ondragstart="return false" onselectstart="return false"

Thursday, January 9, 2014

ဗမာပြည်မှာ ကျင်းပမည့် သန်းခေါင်းစာရင်းကို ကရင်တွေ သပိတ်မှောက်ဖို့ လိုနေပြီလား...... (Hot News)

တောင်ငူ-သံတောင် ဒေသတွေမှာ နေထိုင်ကြတဲ့ ဘွဲ၊ပကူး၊ကယ်ခိုကယ်ဘား၊ တွေအားလုံးဟာ ကရင်လူမျိုးစုဖြစ်တယ်။ သံတောင်မြောက်ပိုင်း နှင့် ပျဉ်းမနားနဲ့ ရေဆင်း ပဲခူးတိုင်း-ရှမ်း-ကယား-ကရင် ပြည်နယ်ဆုံရပ် တောင်ပေါ်ဒေသ(အခုနေပြည်တော်တိုင်းထဲမှာပါပြီ) တွေမှာ နေထိုင်ကြတဲ့ ကညောဝါး ခေါ် ကရင်ဖြူ တွေအားလုံးက ကရင်အနွယ်ဝင်တွေဖြစ်တယ်။ အဲတာတွေ ခွဲပြီးထုတ်ပြီး လူမျိုး တမျိးစီသီးခြားဖြစ်တယ်လို့ ဗမာအစိုးရက ဆက်လက်ပြန်ဌာန်းရင် မဟာဗမာလူမျိုးကြီးတွေရဲ့ မရိုးသားမှု ဖြစ်ကြောင်း အတိအလင်းပြောကြားလိုပါတယ်။ Dear.... All Karen Please share this article.......
xxxxxxxxxxxxxx

ကရင့်အရေးနှင့်မြန်မာနိုင်ငံအမျိုးသမီးရေးရာမှာ တက်တက်ကြွကြွပါဝင်လှုပ်ရှားနေတဲ့ နော်စူဇက်နာလှလှစိုး ရဲ့ဖေ့ဘွတ်ပြန်ပြန်လည်တင်ပြပေးလိုက်ပါတယ်။

စူဇက်နာလှလှစိုး(ဖေ့ဘွတ်မှ)


သန်ခေါင်းစာရင်းဆွေးနွေးပွဲပထမနေ့တော့ မကျေနပ်ခြင်းများစွာနဲ့ ပြီးဆုံးသွားခဲ့ပါပြီိ။
အစိုးရရဲ့ရိုးသားမှုကိုအားလုံး သံသယရှိနေချိန်မှာ ဒီသန်းခေါင်းစာရင်းကိစ္စက ဗုံးတစ်လုံးဖောက်လိုက်သလိုပါပဲ.. ကရင်မျိုးနွယ်စုများဆိုင်ရာသန်းခေါင်းစာရင်း ဆွေးနွေးပွဲကို KNU ကဦးဆောင်ကျင်းပတာဖြစ်ပြီး ကရင်လူထု အ ခြေပြုအဖွဲ့အစည်းတွေနဲ့လူငယ်တွေက အားဖြည့်ဝိုင်းဝန်းကူညီကြလို့ အခမ်းအနားအစီအစဉ် များအားလုံး အဆင်ပြေခဲ့ပါတယ်။ မွန်ပြည်နယ် ၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ အထက်မြန်မာပြည်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း နှင့် ကရင်ပြည်နယ်မှကရင်များစုံညီစွာ တက်ရောက်လို့ လူဦးရေ (၃၀၀) ကျော်ရှိခဲ့ပါတယ်။
လူမျိုးနွယ်စု သတ်မှတ်တဲ့ ကုဒ်နံပါတတ် ကစလို့ပြဿနာ စတက်တော့တာဘဲ။

အဲဒီကုဒ်နံပါတ် တွေဘယ်ကလာပါသလဲလို့မေးတော့ လွန်ခဲ့တဲ့ အနှစ်(၃၀) ကျော်က ပညာရှင် တွေနဲ့ထုတ်ထားတာပါတဲ့။ ဘယ်လိုပညာရှင်တွေပါလိမ့်နော်။
ကရင်ထဲမှာ မွန်ကရင် (စာဖြူ) ဆိုတာ တခါမှမရှိခဲ့ဘူး၊မကြားဖူးဘူး။အဲဒီအနှစ် (၃၀)ကျော်ကာလက အမှားတွေ ကိုပြင်ဆင်ဖို့ပြန်လည်သတ်မှတ်ဘို့ပြည်သူလူထုကိုလုံးဝမချပြဘဲနှင့်ဒီအတိုင်းကုဒ်နံပါတ်တွေပြန်သတ်မှတ်တာ ဘာသဘောလဲ။ ဒီအချိန်မှာတော့ပြန်ပြင်လို့မရတောပါဘူး။ လွတ်တော် မှာဆွေးနွေးပါ၊ တင်ပြပါ လို့  ညွန်ချုပ်က တဖွဖွပြောနေလေရဲ့။ နေပါအုံး ဒီကုဒ်တွေကို သတ်မှတ်တုန်း က လွတ်တော်က သတ်မှတ်ခဲ့တာလားဆိုတော့ မဟုတ်ပါဘူးတဲ့။ ကဲ့ခို၊ဂေဘား ကိုလဲ ကယားမျိုးနွယ်စုထဲမှာထည့် ထား လို့ဂေးဘားကိုယ်စားလှယ် တွေက ထကန့်ကွက်တယ်။

ရှင်းပြရတဲ့ညွန်ချုပ်လဲချွေးတွေပျံနေတယ်။
ဒီလိုဘဲကျမတို့ပြည်သူတွေကို နားလှည့်ပါးရိုက်လုပ်တာကြာပေါ့။ချင်းကလဲ (၅၃)မျိုး ၊ရှမ်းက (၃၃)မျိုး၊ ဗမာ (၉) မျိုး (ထားဝယ် က ဗမာ အောက်မှာ) ၊ ကချင်က ၁၂ မျိုး၊ကယားက (၉)မျိုး၊ ရခိုင် (၇)မျိုး ဒါနဲ့ လူမျိုး(၁၃၅)မျိုး ဖြစ်သွား ပါလေရော။ ဒီတိုင်းခံလို့ကတော့ဒီတသက်အာဏာရှင်ကို ပါဝါပေးလိုက်သလိုဖြစ်လိမ့်မယ်။ သန်းခေါင်စာရင်းကို သပိတ်မှောက်လိုက်ကြစို့။

နော်စူစဲနာလှလှစိုး

No comments:

Post a Comment