တို့ ကျော် လွှားနိုင် ခဲ့တဲ့အတွက် ဒီကေ ဘီအေက ဆက်လက်ရှင် သန်နေ တာဖြစ်ပါ တယ်။ ဒီတော့ ဆက်လက်ပြီး ရှင်သန်သွား နိုင်ဖို့က DKBA ဟာ သူသွားရ မယ့် လမ်းကြောင်း ကို သူသိပါတယ်၊ သူ့အ လုပ်သူသိတယ်၊အဲဒီ လမ်းကြောင်း အတိုင်း အောင်မြင် အောင်လုပ်ဆောင် သွားပါ့မယ်လို့ ”ထုတ်ဖေါ် ပြောကြား ခဲ့ခြင်းဖြစ်ပါသည်။

ဒီကေဘီအေသည် ရည်းမှန်းချက်ပန်းတိုင် ရှိသောအဖွဲ့ အစည်းဖြစ်ကြောင်း ပြောခွင့်ရ သူဗိုလ်မှူးထွန်း ထွန်းက ဆိုပါသည်။ ဒီမိုကရေစီရေး၊ အမျိုးသား တန်း တူညီ မှုမျှရေးနှင့် အမျိုးသား ကိုယ်ပိုင်ပြဌာန်း ခွင့်ရှိရေး၊ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး ဆိုသည့်ပန်း တိုင်ကို ဆိုလိုခြင်း ဖြစ်သည် ဟုဆိုပါသည်။

ဒီကေ ဘီအေသည် မိခင် KNU မှ အခြေအနေ အကြောင်း ကြောင်းကြောင့် ခွဲထွက်ခဲ့ ရသော် လည်း KNU ၏အခြေခံနိုင် ငံရေးလမ်း စဉ်အတိုင်း ခံယူ ထားပြီး အစိုးရနှင့်ငြိမ်း ချမ်းရေး ဆွေးနွေးပွဲတွင် လည်း KNU ၏ ဦးဆောင်မှုကို ခံယူထားသည် ဟုဗိုလ်မှူး ထွန်းထွန်းက ဆိုပါသည်။

ဖြစ်ပေါ်ခဲ့သောနိုင်ငံရေးအကျိုးဆက်များကြောင့် ဒီကေဘီအေသည်KNU နှင့်ကွဲပြားသောတိုက်ပွဲအသွင်နှင့်ချီတက်ခဲ့ရခြင်းဖြစ်သည်ဟုဆိုပါသည်။

ဒီကေ ဘီအေ၏ (၁၉) နှစ်မြောက် အခမ်း အနား၌ မြိုင်ကြီးငူ ဆရာတော်မှ သြ၀ါဒ တရား မိန့်ကြားပြီး၊ ကရင်ငြိမ်း ချမ်း ရေး ကောင်စီ (KNU/KNLA-PC) ၊ ကရင် အမျိုးသား အစည်း အရုံး (KNU)၊ ညီညွတ် သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင်များ၊ ကယန်းပြည် သစ်ပါတီ၊ ရှမ်းပြည် တိုးတက်ရေး ပါတီ၊ရခိုင့် တပ် မတော်၊ကယားပြည် နယ် လူမျိုးပေါင်းစုံ လွတ်မြောက် ရေးအဖွဲ့ (ကလလတ)၊ ရှမ်းပြည်နယ် လူမျိုးပေါင်း စုံလွတ်မြောက် ရေးအဖွဲ့ (ရလလဖ)၊ မွန်ပြည်သစ် ပါတီ၊စသည့် မဟာမိတ် တိုင်းရင်း သား လက်နက် ကိုင် အဖွဲ့အစည်း များမှ မိမိတို့ ၏အဖွဲ့ အစည်းမှ ပေးပို့သော သ၀ဏ်လွှာ များကို ဖတ်ကြား ခဲ့ပါသည်။

ထို့အပြင် အခမ်း အနားသို့ (၈၈) ပွင့်လင်း လူ့ အဖွဲ့အစည်း၊ အမျိုးသား ဒီမိုက ရေစီ အဖွဲ့ချုပ် ကရင်ပြည နယ် အဖွဲ့ဝင် များနှင့် ပြည်ပ အဖွဲ့ဝင် များ၊ နိုင်ငံရေး အကျဉ်းသား ဟောင်းအဖွဲ့ အပါဝင် နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသား အဖွဲ့ အ စည်းများမှ တက်ရောက်ကြ ပါသည်။

အခမ်း အနားသို့ တက်ရောက် လာသော ပြည်သူများမှာ ဝေါလေမြို့နယ်ခွဲမှ အစိုးရ အုပ်ချုပ်ရေး အရာရှိ များ အပါဝင် ကော့ ကရိတ်မြို့နယ်၊ ကြာအင်း မြို့နယ်၊ဘုရား သုံးဆူ မြို့နယ်ခွဲ၊ မြ၀တီ မြို့နယ်များမှ လူထု အင်အား တစ်သောင်း ဝန်း ကျင် တက်ရောက် ခဲ့ကြောင်း ဆိုပါသည်။

အခမ်းအနား အစီစဉ် များမှာ ၊ ဂုဏ်ပြု စစ်ရေးပြ စစ်ကြောင်း နေရာယူခြင်း၊ လူထု နေရာ ယူခြင်း၊ နာယက မိန့်ခွန်း ပြောကြား ခြင်း၊ ဒီကေဘီအေ စစ်ဦးစီးချုပ် သ၀ဏ်လွှာ ဖတ်ကြား ခြင်း၊ ဒုတိယ စစ်ဦးစီးချုပ် မိန့်ခွန်း ပြောကြားခြင်း၊ နာယက ဆရာ တော်များ မိန့်ခွန်း ပြောကြား ခြင်းနှင့် ကော့က ရိတ်မြို့ အခြေစိုက် အမှတ်(၁၂) စစ် ဆင်ရေး ကွပ်ကဲ မှု ဌာနချုပ် မှ အမှတ်(၃) နည်းဗျူ ဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုး မိန့်ခွန်း ပြောကြား ခြင်း တို့ဖြင့် အခမ်း အနား ကို ရုတ်သိမ်း ခဲ့ကြပါ သည်။
Written by ရွှေဟင်္သာ သတင်းဌာန
http://www.phophtawnews.org/burmese/index.php/news/internal-news/item/939-knu.html

No comments:

Post a Comment