ondragstart="return false" onselectstart="return false"

Monday, October 7, 2013

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲ အပေါ် KNU ၏ ရပ်တည်ချက် ထုတ်ပြန်

Written by ဖြူကိုကို

အစိုးရ၏ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲ အပေါ် လက်မှတ် ထိုးခြင်း မထိုးခြင်းသည် သဘောထား (၆) ချက်အပေါ် အစိုးရ ဖက်မှ သဘော တူညီမှု ရှိမရှိ၌ မူတည် နေကြောင်း ကရင် အမျိုးသား အစည်း အရုံး KNU က ထုတ်ပြန် ခဲ့သည်ဟု ပြောရေး ဆိုခွင့် ရှိသူ အတွင်းရေးမှူး (၂) ပဒိုမန်းမန်း က ဆိုပါသည်။

“ဆိုလို တာကတော့ လက်မှတ် မထိုးခင် ကတည်းက Code of Conduct ကို သဘောတူ လက်မှတ် ထိုးပြီးသား ဖြစ်ရပါ့မယ်။ အဓိပ္ပါယ် ကတော့ Code of Conduct ကို သဘော မတူ ဘဲနဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲ ရေးကို သွားလို့ မရသေး ပါဘူး” ဟု ဆိုပါသည်။

KNU ၏ သဘောထား (၆) ချက်မှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် မထိုးမီ သဘော တူညီ ထားရမည့် အချက် များနှင့် လက်မှတ် ရေးထိုးစဉ် သဘောတူ ရမည့် အချက်များ ပါရှိ သည်ဟု ဆိုပါသည်။

လက်မှတ် မထိုးမီ အစိုးရ ဖက်မှ သဘောတူ ထားရ မည်မှာ အချက် (၃) ချက် ရှိပါသည်။ (၁) National cease fire accord တပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး လက်မှတ် မထိုးမီ KNU ၏ Code of Conduct ကို KNU နှင့် အစိုးရတို့ နှစ်ဖက် သဘော တူညီချက် ရရှိ ထားပြီးသား ဖြစ်ရမည်။ (၂) လက်မှတ် ရေးထိုး ပွဲတွင် အစိုးရ ဘက်မှ တပ်မတော် ကိုယ်စားလှယ်များ အပါအ၀င် အဓိက ပုဂ္ဂိုလ်များ ပါဝင် လက်မှတ် ရေးထိုး ရမည်။ (၃) လက်မှတ် ရေးထိုး ပွဲသို့ အသိသက်သေ အဖြစ် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ အကြီးအကဲများ ပါဝင် ရမည်။

ဤအချက် များသည် တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် မထိုးမီ အစိုးရ ဖက်မှ လိုက်နာ ပေးရန် ဖြစ်ပါသည်။ ထို့ပြင် လက်မှတ် ရေးထိုး စဉ်တွင်လည်း (၄) တိုင်းရင်းသား များ၏ တွေ့ဆုံ ဆွေးနွေးပွဲ ဆိုင်ရာ နိုင်ငံရေး မူဘောင်ကို ဆက်လက် ညှိနှိုင်း အကောင်အထည် ဖော်ရေးကို သဘော တူညီ ရပါမည်။ (၅) ထို့အတူ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံ တည်ဆောက် ရေးကို လက်ခံ သဘောတူညီ ရမည် ဖြစ်ပြီး၊ (၆) အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ သဘော တူညီ ချက်နှင့် နိုင်ငံရေး ဆွေးနွေးမှု ဖြစ်စဉ်ကို လေ့လာ စောင့်ကြည့် ကြီးကြပ် ရေးကို ထားရှိရန် အစိုးရ ဖက်က သဘောတူ ရဦးမည် ဖြစ်သည်။

ဤကဲ့ သို့သော အခြေခံ (၆) ချက်နှင့် ပြည့်စုံသော အခြေအနေ မျိုးတွင်သာ အစိုးရ၏ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲကို KNU မှ တက်ရောက် လက်မှတ် ထိုးနိုင်မည် ဖြစ်သည်ဟု ဆိုပါသည်။

အထက်ပါ ရပ်တည်ချက် (၆) ချက်ကို ပြီးခဲ့သည့် ရက်ပိုင်းတွင် ကျင်းပသော KNU ဗဟို အလုပ် အမှုဆောင်၏ အစည်းအဝေး ဆုံးဖြတ်ချက် ဖြစ်ကြောင်း ပဒိုမန်းမန်း က ဆိုပါသည်။

KNU သည် တနိုင်ငံလုံး အတိုင်းတာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲ ဖြစ်သည့် အတွက် အဖွဲ့ အားလုံး ပါဝင် နိုင်ရန် ဆန္ဒ ရှိကြောင်း၊ တစ်ဖွဲ့ နှစ်ဖွဲ့ လက်မှတ် ထိုးရုံဖြင့် တနိုင်ငံလုံး ဆိုင်ရာ အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးဟု မခံယူ သင့်ကြောင်း၊ National cease fire ဖြစ်သည်နှင့် အညီ တနိုင်င်ငံလုံး အတိုင်းအတာ ဆောင်သည့် သဘော တူညီ မှုဖြင့် ပါဝင်မှု ရှိရမည် ဖြစ်သည်ဟု သဘောထား ခဲ့ပါသည်။

KNU အနေဖြင့် သီးခြား လက်မှတ် ထိုးမည် မဟုတ်ကြောင်း၊ ဦးအောင်မင်း အနေဖြင့် လာမည့် အောက်တိုဘာ လတွင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပွဲ ကျင်းပရန် ရှိကြောင်း နှုတ်အား ဖြင့်သာ ဆင့်ခေါ် ခြင်းသာ ဖြစ်ပြီး တရားဝင် စာရွက် စာတမ်းဖြင့် ဖိတ်ကြား ထားခြင်း မရှိကြောင်း ဆိုပါသည်။

KNU သည် တခြား တိုင်းရင်းသား များနှင့် ညှိနှိုင်း မှုများ ဆက်လက် ဆောင်ရွက်ရန် ရှိသလို CODE OF CONDUCT ကိစ္စနှင့် ပတ်သတ်ပြီး အစိုးရနှင့် သဘော တူညီချက် ရရှိရန် ဆက်လက် အားထုတ်မည် ဖြစ်သည်။

KNU သည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင် ဖြစ်ပါသည်။ လက်မှတ် ထိုးရာတွင် တဖွဲ့ချင်း စီမှ အာမခံ လက်မှတ် ထိုးရမည် ဖြစ်သော်လည်း နိုင်ငံရေး ဦးဆောင်မှု အပိုင်းတွင် UNFC ကိုသာ အဓိက ထားရမည် ဖြစ်ကြောင်း KNU မှ သဘောထား သည်ဟု ဆိုပါသည်။ KNU သည် လာမည့် အောက်တိုဘာ တတိယ အပါတ်တွင် အစိုးရ နည်းပညာ အထောက် အကူပြု အဖွဲနှင့် Code of Conduct ကိစ္စ ရပ်အား ဆွေးနွေးရန် ရှိသည်ဟု ဆိုပါသည်။

ဤအခြေအနေ အတိုင်းသာ ဖြစ်လာ ခဲ့ပါက အစိုးရ၏ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲသည် လောလောဆယ် အနေ အထားတွင် ဖြစ်နိုင်ခြေ မရှိဟု ဆိုရ ပါမည်။ ဤသို့ကြောင့် လာမည့် နိုဝင်ဘာ လအထိ ရွှေ့ဆိုင်းရဖွယ် ရှိသည်ဟု ၀န်ကြီး ဦးအောင်မင်းမှ မီဒီယာ များကို ထုတ်ပြောကြား ခဲ့ပါသည်။
http://www.phophtawnews.org/burmese/index.php/news/internal-news/item/774-knu.html

2 comments:

Unknown said...

Yes we must do like this otherwise we do not no the scheme of the junta government. The CODE OF CONDUCT that propose by the KNU is fair.

democracy said...

ကရင်တော်လှန်ရေးတပ်သားအကူအညီဖြင့် ထိုင်းတောင်ပိုင်းမှာ အစ္စလာမ်မစ် အကြမ်းဖက်သမား မွတ်ဆလင် ကုလားတွေကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိMost Wanted Islamist Terrorists were arrested by Thai Police with Karen Army help-VIDEO http://www.youtube.com/watch?v=Mcz_lXEuHIA

Post a Comment