ondragstart="return false" onselectstart="return false"

Tuesday, February 26, 2013

အစိုး​ရရဲ့​ ကား​ဝယ်မည့်​ အစီအစဉ် လွှတ်​တော်အမတ် အပြင်း​အထန် ကန့်​ကွက်

Published on February 25, 2013 by ဒီဗွီဘီ

လာမယ့်​ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ အစိုး​ရအဖွဲ့​အ​နေနဲ့​ မာစီဒီး​ ကျည်ကာကား​တွေ အပါအဝင် တိုယိုတာ ကင်မရီ၊​ မာစီဒီး​ ဆီဒင်နဲ့​ ​အော်ဒီ ​အေစစ် စတဲ့​ ​နောက်ဆုံး​ပေါ်ကား​တွေ ဝယ်ယူဖို့​အတွက် ကျပ်​ငွေ ၁၈ ဘီလီယံဖိုး​ သုံး​မယ့်​အ​ပေါ် ပဲခူး​တိုင်း​ ဒိုက်ဦး​မြို့​နယ် ပြည်သူ့​လွှတ်​တော်အမတ် ဦး​မင်း​ဆွေက အပြင်း​အထန် ကန့်​ကွက်လိုက်ပါတယ်။

ဒီ​နေ့​ကျင်း​ပတဲ့​ ပြည်​ထောင်စုလွှတ်​တော် အစည်း​အ​ဝေး​မှာ သူက အစိုး​ရအဖွဲ့​ဟာ ပြီး​ခဲ့​တဲ့​နှစ်ကလည်း​ ​နောက်ဆုံး​ပေါ်ကား​သစ်​တွေ ဝယ်ဖို့​အတွက် ကျပ် ၁၀ ဘီလီယံနဲ့​ ​ဒေါ်လာ ၁၀ သန်း​ကျော် သုံး​ခဲ့​ပြီး​ဖြစ်​ကြောင်း​၊​ သူတို့​ လွှတ်​တော်အမတ်​တွေက​တော့​ တ​နေ့​ ကျပ် ၅၀၀ ​ပေး​ပြီး​ ဘတ်စ်ကား​နဲ့​ လွှတ်​တော် တက်​နေရ​ကြောင်း​၊​ သူတို့​လွှတ်​တော်အမတ် ၆၆၀ ​ကျော်ကို သိန်း​ ၁၀၀ တန်ကား​ ဝယ်​ပေး​မယ် ဆိုရင်​တောင် ကျပ် သန်း​ ၆ ​ထောင်​ကျော်ပဲ ကုန်မှာဖြစ်​ကြောင်း​ နှိုင်း​ယှဉ် ​ပြောဆိုပါတယ်။

ဒီအတွက် အစိုး​ရ ကား​ဝယ်မယ့်​ ဘတ်ဂျက်ကို တဝက်​လောက် ဖြတ်​တောက်သင့်​တယ်ဆိုပြီး​ သူက မှတ်ချက်​ပေး​ခဲ့​ပါတယ်။

Type the rest of your post here.

No comments:

Post a Comment