ondragstart="return false" onselectstart="return false"

Saturday, October 5, 2013

" မိုးလား-တိမ်လား-မြူ လား " ချီးပေ မောင်မဲလား...

ဘယ်သူတွေဘာပြောပြော ကေအဲန်ယူထဲမှာ ပထွေးချီးစားမယ့် ချီးပေမောင်မဲ တွေရှိနေဒါ တွေ့ ရပါတယ်ခင်ဗျား…. လုပ်ကြအုံး အရပ်ကတိုးတို့ ရေ…. အရှိအတိုင်းပြောရမှာတောင် ရင်မောတယ်… စိတ်ကုန်နေပြီဗျား…
XXXXXXXXXXXX

အောက်တိုဘာ ၄ -၂၀၁၃

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို လာမဲ့နိုဝင်ဘာလမှာ အစိုးရကပြုလုပ်မှာဖြစ်ပေမဲ့ ဖြစ်နိုင်ခြေနည်းတယ်ဆိုပြီး တိုင်းရင်းသားခေါင်းဆောင်အ
ချို့ကပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ဖွဲ့စည်းတားတဲ့ ညီညွတ်သောတိုင်းရင်းသားလူ
မျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကတော့ လက်မှတ်မထိုးဘူးလို့သိရပါတယ်။

သူတို့လက်မှတ်မထိုးရတဲ့အကြောင်းကို ဒီရက်ပိုင်းအတွင်းမှာဘဲ ထိုင်းနိုင်ငံမှာအခြေ
စိုက်တဲ့ EU နဲ့နိုင်ငံတကာသံရုံးက သံအမတ်၊သံမှူး၊နိုင်ငံရေးဌာနကပုဂ္ဂိုလ်တွေကို ဘန်ကောက်မြို့မှာရှင်းပြခဲ့တာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့အဖွဲ့က သံတမန်တွေနဲ့ အချိန်အတော်ကြာဆွေးနွေးခဲ့ကြတယ်
လို့လည်းသိရပါတယ်။

UNFC ရဲ့ပြောခွင့်ရပုဂ္ဂိုလ်နိုင်ဟံသာက တပ်နေရာချထားရေးနဲ့တပ်ဘက်ဆိုင်ရာနားလည်မှု အခိုင်အမာရှိမှသာလျှင် လက်မှတ်ရေးထိုးသင့်တယ်ဆိုပြီး သဘောထားပေးပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) က ပရိုဂရမ်ဒါရိုက်တာတဦးဖြစ်တဲ့ ဦးအောင်နိုင်ဦးကတော့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဘို့အတွက် လက်နက်ကိုင်အဖွဲ့အစည်းတွေကို တိုက်တွန်းသွားမယ်လို့ဆိုပါတယ်။

ပုံစာ- တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခု။

သတင်းနှင့်ဓာတ်ပုံ-မန်းမျိုးမြင့်(မီဒီယာ)

No comments:

Post a Comment