ondragstart="return false" onselectstart="return false"

Monday, July 13, 2015

ဒီကေဘီအေ ဆက်ဆံရေးတာဝန်ခံကို မြန်မာစစ်တပ် ဖမ်းဆီး

ဒီအချိန်မျိုးမှာ ဘာဆက်ဆံရေးရုံးမှာမှ နေစရာမလိုတော့ဘူး.. ဗမာစစ်အစိုးရရှေ့ မှာ အရင်လိုသွားစရာအချိန်မဟုတ်တော့ဘူး.. ဒီအချိန်က ရန်သူကို တွေ့ ရင် တွေ့ တဲ့နေရာမှ အားမနာတမ်း ပစ်ရမယ့်အချိန်...

By နော်နိုရင်း
13 July 2015

ကရင်ပြည်နယ် ကော့ကရိတ်မြို့ရှိ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) ရဲ့ ဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူး သရက်နီကို အစိုးရစစ်တပ်က မနေ့တုန်းက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒီကေဘီအေတပ်က ဗိုလ်မှူးချုပ်စောကျော်သက်က ပြောပါတယ်။

“ဟုတ်တယ်။ မနေ့ ညနေတုန်းက ဖမ်းသွားတယ်။ ဘာကြောင့်ဖမ်းလဲ မသိသေးဘူး။”

ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ အစိုးရတပ်နဲ့ ဒီကေဘီအေတပ်တွေအကြား တိုက်ပွဲတွေကြောင့် ဒီကေဘီအေ တပ်သား ၂ ဦး ကျဆုံးခဲ့ပြီး ၄ ဦးကို အစိုးရတပ်က ဖမ်းဆီး ခေါ်ဆောင်သွားကြောင်းလည်း ဗိုလ်မှူးချုပ်စောကျော်သက်က ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ဆေးရုံမှာ ဆေးကုသမှုခံယူစဉ် ဖမ်းဆီးခံရတာလို့လည်း ပြောပါတယ်။

မနေ့တုန်းက ထုတ်ပြန်တဲ့ အစိုးရသတင်းမှာတော့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကျော်သက်နဲ့ စောဆန်းအောင်အဖွဲ့က ၃ ဦး အရှင်ဖမ်းမိထားပြီး၊ ၄ လောင်း ကောက်ရတဲ့အပြင် လက်နက်မျိုးစုံ ၅ လက်၊ ခဲယမ်းမျိုးစုံနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားပါတယ်။

မြ၀တီ-ကော့ကရိတ် လမ်းဟောင်းပေါ်မှာ တိုက်ပွဲ ၁၉ ကြိမ်နဲ့ အာရှလမ်းသစ်ပေါ်မှာ အကြိမ် ၂၀ ဖြစ်ပွားခဲ့ပြီး တပ်မတော်မှ အရာရှိ၊ စစ်သည်အချို့ နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့သလို ထိခိုက်ဒဏ်ရာအချို့ ရရှိခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

1 comment:

Unknown said...

ဘာ..... နိုင်​ငံ​တော်​ အတွက်​တဲ့လား အသက်​​ပေးလှူသွားတာ.....ဟာဟ. ....အရှက်​မရှိ ... နိုင်​ငံ​တော်​အတွက်
အသက်​​ပေးလှူသွားတာ ​တော်​လှန်​​ရေး သမား​တွေကွ..သိလား.

Post a Comment