ondragstart="return false" onselectstart="return false"

Thursday, October 30, 2014

ကွတ်ခိုင်အမြှောက်တပ်မှ TNLA တပ်စခန်းသို့ ပြင်းထန်စွာတိုက်ခိုက်

အောက်တိုဘာလ ၂၉ ရက် ၂၀၁၄

ယမန်နေ့ အောက်တိုဘာလ ၂၈ ရက်နေ့ ညနေပိုင်း ၁၇း၀၀ မှစပြီး ၂၄း၀၀ အထိ မြန်မာ့စစ်တပ်များမှ တားမိုးညဲမြို့နယ်၊ ရှီဖျင်းကျိုင်တောင်ကုန်းရှိ TNLA အမှတ် (၅) ဗျူဟာ လက်အောက်ခံ တပ်ရင်း (၃၃၅) တပ်စခန်းကုန်းသို့ မြန်မာ့စစ်တပ်များ မှ ပြင်းထန်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ညနေ ၁၇း၀၀ မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ၂၀း၀၀ နာရီဝန်းကျင်ပစ်ခတ်တိုက်ခိုက်ပြီး ၄င်းနောက်ပိုင်း အမြှောက်တပ်မှ ၁၂၀ မမဖြင့် မရပ်မနား ည ၂၄း၀၀ ကျော်အထိ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း TNLA အမှတ် (၅) ဗျူဟာရုံးမှ အစီအရင်ခံသည်။

မြန်မာစစ်တပ်များမှာ မနေ့ညနေပိုင်းတွင် ကွတ်ခိုင်ဘက်မှ ကားလေးစီးဖြင့် တာမိုးညဲသို့ သွားရောက်ပြီး TNLA တပ်များကို တိုက်ခိုက်တာဖြစ်ကြောင်း နှင့် အဆိုပါ တပ်များတွင် ကွတ်ခိုင်အမြောက်တပ်လည်းပါဝင်သည်ဟု သိရသည်။


TNLA တပ်မတော် တပ်ရင်း (၃၃၅)တို့မှာ အောက်တိုဘာလ ၂၈ ရက် အစောပိုင်းကတည်းက တပ်စခန်းအရွေ့ အပြောင်း လုပ်ထားသည့်အတွက် ယမန်နေ့ည တိုက်ပွဲတွင် ထိခိုက်မှုမရှိပါ။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉ ၄၉၃၁၄၉၅၁၊ ၀၉ ၂၅၆၄၆၅၆၈၁၊ ၀၉ ၄၇၁၃၂၁၁၈၊ ၀၆၉၂ ၆၂၂၄၈၅၈

No comments:

Post a Comment