ondragstart="return false" onselectstart="return false"

Thursday, December 23, 2010

ကေအဲန်ယူ စစ်ရေးအတွက်ပြင်ဆင်

ဒီဇင်ဘာလ ၁၄ ရက်မှ ၁၈ ရက်နေ့ အထိ ကျင်းပခဲ့သည့် ကေအဲန်ယူ၏ ၁၄ ကြိမ်မြောက်ကွန်ကရက်အပြီး တတိယအကြိမ်မြောက် ဗဟိုအမြဲတမ်းကော်မတီ နှစ်ပါတ်လည်အစည်းအဝေးတွင် စစ်ရေး၊နိုင်ငံရေး၊ လူ့ မှုရေး အခြေအနေအရပ်ရပ်ကို သုံးသပ်ကာ ဆက်လက်လုပ်ဆောင်မည့် ရှေးလုပ်ငန်းစဉ်များ ချမှတ်သွားပါသည်။

ကေအဲန်ယူ အတွေတွေ အတွင်းရေးမှူးချူပ် နော်စီဖိုးရာစိန်၏ အဆိုအရ နအဖ စစ်အစိုးရသည် ၂၀၁၀ လွန်သော် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းရုံးကို စစ်ရေးဖြင့် တိုးမြင့်ဖိအားပေးတိုက်ခိုက်လာမည်ဖြစ်သည်။ သည့်ပြင် နိုင်ငံရေးအရ ကေအဲန်ယူအတွင်းစည်းလုံးညီညွတ်မှုပျက်ပြားအောင် ဖန်းတီးမည်ဖြစ်သလို ကေအဲန်ယူ ထိန်းချူပ်ရာဒေသတွင် ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းဆိုပြီး နယ်မြေ ချက်ထွင်လုပ်ဆောင်မည်ဖြစ်သည်။

ဆက်လက်ပြီး နော်စီဖိုးရာစိန်က ကေအဲန်ယူသည် နယ်ခြားစောင့်တပ်ကို လက်မခံသော ဒီကေဘီအေ နှင့် ကရင်ငြိမ်းကောင်စီ အဖွဲ့ များကိုကြိုဆို လက်ခံလျက် အတူလက်တွဲရာအတွက် အမြဲတမ်းပြင်ဆင်ထားကြောင်း၊

ထားဝယ်ဒေသ နအဖ စစ်အစိုးရ၏ ဖွံ့ဖြိုးရေး စီမံကိန်းကြီးနှင့်စပ်လျဉ်း၍ ၄င်းစီမံကိန်းကြီးများကြောင့် ဖြစ်ပေါ်လာမည့်သက်ရောက်မှုများ ထိခိုက်မှုများ ကိုသိရှိနိုင်ရန်နှင့် ၄င်းစီမံကိန်းအပေါ် ကေအဲန်ယူ၏ ပေါ်လစီ မူဝါဒကို ချမှတ်နိုင်ရာတွက် စုံစမ်းစီစစ်ရေး ကော်မတီတရပ်ကို ဖွဲ့ စည်းလိုက်သည်။ ၄င်းစုံစမ်းရေး ကော်မတီမှ တင်ပြလာသော အချက်အလက်များပေါ်အခြေခံပြီး ကေအဲန်ယူ သည် နအဖ စစ်အစိုးရ၏ ထားဝယ်ဒေသ ဖွံ့ ဖြိုးရေး စီမံကိန်းကြီးများအပေါ် ကေအဲန်ယူ၏ မူဝါဒများ ချမှတ်သွားမည်ဖြစ်သည်။

သည့်ပြင် ယနေ့ ရေပန်းစားနေသော ဒုတိယပင်လုံ ညီလာခံ ခေါ်ယူရေး ကိစ္စနှင့်စပ်လျဉ်း၍ ကေအဲန်ယူ အထွေထွေ အတွင်းရေးမှူးချူပ် နော်စီဖိုးရာစိန်က ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးသည် ဒုတိယပင်လုံညီလာခံ လှုပ်ရှားများကို ထောက်ခံသွားမည်ဖြစ်သည်။ ယင်း ဒုတိယပင်လုံညီလာခံသည် စစ်မှန်သော ပြည်နယ်ပေါင်းစု အခြေခံသော ပြည်ထောင်စုကို အကောင်အထည်ဖေါ်မည့် ညီလာခံမျိုးဖြစ်ရမည်ဟု ကွယ်ကလူသတင်းဌာနမှ ဖေါ်ပြရေးသားထားပါသည်။

ကိုးကား။ ။ ကွယ်ကလူ သတင်းမှ ရယူပြီး ဗမာလို ဆီလျော်အောင် အကျဉ်းချူပ် ကောက်နှုတ်ဘာသာပြန်သည်။ မူရင်းသတင်းကို အောက်တွင်ဆက်လက်ဖတ်ရှုရန်…

KNU prepare for war affair attacked by SPDC

3 comments:

Anonymous said...

After KNU make decision they just put on the table then eat and sleep. They don't do or take any action.

Anonymous said...

KNU is just the name famous only,
They are not strong anymore.
Their life and decision making is depend on SPDC and Thai Border Authority.
They dare not to do any action,
Luckily they had good and brave front army so they had a little bit dignity.

Anonymous said...

ha ha ha.. the above two man make me funny.

Just count how many SPDC dogs are becoming fertilizer in Karen Stat every month?. :D
All the Brigade commander are KNU EC. So what?

Post a Comment