ondragstart="return false" onselectstart="return false"

Monday, September 1, 2014

ယူအန်အက်ဖ်စီအဖွဲ့ဝင်အဖြစ်ကနေ ကေအန်ယူ ယာယီဆိုင်းငံ့

By နော်နိုရင်း

ကရင်အမျိုးသားအစည်းအရုံးက ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ အဖွဲ့ဝင်အဖြစ်ကနေ ယာယီဆိုင်းငံ့လိုက်တယ်လို့ ကေအန်ယူ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ဒီဗွီဘီကို ပြောပါတယ်။

UNFCထိုင်းနိုင်ငံ ချင်းမိုင်မှာ သြဂုတ်လကုန်ပိုင်းက ကျင်းပခဲ့တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ရဲ့ ညီလာခံကနေ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) နုတ်ထွက် ခဲ့တာဖြစ်သလို အဖွဲ့ဝင်အဖြစ်ကနေ ယာယီဆိုင်းငံ့ခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်ထွန်းမှုဟာ ယူအန်အက်ဖ်စီ အဖွဲ့ဝင်တွေပါဝင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အစိုးရအကြား တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့ အချက် ၅ ချက်လောက် ကျန်ရှိနေချိန်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ကေအန်ယူအထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းကို ဒီဗွီဘီသတင်းထောက် နော်နိုရင်းက စက်တင်ဘာာ ၁ ရက် မနက်ပိုင်းမှာ မေးမြန်းထားပါတယ်။



Type the rest of your post here.

4 comments:

hate said...

လုပ်ချင်သလိုလုပ် မောင်ကွယ်ထူးဝင်းတို့အဖွဲ့ရေ(သိန်းစိန် staff)
we are Karen,we are not KNU

Blogger said...
This comment has been removed by the author.
Blogger said...

Quite a very meaningless answer of a Thein Sein's agent.

Blogger said...

သိန်းစိန်အစိုးရနဲ့  ချစ်ကျွမ်းဝင်နေတဲ့ လက်ရှိကေအဲန်ယူခေါင်းဆောင်တွေ UNFC ကနေရော NCCT ကနေရော အဖွဲ့ ဝင်အဖြစ်က ဆိုင်းငန့် လိုက်တယ်ဆိုတာက ကေအဲန်ယူ အဖွဲ့ အစည်းတခုလုံးရဲ့ အမြင်နဲ့ မကိုက်ညီပါ။
ဗီတိုအာဏာသုံးပြီး အုပ်စု အလိုကျ ဇွတ် လုပ်ကြတာပါ။ ကရင်အမျိုးသားတရပ်လုံးရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အရေး ဖက်ဒရယ်ပြည်ထောင်စု စစ်စစ်ဖြစ်လာဖို့ အရေးတွေနဲ့ လဲ ဆန့် ကျင်နေတယ်။ သိန်းစိန်နဲ့ မင်းအောင်လှိုင်တို့ ရဲ့ သူလျှိုတွေလိုဖြစ်နေကြပြီ။ အရင်ကတော့ ကရင်အချင်းချင်း ပြန်လည်ညီည။ါတ်ရေးကို လုံးဝ အာရုဏ်စိုက် စိတ်ဝင်စား အားထုတ်ခဲ့ခြင်းမရှိကြဘဲ ရန်သူနဲ့ ညီညွတ်ရေးကိုရှေးရှလုပ်ဆောင်ခဲ့ကြပြီး ခုတော့လဲ ဘသတူတိုင်းရင်းသားတွေနဲ့ ပါ စည်းလုံးလိုစိတ်မရှိဘဲ မရှိဘဲ ရန်သူ အကျိုးပြုရေးကိုသာ ၂နှစ်ကျော်လုပ်လာခဲ့ကြတယ်။
ဒီခေါင်းဆောင်တွေဟာ ကရင်အချင်းချင်းစည်းလုံးတာကိုရော တိုင်းရင်းသားအားလုံးနဲ့ တစည်းတလုံးဖြစ်လာတာကိုရော မလိုလားကြတာကို ဘွင်းဘွင်းရှင်းရှင်းပြနေတယ်။ ကေအဲန်ယူကရန်သူအကြိုက်လိုက်ဖို့ ခုလိုကျိုးစားလိုက်တာဖြစ်ပေမဲ့ ရန်သူက ဘယ်လောက်ကြီး နုံအလို့  ဒီလုပ်ရပ်ကို အကောင်းမြင်နိုင်မလဲ။ ခုလို မညီမညွတ်ဖြစ်ကြပြီဆိုရင် ငြိမ်းချမ်းရေး ခရီးလမ်းကရော ဘယ်အပေါက်ကနေ အောင်ပွဲခံနိုင်မလဲ..အကွဲပပြဲတွေကို ရင်ကြားစေ့ပေးဖို့ ရင်းနှီးစိုက်ထုတ်ကြတဲ့ နိုင်ငံတကာရော ဒါကို အနှုတ်လက်ခဏာဆောင်တဲ့အပြုအမူအဖြစ်ဘဲ သဘောပေါက်မှာပါ။ တိုင်းရင်းသားတွေမညီညွတ်ဘဲ ဒီနိုင်ငံက ဘယ်အပေါက်ကနေ ငြိမ်းချမ်းရေး ရနိုင်မှလဲ။
သိန်းစိန်နဲ့ မင်းအောင်လှိုင်ကတော့ ငါ့လူ ပေါက်ကရလုပ်လိုက်ပြန်ပြီဆိုပြီး ရယ်ရမှာလဲ ခက် ငိုရမှာလဲ ခက်ဆိုတဲ့အနေအထားကိုရောက်နေပြီ။ ပါဝင်ကူညီနေတဲ့ နိုင်ငံတကာကလဲ ဒီပုံဆို ဘာအတွက် ဆက်ပြီးကူညီရဦးမလဲ လို့ ပြန်ပြီးသုံးသပ်နေကြတယ်။ သူတို့ အနေနဲ့ကတော့ သူတို့ ရဲ့ အကျိုးစီးပွားအတွက်ဘဲဆက်လုပ်ကြရတော့မယ်။
ကေအဲန်ယူခေါင်းဆောင်တွေဟာ သူတို့ အနားက၀န်းရံနေတဲ့ ကိုယ်ကျိုးစီးပွားသမားတွေရဲ့ အမြင်ကိုကရင်အမျိုးသားထုရဲ့ အမြင်ဆိုပြီး ၀ါဒဖြန့် နေကြလေရဲ့ ။ အဲလို ကိုယ်ကျိုးကို အဓိထားလုပ်ကြတော့မယ်ဆိုရင်လဲ လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာ မညင်းပါဘူး။ ဒါပေမဲ့ လူမျုးကိုရောင်းစားနေတဲ့လုပ်ရပ်တွေက သိတ်ထင်ရှားနေတာတော့ မကောင်းဘူး။ စီးပွားရေးလုပ်ချင်ရင် ကေအဲနယူကထွက်ပေးလိုက်ကြပါ။ အဖွဲ့ အစည်း သြဇာ အာဏာကိုသုံးပြီးလုပ်တာတော့ နိုင်ငံရေး အာဏာဘာမှမရှိတဲ့ ရိုးရိုးသားသား စီးပွားရေးလုပ်နေကြတဲ့ သာမန်ပြည်သူတွေအတွက် မတရားဘူး။
သမိုင်းတရားခံမဖြစ်ခင် ထွက်ပေးလိုက်ကြပါ။ ကေအဲန်ယူရဲ့ မူလ လမ်းစဉ်ပေါ်မှာ သစ်စာရှိနေကြဆဲဖြစ်ဆဲ့ တခြားခေါင်းဆောင်တွေကို လုပ်ပိုင်ခွင့်ပြောင်းပေးလိုက်ကြပါ။ အချိန်မနှောင်းသေးခင်မှာပေါ့။
စောစံဖိုးသင်တုန်းက တခါ ရန်သူဘက်ပါသွားပြီး ကောအဲန်ယူကျန်ခဲ့တယ်။ နောက်တော့ ဟန်တာသာမွေးလက်ထက်မှာလဲ တခါ ရန်သူ ခြေဖ၀ါးအောက်ဒူးထောက်ခဲ့ပေမဲ့ မိခင် ကေအဲန်ယူက ဆက်လက်ပြီး ရပ်တည်လာနိုင်ခဲ့တာခုထိဘဲ။ အဲလိုဆကိပီးရပ်တည်နိုင်ဖို့ အတွက်လဲ ကွဲပြဲခဲ့ကြရတယ်။ ခုလဲ အဲလိုကွဲပြဲမှ ဆက်လက်ရပ်တည်နိုင်မဲ့ အနေအထားကိုမရောက်အောင် ရန်သူ့ ဘက်သား ခေါင်းဆောင်များ အချိနမီထွက်ပေးလိုက်ကြပါတော့လို့ တောင်းဆိုပါရစေ။

Post a Comment