ondragstart="return false" onselectstart="return false"

Thursday, October 24, 2013

မုန်းဒိန်ပါ ရွာသား ၇၀၀ ကျော်ကို အစိုးရတပ်မှ ဘုရားကျောင်းသို့ အဓ္ဓမ ထိမ်းသိမ်းထား

By KNG

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် မုန်းဒိန်ပါ (Mungding Pa) ကျေးရွာရှိ အပြစ်မဲ့ ကချင်ရွာသား ၇၀၀ ကျော်အား မြန်မာအစိုးရတပ်သည် ယမန်နေ့ ၂၂ ရက် အင်္ဂါနေ့မှ စ၍ ကချင်နှစ်ခြင်းခရစ်ယာန်ကျောင်းတွင် လုံခြုံရေးချထိမ်းသိမ်းထားကြောင်းသိရသည်။

စစ်အင်အား ၂၀၀ ကျော်ရှိသော အစိုးရတပ်သည် ကောင်ဂျာမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်လာကာ မုန်းဒိန်ပါ ရွာသို့ဝင်ရောက်ပြီး ရွာသားများအားခြိမ်းခြောက်ပစ်ခတ်ကာ ဘုရားကျောင်းဝင်းသို့ထိမ်းသိမ်းလိုက်ခြင်းဖြစ်ကြောင်း မုန်းဒိန်ပါမှ ဆရာဇယ်ထောင်း (Sara Ze Htawng) KNG ကချင်သတင်းဌာနသို့ ပြောသည်။

“ဒီမနက်တော့ တချို့ကို အိမ်ကဆန်သွားယူခိုင်းပြီး ဘုရားကျောင်းမှာဘဲ အားလုံးပြန်လာချက်ခိုင်းတယ် ဒါမဲ့ရွာပြင်မထွက်ခိုင်းဘူး အပြင်ထွက်ရင် ပစ်သတ်မယ်ဆိုပြီးပြောတယ် ရွာထဲမှာက သူတို့ကြိုက်တဲ့ ပစ္စည်းတွေ ကြိုက်သလိုလုပ်နေကြတယ် ရွာပတ်ပတ် လည်လည်သူတို့ရှိနေပြီး ကြိုက်သလိုလုပ်နေတယ်”

ဆက်လက်ပြီး ယနေ့ နံနက်ထိ အစိုးရတပ်များလှုပ်ရှားလာခြင်းကြောင့် KIA တပ်ရင်း (၁၂) နယ်မြေ (ရှမ်းပြည်နယ်ဘက်ခြမ်း) မဘိန်းမြို့နယ် ရွှေလီမြစ်အနောက်ဘက်မှ ဆဂနမ်ခွမ် (Saga Nam Hkum) တွင် တိုက်ပွဲဖြစ်ပွာခဲ့ကြောင်း တပ်မဟာ (၃) KIA ရှေ့တန်းစခန်းမှ ပြောသည်။

ယခုချိန် KIA တပ်မဟာ (၃) အောက် တပ်ရင်း (၁၂) ဒေသ သံတံတား၊ မုန်းဒိန်ပါ၊ မန်ကာ၊ ကောင်ဂျာဒေသများတွင် အစိုးရတပ် စစ်အင်အား ၁၀၀၀ ကျော်လှုပ်ရှားနေပြီး ယမန်နေ့ မုန်းဒိန်ပါရွာသို့လှုပ်ရှားလာသော အစိုးရတပ်သည် တပ်မ ၉၉၊ တပ်မ ၈၈ တပ်ပေါင်းစုများဖြစ်ကြောင်း သိရသည်။

၎င်းအစိုးရတပ်သည် ယမန့်နေ့ ရွာသို့ လက်နက်ကြီးလက်နက်ငယ်များ ပစ်ခတ်စဉ် ကျည်ဆံသည် ဘုရားကျောင်းတွင် ထိမှန်ပြီး အက်သွားကြောင်း ဒေသခံများပြောသည်။

မုန်းဒိန်ပါကျေးရွာတွင် အိမ်ခြေ ၆၀၀ ခန့်ရှိပြီး လူဦးရေ ၂၀၀၀ ကျော်ရှိရာ အချို့ကျေးရွာသားများသည် နက်လက်ကြီးများရွာသို့ ပစ်ခတ်လာချိန် မိမိလုံခြုံရာလယ်ယာများ နေရာဒေသအသီးသီးသို့ ထွက်ပြေးသွားကြောင်းသိရသည်။

“စားသောက်ဖို့က သိပ်စိုးရိမ်စရာမရှိဘူး လယ်တွေယာတွေရှိတဲ့နေရာဖြစ်တယ် အခုရှိနေတဲ့အစိုးရတပ်က ရွာသားတွေကို ဘယ်လိုထိန်းချုပ်ထားလဲဆိုတာကို စိုးရိမ်တယ် ဆွေးနွေးပွဲမှာ စစ်ရှိန်လျှော့ချရေးနဲ့ တိုက်ပွဲတွေ ထပ်မံမဖြစ်ပွားရန် သဘောတူထားတယ် ဒါမဲ့ သူတို့ဘက်က လှုပ်ရှားလာပြီး တိုက်ပွဲတွေ ဖြစ်လာတော့ KIO ကို လက်မှတ်မထိုးတဲ့အတွက်ကြောင့် ပစ်လို့ရတယ်ဆိုတဲ့ သဘောနဲ့ ပစ်နေတယ်လို့ မြင်တယ်” ဟု KIO ဒုက္ခသည်ကယ်ဆယ်ရေး ကော်မတီဥက္ကဌ ဆလန်ကဘာဒွဲပီဆာ KNG ကချင်သတင်းဌာနသို့ ကသုံးသပ်သည်။

မြစ်ကြီးနားမြို့ ဆွေးနွေးပွဲတွင် စစ်ရှိန်လျှော့ချရေးနှင့် တိုက်ပွဲများ ထပ်မံမဖြစ်ပွား စေရေးအတွက် ပူးတွဲ စောင့်ကြည့် ကြီးကြပ်ရေး ကော်မတီ (Joint Monitoring Committee) အား ပဋ္ဋိပက္ခဖြစ်ပွား ရာဒေသ အားလုံး အကျုံးဝင်စေမည့် ဖွဲ့စည်းပုံဖြင့် ဖွဲ့စည်းသွား ရန်သဘောတူခဲ့ခြင်းဖြစ်သော်လည်း အစိုးရတပ်ဖက်မှ စစ်အင်အားတိုးချလှုပ်ရှားမှုများကြောင့် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။
http://burmese.kachinnews.com/news/

1 comment:

democracy said...

PRESS RELEASE 23RD OCTOBER 2013 BURMESE ARMY ATTACK AND LOOT KACHIN IDP CAMPS
http://democracyforburma.wordpress.com/2013/10/25/press-release-23rd-october-2013-burmese-army-attack-and-loot-kachin-idp-camps/
http://democracyforburma.wordpress.com/2013/10/24/နမ်%E1%82%94လင်းပ%E1%80%ABရ%E1%80%BCာက-သတင်းဝင်/

Post a Comment