ondragstart="return false" onselectstart="return false"

Friday, September 19, 2014

ဧရာဝတီ သတင်းတွင်ဖေါ်ပြသော "စောမူတူးစေးဖိုး ဘာမှားလို့လဲ" ဆောင်းပါးနှင့်စပ်လျဉ်း၍ စောလေးမူရဲ့ စာနဲ့ပါတ်သက်လို့ ဆောင်းပါးရှင် အဂ္ဂ၏ အမြင်

စောလေးမူရဲ့ စာနဲ့ပါတ်သက်လို့ ကိုအဂ္ဂ အမြင်ကို အဆင်ပြေရင်သိချင်ပါတယ်ဆိုလို့ 

တောင်းဆိုထားတဲ့ Yokazoe အတွက် ဒီစာတိုလေးနဲ့ ဝန်ဆောင်ပေးလိုက်ပါတယ်။

အဲဒီစာကိုရေးသူစောလေးမူဟာ မိမိခေါင်းဆောင်အပေါ် သစ္စာရှိ ရဲဘော်ကောင်းတယောက်လို့ တော့ ဦးစွာအသိအမှတ်ပြုပါရစေ..
ဒါပေမဲ့ စာက ပုဂ္ဂိုလ်ရေးကိုအသားပေးထားဒါမို့  နိုင်ငံရေးကိုသာဝေဖန်တဲ့ကျနော့်အတွက် သိတ်ပြီး မဟတ်စပ်သလိုပါဘဲ။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်နေသူတွေရှိနေရင်လဲ အဲဒါမျိုးတွေရှောင်ပြီး နိုင်ငံရေးကိုဘဲဝေဖန်သုံးသပ်ကြစေချင်တယ်။

စောမူတူးစေးဖိုး ဘာမှားလို့လဲ ဆိုတာကို တိုတိုဖြေရရင်တော့
၁။ အဖွဲ့ အစည်းဆိုင်ရာအမှားနဲ့  ၂၊ နိုင်ငံရေးဆိုင်ရာအမှားဆိုပြီး ၂ခုကိုထောက်ပြချင်ပါတယ်။

အဖွဲ့ အစည်းဆိုင်ရာအမှား ဆိုတာက အလွန်ထင်ရှားလူသိများတဲ့အမှားဖြစ်တာမို့  အရှည်မပြောတော့ပါ။ ကေအဲန်ယူဟာ အာဏာရှင်စနစ်နဲ့  ဥက္ကဌလုပ်သူတဦးတည်းရဲ သဘောအတိုင်း ထင်ရာလုပ်လို့ မရတဲ့ စည်းမျဉ်းစည်းကမ်းတွေရှိပါတယ်။ ဥက္ကဌဟာ ကေအဲန်ယူရဲ့ အမြင့်ဆုံးအာဏာပိုင်အဖွဲ့ အစည်းဖြစ်တဲ့ ကွန်ကရက်ညီလာခံကနေအများသဘောတူချမှတ်တဲ့ လမ်းစဉ်နဲ့ လုပ်ငန်းစဉ်တွေကို ကိုင်တွယ်ကျင့်သုံးရတဲ့ အမြင့်ဆုံး အာဏာပိုင်ဖြစ်တယ်။ ဒီတော့ဒီနေရာမှာ သတိမလစ်နားလည်မှုမမှားဖို့ က အမြင့်ဆုံးအာဏာပိုင်ဖြစ်ခြင်းသည် ကွန်ကရက်ကချမှတ်တဲ့ စည်းမူ ဘောင် အားလုံးအောက်မှာသာဖြစ်ပြီး ဒီစည်းမူနဲ့ မကိုက်ညီတာတွေ ဒါမှမဟုတ်စည်းမူထဲမှာမရှိသေးတာတွေကို ဥက္ကတဦးတည်း တစုတည်းရဲ့ သဘောနဲ့ ဆုံးဖြတ်ဆောင်ရွက်ပိုင်ခွင့် လုံးဝမရှိပါ။ ဒါဟာ တကမ္ဘာလုံးရှိဒီမိုကရေစီနိုင်ငံတိုင်းကကျင့်သုံးနေတဲ့ စနစ်ဖြစ်တာကို နိုင်ငံရေးဗေဒ လေ့လာသူတိုင်းသိကြပါတယ်။

ဒီတော့ ကေအဲန်ယူကိုယ်စားလှည်တွေနဲ့ မြန်မာစစ်အစိုးရကိုယ်စားလှည်တွေ ပထမအကြိမ်တွေ့ ဆုံညှိနှုင်းပွဲမှာ ကေအဲန်ယူ ကွန်ဂရက်က လက်မှတ်မထိုးသေးဖို့ ချမှတ်ထားရဲ့ နဲ့က ဒါကိုချိုးဖေါက်ပြီးမိမိတို့ အုပ်စုသဘောအရ အလျှင်စလို လက်မှတ်ထိုးလိုက်ကြပါတယ်။ ဒီချိုးဖေါက်မှုမျိုးဟာ နိုင်ငံအတော်များများမှာ သမတ တွေဥက္ကဌတွေ ချက်ခြင်းရာထူးကနှုတ်ပယ်ခံရတဲ့ ပြစ်မှုဖြစ်ပါတယ်။ သူတို့ ဆီမှာ ပြည်သူကရွေးကောက်ထားတဲ့ကွန်ဂရက်လွှတ်တော်ဆိုတာက သမတထက်အမြဲအာဏာမြင့်တာမို့ပါ။
ကေအဲန်ယူရဲ့ ကွန်ကရက်ကော်မီတီဝင်အများစုက မိမိတို့ ရဲ့ ပူးပေါင်ပိုင်ဆိုင်တဲ့ အာဏာကို မထီမဲ့မြင်ပြုခံရတာဖြစ်လို့ စိတ်မချမ်းသာခဲ့ကြပါဘူး။ ဒါပေမဲ့ စစ်အစိုးရနဲ့လက်မှတ်ထိုးလိုက်တဲ့အုပ်စု ဟာ အဲဒီအချိန်ကစပြီး စစ်အစိုးရရဲ့ တိုက်ရိုက် ကျောထောက်နောက်ခံပြုမှုကို အလိုအလျှောက်ရသွားကြပြီဖြစ်လို့  ကေအဲန်ယူရဲ့ ကျန်အဖွဲ့ ဝင်တွေက အခြေအနေကိုဒါ့ထက်မဆိုးအောင် နောက်ဆုတ်ပေးလိုက်ကြတာရှိသလို ဘာမှမပြောတော့ဘဲ ဘေးထိုင်လိုက်တာတွေလဲရှိလာပါတယ်။ ဒီအနေအထားက ဒီကေဘီအေနဲ့ ဘီဲဂြီအက်ဖ်ကိုရန်သူက မြှောက်ပင့်နေရာပေးထားတဲ့ လုပ်နည်းမျိုးနဲ့တူတူဖြစ်တာမို့  တော်လှန်တဲ့ကရင်တွေ မလူးသာမလွန့် သာဖြစ်ရတာပါ။

ဒုတိယအချက်ဖြစ်တဲ့ နိုင်ငံရေးဆိုင်ရာအမှားကတော့ ခု UNFC ကနေ ထွက်ဖို့ လုပ်နေတာပါဘဲ။
ကေအဲန်ယူရဲ့ လွန်လေပြီးတဲ့ခေါင်းဆောင်ကြီးတွေ လက်နဲ့ရေးခဲ့တဲ့မူတွေကို ခုခေါင်းဆောင်တွေက ခြေနဲ့ ဖျက်လိုက်တဲ့သဘောပါဘဲ။ ဒီလုပ်ရပ်မှာလူရာဝင်တဲ့ နိုင်ငံရေးသဘောတရားတွေလုံးဝကင်းစင်နေတတာကပြသနာပါဘဲ။
အရင်က ကချင်တွေ၊ရှမ်းတွေ မွန်တွေ စည်းကမ်းဖေါက်ခဲ့ကြတယ်ဆိုတဲ့အချက်ကို ပြန်ပြီး လက်စားခြေတဲ့ ကိစ္စဟာ အမျှော်အမြင်ရှိတဲ့ခေါင်းဆောင်တွေဖြစ်ရင် လုံးဝရှောင်ရှားမှာပါ။ ဘ၀တူ တိုင်းရင်းသားအဖွဲ့ အစည်းတွေ တစည်းတလုံးဖြစ်ဖို့ ကိုယ့်ခေါင်းဆောင်ကြီးတွေ အကြိမ်ကြိမ်ကျိုးစားခဲ့ကြတာကို ရန်သူဘက်ကလဲ အကြိမ်ကြိမ် ဖျက်ဆီးနိုင်ခဲ့ကြတယ်။ ဒါပေမဲ့ တိုင်းရင်းသားအားလုံးရဲ့ အင်အားဟာ တိုင်းရင်းသားအားလုံးစည်းလုံးမှသာ လေးစားလောက်တဲ့အနေအထားရောက်နိုင်မှာမို့ ကေအဲန်ယူခေါင်းဆောင်ကြီးတွေက မဆုတ်မနစ် အကြိမ်ကြိမ်ပြန်ပြီးစည်းလုံးမှုရယူနိုင်ခဲ့ပြန်တယ်။ ခုတော့ ဒီလို အသက်သွေးကြွေးပေးဆပ်ပြီး ရန်သူရဲ့ လှည့်ကွက်ဗြူဟာတွေအေက်ကလွတ်လာတဲ့ ဘ၀တူတိုင်းရင်းသားစည်းလုံးရေးကို လက်ရှိကေအဲန်ယူခေါင်းဆောင်တွေက ရန်သူ့ အစား ဖြိုဖျက်ပေးနေသလိုဖြစ်တယ်။ ဟိုတုန်းက မင်းတို့ ဖေါက်ခဲ့တယ် ဒီတော့အခုငါဖေါက်တယ် ဆိုတဲ့ အောက်တန်းစားလက်စားခြေရေးအတွေးအခေါ်တွေဟာ ကရင်လူမျိုးကိုရောဘ၀တူတိုင်းရင်းသားအားလုံးကရောလုံးတောင့်တနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာကြီး လုံးဝဖြစ်မလာနိုင်အောင် ရိုက်ချိုးပစ်လိုက်တာပါဘဲ။
အမှန်က ခုလို တိုင်းရင်းသားအားလုံးပြန်လည်စုစည်းမိတာကို အမိအရအခွင့်ကောင်းယူပြီး ကျစ်လစ်ခိုင်မာတဲ့ ကောင်စီအဆင့် တိုင်းရင်းသားပေါင်းချုပ်နိုင်ငံရေးတပ်ဦးကို တည်ဆောက်ကြရမှာပါ။ အဲလိုတည်ဆောက်နိုင်ရင် ဖက်ဒရယ်ပြည်ထောင်စုစနစ်တောင်းဆိုမှု ဟာ ကြီးမားတဲ့နိုင်ငံရေးဒီလှိုင်းကြီးဖြစ်လာမှာပါ။ ဒါကိုမလိုလားသူက ပြည်ထောင်တုစနစ်ကိုကိုင်ပြီးပြည်ထောင်စုအော်နေတဲ့ အစိုးရဘက်ကသာလျှင်ဖြစ်တာမို့  ကေအဲန်ယူက ဘာလို့ အဲလိုနိုငံရေးဘက်ပြောင်းသွားတာပါလဲ။

နောက်တခုထပ်ဖြည့်ဖို့ လိုတာက ကရင်အချင်းချင်းတိုက်ခိုက်မှုတွေ လက်ရှိဥက္ကဌခေတ်မှာ ရပ်ဆိုင်းသွားတယ်ဆိုတဲ့ တပိုင်းတစ အမြင်ပါ။ အမှန်က ကေအဲန်ယူလက်ရှိခေါင်းဆောင်တွေ မြန်မာအစိုးရနဲ့ တတွဲတွဲဖြစ်နေကတည်းက အဲဒီဘက်ကို အရင်ရောက်နေနှင့်တဲ့ တခြားအဖွဲ့ အားလုံးနဲ့ ဘက်တဘက်တည်းဖြစ်ကုန်တဲ့ အနေအထားကြောင့် အပြန်အလှန်ပစ်ခတ်မှုတွေ ရပ်သွားတာပါ။ ကရင့်ကိုယ်ပိုင်ပြဌာန်းခွင့် ဖက်ဒရယ်ပြည်ထောင်စု မူအောက်မှာ ယုံကြည်မှုသို့ မဟုတ် အကျင့်အကြံတွေတူလို့  အပြန်အလှန်မပစ်ခတ်ကြတော့တာမဟုတ်ဘူးဆိုတာကို နောက်တကျော့ ပြန်သုံးသပ်ကြည့်ရင် ရှင်းရှင်းလင်းလင်းမြင်ရမှာပါ။

လေးစားလျှက်ပါ
အဂ္ဂ


မှတ်ချက်။ ။ အထက်ပါစာအကြောင်းအရာများသည် စာရေးသူ ဆောင်းပါးရှင် အဂ္ဂ ၏ အမြင်များဖြစ်သည်။

9 comments:

Unknown said...

Hi Egga, the Karen people are in need of your wisdom and knowledge. For since the day of creation, there is no wise man ever found on this earth like you.
The Karen people are in need of your wisdom, but who is entirely lack of prudence.
And the Karen people are eager to know why are you running away from our Resistance Movement.

One thing is that if you do now exactly understand and know what has been and is going on, please do not say anything anything. Otherwise, your wisdom will simply become hogwash.

Unknown said...

All i want to say is this is all the planted of Burma government.If you say that Muto say po have made a mistake, he is not the one to blame.The people who have voted him to became a chair man of KNU is responsibility for his mistake.So who are they?he just did what he had.Only one thing i am wondering is how come he became a chairmen of KNU?Is there no one else who could lead KNU better than Muto saypo?we ,the karen people need real peace and freedom.Not the fake one that will lead us to the darkness.I am so sick of that kind of leader.If you think i am wrong prove me.

Blogger said...

Hi Thein Kaday..

I don't think I'm a wise man. I'm just performing or converting the simple issue that majority of ordinary people can see into the form of readable material.
No one need microscope to diagnosis this disease because it's seeable by plain eyes for someone who interesting to look.
My brain and thinking are always with True federalism, The Rights and equality of all ethnic people in the world included Burma and Karen. I'll be with a Karen organization
if they are not pointing their gun to each other like now. I'll try my way for Karen reunification in my daily ordinary life and wherever I'm.

Blogger said...

Kanyaw Kaw
I understand your patriotic feeling and why you want to blame all EC member than the chairperson. You understand Karen people need real peace and freedom so why all of Karen organizations are not want to be united again and why they interesting to making friend with 64 years enemy than between all Karen organizations. We blame some Karen group when they change side to enemy and point their gun to us. Therefore why we can't upset when we did it the same. About 7 million of Karen population will never meet with liberation if you all Karen arm group have no true heart to re united.

hate said...

နဲနဲတော့ပြောချင်တယ်”တိုက်ပွဲဝင်တာ ငြိမ်းချမ်းရေးအတွက်မဟုတ်ဘူး၊တိုင်းပြည်အတွက်တိုက်ပွဲဝင်တယ်။”
အားလုံးမတ်ထားကြ။

Unknown said...

ပြည်တွင်းထဲမှာရှိတဲ့ ကရင်လူကြီးတစ်ချို့ကတော့ KNU ဟာ ကရင်အချင်းချင်းပြန်စုစည်းဖို့ကိုပဲ ပထမဦးစားပေးလုပ်ရမှာ လို့ပြောကြတယ်။

Unknown said...

I don't want to blame my leader.I do love my leader.But it has happen ,happened and happened.Never stop in 65 years of our revaluation experiences.when are they going to learn from their mistake in the past.? They cared their emotion more than their people and country.? Please ,Please and Please ,think carefully for your people and your country before your have make a decision.Don let your emotion've control you.You all have to control them and make a right decion for your people.we have been suffer because of our KNU organization are separate by Burma army to too many piece and too many time...We need and want our leader to united.If we are united' nothing can stop us.If you can not do that, get out of the way.The person who could do that will lead.Don't make your people feeling suffer because of you.

Blogger said...

You are right Kanyaw Kaw..

hotladylay@gmail.com said...

ဒါကတော့ ကရင်ခေါင်းဆောင်တွေဟာ ခေါင်းမာတယ် ဥာဏ်ပညာနဲတယ် ဒေါသကြီးတယ် အဲဒါတွေအပြင် ရန်သူရဲက လှည့်ဖျားမှု အတိမ်အနက် ကို မသိနိုင် အလွယ်တကူယုံကြည် နိုင်ငံရေးအတွေ့အကြုံ နဲ့ နိုင်ငံရေးအတွေးအခေါ် နည်းပါးမှုတွေ မြန်မာပြည် စစ်အစိုးရရဲ့ ကရင်တိုင်းရင်းသားအပါအ၀င် အခြားတိုင်းရင်းသားတွေအပေါ် မှာ ပြုမူဆက်ဆံခဲ့တဲ့ အပြုသဘောဆောင် လူမျိုးကြီးလွှမ်းမိုးမှု ၀ါဒနဲ့ ကိုင်တွယ်မှု သမိုင်းကြောင်းတွေ ခရေစေ့တွင်းကျမသိမှုရယ် ရန်သူက ထိုးကြွေးတဲ့ အစာကိုခုံမင်မှု တွေက ကရင့်တော်လှန်ရေးနဲကဝေးရာ တိုင်းရင်းသားတရပ်လုံးတန်းတူညီမျှအခွင့်အရေးရဲ့ဝေးရာ ကရင်လူထုရဲ့ မွေးရာပါ လူမှုအခွင့်အရေးတွေနဲ့ဝေးရာ ၄င်းတို့မှာတော့ ရွေစံအိမ် ငွေစံအိမ် ဆူပါကုန်တိုက်တွေနဲ့ ချမ်းသာကြွယ်ဝတဲ့ စစ်ပြန် ကရင် စစ်ဗိုလ်များဘ၀ကိုဘ၀ပြောင်းကုန်ကြပြီး ကရင့်အရေးကို မျက်နှာလွဲသွားကြတာ နှစ်ပေါင်းများစွာကထဲက အကြိမ်ပေါင်းများစွာ အဖွဲ့ပေါင်းများစွာ (လက်နှက်နဲ့ ငြိမ်းချမ်းရေး လဲ တာမဟုပ်ဖဲ လက်နှက်နဲ့ ၄င်းတို့ ပုဂလိက အကျိုးစီးပွါး လည်းယူသွားကြတဲ့) အဖြစ်တွေမျက်မြင်ကိုတွေ့မို့ အားကိုးယုံကြည်စိတ်တွေ ကရင်လူထုမှာ နဲပါးလာရခြင်းပေတည်း (ကျမ ကရင်ပြည်သူတဦးပါ)

Post a Comment