ondragstart="return false" onselectstart="return false"

Friday, August 3, 2012

သံလွင်မြစ်ရေလျှံ၍ ဘားအံမြို့နေ ၄,၀၀၀ ကျော် ရေဘေးသင့်

ကွန်းချမ်း | သောကြာနေ့၊ သြဂုတ်လ ၀၃ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၂၇ မိနစ်

စံခလပူရီ (မဇ္ဈိမ) ။ ။ ဇူလိုင်လကုန်ပိုင်းမှ စပြီး သံလွင်မြစ်ရေ လျှံတက်ခြင်းကြောင့် ကရင်ပြည်နယ်၊ ဘားအံ မြို့နယ်ရှိ ရပ်ကွက် သုံးခုတွင် ရက်သတ္တ တပတ်ခန့် ရေကြီးလျက် ရှိကာ လူဦးရေ ၄,ဝဝဝ ကျော် ရေဘေးဒဏ် ခံနေရကြောင်း ကယ်ဆယ်ရေးဝန်ထမ်းများက ဆိုသည်။

သောကြာနေ့ ရရှိသည့် စာရင်းအရ ရေဘေးသင့် အိမ်ထောင်စု ၉၃၄ ခု ရှိသော်လည်း သေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာ ရခြင်း မရှိကြောင်း သိရသည်။ သို့သော် ကလေးငယ်များမှာ ကယ်ဆယ်ရေးစခန်းတွင်ပင် စာသင်နေကြရကြောင်း
ရွှေရင်မျှော်ဘုရား ကယ်ဆယ်ရေးစခန်းမှ စေတနာ့ဝန်ထမ်းတဦး ဖြစ်သည့် ဦးနိုင်ထက်အောင် က ပြောသည်။

“ဒီက ရှိတဲ့ ကျောင်းသားတွေကို ဘုရားရင်ပြင်ပေါ်မှာပဲ ဆရာမတွေ ကိုယ်တိုင်က စာလာသင်ပေးပါတယ်။ ဆရာမ ငါးယောက် ခြောက်ယောက်လောက် ရှိမယ်” ဟု သူက ပြောသည်။

ရေဘေး ကယ်ဆယ်ရေးစခန်း ၇ ခု ဖွင့်လှစ်ထားပြီး၊ မီးသတ်၊ ကြက်ခြေနီ၊ ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ ဝန်ထမ်း များက ကူညီစောင့်ရှောက်ပေးလျက် ရှိကာ ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် စေတနာရှင်များက အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများ နေ့စဉ် လာရောက် လှူဒါန်းလျက် ရှိသည်ဟု သူက ပြောသည်။

ဘားအံမြို့သည် ပျမ်းမျှအားဖြင့် ၃ နှစ် တကြိမ်ခန့် ရေကြီးလေ့ ရှိပြီး၊ ရေကြီးတိုင်းတွင် ဘားအံမြို့ကို နှစ်ပိုင်း ပိုင်းလိုက် သကဲ့သို့ ဖြစ်ကာ အဆိုးဆုံးနှစ်များတွင် လှေဖြင့် ကူးလူးသွားလာရသည်လည်း ရှိသည်ဟု ဒေသခံများက ပြောသည်။

သံလွင်မြစ်ရေ လျှံတက်ခြင်းကြောင့်သာ ဘားအံမြို့ ရေကြီးလေ့ရှိပြီး မြစ်ရေ လျှံတက်ခြင်းကို ကာကွယ်ရန် အစိုးရ အနေနှင့် မလုပ်ဆောင်နိုင်သေးကြောင်း “ကျမ သိတတ်တဲ့ အရွယ်ကတည်းက သုံးနှစ်တကြိမ်လောက် ရေကြီးနေမြဲပဲ။ ဒီလို ကာကွယ်ဖို့ မလုပ်နိုင်သေးလို့လည်း ခုထိ ကြီးနေတာပဲ” ဟု အထက်ပါ အမှတ် ၈ ရပ်ကွက်သူ တဦးက ပြော သည်။

ဇူလိုင်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်း တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ၇၈ဝ စင်တီမီတာသို့ ရောက် ရှိကာ စိုးရိမ်ရေမှတ်ထက် ၃ဝ စင်တီမီတာ (၁ ပေခန့်) ကျော်လွန်ခဲ့ပြီး ၃ဝ ရက်နေ့တွင် ၈၂၃ စင်တီမီတာ၊ ၃၁ ရက်နေ့ တွင် ၈၄၇ စင်တီမီတာ၊ သြဂုတ်လ ၁ ရက်နေ့တွင် ၈၇ဝ စင်တီမီတာသို့ နေစဉ် မြင့်တက်ကာ အနိမ့်ပိုင်း ရပ်ကွက်များ
ဖြစ်သည့် ရပ်ကွက် ၁၊ ရပ်ကွက် ၂၊ ရပ်ကွက် ၅ ရှိ အိမ်ထောင်စု ၇၈၇ စုမှ လူဦးရေ ၄,၁၇၇ ဦး ရေဘေးသင့်ခဲ့ကြရ သည်။
http://www.mizzimaburmese.com/news/breaking-newsbrief/9792-2012-08-03-12-59-36.html

1 comment:

hotladylay@gmail.com said...

ကရင်ပြည်နယ်မှာအဆက်ဆက်တက်လာတဲ့ ပယကတွေ။မယကတွေ အခုအခေါ် အုပ်ချုပ်ရေးမှူးတွေပေါ့ ဒီရေဘေးဖြစ်နေတဲ့ကိစ္စကိုအဖြေရှာ အထက်ကိုတင်ပြအကြံပေး ကြိုတင်ကာကွယ်ရေးတွေလုပ်တတ်တဲ့ အဆင့်မရှိဖူး အဲဒီလိုရေဘေးဖြစ်လို့ အထက်ကဖြစ်ဖြစ် စေတနာရှင်တွေကဖြစ်ဖြစ် လှူဒါန်ါ်တဲ့ ပစ္စည်းတွေတောင် အောက်ခြေက ရပ်ကွက်ဥက္ကဌတွေ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေအိမ်ရောက်သွားပြီး နောက်နေ့ ဘားအံဈေးထဲရောက်သွားတာပဲ။ ၁၉၉၉ ခုနှစ်လောက်ကရေကြီးတုံးကအမှတ် (၅)ရပ်ကွက်ကလူတွေကိုတိုင်အတွေ့အကြုံပြောပြတာနားထောင်ကြည့်ပါအုံး
"ကျမတို့ကို အထုပ်တွေဝေပေးတယ် စောင်တွေရော ခေါက်ဆွဲခြောက်စားစရာတွေပါ တယ်" အဲဒါ ရပ်ကွက်လူကြီးက နင်တို့ဘာမှမလုပ်နဲ့အုံးကိုင်ထားကြ လူကြီးလာမယ် အဲဒီအခါဓါတ်ပုံရိုက်ရအုံးမယ်ပြောတော့ ကျမတို့လဲအဲလိုပဲအထုပ်တွေပိုက်ပြီးနေကြတာ ရွှေယင်မြှော်ဘုရားကြီးနဲ့ လေသာကျောင်းပေါ်မှာပေါ့။နောက် ၂ နာရီလောက်ကြာတော့ ကားအကောင်းစားတွေနဲ့ လူတွေအများကြီးပဲ စစ်ဝတ်စုံတွေနဲ့လာကြတော့ ကျွန်မတို့အားလုံးကို ရပ်ကွက်လူကြီးတွေက လက်အုပ်ချီထားခိုင်းတယ် သူတို့လဲ လက်အုပ်ချီလို့ ဘုန်းကြီး ဆရာတော်ကြီးကြွလာတာကျနေရောပဲ။
နောက်လူကြီးတွေက ချိုချုသားသားပဲ သမီးတို့ အဆင်ပြေလား အားမငယ်ကြနဲ့နော် ဘာလိုသေးလဲလို့ပြောတော့ ကျမက အားရ၀မ်းသာ ပြောချင်လို့ ရှေ့ကခလေးမလေးကို ဖယ်ပြီးရှေ့ထွက်မလို့လုပ်တာ နောက်ကနေ ဆတ်ခနဲ ကျမလက်ကို လူတယောက်ဆောင့်ဆွဲလိုက်လို့ လန့်ပြီးလှဲ့ကြည့်လိုက်တာ ရပ်ကွက်အတွင်းရေးမှူးလေ ကျွန်မကိုသတ်တော့မလိုပဲ နင်ဘာလုပ်တာလဲ သေချင်လို့လား နောက်ဆုပ်စမ်းလို့ပြောတာနဲ့ ကျမလဲ တုံနေတာပဲ သူ့ကိုကြောက်လို့။ အဲဒါနဲ့လူကြီးတွေပြန်သွားတော့ လော်စပီကာနဲံအော်တယ် ခုန အထုပ်တွေ အခဘုရားယင်င်ြပေါ်မှာမအားလုံးလာပြန်ချ နင်တို့ကိုအကုန်ပေးလိုက်တာမဟုတ်ဖူး လူကြီးလာမှာမို့ ကြည့်ကောင်းအောင်မြန်မြန်စီစဉ်လိုက်ရတာ အခု အဲဒါတွေကို အခြားလူတွေ အများကြီးကျန်သေးတယ် ပြန်ပြီးခွဲတမ်းချရအုံးမှာဆိုလို့ ပြန်သွားပို့ရတယ်။ နောက် ၂ပါတ်လောက်ကြာတော့ ရေပြန်ကျပြီမှို့ ကျမတို့လဲ ကို့အိမ်ကိုပြန်သွားကြတာ စောစောက လူကြီးလာတုံးက ကိုင်ခိုင်းထားတဲ့ အထုပ်တွေအကြောင်း ဘာမှမကြားရမမြင်ရတော့ဖူ" အမှန်တကယ်ဖြစ်သွားတဲ့ အဖြစ်အပြက်လေးပါ။

Post a Comment