ondragstart="return false" onselectstart="return false"

Tuesday, November 27, 2012

KNU ဥက္ကဋ္ဌ အနားယူမည်

ပြည်တော်မြင့်


KNU လက်ရှိ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောတာမလာဘောက အနာဂတ် ဦးဆောင်မှုကဏ္ဍတွင် ပါဝင်တော့မည် မဟုတ်ကြောင်း ယနေ့ အစပြုသည့် KNU ညီလာခံတွင် ပြောကြားလိုက်သည်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ရှိ လေးဝါး တပ်စခန်းတွင် ကျင်းပသည့် ၁၅ ကြိမ်မြောက်
KNU ညီလာခံ အဖွင့်မိန့်ခွန်းတွင် ထိုသို့ထည့်သွင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီး စောတာမလာဘောက "ကျနော်ကတော့ အနားယူတော့မယ်။ ရွေးကောက်ပွဲမှာ လူမှန် နေရာမှန် ဖြစ်မယ့် ခေါင်းဆောင်တွေကို ရွေးချယ်ကြဖို့ အရေးကြီးပါတယ်" ဟု
ညီလာခံ ကိုယ်စားလှယ်များကို တိုက်တွန်း ပြောကြားခဲ့သည်။၁၅ ကြိမ်မြောက် KNU ညီလာခံကို ရက်သတ္တနှစ်ပတ်ကြာ ကျင်းပမည်ဖြစ်သည်။

အဖွဲ့ခေါင်းဆောင်သစ်များကို နောက်ဆုံးနေ့တွင် ရွေးချယ်ရန် ပြင်ဆင်ထားသည်။

ယနေ့ ပထမနေ့တွင် ဗဟိုကော်မတီက ပြီးခဲ့သည့် ၄ နှစ်တာ လုပ်ငန်းအစီရင်ခံစာ၊ နိုင်ငံရေးအစီရင်ခံစာတို့ကို တင်သွင်းခဲ့ကြောင်း တွေ့ရသည်။

၎င်းအစီရင်ခံစာများနှင့် ပတ်သက်ပြီး တက်ရောက်လာသည့် ညီလာခံကိုယ်စားလှယ်တို့က လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်ရန် ဆွေးနွေးသွားကြမည် ဖြစ်သည်။

KNU ဖွဲ့စည်းပုံ ဥပဒေအရ ညီလာခံ သက်တမ်းကို ၄ နှစ် တကြိမ် သတ်မှတ်ထားသည်။KNU ဗဟိုကော်မတီဝင်များအဖြစ် မည်သူတို့ ရွေးချယ်ခံရဖွယ်ရှိသည်ကို ခန့်မှန်း ပြောဆိုနိုင်ကြသော်လည်း မည်သူက ဥက္ကဋ္ဌအဖြစ် ရွေးကောက်ခံရမည်ဆိုသည်ကို ခန့်မှန်းရ ခက်နေကြသည်။


ဒီနေ့ ထူးခြားချက်က အဘိုး ကိုယ်တိုင် လာတယ်။ အဘိုးက လမ်းလျှောက်နိုင်တယ်၊ ထနိုင်တယ်၊ ကျန်းမာရေး ကောင်းတယ်။ အသက်ကတော့ ၉၃ နှစ် ရှိပြီ။ သူ ဆက်မလုပ်တော့ဘူး။ သူ နားမယ်။ KNU အနာဂတ်အတွက် သင့်တော်တဲ့ ခေါင်းဆောင်တွေကို ရွေးဖို့ တိုက်တွန်းသွားတယ်

ဟု ပြည်တော်မြင့်က ညီလာခံကျင်းပသည့်နေရာမှ ယနေ့ ညနေပိုင်းတွင် ဖုန်းဆက် ပြောကြားခဲ့သည်။

3 comments:

sp said...

လေးစား ပါတယ်အဖူး...အဘိုးရဲ့ အခု လုပ်ရပ်ဟာ အခု ကေအန်ယူ အထဲမှာဖြစ်ပြတ်နေတဲ့ ပြသာနာတွေကိုဖန်တီးနေတဲ့လူတွေအတွက်စံနမူနာ
တစ်ခုပြလိုက်တယ်လို့ မြင်ပါတယ်.((((...မူတူးစေးဖိုး..ရေခင်ဗျားလည်းအနားယူလိုက်ပါတော့..အသက်လည်းကြီးပြီ..အတွေးအခေါ်တွေလည်း date out ကုန်ပြီ..))).လူမျိုးနှင့်အဖွဲ့ အစည်းအတွက်အ
ကြိုးမပြုရင်နေပါစေ..၀န်ထုတ်ဝန်ပိုး အဖြစ်ပါစေနဲ့.အဖူးရဲ့လက်တွေ့ ပြခဲ့တဲ့ ဥပမာတစ်ခုပါ...အဖူးတာမလာ ဘောဟာ အင်မတန် လေးစားထိုက်တဲ့ ခေါင်းဆောင်တစ်ယောက်ပါ..မှတ်မှတ်ရရတစ်ခုကိုလက်တွေ့ မြင်ခဲ့ရတာကတော့..အဖူးဟာ အစည်းအစေး တွေကိုလာရင် သောင်းရင်းမြစ်
ကမ်းကနေ အစည်းအဝေး ကျင်းပရကိုလမ်းလျှောက်လာဘို့ အတွက်တော်တော်လေးလမ်းလျှောက်ရပါတယ်..ဒါကြောင့်ရဲဘော်တွေက တစ်ခြား အသက်ကြီးသူများနှင့်လိုအပ်တဲ့လူများနည်းတူ အဖူးကို ထမ်းစင်နှင့်ထမ်းပြီး အစည်းအဝေးခန်းမကိုထမ်းပို့ ဖို့ လုပ်တော့ အဘိုးက
မကြိုက်ဘူး..မလုပ်ပါနှင့်ရဲ့ဘော်တို့ အဖူးဘာသာအဖူး ခြေလျှင်လျှောက်မည်
တဲ့အဖူးအတွက် ကြောင့်ရဲဘောတို့ ကိုဝန်ထုပ်မဖြစ်စေဘူးဆိုပြီး အစည်းအဝေးခန်းနှင့်တည်းခိုရာနေရာကို သူ့ ဘာသာခြေလျှင် တစ်ဖြည်းဖြည်းသွားခဲ့တယ်..အဲဒီတုန်းက သူပြောတဲ့စကားတစ်ခွန်းကိုအခု
ထက်ထိမှတ်မှတ်ရရ သတိရနေမိတယ်..အဖိုးတော်လှန်ရေးစလုပ်တော့..စစ်ထဲစ၀င်တော့..တော်လှန်ရေးလုပ်တယ်ဆိုတာစစ်တိုက်တတ်ရင်ပြီးကော
လို့ အဖူးထင်ခဲ့တယ်...ဒါပေမဲ့နောက်ပိုင်းမှာအဖူး နားလည်လာရတာဟာတော်လှန်ရေးလုပ်တယ်ဆိုတာစစ်တိုက်တတ်ရုံတစ်ခုတည်းနဲ့ မပြီးဘူး..နိုင်ငံရေးပါနားလည်ဘို့ လိုတယ်ဆိုပြီုး့ ..ရိုးရိုးလေးဘဲပြော
ကြားခဲ့တာကိုပါ..
အဖူ..းဟာတော်လှန်ရေးခေါ်င်းဆောင်ဘ၀ကနေ အသက်အရွယ်ကြီးရင့်
လာမှုနှင့်မှန်ကန်သော ဥပမာပြမှုတစ်ခုအပေါ်မှာ အနားယူသွားပေ
မဲ့ အဖူးဟာရဲ့ဘော်တွေနှင့်ပြည်သူတွေရဲ့ လေးစားအမှတ်ရနေမှုကိုအမြဲဘဲ
ပိုင်ဆိုင်သွားမှာပါ...

Unknown said...

လေးစားပါတယ် အဖူးဗိုလ်ချူပ်ကြီးတာမလာဘော....အဖူးမူတူးစေးဖိုးလည်း အနားယူသင့်ပါပြီ ....ပြီးတော့အဖူးမူတူးရဲ့ အခုအဖြစ်အပြတ်က ဘာနှင့်တူသလဲဆိုတောံ့သူငယ်ချင်းတစ်ယောက်ပြောပြတဲ့အဖြစ်အပြတ်တစ်ခုနဲ့ သွားတူနေတယ်..သူပြောပြတာက့...လေးတန်းကျောင်းသားလေးတစ်ယောက်ဟာတော်တော်ဆိုးတယ်
ဆရာမစကားလည်းနားမထောင်..အိမ်စာလည်းမှန်မှန်မလုပ်..အတန်းထဲမှာစာမေးတိုင်းလည်းမရ..ရန်လည်းခဏခဏဖြစ်..ဒါပေမည့်ဆရာမတွေက သူ့ကိုကိုအချိန်ယူပြီးတော်တော်လေးစေတနာထားပြီးပြုပြင်သင်ပြပေးပါတယ်..
ဒါပေမည့်သူ ကနားမထောင်ဘူး..အဲဒီတုန်းက ၄ တန်းဟာဆရာစစ်ပါ...ဒါနှင့်
စာမေးပွဲလည်းဖြေပြီးအောင်စာရင်းလည်းထွက်ကော ..အဲဒီကျောင်းသားလေးဟာ စာမေးပွဲကိုကျရှုံးပါလေကော..ဒါနှင့်သူ့ အဖေက
စစ်ဗိုလ်အရာရှို ...ကျောင်းကဆရာမတွေကို လာပြီးပြသာနာရှာကော..ဘာဖြစ်လို့ ဘာဖြစ်လို့ ဆိုတာမျိုးပေါ့..ဒါနှင့်ဆရာမတွေကလည်းစစ်အစိုးရခေတ်စစ်သားတွေကိုကြောက်ရတဲ့ခေတ်ဆိုတော့..အဲဒီကျောင်းသားလေးရဲ့ စာမေးပွဲစစ် စာရွက်တွေကိုလှန်ကြည့်
တော့အောင်မှတ် ကိုဖြည့်ပေးနိုင်လောက်တဲ့ သုံးဆယ်ကျော်လေးဆယ်နားနီး
တောက်မဟုတ်ဘဲ ဆယ်မှတ် ကတောက်မကျော်ခဲ့ဘာဘူး...ဆရမတွေကလည်း အထက်မှာပြောခဲ့သလိုပေါ့ စစ်သားကြောက်ရတဲ့ခေတ်ဆိုတော့ အအောင်ပေးလိုက်တယ်လေ..ဒါနှင့်အဲ
းဒီကျောင်းသားလေးဟာ လေးတန်းအောင်နိုင်တဲ့ အရည်အချင်းမရှိ ပေမဲ့ ဆရာမတွေကသူ့ ကိုအအောင်ပေးလိုက်ရတယ်...သူလေးတန်းအောင်သွားပါတယ်...အဲဒီကျောင်းသားလေးသာ လူကြီးဆိုရင်တော့တော်ကျောင်းသားတွေရှေ့ ..ဆရာသမားရှေ့ နှင့် မိဘပြည်
သူတွေရဲ့ရှေ့မှာတော်တော်မျက်နှာပူ လိမ့်မည်လို့ ကျနော်ထင်တယ်..သူဟာရှက်တတ်မည်ဆိုရင်ပေါ့..၁ တစ်ချက်က သူ စာမေးပွဲကျရှုံးကျောင်း အောင်စာရင်းထဲမှာ သူ့ နာမ်မည်မပါတာကို ကျောင်းသားတိုင်းသိနေတယ်..
၂ အချက် ကသူ့ ကိုသူလည်းသိနေတယ်..၃ အချက်က သူ့ တို့ ရဲ့သားသမီး
အချေအနေ ကို မစူးစမ်းမလေ့ လာ..မဝေဖန် အပြစ်ကိုမမြင်ဘဲဆရာ တွေကိုပြသာနာသွားရှာတဲ့သူ့ အဖေ..((.သိသိရဲ့သားနှင့်လည်းဖြစ်နိုင်ပါတယ်))အမှန်သူလုပ်သင့်တာက အဲဒီ သူ့ မိဘကဆရာတွေကိုforceလုပ်လို့ အောင်ရမဲ့စာမေးပွဲကို လက်မခံဘဲသူ့ ဘာသာသူ့ ရဲ့လိုအပ်ချက်..အားနည်းချက်နှင့်ညံ့ဖျင်းမှုတွေကိုပြင်ပြီး အဆင့်အတန်းရှိရှိအဲဒီစာမေးပွဲကို ပြန်ပြီးဖြေဆိုသင့်တာ....ဒါမှာမဟုတ်ရင်လည်းကျောင်းထွက်ပစ်လိုက်ပေါ့ ကွာ..အရည်အချင်းမရှိဘဲ သကိုယ်စာမေးပွကျတာလူတိုင်းသိနေတဲ့ဟာကို..အခု အဖူးမူတူးရဲ့လုပ်ရပ်ဟာရှက်တတ်ရင်အဲဒီနေရာမှာတင်လဲသေလို့ ရတယ်

ကြယ်တာရာ said...

ကြိုက်တယ်

Post a Comment