ondragstart="return false" onselectstart="return false"

Wednesday, February 13, 2013

KNUနဲ့ အစိုးရ ကြား လုံးဝ အပစ်အခတ်ရပ်စဲရေး ဖြစ်လာမည်လား

အိမ့်သံစဉ် - ဧရာဝတီ

ကရင်ပြည်နယ်တွင်းက ကရင်တိုင်းရင်းသူ အမျိုးသမီးတဦး၊ ဓာတ်ပုံ- မေစစ်ပိုင်/ဧရာဝတီ

အစိုးရ နဲ့ ကေအင်န်ယူ တိကျသောအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မတ်လတွင် စမည် အစိုးရ
နှင့် ကေအင်န်ယူ (ကရင်အမျိုးသားအစည်းအရုံး)တို့သည် လာမည့် မတ်လအတွင်း တိကျသည့် အပစ် အခတ် ရပ်စဲရေး သဘောတူညီချက်ကို စတင်မည်ဟု ကေအင်န်ယူ ကာကွယ်ရေး ဝန်ကြီး စောရော်ဂျာခင် က ဧရာဝတီ သို့ပြောသည်။

လက်ရှိတွင် အစိုးရနှင့် ကေအင်န်ယူအနေဖြင့် ပဏာမ အပစ်အခတ်ရပ်စဲရေးအဖြစ်သာ သဘောတူညီ ထားသဖြင့် ထာဝရငြိမ်းချမ်းရေး ရရှိ ရန် လိုအပ်နေသည်ဟု သိရသည်။

“ အစိုးရ က တိကျတဲ့အပစ်အခတ်ရပ်စဲရေးလုပ်ဖို့လိုနေတယ်၊ အခုက အခြေအနေအရ ပြန်တိုက်နေရ တယ် ပြည်တွင်းငြိမ်း ချမ်းရေးရဖို့ဆိုရင်ကရင၊် ကချင် ရယ်လို့မဟုတ်ဘူး။ တပြည်လုံးငြိမ်းချမ်းသင့်တယ်၊ အပစ်အခတ်ရပ်စဲရေးလုပ် မယ်ဆိုပြီး သေနတ်တကိုင်ကိုင်လုပ်နေရင်တော့ ဘယ်လိုမှ ငြိမ်းချမ်းရေး စကား ပြောလို့မရဘူး”ဟု ကေအင်န်ယူ ကာကွယ်ရေး ဝန်ကြီး စောရော်ဂျာခင်က ဧရာဝတီသို့ ပြော သည်။

ကေအင်န်ယူအနေဖြင့် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပြုလုပ်ပြီးပါက ပြည်ပရောက် ဒုက္ခသည်များနှင့် ပြည်တွင်း စစ်ဘေးရှောင်ဒုက္ခသည်များအတွက် နေရပ်ပြန်လာနိုင်ရေး နှင့်ပြည်နယ် ငြိမ်းချမ်းရေးများ ဆောင်ရွက်သွားမည်ဟု သိရသည်။

“ပထမအဆင့်က ငြိမ်းချမ်းရေးပဲ ရှိသေးတယ်၊ နောက်တဆင့်မှ အစိုးရနဲ့ နိုင်ငံရေးစကားပြောမယ်၊ ဘာတွေ ဆိုတာ တော့ ပြောလို့မရသေးဘူး။”ဟု ၎င်းက ဆိုသည်။

ငြိမ်းချမ်းရေးပဏာမသဘောတူညီချက်ဟုဆိုသော်လည်း စစ်မှန်သည့် ငြိမ်းချမ်းရေး လမ်းကြောင်း ပေါ် သို့ ရောက်စပြု နေပြီဖြစ်ပြီး လက်နက်ကိုင်အဖွဲ့အစည်းနှင့် ပြည်နယ် ငြိမ်းချမ်းရေးများ စတင် လုပ်ဆောင်နေပြီဟု ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းက ဆိုသည်။

“လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း လွှတ်တော်မှာ ဝင်အရွေးခံ၊ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် အစိုးရ အဖွဲ့တွေမှာ ပါဝင်လာမယ်ဆိုရင် အားလုံးက တသားတည်းဖြစ်သွားပြီ”ဟု ဝန်ကြီးချုပ် ဦးဇော်မင်းက ဧရာဝတီသို့ပြောသည်။

ကရင်ပြည်နယ်ငြိမ်းချမ်းရေးအခြေအနေကို တိုးတက်လာမည်ဟု မျှော်လင့်ကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် အချိန် အတန်ကြာ စောင့်ဆိုင်းရအုံးမည်ဖြစ်ကြောင်း၊ အစိုးရနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် ထာဝရငြိမ်းချမ်းရေးကို ဆောင်ရွက်သင့်ကြောင်း ကရင်ပြည်နယ် ငြိမ်းချမ်းရေးအကျိုးဆောင် ဦးစောဖိုးနေးက သုံးသပ်သည်။

“ တိုင်းရင်းသားတွေအတွက် အဓိကအခက်အခဲက ငြိမ်းချမ်းရေးရဖို့ပဲ၊ ပြည်တွင်းငြိမ်းချမ်းရေး တနိုင်ငံလုံး ရစေချင်တယ်၊ အဲလိုဆိုရင်တော့ ကိုယ့်အိမ်နဲ့ကိုယ် မိသားစုနဲ့ ပျော်ပျော်ပါးပါးနေလို့ရပြီ”ဟု ဦးစောဖိုးနေး က ပြောသည်။

အစိုးရနှင့် ကေအင်န်ယူ အပစ်အခတ်ရပ်စဲရေးပဏာမ သဘောတူညီချက်ကို ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီ ၁၂ရက်နေ့က ဘားအံမြို့၊ ဇွဲကပင် ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။
http://blog.irrawaddy.org/2013/02/blog-post_3950.html

No comments:

Post a Comment