ondragstart="return false" onselectstart="return false"

Monday, January 30, 2012

မှတ်ပုံတင်ရဖို့ ငြိမ်းချမ်းရေးလုပ်ကြစို့

မန်းကိုကို ဘလော့ရဲ့ ထွေလာသောင်းပြောင်း ~ ၁ - ၁.၅ - ၂.၀ ပို့ စ် မှ ကူးယူဖေါ်ပြပေးလိုက်ပါသည်။



ခေါင်းစဉ်ကြီးက
တကယ်ပြောတာလား ...
ရွဲ့ပြောတာလား ...
နောက်တာလား ...
အားလုံး ဟုတ်ပါတယ်လို့ ယူဆနိုင်ပါတယ် ။
စိတ်ဆိုး ချင်လား ၊ ရယ်ချင်ချင်လား ၊ မချိပြုံးလေး ပန်ဆင်ချင် သလား ... မတားပါဘူး ။ ဆိုစကားရှိလာ
အောင် ဖြစ်တာတွေက ဖြစ်လာခဲ့ပြီးပြီကိုး ။

မကြာခင်က ဝန်ကြီးတစ်ယောက်က အပစ်ခတ်ရပ်မယ့် အဖွဲ့တွေအတွက် မှတ်ပုံတင် (အာဏာပိုင်တွေ
သတ်မှတ်ထားတဲ့ တရားဝင်ဘဝ) ရဖို့နဲ့ စီးပွားရေး လုပ်ကိုင်ခွင့်တွေအကြောင်း ပြောသွားခဲ့တယ် ။ ခုလည်း
KNU က တာဝန်ရှိသူတစ်ယောက်က မှတ်ပုံတင်လုပ်ဖို့ စကားတွေ ပစ်လာပြန်တော့ ၊ တိုက်ဆိုင်မှုလေလား၊
မရည်ရွယ်ပဲ မီဒီယာတွေဆီ သတင်းရောက်သွားတာလား ၊ သို့တည်းမဟုတ် မှတ်ပုံတင်ရဖို့ဟာ အင်မတန်
အရေးကြီးပြီး မဖြစ်မနေ ပထမဆုံး လုပ်ရမယ်လို့ သဘောထားလုပ်နေကြလားတော့ ကာယကံရှင်တွေက
ပိုသိမှာပါ ။ ဘေးလူတစ်ယောက် အနေနဲ့ အံ့ချီးလို့မကုန်နိုင်တဲ့ အဖြစ်တစ်ခုလိုသာ ကြားသိခံစား ပြောကြား
ခွင့်ရှိပါတော့တယ် ။

နားလည်မိတာတော့ ၊ ဖြစ်ခဲ့တဲ့ ၆၃ နှစ်ကြာ ပြဿနာဟာ မှတ်ပုံတင်ပြဿနာ မဟုတ်ပါဘူး ။ နိုင်ငံ
သားဖြစ်မဖြစ် ပြဿနာ မဟုတ်ပါဘူး ။ အရင်ကလည်း ပြောဖူးပါတယ် ၊ ဗမာစကား ကရင်စကား ဘယ်
နိုင်ငံခြားသားမှ ဒုက္ခခံ လာမသင်သလို ၊ မြန်မာပြည်သားဖြစ်ဖို့လည်း ဘယ်သူမှ ဆန္ဒမရှိ မကြိုးစားကြပါ
ဘူး ။ သမိုင်းတင်ခဲ့တဲ့ အနှစ်တစ်ထောင်လောက်အတွင်း မြန်မာပြည်မှာ မှတ်ပုံတင်ဆိုပြီး ဖြစ်လာတာ ခု
မှပါ ။

ကျတော်တို့ ဘိုးဘွားတွေ ဒီမြေမှာ မှတ်ပုံတင်ပြီး ရောက်လာ ၊ မွေးလာ ၊ နေလာကြတာ မဟုတ်ပါဘူး ။
မှတ်ပုံတင်ဆိုတာဟာ ဒေသတစ်ခု သို့မဟုတ် တိုင်းပြည်တစ်ပြည်ကို ထိန်းချုပ်ကြပ် မတ်ဖို့ရာ လူတွေကို နံ
ပါတ်တပ်ပေးတဲ့ အုပ်ချုပ်ရေးလုပ်ငန်း အစိတ်အပိုင်းတစ်ခုသာသာပါ ။ တကယ်လုပ်ချင်ရင် ပြည်မအာဏာ
ပိုင်တွေမှ မဟုတ်ပါဘူး ၊ တိုင်းရင်းသား အဖွဲ့အစည်းတိုင်းက လုပ်ချင်ရင် လုပ်လို့ရနေတဲ့ အလုပ်ပါ ။

ထားပါတော့ ။
အစဘက်ကို ပြန်ကောက်ကြည့်မယ်ဗျာ ။
မကြာခင်အတွင်းကတော့ အများသိကြသလိုပဲ ပျဉ်းမနားမြို့သစ်အစိုးရနဲ့ KNU ကြားမှာ အားတက်စရာ
အပစ်ခတ်ရပ်ဖို့သတင်းတွေ ထွက်လာခဲ့ပါတယ်။

အမှန်အတိုင်း ဝန်ခံရရင် KNU ဟာ သမိုင်းရှည်ခဲ့တဲ့ အဖွဲ့ ၊ အစဉ်အလာရှိတဲ့ အဖွဲ့တစ်ဖွဲ့ဆိုတာ နား
လည်ပေမယ့် ၊ ကမ္ဘာရဲ့ တုန့်ပြန်မှုကိုတော့ ဒီလောက်ကြီးရှိမယ် မထင်ခဲ့မိဘူး ။

ဇန္နဝါရီလ ၁၂ ရက်နေ့ ၊ အပစ်ရပ် ပဏာမလက်မှတ်ထိုးပြီး နောက်တစ်နေ့မှာပဲ ၊ Al Jazeera, Time,
CNN တွေက စလို့ သတင်းဋ္ဌာနကြီးတိုင်းလိုလိုမှာ ဖေါ်ပြတာ တွေ့ခဲ့ရတာကြောင့် အံသြသွားမိတယ် ။ မ
အိုသေးတဲ့သူ အပျိုလေးနဲ့တူ ၊ နွားပျိုသန်လှ နွားအိုပေါင်ကျိုးသလောက်ပဲရှိတယ် လို့ပဲ ပြောရမလား မပြော
တတ်ပါ ။ KNU အဖွဲ့ဝင်တစ်ယောက် မဟုတ်လို့ အလွန်ဂုဏ်ယူမိတာမျိုး မဟုတ်ပေမဲ့ ကိုယ်နဲ့ မလွဲမရှောင်
သာသက်ဆိုင်နေတဲ့ အဖွဲ့အစည်းဟာ စာဖွဲ့လောက်တဲ့ အဖွဲ့စည်းတစ်ရပ်အဆင့် ရှိတယ်ဆိုတာ ထင်ရှား
နေလို့ ဝမ်းလည်းသာမိတာတော့ အမှန် ။

အိန္ဒိယနိုင်ငံရဲ့ ရှေးဦး ကွန်ကရက်ပါတီထက်တောင် ၁ နှစ်စောပြီး ၁၈၈၁ မှာ တည်ထောင်ခဲ့တဲ့ “ဒေါက
လူ” အဖွဲ့ကနေတစ်ဆင့် ဆင်းသက်လာတဲ့ KNU အဖွဲ့ဟာ ခြောက်ပစ်ကင်းစင်ပြီး အင်မတန်အောင်မြင်နေ
တယ်လို့ ပြောဖို့မဖြစ်နိုင်ပေမဲ့ အဓိကအစဉ်အလာအနေနဲ့ အင်အားမမျှတဲ့ ပြည်မအာဏာပိုင်တစ်ခုကို နှစ်
ပေါင်း ၆၀ ကျော်ကြာအောင် ရင်ဆိုင်နေနိုင်ခဲ့တာကို ပြည်တွင်းက မသိကြ ၊ အသိမှတ် မပြုချင်ကြပေမဲ့ တ
ကမ္ဘာလုံးကတော့ သိနေကြ မမေ့ကြဖူး ဆိုတာသိရလို့လည်း ဝမ်းသာတာပါ ။

လတ်တလော အတွေးထဲ ရှိသလောက်ကတော့ ပြည်မအာဏာပိုင်တွေဖက်က -

(က) ဆွေးနွေးပွဲတိုင်း third-party observer တွေထားဖို့ ဘယ်တုန်းကမှ လက်မခံတာ ၊
(ခ) အမြဲတန်း သူတို့ခွင်ထဲကိုခေါ်ပြီး အသာစီးယူ စကားပြောတာ ၊
(ဂ) တိုင်းရင်းသားအရေးကို အရင်းအမြစ်အထိ နားလည်လက်ခံပုံ မရတာနဲ့ သူတို့သတ်မှတ်တဲ့ သတ်မှတ်
ချက် ဘောင်တွေအတွင်းဝင်ဖို့နဲ့ အခွင့်အရေးတစ်ချို့နဲ့ ပေးစာ ကမ်းစာတစ်ချို့လောက်ရရင် ကျေနပ်သွား
ကြမယ်လို့ ထင်နေပုံရတာတွေဟာ မြင်သာနေပါတယ် ။

ဒါမျိုးတွေဟာ ပြည်မအာဏာပိုင်တွေ ဖြစ်စေချင်တဲ့ ပုံစံဖြစ်သလို ၊ ဒါနဲ့ ပတ်သက်ပြီး ကာလကြာရှည်
ဝါဒဖြန့်ထားတာတွေကြောင့်လည်း ဒီလိုသာ ဖြစ်သင့်တယ်လို့ ယူဆထားသူ ပြည်မသားတွေ အများကြီးဆို
တာလည်း နားလည်ပါတယ် ။

KNU ဖက်ကတော့ ဘယ်လောက်အထိ brain-storm လုပ်ခဲ့သလဲ ၊ နိုင်ငံရေးအပါဝင် အရေးကိစ္စ
အားလုံးမှာ ဘယ်လောက်အထိ မဟာဗျူဟာ နည်းဗျူဟာတွေချပြီးသလဲ မသိရပေမယ့် ၊ အနည်းဆုံးတော့
သတင်းတင်ပြတဲ့ မီဒီယာအပိုင်းမှာ ကိုယ်ပိုင်မဟုတ်တဲ့ သတင်းဋ္ဌာနတွေအပေါ် အားကိုးနေရတာဟာ အ
တော်ကလေးကို အားရစရာမရှိ ဖြစ်နေပါတယ် ။ ဒါက တစ်ခုပဲ ရှိပါသေး တယ် ၊ အချို့အချက်တွေကိုတော့
အမြတ်ထုတ်ချင်သူအချို့ကို သူခိုးလမ်းပြဖြစ်မှာစိုးလို့ မပြောချင် တော့ပါဘူး ။

ဒီနေရာမှာ မပြောချင်ပေမဲ့ တစ်ဆက်ထဲ ပြောစရာတစ်ခုကတော့ ကဖျက်ကယက် သမားတွေပါ ။
ကရင်လူထုထဲမှာ ခံစားချက်နောက်လိုက်သူ ၊ ကိုယ် ဘယ်ခေတ်ရောက်နေမှန်း ရိုးရိုးသားသား မသိသူ
တွေ ရှိသလို ၊ ပြည်မဖက်မှာလည်း အာဏာပိုင်တွေရဲ့ ဝါဒဖြန့်ချက်တွေကို တစ်ထစ်ချယုံ ကြည်သူ ၊ တမင်
အနိုင်ကျင့်ချင်သူနဲ့ အလုပ်အကိုင် ဝါသနာအရ အားနည်းသူတွေကို အချွန်နဲ့ ‘မ’ ၊ အရေးမပါအောင်လုပ် ၊
ဖိနင်းချိုးဖဲ့ လမ်းလွဲမယ့်သူတွေ အများကြီးရှိတာကြောင့် ၊ ဒါတွေကို တုန့် ပြန်ချေဖျက်နိုင်ဖို့အပါဝင် သမိုင်း
ယဉ်ကျေးမှုအနုပညာ စာပေဗဟုသုတတွေသာမက အသင်းအဖွဲ့တွေရဲ့ ရှင်းလင်းပြတ်သားပြည့်စုံတဲ့ လုပ်
ငန်းစဉ်ချပြမှုတွေကို လူတိုင်းလက်ထဲရောက်အောင်လုပ်ဖို့ အချိန်တန်နေပါပြီ ။

ခုရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့တဲ့ KNU စာတစ်စောင်မှာတော့ ပညာရှင်တွေရဲ့ အကြံဥာဏ်တွေကို ရယူ
သွားမယ်လို့ ပါတာကြောင့် အားလည်းတက်မိပါတယ် ။ တစ်ခုပဲ ပြောစရာရှိတာက ဆက်သွယ်အကြံပေးဖို့
ဘာကြားခံမှမရှိပဲ တိုက်ရိုက်ပြောဖို့ ဖုန်းနံပါတ်တွေပဲ ထည့်ထားတာကြောင့် အကယ်၍များ အကြံလှိုင်းစူနာ
မီကြီးများ ရိုက်ခတ်လာခဲ့ရင် နာမည်ထည့်ထားတဲ့ ပုဂ္ဂိုလ်ကြီးနှစ်ဦးမှာ အိပ်ချိန်မှ ရပါ့မလားလို့လည်း အတွေး
ခေါင်မိတယ် ။

KNU ဟာ ကရင်တစ်မျိုးသားလုံး ကိုယ်စားပြုတဲ့အဖွဲ့လို့ မပြောချင်ပေမဲ့ ၊ အစဉ်အလာရှိပြီး ကျယ်ကျယ်
ပြန့်ပြန့် လုပ်ကိုင်နိုင်တဲ့အဖွဲ့မို့ ဆုံးဖြတ်လုပ်ဆောင်ချက်တိုင်းဟာ ကရင်ပြည်သူတွေရဲ့ ရှေ့ရေးမှာ သက်
ရောက်မှုတွေ အများကြီး ရှိလာနိုင်တာမို့ မပြောမဖြစ် ပြောရတာပါ ။ ခုလိုတွေပြောတာတောင် ကြီးကျယ်
တယ် အမြင်ကျဉ်းတယ် ကိုယ့်ဖက်ကိုယ်ယက်တဲ့ လူလည် စသည်ဖြင့် အပြောခံရနိုင်တာပါပဲ ။ မပြောမဖြစ်
လို့ ယုံကြည်တော့လည်း ဒါတွေကို လျစ်လျူရှုသင့် ရှုရတော့မှာပဲ ။

ဘယ်လိုပဲဖြစ်ဖြစ် အကျဉ်းရုံးရရင် မြန်မာပြည်ရဲ့ အရေးကိစ္စတွေမှာ အဓိက ကစားသမားတွေအတွက်
ရွေးစရာလမ်း အများကြီး မရှိလှပါဘူး ။ ဒီလို အင်မတန် နည်းပါးကျဉ်းမြောင်းတဲ့ လမ်းတွေကို လျှောက်
လှမ်းရာမှာ ပြင်ဆင်မှုတော့ လိုပါလိမ့်မယ် ။

ဒါတွေကို လူကြီးတွေ သိပြီးဖြစ်မှာပါလို့ အကောင်းဖက်က မျှော်လင့်ချင်ပါတယ် ။
အခြားတစ်ဖက်မှာလည်း ကံကိုယုံပြီး ဆူးပုံလည်း မနင်းချင်လို့ စတိသဘောမျိုး ပြောရတာပါ ။

KNU အဖွဲ့ကြီးအနေနဲ့လည်း ကရင်ပြည်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကျနော်တစ်ယောက်ထဲ
မကပဲ ၊ ကျယ်ကျယ်ပြန့်ပြန့် အမြင်တွေကို စိတ်လိုလက်ရနဲ့ နားထောင် ချင့်ချိန် တွက်ဆ လုပ်ကိုင်သွား
ကြမယ်လို့ မျှော်လင့်ရင်း …


အနန္တသစ္စာဖြင့်
မန်းကိုကို
၂၈ ၊ ၀၁ ၊၂၀၁၂
http://mahnkoko.blogspot.com/2012/01/blog-post_27.html

No comments:

Post a Comment