ondragstart="return false" onselectstart="return false"

Friday, January 27, 2012

KNU ဗဟိုကော်မီတီ အစည်းအဝေး

Written by ဖြူဖြူကို

ကရင်အမျိုးသား အစည်းအရုံး (KNU) သည်၊ ပြီးခဲ့သည့် ဇန္နာဝါရီ (၂၃) ရက်နေ့မှ (၂၅) ရက်နေ့အထိ ဒုတိယအကြိမ် အရေးပေါ် ဗဟိုကော်မီတီ အစည်းအဝေး ကျင်းပပြီး ဆုံးဖြတ်ချက် (၁၃) ချက် ချမှတ်ခဲ့ပါသည်။ ဤဆုံးဖြတ်ချက်များသည် ကေအန်ယူ၏ ဗဟိုကော်မီတီ (၄၅) ဦးထဲမှ (၃၂) ဦး တက်ရောက်ပြီး ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။ အစည်းအဝေးကိုလည်း ဇန္နာဝါ ရီလ (၁၆) ရက်နေ့ အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲမှ ပြန်လာပြီးနောက်ပိုင်း ပထမဆုံး ကျင်းပသည့် အစည်းအဝေးလည်း ဖြစ်သည်ဟု ကေအန်ယူ တွဲဖက်အတွင်းရေးမှူး (၁) ဖြစ်သူ ဗိုလ်မှူး စောလှငွေက ဆိုပါသည်။

ထိုဆုံးဖြတ်ချက် ၁၃ ချက်ထဲမှ မီဒီယာကို ပြောပြနိုင်သော်အချက်များမှာ-

၁။ ၄၅ ရက် အတောအတွင်း အစိုးရနှင့် သွားရောက်မဆွေးနွေးမှီ မူ၁၃ ချက်ကို ကိုယ်စားလှယ်များ အား သေးချာညှိ နိုင်းကြရန်။

၂။ ဆွေးနွေးပွဲ ကိုယ်စားလှယ်၌ အမျိုးသမီးကိုယ်စားလှယ်များလည်း ထည့်သွင်းသွားရန်။

၃ အပစ်ခတ် ရပ်စဲရေး ကိစ္စကို ဆွေးနွေးရာတွင် နှစ်ဖက်စလုံးမှ လွတ်လပ်စွာ ညှိနှိုင်းနိုင်ရန် ဗမာပြည်မဟုတ်သည့် တစ်နေရာ၌ ဆွေးနွေးသွားရန်။

၎ အပစ်ခတ် ရပ်စဲရေး ဆောင်ရွက်သည့်အချိန်တွင် လူအခွင့်ရေးနှင့် ပတ်သက်သည့် အတင်းအဓမ္မ လုပ်အားပေး စေခိုင်းခြင်း၊ တပ်ဖွဲ့တိုးချဲ့နေရာချခြင်း၊ လက်နက်ကြီး အင်အားဖြည့်ခြင်း များလည်း တားမြစ်ရန်တောင်းဆိုသွားရန်။

၅ မန်းငြိမ်းမောင် အပါဝင် ကရင်တော်လှန်ရေးနှင့် ပတ်သက်ပြီး ဆက်စပ်သည့် ထောင်ကျနေသည့် အကျဉ်းသားများကို လွှတ်ပေးရန် တောင်းဆိုရမည် ဆိုသည့်အချက်များလည်း ပါရှိပါသည်။ ကျန်သည့်အချက် (၈) ချက်များကိုမူ ထုတ်ဖေါ်ပြောကြားရန် ငြင်းဆန်ခဲ့ပေသည်။
ထို့အပြင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးကိစ္စကို ကရင့်လူထုလူတန်းစားပေါင်းစုံပါသည့် ( Work shop) ဆွေး နွေးပွဲ တရပ်ကိုလည်း ဤလမကုန်ခင် ကျင်းပပြီး လူထုဆန္ဒကောက်ယူရန် စီစဉ်ထားပါသည်။

“၄၅ ရက်အတွင်း မသွားခင်မှာ ဝေါ့ ရှော့ ကိုတော့ ဒီလကုန်တော့ မလုပ်နိုင်တော့ဘူး ထင်တယ် ဖေဖော်ဝါရီလ ပထမ အပတ်အကုန် ဒါမှ မဟုတ် ဒုတိယအပတ် အတွင်းမှာပါပဲ ၂ရက် ၃ လောက် အချိန် ယူပြီး လုပ်ရ လိမ့်မယ်။ ဆွေးနွေးမယ့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးကော်မတီ အရေအတွက်ကတော့ အပြောင်းလဲမရှိဘူး အဲဒီ ၇ ယောက်က ဒီအတိုင်းပဲရှိမယ်။ ဒါပေမဲ့ issuse နဲ့ သက်ဆိုင်တဲ့ သူတွေကို ၊ ကျွမ်းကျင်တဲ့သူတွေ ပါဖို့လိုတယ်။ လူကတော့ပုံသေမဟုတ်ဘူး အမျိုးသမီးနဲ့ ပတ်သတ်တဲ့ နေရာမှာ အမျိုးသမီးပါမယ် ပြီးတော့ လူအခွင့်ရေးနဲ့ပတ် သက်ရင်လည်း လူအခွင့်ရေး ကျွမ်းကျင်တဲ့သူပါမယ် အဓိကတော့ ဦးစားပေးတဲ့ အစ်ရှူးအပေါ်မှာ မူတည်ပါတယ်။” ဟု ဗိုလ်မှူး စောလှငွေကဆိုပါသည်။

နောက်တကြိမ်ဆွေးနွေးပွဲကို နေပြည်တော်၌ ကျင်းပရန်ရှိပါသည်။ အပစ်ခတ်ရပ်စဲရေး ကိုလည်း လက်မှတ်မထိုးရ သေးဘဲ ဆက်လက်ဆွေးနွေးသွားရန် အဆင့်ကိုသာ သဘောတူညီထားခြင်း ဖြစ်ပါသည်။ ကေအန်ယူက တင်ပြထား သည့်အချက် ၁၁ ချက်ကိုလည်း နေပြည်တော် အဆင့်မှာသာ ဆက်လက်ဆွေးနွေးရန်ဖြစ်ပြီး ဖါအံဆွေးနွေးပွဲသည်၊ ယုံကြည်မှု တည်ဆောက်ရေးအတွက် ပဏာမ သဘောတူချက်သာ ဖြစ်သည်ဟု ဆိုပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/1081-knu-.html

No comments:

Post a Comment