ondragstart="return false" onselectstart="return false"

Saturday, November 17, 2012

"လွမ်းစိမ့်"

၁၉၈၇ ငွေစက္ကူတွေကို တရားမဝင် ကျေညာခဲ့တဲ့ နေ့ က တနိုင်ငံလုံးမှာ ရှိနေတဲ့  တက္ကသိုလ်ကျောင်းသားတွေ ဝမ်းမီးတောက်ခဲ့ရတယ်… ကျောင်းပိတ်ရက်အပြီး ပြန်ရောက်မလာနိုင်တော့တဲ့ နော်သွေးကောဖေါ တစ်ယောက် ဘယ်ဆီများရောက်သလည်းပေါ့.. သိချင်ရင်.. ဇာတ်လမ်းလေးကိုကြည့်လိုက်ပါလား……

ချိုတူးဇော်နှင့်ဆာတိုရီ တို့ ရသမြောက်စွာဖန်တီးထားပါသည်။

မှတ်ချက်။ ။ အရမ်းကောင်းသော ရသမြောက် အသက်ဝင်သော ဇာတ်လမ်းတပုဒ်လို့ မှတ်ချက်ပေးလိုပါ၏။

လွမ်းစိမ့် NOSTALGIA by Cho Tu Zaw ( English Subtitle -Docudrama movie)

Published on Sep 30, 2012 by Htaytint Sukmai

The movie about a University banned over 20 years,
ွှ့Then, the movie also banned in its own country,
and the director became an exile for it. ...

ဖျက်ဆီးခံလိုက်ရတဲ့ ကျနော်တို့ရဲ့ သမိုင်းတခု .
အခြေအမြစ်မရှိတဲ့ ဆူပူအုံကြွမှု
လူရမ်းကားတွေ လုပ်တာ ဆိုတဲ့ သမိုင်း
ဒါပေမဲ့  လက်တွေ့ မြနမာပြည်က ကျောင်းသားတွေရဲ့ 
နေ့ စဉ်ဘဝက ဘာလဲ ။
ကြည့်ရှု့ သူများ သမိုင်းတခုရဲ့  ဖြတ်သန်းမှုကို
ခံစားနိုင်ကြပါစေ ။
ချိုတူးဇော် ( ဒါရိုက်တာ )

ဘဝ ဆိုတာ ရပ်တည်ဖို့ ကြိုးစားနေကြရတာပါ ။
မှန်ကန်စွာရပ်တည်နိုင်ဖို့ 
ငယ်စဉ် ကလေးဘဝမှာ မိဘ
လူငယ်ဘဝမှာ ကျောင်းဆရာ ဆရာမ
တက္ကသိုလ်ဘဝမှာတော့အစိုးရ

အံသြစရာ အကောင်းဆုံးကတော့
ဇတ်လမ်းထဲက ကောင်မလေးကို
မြတ်နိုးတွယ်တာ စွဲလမ်းမိခဲ့ဖူးသူ ၂ယောက်
အပြင်မှာ တကယ်ရှိနေတယ် ။
အမေရိကန်မှာနေတဲ့ ဇတ်လမ်းရိုက်ကူးသူ ချိုတူးဇော်
နောက်တယောက်က ယူကြု့ ကို တင်ပေးသူ
နယ်သာလန်က ကိုဌေးတင့် ။
ကောင်မလေးကို အပြင်မှာ ၂ယောက်စလုံး
ဆုံးရှုံးခဲ့ရတယ် ။
လောကကြီးဟာ ပုံသေနည်းနဲ့ အကွက်ဖေါ်တာ မဟုတ်ဖူး
http://www.youtube.com/watch?v=ZNoR17fPRUc&feature=plcp

1 comment:

Anonymous said...

ဒီကားထဲမပါတဲ့သီချင်း ခေါင်းစဉ်ကိုသိချင်ပါတယ်ခင်ဗျာ ကျေးဇူးပြု၍ဖော်ပြပေးပါခသ်ဗျာ

Post a Comment