ondragstart="return false" onselectstart="return false"

Sunday, February 3, 2013

အမျိုးသမီးများ၏ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှင့် ပဋိပက္ခဖြေရှင်းခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ထုတ်ပြန်ကြေညာချက်



ဖေဖေါ်ဝါရီ (၃)ရက်၂၀၁၃ခုနှစ်
ရန်ကုန်မြို့ ။

မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်းအသီးသီးမှ တိုင်းရင်းသူအမျိုးသမီးအဖွဲ့ (၃၁) ဖွဲ့ ၏ အမျိုးသမီးကိုယ်စားလှယ် (၄၆) ဦး သည် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှင့် ပဋိပက္ခဖြေရှင်းခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲအား ရန်ကုန်မြို့၌ ၂၀၁၃ခုနှစ် ဇန်န၀ါရီလ ၃၀ရက်နေ့ မှ ဖေဖေါ်ဝါရီလ ၁ ရက်နေ့အထိပြုလုပ်ခဲ့ပါသည်။
တက်ရောက်လာသောကိုယ်စားလှယ်များမှ အလုပ်ရုံဆွေးနွေးပွဲနောက်ဆုံနေ့တွင် အောက်ဖေါ်ပြပါ သဘောထားကြေညာ ချက်ကို ထုတ်ပြန်လိုက်ပါသည်။

၁။၂၀၁၃ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန် မှ ဆုံးရှုံးနစ်နာမှုများကို ရပ်ဆိုင်းရန်နှင့် ပြည်သူများလိုလားသည့် စစ်မှန်သောငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် သက်ဆိုင်သူအားလုံး စားပွဲဝိုင်းတွင် ဆွေးနွေး ညှိုနှိုင်းပြီး အဖြေရှာရမည့်အချိန်ကျရောက်နေပြီဟု ကြေညာခဲ့ပါသည်။
သို့ပါသောကြောင့် ယခုအခါတွင် ကချင်ပြည်နယ်တွင် အပြင်းအထန်ဖြစ်ပွားလျက်ရှိသော စစ်ပွဲများကို အမြန်ဆုံး ရပ်တန့် ရန် တောင်းဆိုပါသည်။ ပြည်သူလူထု အထူးသဖြင့် အမျိုးသမီးနှင့်ကလေးများ၏ လုံခြုံမှုကို အထူးဂရုပြု ဦးစား ပေးဆောင်ရွက်ပေးရန် တိုက်တွန်းအပ်ပါသည်။
ဤသို့လုပ်ဆောင်ခြင်းဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် အမှတ် ၁၃၂၅၊ အမှတ် ၁၆၇၄၊ ဂျီနီဗာကွန်ဗင်းရှင်း နှင့် မြန်မာနိုင်ငံမှ သဘောတူလက်မှတ်ရေးထိုးထားသော အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုများ အားလုံး ပပျောက် ရေးဆိုင်ရာ သဘောတူစာချုပ်ပါအတိုင်း လေးစားလိုက်နာ အကောင်အထည်ဖေါ်ဆောင်ရွက်ရာရောက်ပေမည်။

၂။ လူထုအခြေပြု တိုင်းရင်းသူအမျိုးသမီးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို နိုင်ငံတော်နှင့် တိုင်းရင်းသား အင်အားစုများ ဖေါ်ဆောင်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၏ အခန်းကဏ္ဍအသီးသီးတွင်ပါဝင်ခွင့်ပြုရန် အလေးအနက်တောင်းဆိုအပ်ပါသည်။

၃။ မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ကူညီပံ့ပိုးပေးနေသော အလှုရှင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား အကောင်အထည်ဖေါ်ဆောင်ရွက်နေကြသော အဖွဲ့အစည်းများအနေဖြင့် မိမိတို့လုပ်ဆောင်နေသော အခန်းကဏ္ဍအသီးသီးတွင် ပွင့်လင်းမြင်သာမှု၊ အားလုံးပူးပေါင်းပါဝင်မှုနှင့် ကျား/မတန်းတူရေးအာမခံမှုတို့ကို ဆောင်ရွက်ရန် တိုက်တွန်းအပ်ပါသည်။

၎။ အခြားသောပဋိပက္ခနှင့် အကြမ်းဖက်မှုများဖြစ်သည့် ရခိုင်ပြည်နယ်အရေး၊ လက်ပံတန်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ ဘက်လိုက်မှုမရှိ ပွင့်လင်းမြင်သာသော ဖြေရှင်းမှုများရရှိရေးအတွက် ဆောင်ရွက်ပေးရန် တောင်းဆိုအပ်ပါသည်။

အလုပ်ရုံဆွေးနွေးပွဲတက်ရောက်သူများကိုယ်စား -
• ၈၈ မျိုးဆက်ကျောင်းသားများ
• ALTSEAN – Burma
• အာရုံဦးလူမှုဖွံ့ဖြိုးရေးအသင်း
• ARMM – Regional Human Right Commission
• Burma Partnership
• အေးချမ်းမြန်မာ
• ရွှေမြန်မာ
• Initiative for International Dialogue – IID
• JSAPMDD/ WLB
• ကရင်ရေးရာကော်မတီ
• ကချင်အမျိုးသမီးများငြိမ်းချမ်းရေးကွန်ယက်
• ကချင်အမျိုးသမီးများကွန်ယက်
• ကမ္ဘောဇလူငယ်စာကြည့်တိုက်နှင့် စာဖတ်အသင်း
• ကရင်အမျိုးသမီးများဖွံ့ ဖြီုးတိုးတက်ရေးအဖွဲ့ 
• ကရင်နီပြည်အမျိုးသမီးများကွန်ယက်
• ဂရုဏာရှင်အမျိုးသမီးများအဖွဲ့
• ပြည်သူ့အကျိုးဆောင်ကွန်ယက် (မိတ္ထိလာမြို့)
• မွန်အမျိုးသမီးအဖွဲ့
• ငြိမ်းချမ်းရေးကွန်ယက်
• Peace Study Centre – MIT
• ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ
• RAINFALL
• ရခိုင်အမျိုးသမီးများအစည်းအရုံး
• ရခိုင်အမျိုးသမီးများကွန်ယက်
• ငြိမ်းဖောင်ဒေးရှင်း (မြန်မာ)
• ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း
• ပြည်သူ့အကျိုးဆောင်ကွန်ယက် (သာစည်မြို့)
• သုံးဖက်ညီအမျိုးသမီးကူညီထောက်ပံ့ရေးအဖွဲ့
• အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးအစီအစဉ်
• အမျိုးသမီးအဖွဲ့များကွန်ယက်

ဆက်သွယ်ရန် Susanna Hla Hla Soe (+95 (0) 9 730 21025)
Ja Seng Hkawn (+95 (0) 9 502 6953)

source: http://www.facebook.com/susanna.soe/posts/10151425337571473

No comments:

Post a Comment