ondragstart="return false" onselectstart="return false"

Saturday, January 2, 2010

လူအခွင့်အရေးချိုးဖောက်မှု နှင့် တိုက်ပွဲသတင်း

တပ်မဟာ(၃) - ညောင်လေးပင်ခရိုင်

၂၂၊ ၁၂၊ ၀၉ ရက်နေ့  ၁၄း၄၀ နာရီအချိန်၌ KNLA တပ်မဟာ(၃)နဲ့ တပ်မဟာ(၅)ပူးပေါင်းတပ် သည် နအဖ စစ်တပ်နဲ့ ပေါ်ခေးခိုနှင့် ဖလါခိုးကြားတွင် တိုက်ပွဲဖြစ်ပွားရာ နအဖ စစ်တပ်မှ (၄)ဦးသေ၊ (၂)ဦးဒဏ်ရာရ။ သေဆုံးသူများထဲတွင် ဒုဗိုလ်တဦးပါဝင်ပြီး၊ တပ်ကြပ်ကြီး (၂)ဦး နှင့် တပ်သား (၁)ဦးတို့ ဖြစ်သည်။ ဒဏ်ရာရသူများထဲတွင် ဗိုလ်(၁)ဦးပါဝင်။ KNLA မှ MA 3 (၃)လက်၊ MA 2 (၁)လက်သိမ်းဆည်းရမိ။

၂၆၊ ၁၂၊ ၀၉ ရက်နေ့ တွင် နအဖ စစ်တပ်နှင့်ကေအဲန်အယ်လ်အေ တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ နအဖ တပ်မှ တပ်ကြပ်ကြီး(၁)ဦးသေပြီး၊ တပ်ကြပ်ကြီး (၁)ဦးဒဏ်ရာရ။

တပ်မဟာ(၄) - ဘိတ်ထားဝယ်ခရိုင်

၂၁၊ ၁၂၊ ၀၉ ရက်နေ့ နအဖတပ် ခလရ ၄၀၉ နှင့် ရေပူ ရွာအနီး ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရန် နအဖ တပ်မှ (၁)ဦးဒဏ်ရာရ။
၂၅၊ ၁၂၊ ၀၉ ရက်နေ့  ၁၂း၃၀ နာရီ၌ နအဖ တပ်နှင့် အမွန်လမ်းခွတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ နအဖတပ်မှ တပ်ကြပ်ကြီး (၁)ဦးသေ။ MA 3 တလက်နှင့် ကျည်တောင့် ၃၀ သိမ်းဆည်းရမိ။

တပ်မဟာ(၅) - ဖာပွန်ခရိုင်

၆၊ ၁၂၊ ၀၉ ရက်နေ့ DKBA ဖါးနာဒီအဖွဲ့ မှ ဖါးတါဝေ့ သည် မယ်မဲနယ်မြေ၌ ရွာသား ဖါးလယ်မေး ဆိတ်(၂)ကောင်သတ်စား၊ ဖါးသော၏ စပါးကျီတလုံးကုန်အောင်စားပြီး တဲ့တလုံးကို မီးရှို့ ပစ်၊ နော်ဒေး၏ ကျွဲ(၅)ကောင်သိမ်းယူ၊ ဖါးတာပရယ် နှင့် စော်ဘူးတို့ ၏ ကျောကုန်းအား (၅)ချက်စီပြင်းထန်စွာရိုက်နက်၊ ဖါးမောင်ကျ ၏ ကျောတချက်ရိုက်နက်။ လိုခယ်ခေါ ရွာအား ၀ါးအလုံး ၁၃၀၀ အတင်းအကျပ်ခုတ်ခိုင်း၊ ဖါးခေါ်ကလဲ ဆိတ်တကောင်သတ်စားသွား၊ လိုခယ်ရွာသားများ၏ ပစ္စည်းတန်ဖိုးကျငွေ ၄၀၀၀ ဘတ် လုယူသွား၊ ဖါးကလာ၏ ဆိတ်တကောင်အတင်းသတ်စားသွား၊အီးငဲ ဆိတ်တကောင်လည်းသတ်စားသွား၊ ၀ါကလူခို ရွာသားများအား ၀ါးအလုံး ၇၀၀ အတင်းအကျပ်ခုတ်ခိုင်း။

တပ်မဟာ(၆) - ဒူးပလာယာခရိုင်

၂၅၊ ၁၂၊ ၀၉ ရက်နေ့  နအဖ တပ် ခမရ ၄၀၇ တင်မောင်ဝင်းဦးစီး လေးနော်(တောင်စွန်း) အခြေစိုက်အဖွဲ့ သည် စစ်စခန်းဆောက်ရန်အတွက် ဒေသခံရွာများအား ရွာကြီး ၀ါးအချောင်း ၁၅၀၀၊ ရွာငယ် အချောင်း ၅၀၀ စသဖြင့် အတင်းအကျပ်ခိုင်းစေခုတ်ခိုင်းပြီး။ တစ်ရွာတစ်ဦးကျ၊ တလကို သုံးကြိမ်၊ တကြိမ် ၁၀ရက်ကြာ၊ တစ်လလျှင် ရွာပေါင်း ၁၀ ရွာသွားရောက်လုပ်ပေးရ။ ယခုလက်ရှိ နအဖ စစ်တပ် ခိုင်းစားသော ရွာများမှာ (၁)ကွီးဆောစီ (၂)လေးနော်(၃)လိုဆေး (၄)တာသူးကလိုး (၅)ခိုးခေါ (၆)ကျောက်ဘီလူး (၇) မဲကနော၊ (၈)မယ်က၀ါ (၉)ထီးမောကဲ (၁၀)မယ်တလီ(၁၁) လေးဖိုး စသည့်ရွာများဖြစ်ကြသည်။

၂၆၊ ၁၂၊ ၀၉ ရက်နေ့ နအဖစစ်တပ် ရတခ စဟ(၃) နိုစိုးနယ်(အနားကွင်း)အခြေဆိုက်တို့ သည်လူထုကားဖြင့် ဘုရားသုံးစူသော ရိက္ခာများပို့ ဆောင်ရာ ကေအဲန်အယ်အေ တပ်ရင်း ၁၆ မှ ဆန်(၅)အိတ်၊ နို့ ဆီ ၄၈၀ လုံးသိမ်းဆည်းရမိ။

၂၈၊ ၁၂၊ ၀၉ ရက်နေ နို့ ဆီအလုံး ၄၆၇ လုံးသိမ်းဆည်းရမိ။

KNLA တပ်ရင်း ၁၆ - ၀င်းရေးမြို့ နယ်ဒေသ၊ နအဖစစ်တပ် ရတခ စဟ(၃)၊ နိုဆိုးနယ်(အနားကွင်း)အခြေစိုက် ဗိုလ်မှူးကြီး ခင်မောင်ထွန်းမှဒေသခံကားများအား အနားကွင်းမှ ဘုရားသုံးဆူ သို့ ရိက္ခာများ ပို့ ဆောင်ခိုင်း၊ မပို့ ပေးနိုင်သော ကားများအား ဆယ်ဘီးကားတစီး ၁၅၀၀၀၀ ကျပ်ပေးဆောင်ရ။ ပေးဆောင်ရသောကားများ (၁)သိန်းဝင်း၊ သရိုဝါး(သံဖြူဇရပ်)နေ ကားနံပါတ် က/၁၄၀၃၊ ခိုင်မင်း(သံဖြူဇရပ်) ကားနံပါတ် က/၉၇၁၆ တို့ သည် ၁၅၀၀၀၀ ကျပ်စီ ပေးဆောင်ရ။

No comments:

Post a Comment