ondragstart="return false" onselectstart="return false"

Wednesday, June 19, 2013

မူးယစ်ဆေးဝါးပညာပေးဟောပြောပွဲအခန်းအနား


ယနေ့ 18/6/2013 ရက်နေ့ မြ၀တီမြို့နယ် ထီးဝါးပလောကျေးရွာတွင် KNU မှ
ဘားအံခရိုင်ရဲမှုးကြီးစောအိုင်းဇက် နှင့် တပ်မဟာ(၇)ဗျူဟာမူး ဗိုလ်မူးကြီးစောဖေါဒို
တို့ဦးဆောင်၍ မြ၀တီမြို့မှ ရဲမူးဗိုလ်မှုးဦးအောင်ငွေ၊မူးယစ်နှိင်နင်းရေးအထူးရဲတပ်ဖွဲ့
ဒုရဲမှုးဗိုလ်ကြီးဦးအောင်စီတို့ ဦးဆောင်သောအဖွဲ့များနှင့်တကွ BGF တပ်နယ်(၃)အ
ကြံပေးအဖွဲ့မှ ဗိုလ်ကြီးစောတူးတု၊ ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ ဗိုလ်ကြီးစောချစ်တင်
နှင့်အတူတကွ ဤမူးယစ်ဆေးဝါးပညာပေးဟောပြောပွဲ အစီအစဉ်တွင်အထက်ဖေါ်
ပြပါ အဖွဲးအစည်းများမှပုဂိ~~~ုလ်များအားလုံးသည် ပြည်သူလူထုများကိုအန္တရာယ်ဆိုး
ကျိုးပြုနေသော မူးယစ်ဆေးဝါးများကိုရှေင်ကျဉ်ကြရန်၊မသုံးစွဲကြရန်၊ဘေးအန္တရာယ်
နှင့် ကင်းလွတ်ကြရန် အတူလက်တွဲပူးပေါင်းဆောင်ရွက်ရာတွင် တတတ်တအား
တက်ကြွစွာ ပညာပေးဟောပြောသွားသည့်အတွက် လူဦးရေ (၄၀၀) ထက်မနည်း
သောလူထုပုရိတ်သပ်များစိတ်ဝင်စားစွာနားဆင်ကြသည်ကိုတွေ့မြင်ရပါသည်။

အထူးသဖြင့် ဤကဲ့သို့အဖွဲ့စုံပူးပေါင်းဆောင်ရွက်မူမျိုး သူတို့ဘ၀တွင် တခါးမှ
မတွေ့ဘူးမကြုံဘူးသည့်အတွက် အားလုံးကျေနပ်အားရပီတိဖြစ်မိပါသည်။ ငြိမ်းချမ်း
ရေးအဓွန့်ရှည်ပါစေဖို့လဲ ဆုတောင်းကြပါသည်။ ဤအရာတွေသည် ငြိမ်းချမ်းရေးအ
သီးအပွင့်တွေဖြစ်ပါသည်။ ထို့ကြောင့်ပူးပေါင်းဆောင်ရွက်မူမျိုး ဆက်လက်၍ဆောင်
ရွက်နိုင်ပါစေလို့မျှော်လင့်ရင်း…………
ထာဝရငြိမ်းချမ်းရေးသို့
ဒေါနရောင်ခြည်

No comments:

Post a Comment