ondragstart="return false" onselectstart="return false"

Sunday, October 26, 2014

နမ်းခမ်းအနီးတွင် မြန်မာစစ်တပ်မှ တအန်းတပ်မတော်အား ပိတ်ဆို့ တိုက်ခိုက်ပြီးနောက်တွင် နေရာအနှံ့အပြား တိုက်ပွဲငယ်များ ဖြစ်ပွား

အောက်တိုဘာ ၂၆ ရက် ၂၀၁၄

အောက်တိုဘာလ ၂၄ ရက်မှစပြီး မြန်မာစစ်တပ်မှ TNLA တပ်မတော်အား ပိတ်ဆို့တိုက်ခိုက်ပြီး နောက်ပိုင်းတွင် နမ့်ခမ်းမြို့အနီး ကောင်းဝိုင်း၊ နမ့်ဆရီး၊ နမ့်ဟောမ်၊ ငေါခါးရွာ နေရာအနှံ့အပြားတွင် တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲများတွင် မြန်မာစစ်တပ်မှ အထိနာသော်လည်း အသေးစိတ်အခြေအနေကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးပါ။

၂၄ ရက်မှ မြန်မာစစ်တပ် တပ်မ(၈၈)နှင့် ခမရ (၄၅)တို့မှ TNLA တပ်မတော်အား စတင် ပိတ်ဆို့တိုက်ခိုက်ခဲ့သည်။ ၄င်းနောက်တွင် ၂၄ ရက်နံနက် ၁၀း၀၀ နာရီအချိန် ကောင်းဝိုင်းရွာအနီးတွင် TNLA တပ်ရင်း (၁၁၂) မှ RPG လောင်ချာဖြင့် ၁၅ မိနစ်ခန့် ခုခံတိုက်ခိုက်ခဲ့သည်။

၂၅ ရက်တွင် နနက် ၁၀းဝ နာရီဝန်းကျင်တွင် နမ့်ဆရီး- နမ့်ဟောမ်ရွာအကြားတွင် နမ့်ဆရီးရှိ မြန်မာစစ်တပ်အား TNLA တပ်ရင်း (၁၁၂) မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် မိနစ်အနည်းငယ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

၂၅ ရက် ညနေနှောင်းပိုင်း ၂၂း၀၀ နာရီခန့်တွင် TNLA တပ်ရင်း (၄၇၈) မှ ငေါးခါးရွာအနီးတွင် ရှိနေသည့် မြန်မာစစ်တပ် အား RPG လောင်ချာ ၂ လုံးဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
တိုက်ပွဲအသေးစိတ်အခြေအနေများကို ဆက်လက်ပြီး တင်ပြသွားပါမသည်။

အဆိုပါတိုက်ပွဲများ ဖြစ်ပွားပြီးနောက် မြန်မာစစ်တပ်မှ ဒေါသထွတ်ကာ အနီးရှိရွာသားများ လမ်းပိတ်၍ စစ်ဆေး မေးမြန်းခြင်း၊ သေနတ်ဖြင့် ချိန်ပြီး ခြိမ်းခြောက်ခြင်းများ နေရာအနှံ့အပြား လုပ်ဆောင်နေကြသည်။

ယနေ့ မနက်ပိုင်း ၀၉း၀၀ နာရီခန့်တွင် လွယ်မွန်းကျေးရွာရှိ တားမောက်လိတ်(အယိုင်) အသက်- ၆၂ အား ၄င်းအိမ်ခြံအတွင်း တွင် ပစ်ခတ်ခြိမ်းခြောက်မှုလုပ်ခဲ့ခြင်းကြောင့် တားမောက်လိတ်(အယိုင်)၏ ဦးခေါင်းပိုင်း ထိမှန်သွားကြောင်း သိရသည်။

ယနေ့တွင် မြန်မာစစ်တပ်မှ တိုက်ပွဲများဖြစ်သည့် အနီးဝန်းကျင်ရွာများ၏ ဥက္ကဌများကို လွယ်မွန်းရွာသို့ အစည်းအဝေးထိုင်ရန် ဆင့်ခေါ်ထားကြောင်းလည်း သိရသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉ ၄၉၃၁၄၉၅၁၊ ၀၉ ၂၅၆၄၆၅၆၈၁၊ ၀၉ ၄၇၁၃၂၁၁၈၊ ၀၆၉၂ ၆၂၂၄၈၅၈


No comments:

Post a Comment