ondragstart="return false" onselectstart="return false"

Friday, December 17, 2010

ခေတ်နဲ့အညီ ပြန်လည်ဆန်းသစ်လာတဲ့ ကချင်ရိုးရာရက်လုပ်ထည်

Friday, 17 December 2010 15:38 ဆိုင်းဂျာ/KNG


အရောင်အသွေးစုံလင်လှတဲ့ ကချင်တိုင်းရင်းသားရိုးရာ အသုံးအဆောင်များနဲ့ ရက်လုပ်ထည်တွေကို အရင်က ရိုးရာတစ်ခုလိုသာ သုံးဆောင်ကြရာကနေ ခုဆိုရင်ခေတ်နဲ့အညီ ဖက်ရှင်ဒီဇိုင်း အသစ်အဆန်းတီထွင်ပြီး နေရာတကာဝတ်ဆင်လာတာတွေကို တွေ့နေရပါတယ်။

လူကြိုက်များလာတဲ့ ကချင်ရိုးရာ ခေတ်ပေါ် အမျိုးသမီးအ၀တ်အစားတစ်မျိုး။

Bawsang ခေါ် ကချင်တိုင်းရင်းသား မျိုးနွယ်စုငယ်တွေဖြစ်တဲ့ ဂျိန်းဖော့၊ ရဝမ်၊ လချိတ်၊ ဇိုင်ဝါး၊ လော်ဝေါ်၊ လီဆူမျိုးနွယ်တွေရဲ့ ရိုးရာအထည် အသီးသီးကို ဒီဇိုင်းသစ်တွေနဲ့ ရိုးရာနဲ့အညီ ရက်လုပ်ပြီး ခေတ်ပေါ် ချုပ်ထားတာတွေကလည်း လူကြိုက်များစေပါတယ်လို့ ကချင်ရက်လုပ်ထည် ဈေးကွက်က ပြောနေပါတယ်။

ခုလိုမျိုးနွယ်စုတွေရဲ့ ရောင်စုံရက်လုပ်ထည် အဆင်တွေကကို စိတ်ကြိုက် ရွေးချယ်ပြီး၊ လွတ်လပ်ပေါ့ပါး ဒီဇိုင်းလှတဲ့ ဂါဝန်ဒီဇိုင်း ဆန်းဆန်းလေး တွေကကို ဖက်ရှင်ရှိုးတွေ ညနေမိတ်ဆုံစားပွဲ၊ တက္ကသိုလ်ကျောင်း၊ မင်္ဂလာဆောင် စသဖြင့် ပွဲလမ်းသဘင်အမျိုးမျိုးမှာ အရင်ထက် ရေပန်းစားပြီး သူ့ထက် ငါဝတ်ဆင်လာတာ တွေလည်း တားမရတော့ပါလို့ ပြောပါတယ်။

မြန်မာအနုပညာမှ မော်ဒယ်အဖြစ်လူသိများနေတဲ့ ကချင်မော်ဒယ်မလေး အောန်ဆိုင်း ကတော့ ကချင်အဆင်လေးတွေနဲ့ပွဲတက်ရတာဂုဏ်ယူတယ်လို့ ဆိုပါတယ်။

“ကချင်ရိုးရာအဆင်းက တော်တော်လေးစိတ်ဝင်စားဖို့ ကောင်းတယ်။ လှတယ်။ တခြားအဆင်တွေနဲ့မတူဘူး။ ပွဲတွေသွားလည်းထည်တယ်။ လူတွေကလည်း စိတ်ဝင်စားလို့ဝတ်တာဖြစ်တယ်။ အခုနောက်ပိုင်းတွေမှာ မင်္ဂလာဆောင်တွေမှာ ဝတ်လာတာများတယ်။ နောက်ပိုင်း အကုန်လုံးနီးပါး ခေတ်ပေါ်ဒီဇိုင်း ကချင်မိတ်တွေနဲ့ ဆောင်တာ ပိုစိတ်ဝင်စားဖို့ ကောင်းတယ်။”

အရင်ကဘုရားကျောင်း၊ ကချင်မင်္ဂလာဆောင်၊ အခြားပွဲတို့တွေမှာလူကြီးတွေ အများစုက ကချင်အထည်တွေကို ဝမ်းဆက်အနေဖြစ်သာ ရိုးရိုးလေးဝတ်ဆင်ခဲ့ကြပါတယ်။

ကချင်အထည်ဝတ်သူတွေကို ကချင်အမျိုးသမီးတစ်ဦးမှန်း သိရှိရသော်လည်း ခုနောက်ပိုင်းမှာတော့ ရုပ်ရှင်သရုပ်ဆောင်၊ မော်ဒယ်၊ အဆိုတော်၊ တိုင်းရင်းသားလူမျိုးစုတိုင်း၊ ပြည်ပနိုင်ငံမှ နိုင်ငံခြားသားများပါ ဒီဇိုင်းအဆန်းလေးတွေနဲ့ နှစ်နှစ်ခြိုက်ခြိုက် ဝတ်ဆင်လာတာလို့ မြန်မာပြည်မှာ နာမည်ကြီး ကချင်တိုင်းရင်းသား ရက်လုပ်ထည် Ingra ကချင်ရိုးရာရက္ကန်း ကျောင်းကို ဦးဆောင်နေတဲ့ Yup ဆိုင်းအိန်က ခုလိုပြောပါတယ်။

“ခုနောက်ပိုင်းပိုများလာတယ်။ ကချင်မိတ်တွေကိုဝတ်တဲ့သူကို ဟာဒါကချင်မပဲပြောလို့ရတယ်။ ခုတော့မဟုတ်တော့ဘူး။ ဖက်ရှင်လောကလည်း Traditional pattern၊ တို့နိုင်ငံကလည်း traditional ethnic pattern တို့အရမ်းအားပေးလာတဲ့အခါကြတော့ ဖက်ရှင်ထွင်တာ ပိုများလာလေလေ ပရိသတ်ရော လူငယ်တွေအပိုင်းမှာရော၊ လူကြီးတွေမှာရော ပိုပြီးစိတ်ဝင်စားလာတာ ပိုများလာတယ်။”
တရုတ်ပြည် မန်ရှီမြို့မှ ကချင်တွေကလည်း ကချင်အထည်ဆိုင်ကြီးများ ဖွင့်တာ နေရာတိုင်းမှာ တွေ့မြင် နေရပါတယ်။ အထည်ဆိုင်တစ်ခုတည်းသာ မဟုတ်ပဲ ကချင်ဂါဝန် ဒီဇိုင်းဆန်းဆန်းလေးတွေလည်း ချုပ်ကာ နှစ်စဉ်နှစ်တိုင်း ကချင်ရိုးရာ ဖက်ရှင်ပြိုင်ပွဲများ ခမ်းခမ်းနားနား ကျင်းပနေကြတာ တွေ့မြင်နေရပါတယ်။

ခုလို ကချင်ရိုးရာအထည်ကို အနယ်အရပ်ရပ်မှာ ဝတ်ဆင်နေကြသလို မင်္ဂလာဆောင်ဝတ်စုံအနေဖြစ်လည်း လူတွေ ပိုပြီးအကြိုက်တွေ့နေကြပါတယ်။

ကချင်ရိုးရာအထည်တွေ ကိုယ့်ရိုးရာလည်းမပျက်၊ ဒီဇိုင်းလည်းလှအောင် အလှဖန်းတီးသူ Asian Design Group အဖွဲ့ဝင်မှ Shayi Fashion ဒီဇိုင်နာ အမျိုးသမီး ဘောက်ဆန်ကတော့ ကချင်ထည်ကို မင်္ဂလာ ဆောင်ဝတ်စုံ အနေဖြင့် ပိုချုပ်ဖြစ်ကြောင်း ခုလိုပြောပါတယ်။

Wedding တို့မှာဆို ကချင်ပိတ်စတို့နဲ့ လုပ်တာဒီနှစ်မှလုပ်ဖြစ်တာ၊ အဲဒ်ီအမတို့ ကချင်တွေက မင်္ဂလာဆောင်ရင် ရိုးရာဝတ်စုံကိုဝတ်တယ်၊ နောက်ပိုင်း ဧည့်ခံတဲ့အချိန်မှာဆို တရုတ်ကလာတဲ့ wedding ကောင်းအကြီးကြီးတွေဝတ်ကြတယ်၊ အမကအဲ့တာကို ဒီနှစ်ကကချင်ပိတ်စနဲ့စလုပ်တယ်ဆိုတော့ ဈေးကွက်တစ်ခုလိုဖြစ်လာတယ်၊ အဲလိုလုပ်ရကောင်းသိလာတယ်၊ ဒီနှစ်ဆိုရင် မင်္ဂလာဆောင်ဝတ်စုံတွေလုပ်ဖြစ်တော့ သတို့သမီးတွေ မဆီလာအပ်တာ ပိုများလာတယ်။

ကချင်ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီအဖွဲ့ဝင် တစ်ယောက်မှလည်း သူတို့ခေတ်မင်္ဂလာဆောင်တဲ့ အချိန်တွင် ထူထည်းလေးလံတဲ့ မန်မော် (ကချင်) ဝတ်စုံတစ်ထည်တည်းကိုသာ ဝတ်ဆင်ခဲ့ရပြီး တစ်နေကုန်လုံး သွားလာလုပ်ရှားမှုမှာ အဆင်မပြေ ပင်ပန်းစွာ ကျင်းပခဲ့ရကြောင်းပြောပါတယ်။

အထည်တွေကိုရိုးရိုးပုံတုံးနဲ့ဝတ်ဆင်ရင် ဘယ်သူမှသဘောကျမှာမဟုတ်ပဲ၊ ခုလိုဖက်ရှင်ဒီဇိုင်းနဲ့ ဝတ်ဆင်လာတော့ မြင်သူရှုသူတွင်လည်းကြိုက်နှစ်သက်လာကာ သူ့အနေဖြင့် ဂုဏ်ယူဝမ်းသာ အားရကြောင်းလည်း ပြောပါတယ်။

ဆက်ပြီး “ကိုယ့်ရိုးရာ ယဉ်ကျေးမှုနဲ့ ကိုယ့်ရိုးရာ ဝတ်စားဆင်ယင်မှု ခေတ်နဲ့အညီ ဒီဇိုင်းထွင်ပြီးမှ ဆန်းပြား အောင်ဝတ်ဆင်ပြီးမှ ဖော်ထုတ်ပြီးမှဝတ်တာကို ကျတော်တို့အားပေးပါတယ်၊ သရုပ်ပျက်တာတို့ လုပ်ရင်တော့ မကောင်းဘူးပေါ့၊” ဟုလည်းဆက်ဆိုပါတယ်။

ချမ်းအေးတဲ့ဆောင်းရာသီမှာကောက်သစ်စားပွဲ၊ ခရစ္စမတ်ပွဲ၊ မကြာခင်ရောက်တော့မည့် နှစ်သစ်ကူးများဖြင့် ပွဲတော်စည်းကားတဲ့ လမှာပင် မင်္ဂလာဆောင်ပွဲတွေလည်း ဆက်တိုက်နီးပါးရှိနေပါတယ်။

ခုလိုပွဲတွေရှိနေတော့ကချင်ရိုးရာအထည်တွေ အရင်ထက်ပိုပြီးအရောင်းသွက်နေတယ်လို့ ရန်ကုန်တိုင်းရှိ Shayi Fashion ဆိုင်မှ ဒီဇိုင်နာဒေါ်ဘောက်ဆန်က “ဆောင်းတွင်းမှာပိုရောင်းအားတက်တယ်၊ ဆောင်းတွင်း မှာ ပွဲပိုများတော့ပိုရောင်းရတယ်၊ အခုနောက်ပိုင်းအမျိုးမျိုးရှိတာကိုး ဂျက်ခုတ်ထည်တို့ အဲဆောင်းတွင်းမှာ ဝတ်ရတာအဆင်ပြေတယ်လေ၊ ကချင်မိတ်တွေကို စီးကွက်ထိုးတယ်၊ သူ့ pattern တွေပိုကြွလာအောင်ပေါ့၊” ဟု ပြောပါတယ်။

အထည်တွေကို ဒီဇိုင်းထွင်တဲ့နေရာ၌လည်း ကချင်အထည်တွေက ပိုချုပ်ရခက်တယ်လို့ပြောပါတယ်။

ကချင်မိတ် (မကာ) တစ်ခုစီတိုင်းမှာ သူ့အဓိပ္ပါယ်ကိုယ်စီရှိနေတော့ သူမအနေဖြင့် ကချင်ထည်ချုပ်ရမှာ ကြောက်ပြီး အခုနောက်ပိုင်းမှ မိတ်တစ်ခုချင်းစီအကြောင်း လေ့လာကာချုပ်ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဆက်ပြီး“တစ်ခုခုမှားရင်လိုက်မှားတဲ့ကလေးတွေရှိတော့ သတိထားပြီးမကိုင်ဖြစ်ဘူး။ ခုနောက်ပိုင်းမှ ပိုသိလာတော့ကိုင်ဖြစ်တယ်။ ကချင်မိတ် (မကာ) တွေတော်တော်စိတ်ဝင်စားတယ်။ ကြိုက်လည်းကြိုက်တယ်။ ပေါက်တက်ကရမလုပ်ဘူး။ သူ့အဓိပ္ပယ်လည်း မပျက်အောင်၊ ရိုးရာလည်းမပျက်အောင်၊ ခေတ်လည်း မှီအောင်၊ ကချင်လူငယ်ဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် ရိုးရာကို တန်ဖိုးထားပြီး ဝတ်ခိုင်းစေချင်တယ်။ အမတို့တော်တော်လေ့လာရတယ်။ လူငယ်တွေလည်း မသိကြတော့ လေ့လာစေချင်တယ်။ တန်ဖိုးထားဝတ်စေချင်တယ်။” လို့ပြောပါတယ်။
Yup ဆိုင်းအိန် မှလည်း “ဥပမာ ကချင်ယောက်ကျား pattern ကို အမျိုးသမီးဂါဝန်မှာ ကပ်လိုက်တာတို့ တစ်ခေါက် အမကြုံဖူးတယ် ဂါဝန်မှာချုပ်ပေးလိုက်တာ သူတို့အနေနဲ့က ဒါမဖြစ်သင့်ဘူး၊ သဘော မကျဘူးပေါ့၊ traditional မှာ အမျိုးသားပဲ ဝတ်ကြတယ်၊ မဝတ်တာသင့်တို့ပြောထားတာရှိတယ်၊” ဟုသူမအတွေ့အကြုံကို ပြောပါတယ်။

လာမည့် ၂၀၁၀ ဇန်နဝါရီ ၁၀ရက်နေ့မှာ ကျရောက်မယ့် (၆၃) နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲတော်တွင်လည်း မနောမယ်များအား ကချင်ရိုးရာဝတ်စုံများဖြင့် ဒီဇိုင်း အဆန်းလေးများ ဝတ်ဆင်ကာ ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ မနောမယ်ကော်မတီဝင် Yup ဆိုင်းအိန် ကပြောပါတယ်။

တစ်ဆက်တည်းမှာပင် ကချင်မိတ် (မကာ)၊ ကချင်ဒီဇိုင်းတွေနဲ့ ချုပ်ဆင်ထားတဲ့ ကချင်ရိုးရာအဆင်များ ပြသသည့်ရှိုးများလည်း ကျင်းပမှာဖြစ်ပါတယ်။

ခုလို ခေတ်နဲ့အညီ ဖက်ရှင်အလိုက် လူငယ်တွေဝတ်ဆင်နေကြတာကို ရိုးရာအထည်တွေနဲ့ ကိုက်ညီလာမှု မရှိဘူးဆိုပြီး အငြင်းပွားစရာရှိသလို အမြင်ကြည်ကြည် လက်ခံတာတွေလည်း ရှိနေပါတယ်။
http://kachinnews.com/burmese/2010-01-18-05-46-46/317-2010-12-17-10-31-38.html

9 comments:

Anonymous said...

Oh My Kachin girl is so cute and beautiful. I concern for all my Kachin girls now. If the fighting is starting in Kachin state the Burmese soliders will Rape the Kachin girls. Be ready for protecting your people KIA.

Naw Sai..

Anonymous said...

ဟုတ်တယ် ဒီဗမာစစ်သားတွေ စစ်တော့ကောင်းကောင်း မတိုက်တတ်ဘူး မုဒိမ်းကျင့်တဲ့နေရာမှ တော့ ထိပ်ပဲ။ ငါတို့ ရှမ်းပြည်မှာ တွေ့ သမျှမိန်းကလေးကို ဖျက်ဆီးတဲ့ခွေးတွေ။
ဒီမုဒိမ်းတပ်မတော် ကချင်ပြည်ရောက်ရင် ကောင်းကောင်းပညာပေးလိုက်ကွာ။

စိုင်းစိုင်းခမ်းလှိုင်

Anonymous said...

အပေါ်က အမောင်နှစ်ယောက် ပို့စ်နဲ့ဆိုင်တာပဲ ဆွေးနွေးသွားရင် သိပ်ကောင်းမယ်ဗျာ။မဆီမဆိုင် မျိုးချစ်တပ်မတော်ကို ပုတ်ခတ်ပြောဆိုတာဟာ အမြင်ကျည်းမြောင်းလွန်းသလို တစ်ယူသန်ဝါဒစွဲ အစွန်းရောက်နေတဲ့ စိတ်ဓာတ်တွေရှိနေတယ်ဆိုတာ ပြသနေတာပါပဲ။

ဒီကချင်ရိုးရာဝတ်စုံနဲ့ ခေတ်ပေါ်ဝတ်စုံကို မရောထွေးသင့်ပါဘူး။ဒီခေတ်ပေါ်ဝတ်စုံကို ရိုးရာဝတ်စုံနဲ့ရောပြီး နောင်လာနောင်သားတွေ မှတ်ယူသွားမှာစိုးရိမ်ရတယ်။ခေတ်ပေါ်အ၀တ်စားက ခေတ်ပေါ်သတ်သတ် သာတီထွင်သင့်တယ်။ဒါကို ရိုးရာဝတ်စုံခေတ်ပေါ် ခေတ်ဆန်ဆန်ပြန်လည် ပြုပြင်လုပ်ထားတယ်ဆိုတဲ့ ပုံစံမဖြစ်စေသင့်ဘူး။

အထူးသဖြင့် မိမိတို့ရဲ့ ရိုးရာပွဲတော်အစဉ်လာတွေမှာ ဒီခေတ်ပေါ်ဝတ်စုံတွေကို ၀တ်ဆင်ပြီး မပြသင့်ဘူး။သာမာန်လူငယ်တွေဝတ်တာ လက်ခံလို့ရတယ် ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် မိမိရိုးရာဝတ်စုံအစဉ်လာကိုပဲ ၀တ်ဆင်ကြတာကောင်းပါတယ်။ ဗမာဆိုလည်း ပုဆိုး တိုက်ပုံ စသဖြင့် ကရင်ဆိုလည်း ကရင်ဝတ်စုံ စသဖြင့် မိမိတို့ရဲ့ နေ့ထူးနေ့မြတ်တွေမှာ ဒီရိုးရာအ၀တ်စားတွေပဲ ၀တ်ဆင်ကြတာပါပဲ။

ရိုးရာပွဲတော်တွေမှာ မိမိတို့ရဲ့အစဉ်လာအ၀တ်စားကို ဖုံးကွယ်ပြီး ခေတ်ပေါ်အ၀တ်စားနဲ့အစားထိုးမယ်ဆိုရင်တော့ လုံးဝ မဖြစ်သင့်တဲ့အရာတစ်ခုပဲလို့ မြင်တယ်ဗျာ။



ကိုကျော်ဟိန်း

Anonymous said...

ယဉ်ကျေးမူ့ကခေတ်နဲ့အညီလိုက်ပြောင်းလည်းနေတာဘဲ။ တိုးတက်ပြောင်းလဲမူ့ရှိရမယ်။ ဒါပေမဲ့မူလကြင်အင်လက်ခနာတွေတော့ရှိရမယ်။
ဥပမာလွန်ခဲ့တဲ့နစ်(၁၀၀)လောက်ကသာမန်ဒို့ဘမာအရပ်သူတွေကအပေါ်မာဘာမှမဝတ်ဘူး။ နို့နစ်လုံးဖုံးအောင်ထမိန်နဲ့ရင်ရှားတယ်ကွာ။
အခူ့စိုရင်အပေါ်မာပါအင်းဂျီကတ်လာပြီ။ ဒါတိုးတက်လာတာ။ အရင်ကကိုရင်ရှားကြီးစိုရင်ဘယ်ကောင်းမလည်း။
ဖိုးပါကြီး

Anonymous said...

သောသီခို ဘလော့ မှာ အနုပညာရှင်တွေကွန်မန့်  ၀င်ရေးနေကြပါလား။တို့  ကညောမူတွေလည်း ခေတ်နဲ့ အညီဝတ် ရင်အဲဒီလောက်တော့ မတိုစေနဲ့ နော့် 


မောင်ရင်ငတေ(Rocker)

Anonymous said...

ဟားဟားဟား မောင်ကျော်ဟိန်း ဆိုသူ မျိုးချစ်တပ်မတော်တဲ့လား? မသိပါဘူး ကရင်ပြည်ကိုသွားရင် လူသတ်၊ မုဒိမ်းကျင့်ဒါ ဘယ်သူလည်းလို့ မေးရင် ဗမာစစ်သားတွေ လို့ ဖြေပါတယ်။ ရှမ်းပြည်နယ်မှာ သွားရင် လူသတ်မုဒိမ်းကျင့်ဒါ ဘယ်သူတွေ လည်းလို့ မေးရင် ဗမာစစ်သားတွေ လို့ ဖြေပါတယ်။ ကြိုက်တဲ့ပြည်နယ်ကို သွား အဖြေဟာ အတူတူပဲ။ အဲဒါ မုဒိမ်းတပ်မတော်လို့ ခေါ်တယ် မင်းတို့ စစ်တပ်က ကောင်တွေကို

စိုင်းစိုင်း

Anonymous said...

ကချင်ဝတ်စုံ ဒီဇိုင်းဆရာတွေကတော့ ခေတ်နဲ့အညီ တီထွင်ထားတဲ့ ကချင်ဘယာစီယာနဲ့ ကချင်အမျိုးသမီး အတွင်းခံဘောင်းဘီကလေးတွေကို ဈေးကွက်တင်နိုင်ဖို့ နိုက်ကလပ်တွေမှာ ကချင်မော်ဒယ်ကလေး တွေကို ၀တ်ဆင်တက်ကခိုင်းပြီး ကြော်ငြာမယ့် အစီအစဉ်ကလေးတွေ ဆက်လုပ်သွားမယ်နဲ့တူတယ်။

စောင့်ကြည့်သူ

Anonymous said...

ဒီနေ့ခေတ်မှာ မော်ဒယ်ဆိုတာ မကောင်းတဲ့မိန်းမတွေရဲ့ လုပ်ငန်းအစလို့ပြောလို့ရတယ်။တစ်နည်းအားဖြင့်တင်ဒါ ဈေးပြိုင်စနစ်နဲ့မိမိခန္ဒာကိုယ်ကို ရောင်းစားနေတာနဲ့အတူတူပဲ။ပိုက်ဆံရှိ ကိုကို မောင်မောင် ဦးဦး များကလည်း သရေတများများနဲ့ မော်ဒယ်တွေကို ဆွဲဆွဲစားနေသလို အပြိုင်ဆိုင် စပွန်ဆာပေးနေတဲ့ခေတ်ကိုးဗျ။

ကျုပ်ကတော့ မော်ဒယ်လုပ်တဲ့ကောင်မလေးတွေကို သနားမိတယ်။ကိုယ်လုပ်တဲ့ ရည်ရွယ်ချက်ကိုမေ့ပျောက်ပြီး နောက်ဆုံးတော့ မကောင်းတဲ့လိုင်း ပိုက်ဆံရှိတဲ့လူတွေရဲ့အလယ်မှာ မြေခရတဲ့ ဒီဘူတာကြီးပဲဆိုက်သွားရတာပဲမဟုတ်လား။
မော်ဒယ်တိုင်းမဟုတ်ပေမယ့် မော်ဒယ်အများစုက ဒီဘူတာကိုပဲရောက်တာပါ။စလုပ်ကတည်းက မော်ဒယ်ဆိုတာ မိမိခန္ဒာကိုယ်ကို တင်တွေရင်တွေ ဖင်တွေ လှုပ်ခါပြရတဲ့အလုပ်ကိုးဗျ။ မော်ဒယ်ဆို ဝေးဝေးကရှောင်တယ်ဗျာ။


သူတော်ကောင်းလေး

Anonymous said...

အဲဒီမင်းပြောတဲ့ မော်ဒယ်က ဗမာပြည်မှာ ဌားဌားတက် ငွေကို ခံပြီး အော်ဒါ လိုက်ပေးနေဒါ ဗမာပြည်က ဗိုလ်ချူပ်တွေ နဲ့ သူ့ သားသမီးတွေပါဗျား

Post a Comment