ondragstart="return false" onselectstart="return false"

Sunday, December 5, 2010

အရှင်ဖမ်းမိသွားတဲ့ ကရင်ငြိမ်းချမ်းရေးအဖွဲ့မှ ရဲဘော် ၆ ဦး အသတ်ခံရကြောင်း သတင်းများထွက်

ဒီသတင်းနဲ့ ပါတ်သက်၍ မကြာသေးခင်ကပဲ RFA သတင်းတွင် ဒီရဲဘော်ခြောက်ဦးကို ပြန်လွတ်လိုက်ပြီ လို့  ငြိမ်းကောင်စီမှ ဗိုလ်ရင်နုကပြောကြောင်း RFAမှ ဖေါ်ပြသွားပါတယ်။ ဒါပေမယ့် ငြိမ်းကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဆရာတီမသေကလည်း အသတ်ခံရဖို့ များကြောင်း DVB သတင်းနဲ့ မေးမြန်းခန်းမှာ ဖြေကြားထားပြန်ပါတယ်။ သို့ ဖြစ်ပါ၍ ဒီငြိမ်းကောင်စီမှ ရဲဘော် ၆ ဦးကို ပြန်လွတ်လိုက်ပြီလို့ ဖြေကြားတဲ့ ဗိုလ်ရင်နုကို နီးစပ်သူ ကရင်များက ဆက်သွယ်မေးမြန်းရင် အဖြေက ရှင်းသွားမည်ဖြစ်ပါသည်။ အကယ်၍ ဒီရဲဘော် ၆ ဦးဟာ တကယ် အသတ်ပစ်ခံရပြီးဆိုရင် ဘာကြောင့် ဗိုလ်ရင်နုက ဒီလို သတင်းမီဒီယာကြီးကို ဖြေကြားရဒါလည်း? ဘာရည်ရွယ်ချက်နဲ့  ဖြေကြားဒါလည်းဆိုဒါ တွေးတောစရာတွေ ဖြစ်လာပါသည်။ သေခြာဒါ တစ်ခုက နအဖ စစ်အစိုးရဟာ သာမန်ကရင်အရပ်သားကို တောင်မှ ရက်ရက်စက်စက် သတ်ပစ်သေးရင် ငြိမ်းကောင်စီလို သူတွေကို သတ်ပစ်ဖို့ ဆိုဒါ နုမြောစရာတကွက်မှ မရှိဘူးဆိုဒါပဲ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxx
နေ့ သစ်

နိုဝင်ဘာလ ၃၀ ရက်နေ့က နအဖရ စစ်အုပ်စုရဲ့ အလစ်အငိုက်တိုက်ခိုက်ခြင်းခံလိုက်ရတဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ ဖမ်းဆီးခြင်းခံလိုက်ရတဲ့ ရဲဘော်ခြောက်ဦး ယနေ့ထိ ပြန်ရောက်မလာသေးကြောင်းကို ယနေ့ သက်ဆိုင်ရာ တပ်မှူးများဆီက ကြားသိရပါ တယ်။

ယနေ့ထိ နအဖ စစ်အုပ်စုရဲ့ ဖမ်းဆီးတာကိုခံလိုက်ရတဲ့ ရဲဘော် ခြောက်ဦးပြန်လွတ်လာ ခြင်းမရှိသေးပဲ အလစ်အငိုက်အတိုက်ခိုက်ခံလိုက်ရတဲ့ နေရာပတ်ဝန်းကျင်ဒေသတွေမှာ အလောင်းတွေ ဟိုနေရာ ဒီနေရာမှာ တွေ့ရှိနေရတယ်လို့ ကရင်ငြိမ်းချမ်းရေးကောင်စီ မှ တပ်မှူးတချို့က ပြောပြလာပါတယ်။

အလစ်အငိုက်အငိုက်အတိုက်ခံလိုက်ရတဲ့ နေရာမှာ အလောင်တလောင်း၊ ထီးမဲဝါးခီရွာ အနီးမှာ အလောင်း ၂ လောင်း နဲ့ ထီးညာလီခီးရွာအနီးမှာ ၂ လောင်း စတဲ့ အလောင်း တွေ တွေ့ခဲ့ရတယ်လို့ နီစပ်ရာ ရွာသာများနဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီမှ တပ်မှူးအ ချို့က ပြောကြားလာတဲ့အတွက် သိရှိရပါတယ်။
နေ့ သစ်သတင်းမှ http://www.naytthit.net/?p=4892


1 comment:

Anonymous said...

Dear/
KNU/KNLA Peace council
I know pretty much about Maung Yin Nu.
Be very careful, He will betray your group.
While he was in KNU side he trade drug with his family and all of his family had Thai ID card.
He is selfish and look for his own family.
Now while he join with Peace council he is focus on his family than his people.
If Peace council fight with SPDC, he will exchange the information with enemies.
Now he become 80% of enemies spy.
I want to tell you that be careful. Don't share all information in-front of him.
I know recently not long ago.
He will betray Peace council.
I wrote this because of Love Peace Council.

Post a Comment