ondragstart="return false" onselectstart="return false"

Thursday, October 17, 2013

ရှမ်းပြည်နယ် နမ့်ခမ်းမြို့တွင် ဗုံး ၃ ကြိမ်ကွဲ၊ ၁ ဦး သေဆုံး

ရှမ်းပြည်နယ်မှာ ကွဲတဲ့ဗုံးကလည်း ကေအဲန်ယူ လက်ချက်ပဲလားဟင်.. ဘယ်ဗမာသတင်းဌာနတွေမှ အတိအကျမဖေါ်ကြတော့ဘူးလားဗျို့ ..

ထက်နိုင်ဇော်

လူမှုကွန်ရက် Facebook တွင် ပျံ့နှံ့နေသော နမ့်ခမ်းမြို့ဗုံးပေါက်ကွဲမှုမြင်ကွင်း

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် အောက်တိုဘာလ ၁၆ ရက်နေ့ ညပိုင်းနှင့် အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ပိုင်းတွင် ဗုံးကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၁ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နမ့်ခမ်းမြို့နယ်ရဲစခန်းက ဧရာဝတီသို့ အတည်ပြု ပြောဆိုသည်။

အောက်တိုဘာလ ၁၆ ရက်နေ့ ညပိုင်းက နမ့်ခမ်းမြို့တွင် ဗုံးတလုံး စတင်ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း၊ အောက်တိုဘာ ၁၇ ရက်နေ့ မနက် ၇ နာရီ နှင့် ၇ နာရီခွဲတွင် နမ့်ခမ်းမြို့လယ်ဘုရားအနီးတွင် ဗုံး ၂ လုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများတွင် ၁ ဦးမှာ ဒဏ်ရာအနည်းငယ် ပြင်းထန်သဖြင့် နမ့်ခမ်းမြို့နယ် ပြည်သူ့ ဆေးရုံ ကြီးသို့ ပို့ဆောင်ထားပြီး ကျန် ဒဏ်ရာရသူ ၅ ဦးမှာ ပွန်းပဲ့ဒဏ်ရာများသာ ရရှိကြောင်း သိရှိရသည်။

“ပေါက်ကွဲမှု ဖြစ်တဲ့အတွက် တယောက်သေသွားတယ်။ ဒဏ်ရာရတဲ့ အထဲက တယောက်ကို နမ့်ခမ်း ဆေးရုံကို ပို့လိုက် ပါပြီ။ ကျန်တဲ့သူတွေက ပွန်းရာ ပဲ့ရာလောက်ပဲဆိုတော့ ဆေးရုံသွားဖို့ မလိုဘူး´´ ဟု နမ့်ခမ်းရဲစခန်းမှ ရဲအရာရှိ တဦးက ဧရာဝတီသို့ ပြောသည်။

ယနေ့မနက်ပိုင်း ဗုံးပေါက်ကွဲမှုကြောင့် နမ့်ခမ်းမြို့လယ်ခေါင်ရှိ ကားလမ်းကို ကာရံထားသော အုတ်ခုံ တချို့ ထိခိုက် ပျက်စီးခဲ့ပြီး ဗုံးမှာ ချိန်ကိုက်ဗုံး ဟု ယူဆရကြောင်း၊ အသေးစိတ်ကို တပ်မတော်အင်ဂျင်နီယာတပ်က ဆက်လက် စစ်ဆေး လျက်ရှိ ကြောင်း နမ့်ခမ်းရဲစခန်းမှ သိရသည်။

အောက်တိုဘာလ ၉ ရက်နေ့မှ အောက်တိုဘာလ ၁၇ ရက်နေ့အထိ ရန်ကုန်၊ စစ်ကိုင်း၊ မန္တလေး၊ တောင်ငူ၊ ဖြူး၊ နမ့်ခမ်းမြို့နယ်များတွင် ဗုံးပေါက်ကွဲမှု ၉ ကြိမ်၊ ဗုံးတွေ့ရှိမှု ၃ ကြိမ် စုစုပေါင်း ၁၂ ကြိမ် ဖြစ်ပွားခဲ့ကာ သေဆုံးသူ ၃ ဦးနှင့် ဒဏ်ရာရရှိသူ ၁၀ ဦး ရှိကြောင်း သိရှိရသည်။

4 comments:

poor guy said...

KNU is fighting for peace not for violent or terrorist works. If KNU do so this thing would have come continuously since 1948.

Unknown said...

Hey,
who is the stupid mother fucker said that the explosion in Burma are by KNU. i said No Fucking Way
because that is not the way KNU fight for. we do not fight for bomb explosion,we fight for freedom of federal for Burma. i know the answer, the wicked junta government who is believed by the whole world because they put the sheep skin on wolf. They try to trick every ethnics in Burma including the world.i tell you the truth, this very same tricky try to confuse everybody so they bribe some people that they arrested them now and let them do bomb explosion.Then they said that it is Karen people do explosion,Karen people are terrorist. But i tell you do not believe it,we never have problem with Shan people, Shan and Karen are now in the same boat,both of us we are tricked by that tricky government. but be aware of some Karen people who really love money will do what ever that wicked government ask him,it's nothing about KNU,it is all about Personal and this Karen He/She fucks with the wicked government.what's a looser! That criminals are not belong to KNU,belong to government itself .They bribed them so they responsible for that. Wait, one day Me and my KNU people will give this junta government a good lesson how to live a democratic life. I tell you the truth again Unless this Burma turn in to Federal the fighting will still continue until everything is fucked up. if everybody surrender to the wicked government, me and my family and my A47 too will lead the fight. "Coming Soon"

Unknown said...

ဗမာလူယုတ်မာကို ခုထိယုံနေတဲ့ KNU အဖွဲ့ဝင် ခေါင်းဆောင်တချို့ ဟာ ဘာတွေလဲကွာ.. မင်းတို့ကို နှစ်ပေါင်းခြောက်ဆယ်ကျော်အတွင်း ထောက်ခံအားပေးတဲ့ ကရင်လူထုထက် မင်းတို့ပထွေးကို ယုံနေတုန်းပဲလား.. ပြောစရာ ရှိရင် ပွင့်ပွင့်လင်းလင်းပြော ပြတ်ပြတ်သားသားလုပ်.. မင်းတို့ ပထွေးကို ကြောက်နေရင် စင်ပေါ်ကဆင်း.. မင်းတို့ထက်တတ်တဲ့ လူတွေတက်လုပ်ပါစေ.. တခါလာလဲဒါပဲ နောက်တခါလာလဲ ဒါပဲ.. ကိုယ့်အသက်အရွယ်ကိုယ်ပြန်ကြည့်ကြအုံး.. မင်းတို့ပထွေးက နောက်ထပ် အနှစ် ၁၀ အချိန်ထပ်ဆွဲပြီး နိုင်ငံရေး ပြာသနာ ဆိုပြီး ဟိုအကြောင်းပြဒီအကြောင်းပြမယ်ဆိုမယ်ဆိုရင် လူကြီးမင်းတို့ ဘာဆက်လုပ်ကြမလဲ.. လူယုတ်မာ အကြောင်းကို သိသိကြီးနဲ လူကြီးမင်းတို့ ဒီလိုပဲ လိုက်လျော့ပြီး လုပ်နေတာတော့ မကောင်းဘူး..

Unknown said...

okay let me tell you straight ...Hay ,,than shwe,khin nyunt,maung aye !!!!especial the one who planed the whole thing khin nyunt..all of you are women ,Men or gay? come on step forword...if you dare do done that you might have a little courage to face it..why you all are hiding behind your wife longyi and doing dirty political?This is dirty game .Every planed that you all doing are so so familier to burma civilian.You can not trick to us...come on, step forword if you are really a man ..But if you are gay or half of women i will not asked you to do this again....

Post a Comment