ondragstart="return false" onselectstart="return false"

Sunday, June 1, 2014

ကရင်ပြည်နယ် သံလွင်မြစ်အထက်ပိုင်းတွင် တရုတ်နှင့် ရေအားလျှပ်စစ်ထုတ်ရန် မြန်မာအစိုးရ သဘောတူလိုက်ပြီ

ကဲလာပြီ။ ကရင်ပြည်နယ်သားတွေ၊ ကရင်နိုင်ငံရေးပါတီတွေ၊ ကရင်လူမှုအဖွဲ့ အစည်းတွေ၊ ကရင်သေနတ်ကိုင်အဖွဲ့ တွေအားလုံး ဘာလုပ်ကြမလဲ???? အခုချိန်မှစမလှုပ်ရှားရင် လူတစ်စုချမ်းသာသွားကြမှာဖြစ်ပြီး ကျန်တာတွေအားလုံး ဒုက္ခပယ်လယ်ဝေကြတော့မည်ဖြစ်သည်။ ကိုယ့်လူမျိုးကို တကယ်ချစ်မြတ်နိုးတဲ့လူ၊ အဖွဲ့ အစည်းဆိုရင် ဒီစီမံကိန်းကို ပြတ်ပြတ်ဆန့် ကျင်ကြမည်ဖြစ်သည်။ အကယ်၍ ထိုလူပုဂ္ဂိုလ်၊ ထိုအဖွဲ့ အစည်းက ရှူးချင်ယောင်ဆောင်ပြီး နှုတ်ပိတ်နေကြရင်... သူငယ်ချင်းရေ.. အဲဒီလူ၊ အဲဒီအဖွဲ့ အစည်းက အမျိုးသားရေးကို ဘန်းပြပြီး ဘနုဖူးသိုက်တူးကြတော့မယ်ဆိုတာ မှတ်လိုက်ပါ။ ကရင်ပြည်သူတွေအတွက် ရပ်တည်ပြီးအတိုက်အခံမလုပ်တဲ့အပြင် နှုတ်ပိတ်နှေသောလူများ(အထူးသဖြင့်ခေါင်းဆောင်များ)၊ အဖွဲ့ အစည်းများကို အလိုမရှိပါ။ အထူးသဖြင့် အဖွဲ့ အစည်းတွေရဲ့ ခေါင်းဆောင်းကြီးတွေ၊ ဥက္ကဌ၊ အတွင်းရေးမှူးတွေ၊ တပ်မှူးကြီးတွေ၊ ပါတီခေါင်းဆောင်ကြီးတွေမှာ လုံးဝ တာဝန်ရှိပါသည်။

Issue No: No.396 Sunday, June 1, 2014
ရန်ကုန်


ကရင်ပြည်နယ် သံလွင်မြစ်အထက်ပိုင်းတွင် မဂ္ဂါဝပ် ၁၄၀၀ ထုတ်လုပ်နိုင်သော ရေအားလျှပ် စစ်စက်ရုံတည်ဆောက် ရန် မြန်မာလျှပ်စစ်စွမ်းအားဝန် ကြီးဌာနနှင့် တရုတ်ကုမ္ပဏီဖြစ် သည့် Hanergy အုပ်စုတို့က သဘောတူလက်မှတ် ရေးထိုး လိုက်သည်။

ပြည်တွင်းမှ ဆောင်ရွက်ပေး မည့် ကုမ္ပဏီမှာ အေးရှားဝေါလ် ဖြစ်သည်။

အထက်သံလွင် ရေအား လျှပ်စစ်စီမံကိန်းအရ တရုတ်ကုမ္ပ ဏီက မြန်မာနိုင်ငံတွင် အနှစ် လေးဆယ်ကြာ ရေအားလျှပ်စစ် ထုတ်လုပ်ခွင့်ရှိမည်ဖြစ်ပြီး ထွက် ရှိမှု၏ ၁၀ ရာခိုင်နှုန်းကိုလည်း တ ရုတ်နိုင်ငံသို့ တင်ပို့ရောင်းချမည် ဖြစ်သည်။

အဆိုပါ စီမံကိန်းအတွက် တရုတ်နိုင်ငံ Hanergy အုပ်စုနှင့် မြန်မာအစိုးရတို့သည် ၂၀၁၀ ပြည့်နှစ်ကတည်းက လက်မှတ် ရေးထိုးထားခဲ့သည်ဟု Hanergy အုပ်စုက ပြောကြားသည်။

၂၀၁၁ ခုနှစ် အောက်တိုဘာ လတွင် တရုတ်၊ မြန်မာအစိုးရ တာဝန်ရှိသူများနှင့် အေးရှားဝေါလ်နှင့် ပူးပေါင်းလုပ်ကိုင်မည့် ကုမ္ပဏီ များက ဧရာဝတီမြစ်ဆုံဆည် ဆောက်လုပ်ရေး ရပ်ဆိုင်းရေးနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည် ဟု Hanergy အုပ်စုက ဆိုသည်။

(ကိုးကား hydroworld)
မူရင်း 7 Day Daily - http://7daydaily.com/story/12150#.U4r-LXZX2Sp

Type the rest of your post here.

No comments:

Post a Comment