ondragstart="return false" onselectstart="return false"

Tuesday, October 28, 2014

နမ့်ခမ်းမြို့နယ် မိုင်းဝီးအခြေစိုက် မြန်မာတပ်ကို TNLA တပ်မတော်မှ ၀င်ရောက်ပစ်ခတ်

အောက်တိုဘာလ ၂၈ ရက် ၂၀၁၄

နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာတွင် အခြေစိုက်လှုပ်ရှားသည့် မြန်မာစစ်တပ်အား TNLA တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း (၄၇၈)မှ ယနေ့ နံနက် ၀၆း၁၅ မှ ၀၆း၄၅ အထိ မိနစ်သုံးဆယ်ကြာ ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဝင်ရောက်ပစ်ခတ်ရာတွင် လက်နက်ငယ်များအပြင် လက်နက်ကြီး ၅ လုံးကျော်ဖြင့် ပစ်ခတ်ခဲ့ပြီး မြန်မာတပ်မှ ထိခိုက်မှုအခြေအနေကိုမူ အတိအကျ မသိရသေးကြောင်း TNLA တပ်ရင်းအရာရှိမှ တိုက်ပွဲအစီအရင်ခံသည်။

နမ့်ခမ်းမြို့နယ်အတွင်းရှိ ဖဒဲန်အုပ်စု၊ မန်လုံအုပ်စု၊ ကောင်းဝိုင်းအုပ်စုရှိ ရွာများအတွင်း မြန်မာစစ်တပ်မှ နေရာယူထား သည့်အပြင် ကျရာမ်းရွာဘက်သို့လည်း စစ်အင်အားများ ဖြည့်တင်းထားသည်။ မြန်မာစစ်တပ်တို့သည် TNLA တပ်ဖွဲ့များ ရှိမည်ဟုထင်သည့် တောထဲသို့ ပတ်စိပ်တိုက် ရှာဖွေလျက်ရှိကြောင်း ရွာသားများကိုလည်း ဖိနှိပ်အနိုင်ကျင့်မှုများ လုပ်နေသည်ကို တွေ့ရသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉ ၄၉၃၁၄၉၅၁၊ ၀၉ ၂၅၆၄၆၅၆၈၁၊ ၀၉ ၄၇၁၃၂၁၁၈၊ ၀၆၉၂ ၆၂၂၄၈၅၈


3 comments:

democracy said...

https://www.youtube.com/watch?v=ngGd4l76x4Q

#Burma #Myanmar ကော်သူလေးတပ်မတော် #KAF #ဖွဲ့စည်းရေးအစည်းအဝေးအမှတ်တရ #CLIP
http://democracyforburma.wordpress.com/2014/10/29/burma-myanmar-ကော်သူလေးတပ်မတော်-kaf-ဖ%E1%80%BC/

democracy said...

Pslf-Tnla

ကွတ်ခိုင်အမြှောက်တပ်မှ TNLA တပ်စခန်းသို့ ပြင်းထန်စွာတိုက်ခိုက်
အောက်တိုဘာလ ၂၉ ရက် ၂၀၁၄

ယမန်နေ့ အောက်တိုဘာလ ၂၈ ရက်နေ့ ညနေပိုင်း ၁၇း၀၀ မှစပြီး ၂၄း၀၀ အထိ မြန်မာ့စစ်တပ်များမှ တားမိုးညဲမြို့နယ်၊ ရှီဖျင်းကျိုင်တောင်ကုန်းရှိ TNLA အမှတ် (၅) ဗျူဟာ လက်အောက်ခံ တပ်ရင်း (၃၃၅) တပ်စခန်းကုန်းသို့ မြန်မာ့စစ်တပ်များ မှ ပြင်းထန်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ညနေ ၁၇း၀၀ မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ၂၀း၀၀ နာရီဝန်းကျင်ပစ်ခတ်တိုက်ခိုက်ပြီး ၄င်းနောက်ပိုင်း အမြှောက်တပ်မှ ၁၂၀ မမဖြင့် မရပ်မနား ည ၂၄း၀၀ ကျော်အထိ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း TNLA အမှတ် (၅) ဗျူဟာရုံးမှ အစီအရင်ခံသည်။

မြန်မာစစ်တပ်များမှာ မနေ့ညနေပိုင်းတွင် ကွတ်ခိုင်ဘက်မှ ကားလေးစီးဖြင့် တာမိုးညဲသို့ သွားရောက်ပြီး TNLA တပ်များကို တိုက်ခိုက်တာဖြစ်ကြောင်း နှင့် အဆိုပါ တပ်များတွင် ကွတ်ခိုင်အမြောက်တပ်လည်းပါဝင်သည်ဟု သိရသည်။

TNLA တပ်မတော် တပ်ရင်း (၃၃၅)တို့မှာ အောက်တိုဘာလ ၂၈ ရက် အစောပိုင်းကတည်းက တပ်စခန်းအရွေ့ အပြောင်း လုပ်ထားသည့်အတွက် ယမန်နေ့ည တိုက်ပွဲတွင် ထိခိုက်မှုမရှိပါ။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉ ၄၉၃၁၄၉၅၁၊ ၀၉ ၂၅၆၄၆၅၆၈၁၊ ၀၉ ၄၇၁၃၂၁၁၈၊ ၀၆၉၂ ၆၂၂၄၈၅၈

democracy said...

https://soundcloud.com/jargyi/knu-kaf-meeting-news

ရက်သတ္တတပတ်နီးပါးကြာ ဆွေးနွေးပွဲအဖြေ

အောက်တိုဘာ – ၂၉ – ၂၀၁၄

ကရင်အမျိုးသား(မီဒီယာ)

ဒီလ ၂၃ ရက်နေ့ကစတင်ခဲ့တဲ့ ကေအင်န်ယူ အရေးပေါ်အစည်းအဝေး ဒီနေ့မှာပြီးဆုံးခဲ့ပြီး အချက် ၆ ချက်ပါတဲ့ အဖြေကိုရရှိလိုက်ပါတယ်။

ဒီအဖြေရတဲ့ ကေအင်န်ယူ ဗဟိုအမြဲတမ်းကော်မတီဝင် ၅၀ နီးပါး နဖူးတိုက်ဒူးတုက်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ထူးခြားချက်ကတော့ ပြောရေးဆိုခွင့်ရရှိသူ နှစ်ဦးထဲမှာ ပဒိုသမိန်ထွန်းပါတာကိုတော့ ကရင်အမျိုးသားအချို့ သဘောတွေ့ခဲ့ကြပါတယ်။ KNU STATEMENT https://democracyforburma.files.wordpress.com/2014/10/10538542_558450627633654_5573266970154312111_n.jpg

Post a Comment