ondragstart="return false" onselectstart="return false"

Sunday, September 20, 2015

တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော် နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွား

၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၀ ရက်

တအာင်းဒေသ၊ တပ်မဟာ (၂) နယ်မြေ၊ ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့နယ်ခွဲ၊ နားခါးလုံ အထက်ဖက်တွင် ယနေ့စက်တင်ဘာလ ၂၀ ရက် နံနက် ၀၈း၁၀ နာရီမှ ယခုအချိန်ထိ တအာင်းတပ်မတော် တပ်ရင်း(၅၂၇)၊KIA တပ်ဖွဲ့ဝင် ပူးပေါင်းအဖွဲ့နှင့် မြန်မာ့တပ်မတော် တပ်မ (၇၇) တို့ နှစ်ဖက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှု မသိရှိရသေးပါ။
တိုက်ပွဲနောက်ဆက်တွဲသတင်းအားဆက်လက်တင်ပြသွားပါမည်။
တအာင်းဒေသအနှံ့တွင် မြန်မာ့တပ်မတော်မှ တပ်အင်အားထပ်မံဖြည့်တင်းထိုးစစ်ဆင်လာရာ တအာင်းတပ်မတော် လုပ်ရှားမှုပြုလုပ်သည့်နေရာတိုင်း လိုက်လံ ပိတ်ဆို့ တိုက်ခိုက်ကာ ယခုကဲ့သို့ တိုက်ပွဲ ပိုမိုပြင်းထန်လာရခြင်းဖြစ်သည်။
ယခုတစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေး စေ့စပ်ညှိနှိုင်းနေချိန်တွင် မြန်မာ့တပ်မတော်မှ တပ်အင်အား ဆုတ်ခွါလျှော့သွားခြင်းမရှိဘဲ တပ်အင်အားပိုမိုဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်တိုက်ခိုက်မှု ပိုမိုပြုလုပ်လာခြင်းတို့ကြောင့် တအာင်းဒေသတွင်း တိုက်ပွဲပိုမိုပြင်းထန်လာနိုင်သည့် အနေအထားရှိသည်။

သတင်းနှင့်ပြန်ကြားရေးဌာန

Type the rest of your post here.

No comments:

Post a Comment