ondragstart="return false" onselectstart="return false"

Wednesday, November 21, 2012

ဗမာ့တပ်မတော် ကချင်ပြည်နယ် ဖားကန့် ဒေသမှာ သောင်းကျန်းနေ

သတင်း - လထောလက်

မိုးကောင်း၊ ကားမိုင်းမြို့ ဘက်မှ ဖါးကန့်ဘက်သို့ချီတက်လာသော
ခလရ(၁၃)စစ်ကြောင်းတကြောင်းသည် ၂၀၁၂ ခုနှစ်၊နိုဝင်ဘာလ (၁၈)ရက်နေ့က နန့်ယား
(Nam Ya) ကျေးရွာအတွင်းရောက်ရှိစဉ် လမ်းဘေး ၀ဲ၊ ယာ သို့ သေနတ်များပစ်ခတ်
ဝင်ရောက်ခြဲ့ခင်းကြောင့် အပစ်မဲ့ ရွာသား (၄) ဦးထိခိုက်ဒဏ်ရာ
ရရှိခဲ့ပါတယ်။
၎င်းတို့မှာ-
(၁) ဦးဇိန်ဟန်ဘောက်နော် အသက် (၅၂) နှစ်
(၂) ဒေါ်အေး အသက် (၄၆) နှစ်


(၃) ဒေါ်ဖေါ်ယမ်ကော့ အသက် (၇၀) နှစ်
(၄) မောင်ကျော်မင်းထွေး အသက် (၁၃) နှစ်
(သတ္တမတန်းကျောင်းသား) တို့မှာ ဒဏ်ရာရရှိခဲ့ပါတယ်။ ထို့နောက် ၎င်းနန့်ယား
ကျေးရွာသား ဦးနော်တောင်အိမ်ဝင်းအတွင်းမှ
ဝက်(၃၀)ပိဿာခန့်ဝက်တစ်ကောင်ကိုလည်းသတ်ဖြတ်ယူဆောင်သွားခဲ့ပါတယ်။ ဒီဇင်ဘာလ
အတောအတွင်း KIA တပ်ရင်း(၆) တည်ရှိသောနေရာ ကံဆီး
ကိုထိုးစစ်ဆင်တိုက်ခိုက်ဖို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ
ညွန်ကြားထားပြီဖြစ်၍လူအင်အား၊ ရိက္ခာ၊ လက်နက်ကြီး၊ လက်နက်ငယ်များ ကို
နေ့စဉ်နှင့်အမျှ ပို့ဆောင်နေကြောင်းလည်းသိရှိရပါတယ်။


No comments:

Post a Comment