ondragstart="return false" onselectstart="return false"

Monday, October 12, 2015

တစ်ရက်တည်း တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွား

၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၂ ရက်

တအာင်းဒေသ၊ တပ်မဟာ (၂) နယ်မြေ၊ နမ့်ဆန်မြို့နယ်တွင် အောက်တိုဘာလ ၁၁ ရက်နေ့၌ တစ်ရက်အတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(T.N.L.A)၊ နှင့် မြန်မာ့တပ်မတော် တို့ တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့သည်။
တိုက်ပွဲတွင် T.N.L.A ဖက်မှ ထိခိုက်ကျဆုံးမှုမရှိပါ။ မြန်မာ့တပ်မတော် ဖက်မှ ထိခိုက်ကျဆုံးမှုမသိရှိရသေးပါ။
တိုက်ပွဲ ဖြစ်ပွားသည့် တပ်ဖွဲ့မှာ T.N.L.A ဖက်မှ တပ်ရင်း ၄၃၄ ဖြစ်ပြီး မြန်မာ့တပ်မတော်ဖက်မှ တပ်မ ၇၇ ဖြစ်သည်
ညနေ ၁၆း၀၀ နာရီတွင် ဟိုနမ့်ကျေးရွာနှင့် မန်မိုင်မိန်းကွမ်းကျေးရွာအကြားတွင် ဖြစ်ပွားပြီး ညနေ ၁၇း၃၀ နာရီအချိန်တွင် နမ့်ဆန်မြို့နှင့် ၁ မိုင်ကျော်အကွာ ပန်လောကျေးရွာ အနီးတွင် ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယခုရက်ပိုင်းအတွင်း မြန်မာ့တပ်မတော်သည် တအာင်းတပ်မတော် တည်ရှိရာ လှုပ်ရှားစခန်းများအား ပိုမိုထိုးစစ် တိုက်ခိုက်လာလျှက်ရှိသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA


Type the rest of your post here.

No comments:

Post a Comment