ondragstart="return false" onselectstart="return false"

Wednesday, October 16, 2013

ဗမာသတင်းသမားတွေနဲ့ ဗမာသတင်းဌာနတွေက ဗမာပီသလွန်းပါပေ့

ဘယ့်နယ့်လည်ဗျား ခင်ဗျားတို့ ဗမာသတင်းမီးဒီယာတွေ တိုင်းရင်းသားတွေနဲ့  ကရင်တွေရဲ့ သတင်းကောင်းမျိုးတွေဆိုရင် နာမည် ရှေ့ မှာဦး တို့ ဒေါ်တို့  တို့ လူကိုဝါးမျို ပြီး တမင်တပ်ပြီးခေါ်လေ့ရှိတယ်..
ဟော ဒီဗုံးကွဲမှုမှာ ဒီလူတွေတကယ် ခွဲလား မခွဲလား မသိ အပတ်ထားလိုက် ပြောချင်ဒါက သတင်းကြေငြာသူ သတင်းရေးသူတွေ ရေးကြတာဖတ်ကြည့် သတင်းတွေနားထောင်ကြည့် ဗုံးခွဲသူဆိုပြီး ဖမ်းထားတဲ့ လူတွေရဲ့နာမည်ရှေ့ မှာ စောမြင့်လွင၊် စောစောထွန်းဆိုပြီး သုံးထားဒါတည့်နေဒါပဲ..
တစ်ခုပြောချင်တယ်ဗျား ခင်ဗျားတို့ ဗမာမီဒီယာတွေ ကရင်သတင်းကရင်အကြောင်းရေးချင်ရင် ကရင်ဗုံးခွဲသူဖြစ်ဖြစ် ကရင်ဓါးပြဖြစ်ဖြစ် ကရင်သူတောင်းစားဖြစ်ဖြစ် သူတို့ နာမည်ရှေ့ မှာ စော၊ မန်း၊ နော်၊ နန်း အစသဖြင့် ရေးရတယ်အဲဒါ အရှိတရားပဲ။ ကရင်လူကောင်းတွေကျတော့ ဥပမာ မင်းတို့ သုံးနေကြ ဦးစောဆိုင်မွန်သာ၊ ဒေါ်နော်စီဖိုးရာစိန်၊ မဇိုရာဖန်း၊ ဒေါ်စူစဲနာလှလှစိုး ဆိုပြီး နာမည်ရှေ့ မှာ ဦးတို့ ဒေါ်တို့  တို့ ကို နာမည် ရှေ့ မှာတပ်မနေနဲ့  ။

ကပ်ပြီးပြောနေဒါမဟုတ် အခုခင်ဗျားတို့ လုပ်ပုံက ရည်ရွယ်ချက်ရှိရှိ။ လူဆိုးတွေလို့ ယူဆသူကိုတော့ ဦးဆိုဒါလေးကို အသာလေး ဖြုတ်ထားလိုက်ပြီး စော ဆိုဒါလေးကရှေးမှာအထစ်အငေါ့မရှိဖြောင့်နေဒါပဲ.. ဟားဟားဟား.. ဗမာသတင်းသမားတွေ ဗမာပီသတယ်..



ဗုံးခွဲတရားခံများဟု ယူဆရသူများ
=================
ရန်ကုန်မြို့၌ ဗုံးခွဲသူဟု သံသယ ရှိသူများ ဖမ်းမိပြီ ။
———————————————————
နိုင်ငံတော်အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ပျက်ပြား စေရန် ရည်ရွယ်ပြီး ယခုရက်ပိုင်းအတွင်း တိုင်းဒေသကြီး အချို့တွင် မသမာသူများက ဖောက်ခွဲမှုများအား လုပ်ဆောင်ခဲ့ကြသည်။ အထူးသဖြင့်
ပြည်သူများ ထိတ်လန့်မှု၊ စိုးရိမ်ကြောင့် ကြမှုများ ဖြစ်ပေါ်စေပြီး နိုင်ငံတည်ငြိမ်
အေးချမ်းမှုကို ထိခိုက် ပျက်ပြားစေရန် ဦးတည် ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိ ရသည်။

အောက်တိုဘာ ၁၃ ရက် နံနက် ဝဝ နာရီ ၁၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း အဝေးပြေး ကားဝင်းရှေ့ ကားမှတ်တိုင်ရှိ ခရီးသည် နားနေဆောင် ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် သာကေတ မြို့နယ် အခွန်လွတ် ဈေးခြံစည်းရိုး အနီး ပေါက်ကွဲခဲ့သည့် ဖြစ်စဉ်၊

အောက်တိုဘာ ၁၄ ရက် နံနက် ၁ဝ နာရီခန့်တွင် အလုံမြို့နယ် ကမ်းနားလမ်းရှိ Western Park II စားသောက်ဆိုင် စားပွဲခုံ အောက်၌ ကြွပ်ကြွပ်အိတ် အနက်ဖြင့် ထုပ်ထားသည့် မိုင်းတွေ့သည့် ဖြစ်စဉ်နှင့် ည ၁၁ နာရီ မိနစ် ၂ဝ ခန့်တွင်
ကျောက်တံတား မြို့နယ် ကုန်သည်ကြီးများ ဟိုတယ် အခန်းအမှတ် ၉၂၁ ၌ ပေါက်ကွဲမှု ဖြစ်စဉ်တို့ ဖြစ်ပွားခဲ့ပြီး နိုင်ငံသား နှစ်ဦးနှင့် နိုင်ငံခြားသူ တစ်ဦးတို့ ဒဏ်ရာ ရရှိခဲ့ပြီး ယင်းဖြစ်စဉ်များတွင် သံသယရှိသူ စောမြင့်လွင် (ခ)မောထ ဆိုသူအား ဖြစ်စဉ်ဖြစ်ပွားပြီး ၂၄ နာရီအတွင်း ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့်
ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အောက်တိုဘာ ၉ ရက်က ပဲခူးတိုင်း ဒေသကြီး ညောင်လေးပင်မြို့မှ ဖြူးမြို့သို့ ထွက်ခွာ လာသည့် ဇေယျာဟိန်းယာဉ် လိုင်းပေါ်၌ တွေ့ရှိရသော ကြွပ်ကြွပ်အိပ်နှင့် ထုပ်ထားသည့် မိုင်းတွေ့သည့် ဖြစ်စဉ်နှင့် အောက်တိုဘာ ၁၁ ရက်က တောင်ငူမြို့ ချမ်းမြေ့တည်း ခိုခန်း အပေါ်ထပ် အခန်းအမှတ် ၆ တွင် ပေါက်ကွဲမှု ဖြစ်စဉ်တို့
ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်များတွင် အပြစ်မဲ့ ပြည်သူနှစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ရာ အဆိုပါ ဖြစ်စဉ်များတွင် ပြစ်မှုကျူးလွန်သူဟု ယူဆရသူမှာ စောထွန်းထွန်း ဆိုသူဖြစ်ကြောင်း ဖော်ထုတ်ရရှိပြီး ၄င်းအား ဖမ်းဆီးရမိရေး အတွက် ပြည်သူလူထု
နှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။

အလားတူ အောက်တိုဘာ ၁၄ ရက် မွန်းလွဲပိုင်းက မန္တလေးမြို့ အောင်မြေသာစံ မြို့နယ် ၁၆ လမ်းနှင့် လမ်း ၈ဝ ထောင့် စားသောက်ဆိုင် တစ်ဆိုင်တွင် မိုင်းတွေ့သည့်
ဖြစ်စဉ်နှင့် ယနေ့ နံနက် ၃ နာရီခွဲ ခန့်တွင် စစ်ကိုင်းမြို့ မင်းလမ်းရပ်ကွက် ရွှေပြည့်စုံ တည်းခိုခန်း အပေါ်ဆုံး တတိယထပ် စားသောက်ခန်း ပေါက်ကွဲမှုနှင့် နံနက် ၅ နာရီ ၄၅ မိနစ် ခန့်တွင် စစ်ကိုင်းမြို့ ဆွမ်းဦး ပုညရှင်စေတီ ယာဉ်ရပ်နားနေရာ ပေါက်ကွဲမှု
ဖြစ်စဉ်တို့ ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း သိရှိရပြီး တရားခံများ ဖော်ထုတ် ဖမ်းဆီး
ရမိရေး အတွက် တရားဥပဒေ စိုးမိုးရေး အဖွဲ့များက ပြည်သူ လူထုနှင့် ပူးပေါင်း
ဖော်ထုတ် ဆောင်ရွက်လျက် ရှိသည်။

အဆိုပါ ဖြစ်စဉ်များတွင် ပြည်သူလူထု၏ အားတက်သရော ဝိုင်းဝန်း ကူညီမှုဖြင့်
ဖော်ထုတ် ရရှိသူများအား ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်
သွားမည် ဖြစ်ကြောင်းနှင့် တရားခံ ပေါ်ပေါက်ခြင်း မရှိသေးသည့် ဖြစ်စဉ်များကိုလည်း
ပြည်သူလူထု၏ ပူးပေါင်း ကူညီမှု များဖြင့် စစ်ဆေးဖော်ထုတ် ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သတင်း ရရှိသည်။

(မြ၀တီ)

4 comments:

saw aung min said...

hello..KNU media,TAW TI KHO ,you are protecting to the terrorists....fucking terrorists should be named FUCKING SAW MYINT LWIN ,FUCKING SAW HTAN HTAN...instead of U .

Kanyaw Kaw said...

hay mother fucker aung min why you name your first name as saw???fuck you. i know you are burma .you know what? this is the political trick that your step father, than shwe and his follow's planed.In the other side that mother fucker trying to show the whole world that they are trying to made peace with karen(ethnic) KNU.But in the other side they trying to made the whole world will think that the karen are terrisan that do not want peace..that why they used "saw" and let the whole world think that karen made thet fucking nonsence exploinoug in innosent people.fuck you men ...go and fuck your mother.zlet mr tell you fucking Burma .you've killed the ethnic,you've kill the mussilim ,you killed a stuent,you'd killed a monk and you've lied to the whole world.And now you made a big trick to covered your step father than shwe.maung aye and king nyunt .FUCK YOU BURMA..you all are the same..no metter goverment or what..come on ..let make nationality problem again as 1949..you will know who are the best.21th century karen youth generation .are not like before..you will know it..

Min Pa Pa said...

First I want to say what thaw thi kho give comment is 100% right..

hey mg aung min.. dont think that the Karen like your words Fucking U Fucking Daw Fucking Ma Fucking Mg.. OK? you fucking idiot.. what are you talking about.. you all Burmese are the same Ass hole,

poor guy said...

Looked like a perfect short when explored. Was is time mine or video short activation trigger-able mine nor etc........ HAHAHAHAHAHA funny. Burma police should update their skills to be professional. Looked to me like you guys are a little baby working without any knowledge and skills.

Post a Comment