ondragstart="return false" onselectstart="return false"

Monday, January 16, 2012

KNU နယ်မြေအတွင်း အစိုးရစစ်တပ် ရိက္ခာပို့

ရန်သူက တမိနစ်အခွင့်အရေးရတာနဲ့  ချက်ချင်းအသုံးချတယ်... တကယ်ဆိုရင် အစိုးရစစ်တပ်တွေ ရိက္ခာကို ခုလိုတလဟော ပို့ စရာအကြောင်းမရှိပါ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ရင် တနှစ်စာအတွက်စစ်တိုက်ဖို့ သူတို့ ကပြင်ဆင်ထားပြီးသား... KNU ရှေးတန်းရဲဘော်များ နအဖ ရိက္ခာပို့ မှုကို ဟန့် တန့် ဖို့ လိုအပ်ပါသည်။ သတ်မှတ်ထားသည့် အရေအတွက်နှင့် တစ်လ တစ်ခါပို့ သည့် စနစ်ဖြစ်သာ ခွင့်ပြုသင့်ပါသည်။ ဒီထဲပိုလုပ်ဆောင်ပါက ပစ်သင့်ရင် ပစ်ရပါမည်။
xxxxxxxxxxxxxx

ဇန်န၀ါရီလ ၁၆ရက်။ ၂၀၁၂ခုနှစ်။ စောသိန်းမြင့်(ကေအိုင်စီ)

နှစ်ဘက် အပစ်အခတ်ရပ်စဲရေးကာလတွင် အစိုးရစစ်တပ်ဘက်မှ ကရင်အမျိုးသားအစည်း အ ရုံး-KNU နယ်မြေအတွင်းရှိ တပ်စခန်းများသို့ ရိက္ခာပစ္စည်းပို့ဆောင်မှုများ လုပ်ဆောင်နေသည်ဟု KNUက ပြော သည်။

KNU တပ်မဟာ(၆)နယ်မြေဖြစ်သည့် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဝေါ်လေ၊ ကျိုက်ဒုံ၊ အဇင်း၊ ပိုင်ခလန်စ သည့်ဒေသဘက်တွင် အစိုးရစစ်တပ် တပ်မ(၂၂)မှ တစ်နှစ်စာအတွက် ရိက္ခာကို ယခင်လမှစ၍ ယခု အ ချိန်ထိ ကားအစီးပေါင်း ၄၀၀စီး ပို့ဆောင်ထားပြီဖြစ်သည်ဟု KNUတပ်မဟာ(၆)မှ တာဝန်ရှိသူ ဗိုလ်ကြီး ထဲနေက ပြောသည်။

၎င်းက“ ကြာအင်းဆိပ်ကြီးကနေ ကျိုက်ဒုံ၊ ကျိုက်ဒုံကနေ အဇင်း၊ အဇင်းက ထီးထာ့ဘောင်၊ ပိုင်ခလန်အ ထိ ပို့တယ်။ ဝေါလေခီး၊ စုကလိအပါအ၀င်ပေါ့။ မနေ့က တရက်တည်းဆိုရင် ကားအစီး ၇၀၊ ဒီဇင်ဘာလ ကနေ အခုချိန်ထိ ဆိုရင် ရိက္ခာကားအစီးပေါင်း ၄၀၀ရှိပြီ”ဟု ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBAနှင့် အစိုးရတို့ အပစ်အခတ်ရပ်စဲမှုအပြီးတွင် DKBA လှုပ်ရှုားနယ်မြေများ ဖြစ်သည့် ဝေါ်လေ၊ စုကလိဘက်တွင် အစိုးရ စစ်တပ်မှ စစ်ရိက္ခာ ပစ္စည်း ပို့ဆောင်မှုများပို၍ လုပ်ဆောင်လာကြောင်း ဗိုလ်ကြီးထဲနေက ပြောသည်။

သို့သော် ဘုရားသုံးဆူနှင့် အနန်းကွင်းဒေသဘက်တွင်လည်း ရိက္ခာပစ္စည်းပို့ဆောင်ရန်အတွက် အစိုးရစစ် တပ်ဘက်မှ KNUတပ်မဟာ (၆)၏ ဗျူဟာမှူး ဗိုလ်မှူးကြီးဂျိုးစွာအား ပြီးခဲ့သည့်ရက်ပိုင်းက လူလွှတ်ခွင့် တောင်းခဲ့ရာတွင် စောသေးကြောင်း ဗိုလ်မှူးကြီးဂျိုးစွာက အကြောင်းပြန်ခဲ့သည်။

အစိုးရစစ်တပ်များ ယခုလို ရိက္ခာပို့ဆောင်ရာတွင် ယခင်လ အပစ်အခတ်မရပ်စဲသေးသည့်အချိန်က KNU တပ်ဖွဲ့၏ ၀င်ရောက်ပစ်ခတ်နှောက်ယှက်မှုများရှိခဲ့သော်လည်း ယခုလ ၁၂ရက်နေ့က KNUနှင့် အစိုးရတို့ အပစ်အခတ်ရပ်စဲပြီးနောက် ထိုကဲ့သို့ မပြုလုပ်တော့ကြောင်း KNUက ပြောသည်။

ယခုလ ဇန်န၀ါရီလ ၁၂ရက်နေ့တွင် KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် ပြည် ထောင်စုအစိုးရအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိုယ်စားလှယ်တို့ ဘားအံမြို့၌ တွေ့ဆုံရာတွင် အ ပစ်အခတ်ရပ်စဲရန်၊ ဆက်ဆံရေးရုံး ဖွင့်လှစ်ရန်၊ လက်နက်မပါဘဲ တနိုင်ငံလုံး သွားလာရန်နှင့် ကျန်အ ဆင့်များကို ဆက်လက် ဆွေးနွေးသွားရန် စသည့်အချက်များဖြင့် ပြည်နယ်အဆင့် ပဏာမ သဘောတူညီ ချက်စာချုပ် ချုပ်ဆိုခဲ့သည်။

ထို့နောက် ထိုပဏာမသဘောတူညီချက်နှင့် စပ်လျဉ်း၍ အစိုးရ ကာကွယ်ရေး ဦးစီးချုပ်ရုံး -ကကကြည်း မှ ကရင်ပြည်နယ်ရှိ ၎င်းတို့တပ်များအား သတ်မှတ်နယ်မြေအတွင်း စစ်ရေးလှုပ်ရှားခြင်း၊ လူများကို ပေါ် တာဆွဲခြင်း မပြုလုပ်ရန်နှင့် တစ်ဘက်နှင့်တစ်ဘက် ဆွေးနွေးပွဲပျက်ပြားစေမည့် အပြုအမူများ လုံးဝ မ လုပ်ကြရန် သက်ဆိုင်ရာ ကြည်းတပ်များအား ညွှန်ကြားထားသလို KNUဘက်ကလည်း ၎င်းနည်းတူ ညွှန် ကြားထားသည်ဟု စစ်ဘက်ဆိုင်ရာ သတင်းအရ သိရသည်။

အလားတူ KNU နယ်မြေများဖြစ်ကြသည့် တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ ဖာပွန်ခရိုင်၊ သထုံခရိုင် ဘက်တွင်လည်း ယခင်လမှစ၍ ယခုအချိန်ထိ အစိုးရစစ်တပ်မှ ရိက္ခာပစ္စည်းပို့ဆောင်မှုများ လုပ်ဆောင် နေကြောင်း သက်ဆိုင်ရာ KNU အရာရှိများက ပြောသည်။

မြန်မာအစိုးရနှင့် KNUတို့ အပစ်အခတ်ရပ်စဲနေချိန်တွင် အစိုးရစစ်တပ်ဘက်မှ ရိက္ခာပို့ဆောင်မှုများ အ ဆက်မပြတ်လုပ် ဆောင်မှုအပေါ် မြန်မာအစိုးရနှင့် KNU အပစ်အခတ်ရပ်စဲရေးကိစ္စတွင် သံသယရှိသည် ဟု KNU အောက်ခြေတပ်မှူးများက သုံးသပ်သည်။

4 comments:

Unknown said...

ငြိမ်းချးမ်ရေးဖေါ်ဆောင်နေတဲ့ဖထီးတွေကိုကျွန်တော်သော်သီခိုမှ
(comment)ပေးဘူးပါတယ်၊အင်းစိန်ကျဆုံးရခြင်းကိုသတိရစေ
ခြင်ပါတယ်ဒီကောင်တွေဟာလက်ဦးရမှုကိုသူတို့အမြဲဘဲချောင်းနေ
ပါတယ်အဲ့ဒီတုန်းကလည်းတဖက်ကတွေ့ဆုံဆွေးနွေမှုကိုလုပ်တယ်
တချိန်ထည်းမှာဘဲယူဂိုစလားဗီးယားကလက်နက်တွေကိုသွင်းတယ်
အားလုံးပြည့်စုံတာနဲ့ကရင်တွေကိုပြန်ဆော်၊ကရင်တွေလည်းတောင်ပြေး
မြောက်ပြေးဖြစ်ပြီးယနေ့တိုင်ဘဲမို့လား..ဘေးထိုင်ပြီးဘုပြောနေတာတော့
မဟုတ်ပါရိုင်းရိုင်းပြောရရင်(တစ်တုံးစားမသိ၊နှစ်တုံးစားမသိ)ဆိုတာမျိုးဖြစ်
မှာစိုးလို့ပါ၊လူကြီးမင်ဖထီးတို့ရဲ့ကြီးမားသောအမျှော်မြင်နှင့်အရည်အခြင်းတွေ
ကိုစော်ကားတာတော့မဟုတ်ပါဘူး(If someone deceive me
once shame on him,but twice shame on me.)လိုလည်း
မဖြစ်စေခြင်ပါ၊သူတို့ပြောသလိုသူတို့ကတကယ့်ကိုစေတနာကောင်းဖြင့်လိုလို
လားလားအပစ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးရယူလိုလျှင်အခုလိုစေ့စပ်ဆွေးနွေး
မှုပြုလုပ်နေချိန်မှာရှေ့တန်းကသူတို့ရဲ့တပ်တွေဆီကိုလက်နက်ရိက္ခာအလော
တကြီးအလျင်စလိုဖြည့်တင်းဖို့လိုသေးလား၊တကယ်တန်းဆိုကျွန်တော်တို့က
ရင်ပြည်နယ်အတွင်းရှိရှိသမျှသူတို့ရဲ့ကျူးကျော်တပ်တွေကိုပြန်ခေါ်၊ပြန်ဆုတ်သွားသင့်ပါတယ်၊ဒါမှသာကျွန်တော်တို့ရဲ့စစ်ပြေးကရင်တိုင်းသားများလဲ၎င်းတို့
နေရင်းကျေးရွာဒေသများသို့အေးခြမ်းစွာပြန်လည်လုပ်ကိုင်စားသောက်နိုင်ကြ
မည်မဟုတ်လား.အကယ်၍ဖထီးတို့အခုလုပ်နေတဲ့တွေ့ဆုံမှုဟာအခက်ခဲမှု
လေးများရှိနေရင်တော့ကြိတ်မိတ်ပြီးအတင်း(နသားပါယား)မလုပ်ဘဲ၊ဗိုလ်
ချုပ်ကြီးမြပြောသလိုတော်လှန်ရေးလုပ်တယ်ဆိုတာစစ်တိုက်ရဲရမယ်၊တိုက်ရင်
လည်းသေရဲရမယ်ဆိုတာလို..အချိန်တွေဆွဲပြီးရန်သူလက်ဦးမှုကိုမခံဘဲခင်
ဗျားတို့ရဲ့ကနဦးအစီစဉ်အရပြည်ထောင်စုတပ်မတော်ကိုအမြန်ဆုံးဖွဲ့ကြပါလို့
ဘေးကကြည့်ပြီးမချင့်မရဲဖြစ်နေကြရတဲ့ကျွန်တော်တိုကရင်လူမျိုးနှင်တိုင်း
ရင်းသားအားလုံးကမေတ္တာရပ်ခံချင်ပါတယ်...

Anonymous said...

ဒို့ကရင် မှတ်မိမှာပါ။ တစ်ချိန်တုန်းက ကရင်တွေ တိုက်တာ ၇ မိုင်လေက်ပဲ ကျန်သေးတဲ့အချိန်မှာ ဦးနု က ဘာပြောလဲဆိုတော့ ကရင်နဲ့ဗမာ မတိုက်ကြပါနဲ့တဲ့ လက်မှတ်ထိုးမယ်။ ချစ်ချစ်ခင်ခင်နေမယ်။ ပြီးလည်းပြီးတော့ သူတို့က ကရင်ကို ပြန်တိုက်တာ မမေ့ဖို့ သတိပေးစေချင်ပါတယ်။ အခုလည်းဒီလိုပါပဲ သူတို့ စစ်တပ်က ရိက္ခာ ပြတ်နေ သွားလာရေးအခက်အခဲရှိလို့ ထိုင်းဘက်က ရိက္ခာ လာဝယ်ဖို့ပိုက်ဆံ မရှိတော့ တစ်နှစ်စာအတွက် ရိက္ခာနဲ့လက်နက်ခဲယမ်းဖြစ်ဖြင့် ကြိုတင်လုပ်ထားတာဖြစ်မယ်။ ဒါကြောင့် ဒို့ကရင် သတိထားနော်
(ထာရ၀တည်စေကော်သူးလေပလောမှုထော့)

THAW HTOO said...

ကောင်းလိုက်တဲ့ comment ဘာဗျား gold hawk ပြောတာသိပ်မှန်တဲ့ စကားဘာ ဒါကို လေးလေးနက်နက်လေး စဉ်စားစေချင်တယ် ဖတီးတို သတိတော့ထားစေချင်တယ် ဝေးဝေးကြည်ဖို့မလိုဘာဘူး DKBA ကိုဘဲကြည့်ဘာဗျား သူတို့နှောက်ဆုံးတော့ ဘယ်လို့ဖြစ်သွားလဲ အစိုးရက ဘယ်လို့ လုပ်ဆောင်သလဲ သူတိုရဲ့လက်ဝါးထဲရောက်တာနဲ့ သူတို့က လုပ်ချင်သလိုလုပ်တော့ဒါဘဲ မြန်မာ့အစိုးရက ကလိမ်ကကျစ်အရမ်းကောင်းတယ်ဆိုတာ နိုင်ငံတိုင်သိတယ် ကိုယ်လူမျိုးကိုကိုယ်ချစ်တယ်ဆိုရင် လူတု၇ဲ့စကားသံကိုထက်စဉ်စားဖို့ မမေ့ဘာနဲ့လို့ ပြောပြချင်ဘာတယ်

Unknown said...

ဖထီးကြီးများခင်ဗျား(KNU အောက်ခြေတပ်မှူး၊အရာရှိ၊အကြပ်၊တပ်သားများ
၏တင်ပြသတင်းပေးပို့သုံးသပ်ချက်များ)ကိုတလေးတစားအရေးတယူလက်ခံ
စဉ်းစားဆင်ခြင်ဆုံးဖြတ်သတိချသင့်ပါသည်။၎င်းတို့သည်ရှေ့တန်းမှကျူးကျော်
လာသောရန်သူတို့၏၊ထိုးစစ်အတွက်လှုပ်ရှားမှု၊စစ်ပရိရယ်မှန်သမျှကိုသူတို့သည်
သာနောအကြေဆုံးဆိုတာကိုလက်ခံနားလည်စေချင်ပါသည်။
We do believe you all are educated even of absolutely fully great experienced, how to role or handle on strategy and political status..

Post a Comment