ondragstart="return false" onselectstart="return false"

Thursday, November 29, 2012

ဗိုလ်ချုပ်အောင်မင်းလည်းပြန်သွားရော လက်ပန်းတောင်းတောင်မှာ

ဦး(ဗိုလ်ချုပ်)အောင်မင်းတယောက် စိတ်ထဲရှိတာတွေအကုန်ပြောသလား၊ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ အသေအလဲကြိုး စားနေရသလား မပြောတတ်ပါဘူး။ တိုင်းပြည်ကိုကာကွယ်မယ်ဆိုတဲ့၊ ကရင်ပြည်နယ်ထဲမှာ ထိုးစစ်တွေဆင်တုန်း လူထု ကိုရော၊ ကရင်တော်လှန်ရေးသမားတွေကိုပါ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ ဗိုလ်ချုပ်ဟာ အခုကျတော့ ကြောက်သ တဲ့။ တယ်လည်းအားထားစရာကောင်း ပါကလား။

မုံရွာခရိုင် ပုလဲမြို့နယ်၊ ခေါ်သံနီ တောကျောင်းဆရာတော် ဦးသိက္ခဥာဏ ပြင်းထန်ဒဏ်ရာရ

ကာလကြာမြင့်လာတာနဲ့အမျှ လက်ပံတောင်းတောင် သပိတ်သမားများဟာ အခက်အခဲနဲ့ စမ်းသပ်ချက်တွေ တခုပြီးတခု ရင်ဆိုင်ကျော်လွှားနေရပါတယ်။ တလောက သူ့လူကိုယ့်ဘက်သားလုပ်ပြီး အချိုသတ်လာပြောသူတွေအမျိုးမျိုးကို တွေ့ ကြုံရပြီးနောက် အခုတခါ ဗိုလ်ချုပ်ဝန်ကြီးတယောက် ငိုချင်းချပြပြီးညာတာနဲ့ တွေ့ရပြန်ပါပြီ။ ဒီကိစ္စမှာ အချိုသတ်ပြော သူပဲဖြစ်ဖြစ်၊ ငိုချင်းချသူပဲဖြစ်ဖြစ်၊ တက်ထောင်မောင်းနင်းပြောသူပဲဖြစ်ဖြစ် သူတို့ပြောတဲ့ အဓိပ္ပာယ်တွေကတော့ အတူ တူချည့် ဖြစ်ပါတယ်။ အဲဒါကတော့ လူထုတွေကိုဘယ်လောက်ပဲ ထိခိုက်-ထိခိုက်၊ သဘာပတ်ဝန်းကျင်ကို ဘယ် လောက်ပဲ ဖျက်ဆီး-ဖျက်ဆီး ဒီလက်ပံတောင်းတောင် စီမံကိန်းကို မရပ်ဆိုင်း၊ မဖျက်သိမ်းနိုင်ဘူး ဆိုတာပါပဲ။

အခုတော့ ကြံ့ဖွတ်စစ်အစိုးရဟာ ပစပ်နဲ့မပြောတော့ပါဘူး။ ဖမ်းတယ်၊ ရိုက်တယ်၊ မျက်ရည် ယိုဗုံးနဲ့ပစ်တယ်၊ မီးလောင် ဗုံးနဲ့ ပစ်တယ်ဆိုတဲ့အဆင့်ကို ရောက်လာပါပြီ။ ဗမာပြည်သမိုင်းမှာ တခါမှမသုံးဖူးတဲ့ ဓာတုလက်နက်တမျိုး ဖြစ်ပါတယ်။ ဗိုလ်ချုပ်တွေ အစွယ်တွေပြန်ပေါ်လာပါပြီ။ အိုဘားမားက ကျားစွယ်တိုက်ပေးခဲ့တယ်လို့ပြောရင်ရမလားမသိ။

အားလုံးမြင်ကြ၊ ကြားကြတဲ့အတိုင်းပဲ ဦး(ဗိုလ်ချုပ်)အောင်မင်း လက်ပန်းတောင်မှာ ပြောတဲ့စကားတွေဟာ အလစ်အ ငိုက် ခြုံခိုတိုက်ခံရတဲ့တပ်လို သွေးရူးသွေးတန်း ပြောတဲ့စကားတွေမဟုတ်ပါဘူး။ မလာခင် အသေအချာစဉ်းစား၊ စကား လုံးရွေးပြီးမှ လာပြောတာ ဖြစ်ပါတယ်၊ အစီအစဉ်ရှိရှိ သူပြောသွားတာရဲ့အချုပ်က တရုတ်ကိုလည်းကြောက်ရတယ်၊ လက်ပန်းတောင်စီမံကိန်းကို ဘာအကြောင်းကြောင့်နဲ့မှ မဖျက်သိမ်းနိုင်ဘူးဆိုတာပါပဲ။ နိုင်ငံရဲ့တာဝန်ရှိသူတယောက်က ဒီလိုပဲ အိမ်နီးနားချင်းနိုင်ငံကို ကြောက်ရကြောင်းပြောတာ ကမ္ဘာ့နိုင်ငံရေးမှာကြားရခဲလှတဲ့စကားပါ။ သူမရှက်ပေမဲ့ တိုင်း ပြည်ကရှက်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိခိုက်တဲ့ကိစ္စကို တလုံးမှပြောမသွားတဲ့ ဦး(ဗိုလ်ချုပ်)အောင်မင်းဟာ အမေ ရိကန်သမတ အိုဘားမားကို လှမ်းပြီးမျက်ရည်ခံထိုးနေတာလို့ ဆိုနိုင်ပါတယ်။ သူပြောတာဟာ သူ့ တဦးတည်းရဲ့သဘော ထား မဟုတ်နိုင်ပါဘူး။ သူတို့အစိုးရတဖွဲ့လုံးရဲ့ သဘောတားပါ။

ကြံ့ဖွတ်စစ်အစိုးရဟာ ရမည်းသင်းက မိုးထိမိုးမိရွှေတွင်းကိစ္စမှာ ဒီလောက်အကြမ်းမကိုင်ဘဲ လက်ပန်းတောင်းကိစ္စကျမှ အပြတ်ချနေတာဟာ ဘာကြောင့်လဲ။ သေချာတာတခုကတော့ မိုးထိမိုးမိဟာ ခရိုနီတွေရဲ့လုပ်ငန်းဖြစ်ပြီး လက်ပန်း တောင်းတောင်ကိစ္စကတော့ စစ်တပ်ရဲ့ ဦးပိုင်ကလုပ်တဲ့ လုပ်ငန်းဖြစ်နေလို့ပါပဲ။

အခုတော့ လက်ပန်းတောင်က တောသူတောင်သားတွေရဲ့ လုံးဝအကြမ်းမဖက်တဲ့ သပိတ်ဟာ ဆိုးဝါးလှတဲ့ အကြမ်းဖက် မှုနဲ့ ကြုံလိုက်ရပါပြီ။ ဗမာပြည်မှာ အရင့်အရင်စစ်အစိုးရတွေလုပ်သလိုပဲ ကြံ့ဖွတ်စစ်အစိုးရက လိုက်လုပ်တဲ့အတွက် ဆေးရုံတင်ရသူ၊ အဖမ်းခံရသူ၊ ရှောင်တိမ်းရသူတွေပေါ်လာပါပြီ။

ဒီလိုနဲ့ဒီတိုက်ပွဲဟာ ဒိထက်ကြီးမားကျယ်ပြန့်လာရင် ဘာလုပ်ကြမလဲ။ လက်ပိုက်ကြည့်နေကြမလား၊ ‘ချွေးသိပ်စကား တွေနဲ့” ဦးပိုင်အတွက် လျှောက်လဲကြမှာလား။ ဗမာပြည်သားတွေ၊ အထူးသဖြင့် နိုင်ငံရေးလောက က လူတွေအနေနဲ့ ဒီလက်ပန်းတောင်းတောင် အရေးအခင်းအပေါ် ဘယ်လို သဘောထားတယ်ဆိုတာဟာ ဒီနိုင်ငံရေးအကွေ့ရဲ့ စမ်းသပ် ချက်တခု ဖြစ်လာနေပါပြီ။

သက်လုံကောင်းနိုင်ကြပါ့မလား။

ရဲဘော်ဖိုးသံချောင်း
http://www.naytthit.net/?p=31670

No comments:

Post a Comment