ondragstart="return false" onselectstart="return false"

Friday, October 24, 2014

ယူအင်န်အက်ဖ်စီ ခွဲထွက်သွားတဲ့ ကေအင်န်ယူအပေါ် ဆလိုင်းလျန်မှုန်းဆာခေါင်း ဘယ်လိုမြင်သလဲ

Written by နန်းလွင်နှင်းပွင့်

ရန်ကုန် (မဇ္ဈိမ)။ ။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုများပြုလုပ်နေစဉ် ကရင့်အမျိုးသား အစည်းအရုံး KNU နှင့်ပတ်သက်၍ တိုင်းရင်းသားများထဲမှ နိုင်ငံရေးအကျိုး အမြတ်အတွက် သီးသန့်ခွဲထွက်ခြင်း၊ အကျိုးအမြတ်ရရှိရေး ဆောင်ရွက်နေခြင်း စသည်ဖြင့် KNU အပေါ် ကောလာဟလ ထွက်ရှိခဲ့ခြင်းတို့နှင့်ပတ်သက်၍ သုံးသပ်ပေး နိုင်ရန် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့တွင် ပါဝင်ပြီး ချင်းအမျိုးသားတပ်ဦးမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းနဲ့ တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်သည်။

နိုင်ငံရေးအသိုင်းအ၀ိုင်းမှာ KNU ကို ဝေဖန်မှုတွေ ထွက်ပေါ်နေတဲ့အပေါ် ဘယ်လိုသဘောထားရှိ ပါသလဲ။

ကို လုံးဝမပြစ်မမြင်ပါဘူး။ KNU အနေနဲ့ ငြိမ်းချမ်းရေးကို လိုလားတယ်၊ အထူးသဖြင့် မူတူးစေးဖိုး တက် လာပြီးတဲ့နောက်မှာ သူက ငြိမ်းချမ်းရေးကို လိုချင်တယ်။ လမ်းချပေးတယ်၊ သူက နေပြည်တော်လာတယ်၊ ဆွေးနွေးဖို့သမ္မတနဲ့ တွေ့တယ်။ ငြိမ်းချမ်းရေးအတွက် သူက လမ်းဖော်ပေးတယ်။ သူဖော်ပေးတဲ့လမ်း ပေါ် မှာ NCCT တို့ ဘာတို့က လိုက်ပြီးသွားတယ်။ သူ သီးခြားလုပ်နေတာ မဟုတ်ပါဘူး။ သူပြောနေတာတွေ လုပ်ဆောင်တာတွေ အားလုံးပွင့်လင်းတယ်။

KNU အနေနဲ့ UNFC က ယာယီနုတ်ထွက်ခဲ့တဲ့ အပေါ်မှာရော။

သူတို့နုတ်ထွက်တာ အစိုးရနဲ့ပတ်သက်တာ မပါဘူး။ UNFC ရဲ့ ဖွဲ့စည်းပုံကိုပြောင်းချင်တယ်။ KNU တင်ပြ တာက UNFC အနေနဲ့တပ်ပေါင်းစု ပုံစံမဟုတ်ဘဲ တစ်ပါတီ စနစ်ဖြစ်နေတယ်။ ဒီမိုကရက်တစ်ဖွဲ့စည်းပုံ မဟုတ်၊ အာဏာရှင်ဆန်တဲ့ ဖွဲ့စည်းပုံကို ထောက်ပြတယ်။ နောက်တစ်ခုက လက်ရှိတိုင်းပြည် အနေအ ထားမှာ စစ်ရေးကို ဦးစားပေးတာထက် တွေ့ဆုံဆွေးနွေးရေး ပူးတွဲအဖြေရှာရေး၊ ငြိမ်းချမ်းတဲ့နည်းကို သုံးသင့်တယ်လို့ တင်ပြတယ်။ ဒီအပေါ်မှာပဲ ဖြစ်ခဲ့တယ်။ အစိုးရနဲ့ဆိုင်တယ် ပြောဆိုမှုက မမှန်ပါဘူး။
UNFC က ထွက်သွားတဲ့ KNU ကို ဝေဖန်ကြတာကိုရော ဘယ်လိုမြင်ပါသလဲ။

UNFC ဆွေးနွေးပွဲ နောက်ဆုံးအနေ အထားမှာ မဖြစ်ပေါ်သင့်တာ ဖြစ်ပေါ်ခဲ့တယ်။ ခေါင်းဆောင် တချို့တ လေရဲ့ လေသံတင်းမာမှုတွေကလည်း မလွှဲသာ မရှောင်သာလို့ ထွက်သွားတာလို့မြင်တယ်။ ကျွန်တော် က တော့ KNU ကို လုံးဝအပြစ် မတင်သင့်ဘူးလို့ မြင်တယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးမှာ တိုင်းပြည်က ငြိမ်းချမ်းရေးလမ်းစဉ်ကို သွားနေတဲ့အပေါ်မှာ ဒီမိုကရက်တစ်လမ်းစဉ်ကို သွားနေတဲ့ အပေါ်မှာ KNU တင် ပြတာနည်းလမ်း ကျပါတယ်။
KNU သွားနေတဲ့ နိုင်ငံရေးလမ်းစဉ် မူတွေ အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။

တိုင်းပြည်မှာ တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေး စလုပ်တာက ကရင်တွေပဲ။ ၆၅ နှစ်ကြာပြီ။ဒီတော်လှန်ရေး တစ်ခုလုံးမှာ သူတို့တစ်ခါမှ မမှားဘူး။ အမျိုးသားရေးကို သူတို့ တစ်ခါမှ သစ္စာမဖောက် ဘူး။ ကျွန်တော် လေးလေးနက်နက်ပြောတာပါ။ ကျွန်တော်တို့တိုင်းရင်းသားတွေ ပူးပေါင်းပြီး လုပ်ကိုင်ဖို့ လည်း သူတို့ဆောင်ရွက်တယ်။ တပ်ပေါင်းစုပေါ်လာရေးကိုလည်း KNU ပဲ ကြိုးပမ်းခဲ့တယ်။

သူတို့က အနေအထားကို ကောင်းကောင်းသိတယ်။ စောဘဦးကြီးပြောတာ ရှိတယ်၊ တော်လှန်ရေးကို နိုင်ဖို့ နည်းလမ်းသုံးခုက အင်အားနဲ့ အနိုင်ယူတာရယ်၊ အခွင့်အရေးနဲ့ အနိုင်ယူတာရယ်၊ ဖြစ်ပေါ် ပြောင်း လဲလာတဲ့ အနေအထားက ပေါ်လာတဲ့အခွင့်အလမ်းနဲ့ အနိုင်ယူတာရယ်ပါ။

အခုအခွင့်အလမ်းက ပေါ်လာတယ်၊ အဘက်ဘက်က ငြိမ်းချမ်းရေးကို လိုချင်တယ်။ ဒါတွေကို အမိအရ ရ ယူပြီး ကျွန်တော်တို့ သွားသင့်တယ်လို့ ဗိုလ်ချုပ် မူတူးစေးဖိုးပြောတယ်။ အနေအထား အားလုံးကို သေချာ သုံးသပ်စဉ်းစားပြီး မှတ်ချက်ချတာပါ။ အရမ်းလေးစားတယ်။
၂၀၁၅ အလွန်မှ အပစ်ရပ်ချင်တယ်ဆို တာမျိုးမလုပ်ဖို့ KNU က အခြားတိုင်းရင်းသား အဖွဲ့တွေကို ပြော ဆိုတားမြစ်ခဲ့တယ် ဆိုတာကကော သုံးသပ်မှု ဘယ်လိုရှိမလဲ။

အခြားအဖွဲ့တွေ အခက်အခဲရှိတယ်။ နာကြည်းချက်တွေ ရှိတယ်၊ နှစ်ပေါင်း ၆၀ တော်လှန်ရေးလုပ်ပြီးမှ နာကြည်းချက်၊ နစ်နာချက်တို့ ရိုးမယ်ဖွဲ့ပြောမယ်ဆို ရှေ့တိုးဖို့ လုံးဝမရှိဘူး။ အနာဂတ်ဆိုတာ မှောင်ပိတ် နေမယ်။ နာကြည်းချက်ကြောင့် အခက်အခဲကြောင့် အစိုးရကို ငြိမ်းချမ်းရေးကို မချဉ်းကပ်ချင်ရင် မရဘူး။ နာကြည်းချက်တွေကို ဖယ်ရှားနိုင်ဖို့ လိုတယ်၊ ကျော်လွှားပြီး ကြည့်နိုင်ဖို့ လိုတယ်။ တချို့ တိုင်းရင်းသားတွေ က ငါတို့ ဘယ်လိုခံခဲ့ရတယ်။ ဘယ်လိုရင်ဆိုင်ခဲ့ရတယ် ဆိုတာကို ပြောကြတယ်။ ပြောမယ်ဆို အားလုံး မှာ ပြောစရာရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ အလွဲတွေကို အဖြေရှာဖို့မသင့်ဘူး။
ဖြည့်စွက်ပြောစရာများ ရှိရင်ပြောပေးပါ။

ဗိုလ်ချုပ်မူတူးစေးဖိုးက ယနေ့နိုင်ငံရေးကို သုံးသပ်ပြီးတော့ လုပ်ဆောင်နေတဲ့ နည်းလမ်းက တိုင်းရင်းသား အားလုံးအတွက် သင်ခန်းစာယူတတ်ဖို့ အများကြီး သင်ပေးပါတယ်။
http://www.mizzimaburmese.com/component/k2/item/30741-2014-10-22-08-12-26

No comments:

Post a Comment