ondragstart="return false" onselectstart="return false"

Friday, February 15, 2013

ထိုင်းတွင်နှိပ်စက်ခံရသော ကရင်မိန်းကလေးငယ်၏သတင်း (ရုပ်သံ)


ထိုင်းနိုင်ငံ မြောက်ဘက်ပိုင်း ကန်ဖယ်ဖက် (Kamphaeng Phet) မြို့တွင် ညှဉ်းပန်း နှိပ်စက် ခံခဲ့ရသည့် အသက် ၁၂ နှစ်အရွယ် ကရင် မိန်းကလေးငယ်ကို ကူညီရန် မြန်မာအစိုးရ တာဝန်ရှိသူများက ယနေ့ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ကရင် မိန်းကလေးကို ထိန်းသိမ်းထားသည့် ကန်ဖယ်ဖက် မြို့ရှိ မိခင်နှင့် ကလေး စောင့်ရှောက်ရေးဂေဟာမှ အကြီးအကဲ မစ္စတာ ထန၀ပ် ဆထစ်နှင့် တွေ့ဆုံခဲ့ကြောင်း မြန်မာအစိုးရ အလုပ်သမားဝန် ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ထွန်းက ဧရာဝတီသို့ ပြောသည်။

“အခု စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကတော့ အမေ၊ အဖေတွေလည်း ရောက်နေပြီး အဖွဲ့အစည်းပေါင်းစုံကလည်း လာကြတယ်၊ နောက် ကျနော်တို့လည်း သွားရောက်ကူညီ တယ်ဆိုတော့ သူတို့လည်း စိတ်အား ထက်သန်ပါတယ်၊ လိုအပ်တဲ့ဟာ အစအဆုံး ကူညီပေးဖို့ ပြောခဲ့တယ်” ဟု ၎င်းက ဆိုသည်။

နိုင်ငံတော် အစိုးရမှ ပေးအပ်လိုက်သည့် ဘတ် ၂ သောင်းနှင့် မြန်မာနိုင်ငံသားများ ထည့်ဝင်မှုဖြင့် ဘန်ကောက်သံရုံးမှ ဖွင့် လှစ် ထားသည့် မြန်မာနိုင်ငံသားများ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ရန်ပုံငွေမှ ဘတ်ငါးထောင်၊ စုစုပေါင်း ဘတ် ၂ သောင်းခွဲ ကိုလည်း ကာယကံရှင်ထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
မစ္စတာ ထနဝပ်ဆထစ်၏ ပြောပြချက်အရ ကရင် မိန်းကလေးငယ် အတွက် အလှူငွေ ရရှိရန် ဘဏ်အကောင့်များ ဖွင့်ပေးထားပြီး ကန်ဖယ်ဖက် မြို့ နယ် အုပ်ချုပ်ရေးမှူး အနေဖြင့်လည်း ကလေးငယ်၏ ဖြစ်စဉ်နှင့် ပတ်သက်၍ တိုးတက်မှု အခြေအနေ များကို အစီအရင်ခံစာ တင်ပြရန် ပြောကြားထားကြောင်း ဦးနိုင်ထွန်းက ရှင်းပြသည်။

ထိုင်းအစိုးရ အနေနှင့် ကရင် မိန်းကလေးကို ပုံမှန်ပြန်ဖြစ်သည် အထိ အခမဲ့ ဆေးကုသပေးမည် ဖြစ်ကြောင်းလည်း သိရသည်။

အသက် ၃၅ နှစ် အရွယ် ထိုင်းအမျိုးသားနှင့် အသက် ၃၃ နှစ်အရွယ်ရှိ ထိုင်းမျိုးသမီး လင်မယားက ကရင်အမျိုးသမီး ငယ်ကို အိမ်တွင်း အခိုင်းအစေအဖြစ် ၅ နှစ်ကျော်ကြာ ပိတ်လှောင်ထားပြီး စေခိုင်းသည့် အတိုင်း မလုပ်ပါက ရက်စက်စွာ နှိပ်စက်ခဲ့ကြောင်း၊ ခွေးလှောင်အိမ်အတွင်း ထည့်ထားခြင်း၊ ခန္ဓာကိုယ် အနှံ့ ရေနွေးပူဖြင့် ပက်ခြင်း စသည်ဖြင့် ပြုလုပ်ခဲ့သည်။

ကရင် မိန်းကလေးငယ်က “ရေနွေးပူ အလောင်းခံရပြီး အနာကို ထိုင်း အလုပ်ရှင် လင်မယားက ဆေးမကုပေးဘဲ ကိုယ့် ဘာသာကိုယ် ဆားရည်နဲ့အနာပျောက်အောင် နေအိမ်မှာပဲ ကုသရတယ်” ဟု မကြာသေးခင် ရက်ပိုင်းက ထိုင်းရတ် သတင်းဌာနသို့ ပြောကြားထားသည်။
ကရင် မိန်းကလေးငယ်သည် ဇန်နဝါရီလ ၃၁ ရက်နေ့က ယင်းအိမ်မှ လွတ်မြောက်လာခဲ့ပြီးနောက် မိခင်နှင့်ကလေး စောင့်ရှောက်ရေး ဂေဟာသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

တချို့သော ထိုင်းသတင်းများတွင်လည်း ခန္ဓာကိုယ် တခုလုံးတွင် အပူလောင် ဒဏ်ရာ အမာရွတ်များ ပြင်းထန်စွာ ရရှိထားကြောင်း၊ အပူလောင် ဒဏ်ရာကြောင့် အရေပြားများ ပျက်စီးကာ လက်နှစ်ဘက်စလုံး လက်မောင်းရင်းအထိ အရေပြားများ တွဲဆက်သွားကာ မမြှောက်နိုင်သည့် အခြေအနေ ရှိနေကြောင်း ဓာတ်ပုံများဖြင့် ဖော်ပြကာ ရေးသားထားသည်။

ထိုင်းသတင်းများအရ ကရင် မိန်းကလေးငယ်၏ မိဘများသည် ၂၀၀၈ ခုနှစ်က ကန်ဖယ်ဖက် ခရိုင်အတွင်းရှိ ကြံစိုက် လုပ်ငန်းတွင် အလုပ်လုပ်ခဲ့ကြောင်း၊ ကရင် မိန်းကလေးငယ်သည် လွန်ခဲ့သည့် ၃ နှစ်က ထွက်ပြေး လွတ်မြောက်ရန် ကြိုးစားခဲ့ရာ လူတဦးက ရဲလက်သို့အပ်ခဲ့ကြောင်း၊ သို့သော် ရဲက မူလ ထိုင်းလင်မယား အိမ်သို့ ပြန်ပို့ခဲ့ကြောင်း၊ အိမ်ရှင် လင်မယားက အလွန်စိတ်ဆိုးပြီး နံရံနှင့် ခေါင်းကို ဆောင့်ခြင်း၊ ဖိနပ်ဖြင့် မျက်နှာကို ရိုက်ခြင်း၊ ပြစ်ဒဏ်အဖြစ် နားရွက်ဖျားကို ကပ်ကြေးဖြင့် ဖြတ်တောက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

လတ်တလောတွင် ထိုင်းအလုပ်ရှင် လင်မယားကို အသက်မပြည့်သူအား အဓမ္မ ခိုင်းစေမှု၊ လူကုန်ကူးမှု၊ ညှဉ်းပန်းနှိပ်စက်မှုတို့ အပါအဝင် စွပ်စွဲချက် ၇ ချက်ဖြင့် ဖေဖော်ဝါရီလ ၆ ရက်နေ့က ဝရမ်းထုတ်ကာ ဖမ်းဆီးခဲ့သော်လည်း စွပ်စွဲချက်များကို ငြင်းပယ် ထားပြီး သက်ဆိုင်ရာ ထိုင်းတရားရုံးက ဘတ်ငွေ ၇ သိန်း အာမခံဖြင့် လွှတ်ပေးထားသည်။


အစိုးရ တာဝန်ရှိသူများအနေဖြင့်လည်း ကန်ဖယ်ဖက်မြို့ရှိ အလုပ်သမားရုံးနှင့် ရဲစခန်းတို့ကို သွားရောက်ကာ ယင်းအမှုနှင့် ပတ်သက်၍ ကာယကံရှင် ထိုင်းလင်မယားအား ထိုင်းဥပဒေအရ အရေးယူနိုင်ရန် စီစဉ်ဆောင်ရွက်မှုများကို မေးမြန်းသွားမည် ဖြစ်ကြောင်း သိရသည်။
ထိုထိုင်းလင်မယားတို့ကို လာမည့် အပတ် တနင်္လာနေ့ (ဖေဖော်ဝါရီလ ၁၈ ရက်နေ့) တွင် စွပ်စွဲထားသော ၇ မှုအား စတင် စစ်ဆေးမည် ဖြစ်သည်။

မတရား ညှဉ်းပန်း နှိပ်စက်ခံရသူမှာ ကလေးငယ်ဖြစ်ခြင်း၊ နိုင်ငံခြားသား ဖြစ်ခြင်း စသည့် သိမ်မွေ့ရှုပ်ထွေးသော ကိစ္စများ အမှုတွင် ပါရှိနေကြောင်း၊ ထိုင်းရဲတပ်ဖွဲ့က မျက်မြင်သက်သေများ၊ ထင်ရှားသော အထောက်အထားများ လိုအပ်နေပြီး အကယ်၍ ပြစ်မှု ထင်ရှားပါက ထိုအမှုမျိုးကို အမြင့်ဆုံးအားဖြင့် တသက်တကျွန်းအထိ ပြစ်ဒဏ် ချမှတ်နိုင်ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။

ဧရာဝတီ

4 comments:

Unknown said...

The myanmar government and authority should follow this case before. This is De-humanization for thai people. No one can accept the case.

Anonymous said...

ကိုယ့်ကရင်လူမျိုးတစ်ယောက် အထူးသဖြင့်ကလေးအရွယ် ကရင်မိန်းခလေးလေး တစ်ယောက်ဖြစ်တဲ့ အဖြစ်အပျက်က ကမ္ဘာကျော်သွားသည့်တိုင် ဘယ်ကရင်လူမျိုး၊ ဘယ်ကရင်အဖွဲ့အစည်း၊ ဘယ်ကရင်အသိုင်းအ၀ိုင်း၊ ကရင်ခေါင်းဆောင် တစ်ယောက်တစ်လေကမှ သွားရောက်တွေ့ဆုံ အားပေး အကူညီပေးတာတို့၊ သတင်းရေး ဝေဖန်အကြံပေးတာတို့ တစ်ယောက်မှမရှိကြသေးပါလား????? မျက်စိတွေမှိတ်နားတွေပိတ်ကြကုန်ပြီးထင်တယ်။ အထူးသဖြင့်တော့ ထိုင်းနိုင်ငံမှာနေထိုင်ကြတဲ့ ကရင်အဖွဲ့အ စည်းတွေ၊ ကရင်လူမျိုးတွေသွားရောက်တွေ့ဆုံ အားပေးသင့် တယ်လို့ကျွန်တော်ထင်တယ်။ တခြားကိုယ်နဲ့မဆီမဆိုင်တဲ့ ကိစ္စတွေကြတော့ဖြင့်ဝေဖန်လိုက်ကြတဲ့ တုန့်ပြန်မှုတွေနဲ့၊ ရေးလိုက်ကြတဲ့သတင်းတွေ၊ ပို့လိုက်ကြတဲ့ပို့စ်တွေ ကွန်မန့်တွေက အင်တာနက်မှာရော အွန်လိုင်းမှာပါ ဖေ့စ်ဘွတ် (facebook) မှာအဆုံး မဆန့်အောင်ပါပဲ။ ဒါပေမဲ့အခုကိစ္စမှာတော့ ကိုယ့်ကရင်လူမျိုးတစ်ယောက်ဖြစ်နေ လို့လားတော့မသိဘူး ဘယ်သူမှဂရုမစိုက်ကြတော့ ရိုင်းပင်းကူညီတတ်ကြတဲ့ ကရင်လူမျိုးဓလေ့စရိုက်ကို ထိခိုက်သွားစေတယ်။ တရုတ်တွေကို စိတ်ဓါတ်နိမ့်ကျအောက်ကျတယ်လို့် ဝေဖန်ပြောတာတွေကို ကရင်တွေသိပ်ရှက်တတ်ဖို့ ကောင်းနေပြီးလို့ထင်တယ်။

Unknown said...

That's right, where is karen women action group (KWAH) from Burmar.
The director is famous women (received award from america) and where is we women or other ngo's in burmar. I didn't expect other organization from karen organization in thailand. Thai idiom, same same, means thai karen is the same with kum thai.( I didn't means all Karen in thai). Thai Karen didn't know where they come from, they know only they're thai (imitation) crazy idea.

Unknown said...

Dear all, As we are Karen eventhough not our people we don't want to see the situation like this but now she is our Karen young girl. Some of Thai Karen Human Right Group visit her and invloved in assisting her, but I think how about KWO What are you doing for this case?
We really don't know that how many Karen people are facing with these kind of situation?

Karen try you best Karen.

Post a Comment