ondragstart="return false" onselectstart="return false"

Saturday, May 10, 2014

မေမေများအားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေ (Mothers Day - အမှတ်ရ)



ဒီဓါတ်ပုံကို ကျနော်ကိုယ်တိုင် 2007 ခုနှစ် မတ်လ အတွင်း ကရင်ပြည်နယ်ရှေးတန်းတနေရာမှာ ရိုက်ယူခဲ့တာပါ။ ပုံပါ တဲစုပ်အိမ်လေး၊ အမေနဲ့ သမီးလေးတို့ ရဲ့ပုံရိပ်တွေကို ကျနော်ဘယ်သောအခါမှ မေ့လို့မရပါဘူး။ သူတို့ မိသားစုအဖြစ်အပျက်က ကြေကွဲစရာလေးပါ။ အဖေဖြစ်သူက ဗမာစစ်တပ်မှ သတ်ပစ်ပြီး သားကြီးဖြစ်သူက ဒီကေဘီအေသတ်ကာ သူတို့ အမေတခုသမီးတခုပဲ ကျန်တယ်လို့  ထိုအချိန်ရွာလူကြီးက ကျနော့်ကို ရှင်းပြခဲ့ပါတယ်။ ကျနော်သူတို့  မိသားစုလေးကိုတွေ့ ရတဲ့အချိန်တုန်းက အဲဒီအမေဟာ ပုံမှန်မဟုတ်တော့ပဲ စိတ်ဝေဒနာခံစားရနေပြီ ဖြစ်ပါတယ်။ ခုအချိန်မှာ ဒီအမေက အသက်ရှင်သေးလား မရှိတော့ဘူးလား၊ သူမရှိရင် သူ့ သမီးလေးက ဘယ်သူတွေ စောက်ရှောက်မလည်းပေါ့.. အမြဲတမ်းတွေ့ မိပါတယ်။ သူတို့ ရွာလေးကအိမ်ခြေ ၃၀ ၀န်းကျင်လောက်ပဲရှိပါတယ်။ ခလယ်ကာ ရွာလို့ ခေါ်ပါတယ်။

အခုလို Mother Day မှာ ဓါတ်ပုံအယ်လ်ဘာကို ပြန်လှန်ရင်းနဲ့ ခလယ်ကာ ရွာမှ အမေတစ်ယောက်ရဲ့ ဖြစ်ရပ်မှန် ကြေကွဲဇတ်လမ်းလေး ဖေါ်ပြပေးလိုက်ပါတယ်။

အမေများအားလုံး Mothers Day မှာပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ။




Type the rest of your post here.

No comments:

Post a Comment