ondragstart="return false" onselectstart="return false"

Saturday, August 11, 2012

ကရင်နီတော်လှန်ရေးနေ့ အခမ်းအနားကျင်းပ

09 August 2012 21:41
Written by ကန္တာရ၀တီတိုင်း(မ်)

ယနေ့ကျရောက်သည့် ကရင်နီလူမျိုးတို့၏ ၆၄ နှစ်မြောက် ခုခံတော်လှန်ရေးနေ့ကို ကရင်နီတပ်မတော် ညာမိုတပ်စခန်း ထိန်းချုပ်နယ်မြေနှင့် သမိုင်းစတင်ဖြစ်ပေါ်လာသည့် ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် မြလဲရွာတို့တွင် အခန်းအနားကျင်းပ ပြုလုပ်ကြပါတယ်။

ညာမိုတပ်စခန်းမှ အခမ်းအနားမှာတော့ လူထုများနှင့် နိုင်ငံရေးဦးဆောင်သည့် အဖွဲ့ခေါင်းဆောင်များက တိုင်းရင်းသား အခွင့်အရေးနဲ့ အချုပ်အခြာ အာဏာအတွက် ပြန်လည်ခုခံ တိုက်ခိုက်လာကြသည်မှာ ယနေ့အချိန်ထိဖြစ်တယ် လို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ဒုဥက္ကဌ ခွန်းအေဘယ်တွိက ပြောပါတယ်။

ခွန်းအေဘယ်တွိက “ကျနော်တို့ ကရင်နီအမျိုးသား အစည်းအရုံးဌာနချုပ်ဖြစ်တဲ့ မြလဲကို ဖဆဖလ အစိုးရလေ့ကျင့်တပ်နဲ့ အထက်က နိုင်ငံရေး နားမလည်တဲ့ အမျိုးသားတချို့ ပူးပေါင်းပြီးတော့ ဌာနချုပ်ကို ဝင်ပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ် ဆိုတာကျနော်တို့ အမြဲတမ်းအမှတ်ရဖို့ ဖြစ်တယ်” လို့ ပြောပါတယ်။

မြန်မာပြည် အင်္ဂလိပ်လက်အောက်မှ လွတ်လပ်ရေးရရှိပြီးနောက်မှာ ဖဆပလအစိုးရက ကရင်နီပြည်ကို မြန်မာပြည်နှင့် ပူးပေါင်းဖို့ စည်းရုံးတဲ့အခါ မအောင်မြင်ခဲ့တဲ့အတွက်ကြောင့် ကရင်နီပြည်ကောင်စီ ဥက္ကဌ ဦးဘီတူရီ နေထိုင်တဲ့ မြလဲရွာကို ၁၉၄၈ ခုနှစ် သြဂုတ်လ (၉) ရက်နေ့နံနက် (၄) နာရီအချိန်မှာ စတင်ကျူးကျော်ဝင်ရောက် တိုက်ခိုက်ခဲ့ကြပါတယ်။

ဖဆပလအစိုးရက စတင်ဝင်ရောက်တိုက်ခိုက်တဲ့အချိန်နှင့် ဦးဘီတူးရီနှင့် ရဲဘော်တို့ ပြန်လည်ခုခံတိုက်ခိုက်ခဲ့တဲ့ ဒီနေ့သြဂုတ်လ (၉) ရက်နေ့ကို အစွဲပြုပြီး ကရင်နီတော်လှန်ရေးနေ့ဆိုတာ ပေါ်ပေါက်လာခဲ့ရခြင်းဖြစ်ပါတယ်။
သီးခြားလွတ်လပ်တဲ့ ကရင်နီပြည်ကို မြလဲရွာကနေ စတင်ဝင်ရောက်တိုက်ခိုက်တဲ့အတွက်ကြောင့် မြလဲရွာက ဒေသခံလူထုတွေကလည်း ဒီတော်လှန်ရေးနေ့ကို တခန်းတနားမပြုလုပ်နိုင်သော်လည်း အောက်မေ့တဲ့အနေနဲ့ ဒီနေ့မှာတော့ ဘုရားဝတ်ပြုဆုတောင်းပွဲ ပြုလုပ်ကြပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အဖွဲ့မှ အမှတ်(၁) ခရိုင် အုပ်ချုပ်ရေးမှူး ဦးဖိုးရယ်က “အဲဒီမှာ ကရင်နီခေါင်းဆောင်တွေရဲ့ ဗဟိုလည်းကျတယ်။ ဒါကြောင့်မို့ ဦးဘီတူရီကျတဲ့ရွာကို အဲဒီမှာ တော်လှန်ရေး စပေါ်ပေါက်တဲ့နေရာ ဆိုတော့ အခမ်းအနား ကြီးကြီးကျယ်ကျယ်တော့ မလုပ်နိုင်ဘူး ဒါပေမဲ့တော့ ဒီမှာကတော့ ဝတ်ပြုဆုတောင်းပွဲ အနေနဲ့ဘဲ လုပ်တယ်” လို့ ပြောပါတယ်။
ငြိမ်းချမ်းရေးယူထားတဲ့ ကရင်နီလူမျိုးပေါင်းစုံ လွှတ်မြောက်ရေးတပ်ဦး (ကလလတ) ကနေ ဦးဆောင်ပြီး မြလဲရွာမှာ ဆုတောင်းပွဲ ပြုလုပ်ကြတာဖြစ်ပါတယ်။

ကရင်နီတပ်မတော် ထိန်းချုပ်နယ်မြေဖြစ်တဲ့ ညာမိုတပ်စခန်းမှာ ကျင်းပပြုလုပ်တဲ့ အခန်းအနားမှာတော့ ကရင်နီတပ်မတော်များ၊ တပ်ဗိုလ်၊ တပ်မှူးများ၊ မိဘပြည်သူများ၊ ကျောင်းသူ၊ သားများစုစုပေါင်း လူဦးရေ ၈၀၀ ကျော်တက်ရောက်ကြပါတယ်။
http://www.ktimes.org/index.php/rokstoriesnews/291-2012-08-09-14-41-44

No comments:

Post a Comment